ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ အားလုံး မောဟိုက်နေအောင် ရုန်းကန်ခဲ့ကြရတယ် မဟုတ်လား။ တကယ့်ကို ပင်ပန်းစရာတွေချည်းပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ဒီလို နာကျင်စရာတွေ၊ စိတ်ပျက်စရာတွေဟာ လာမယ့် ဇူလိုင်လကုန်မှာ တရားဝင် အဆုံးသတ်သွားတော့မှာပါ။နက္ခတ်ဗေဒင်ပညာရှင် Amy Demure ရဲ့ အဆိုအရ “ဒါဟာ အတိတ်ကံဝဋ်ကြွေးတွေနဲ့ တစ်နှစ်ခွဲနီးပါး နှိပ်စက်ခဲ့တဲ့ North Node (ရာဟု) ဟာ မိန်ရာသီ (Pisces) ထဲကနေ နောက်ဆုံးတော့ ထွက်ခွာသွားတော့မှာမို့လို့ပါ” တဲ့။ ၂၀၂၅ ဇန်နဝါရီလကတည်းက စတင်ခဲ့တဲ့ ဒီအကူးအပြောင်းက အားလုံးကို ‘အတ္တတွေ၊ ထိန်းချုပ်ချင်စိတ်တွေကို ဘယ်လိုလက်လွှတ်ရမလဲ’ ဆိုတဲ့ သင်ခန်းစာ အခါးကြီးတွေကို သင်ပေးခဲ့တာပါ။ ဘယ်လိုမှ မလွယ်ကူခဲ့ပေမဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာတော့ ကံကြမ္မာလှည့်ကွက်ကြီးက ကုမ်ရာသီ (Aquarius) ထဲကို ပြောင်းရွှေ့တော့မှာမို့လို့အားလုံး သက်ပြင်းချပြီး စိတ်အေးလက်အေး နေနိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒီရာသီခွင်လေးခုအကြောင်းကို ဖတ်ကြည့်ကြရအောင်ပါ။
Pisces
အချစ်ရေး၊ သူငယ်ချင်းအပေါင်းအသင်းကအစ အလုပ်အကိုင်နဲ့ ငွေကြေးအဆုံး ပြီးခဲ့တဲ့ တစ်နှစ်ခွဲလုံးလုံး မိန်ရာသီဖွားတွေဟာ ဒူးထောက်မတတ် ရုန်းကန်ခဲ့ရတာပါ။ ဘယ်အရာမှ အဆင်မပြေဘဲ လောကကြီးက သက်သက်ညှင်းပန်းနေသလို ခံစားခဲ့ရမှာပါ။ ဒါဟာ သင့်စိတ်အထင်တင် မဟုတ်ပါဘူး။ ဗေဒင်ပညာရှင် Demure က တောင် “ဒီကာလအတွင်းမှာ မိန်ရာသီဖွားတွေဟာ တခြားရာသီဖွားတွေထက် ပိုပြီး စိတ်ဆင်းရဲစရာတွေကို အလူးအလဲ ခံစားခဲ့ရတာ” လို့ အတည်ပြုပေးထားပါတယ်။သင့်ရဲ့ ဘဝရည်မှန်းချက်နဲ့ ဝဋ်ကြွေးသင်ခန်းစာတွေကို အစိုးရတဲ့ North Node ဟာ သင့်ရာသီခွင်ထဲမှာ နှစ်နှစ်နီးပါး ရှိနေခဲ့တာမို့ ဘဝက တကယ့်ကို ဖြတ်သန်းရ ခက်ခဲခဲ့ပါတယ်။ “မိမိဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ်လိုချင်တဲ့ အချစ်ရေး၊ ကိုယ်မျှော်လင့်တဲ့ အောင်မြင်မှုတွေက လက်တစ်ကမ်းအကွာမှာတင် လွဲချော်နေခဲ့တာမျိုး” ကြုံခဲ့ရမှာပါ။ဒါပေမဲ့ ဇူလိုင် ၂၆ မှာတော့ ဒီအညံ့တွေဟာ ကုမ်ရာသီထဲ ပြောင်းသွားတော့မှာမို့ စိတ်ပျက်စရာ ကာလကြီး ပြီးဆုံးသွားပါပြီ။ ဇူလိုင်လကုန်ကစလို့ သင်ပင်ပန်းခဲ့သမျှ၊ ရုန်းကန်ခဲ့သမျှတွေအတွက် ကံကြမ္မာက လက်ဆောင်တွေ ပြန်ပေးတော့မှာမို့ အသီးအပွင့်တွေကို ခံစားဖို့သာ ပြင်ထားလိုက်ပါတော့။
Virgo
ကန်ရာသီဖွားတွေအတွက်တော့ အချစ်ရေးက တကယ့်ကို သွေးမျက်ရည်ကျချင်စရာ ဖြစ်ခဲ့ရပါတယ်။ “အချစ်ရေးမှာ စိတ်ပျက်စရာတွေချည်း ကြုံနေရတာ ဒါမှမဟုတ် ကိုယ့်အပေါ် တန်ဖိုးမထားတဲ့ အိမ်ထောင်ဖက်/ချစ်သူနဲ့ ဆုံခဲ့ရတာ” မျိုးပေါ့။ ကိုယ်က ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကိုယ်ရသင့်ရထိုက်တဲ့ မေတ္တာမျိုး ပြန်မရဘဲ အဆိပ်အတောက်ဖြစ်စေတဲ့ (Toxic) ဝဋ်ကြွေး အချစ်ရေးမျိုးထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ ဇူလိုင်လကုန်ခါနီးမှာတော့ အရာအားလုံးကကောင်း မွန်တဲ့ဘက်ကို ဦးတည်လာပြီး သင်တကယ်အလိုရှိတဲ့၊ သင့်အပေါ် တန်ဖိုးထားမယ့် အချစ်ရေးမျိုးကို စတင်ဆွဲဆောင်နိုင်တော့မှာပါ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ နာကျင်စရာ သင်ခန်းစာတွေကနေတစ်ဆင့် သင်ဟာ ပိုပြီးရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ အခုဆိုရင် သင်နဲ့ ထိုက်တန်တဲ့ အချစ်စစ်ကို ပိုင်ဆိုင်ဖို့ အသင့်ဖြစ်နေပါပြီ။
Gemini
ပြီးခဲ့တဲ့ နှစ်နှစ်က တကယ့်ကို အကြိတ်အနယ်ပါပဲ။ ဒါပေမဲ့ ဒီနွေရာသီမှာတော့ သင့်ဘဝကြီးက တစ်ဆစ်ချိုး ကောင်းမွန်လာတော့မှာပါ မေထုန်ရာသီဖွားတို့ရေ။ အ လုပ်ထဲမှာ အသေအလဲ ကြိုးစားခဲ့ပေမဲ့ ရလဒ်က ထင်သလောက် ခရီးမတွင်ဘဲ ဖြစ်နေခဲ့တယ် မဟုတ်လား။ ငွေကြေးအောင်မြင်မှုတွေကလည်း လက်လှမ်းမမီနိုင်အောင် ဝေးကွာနေခဲ့ရာကနေ ဇူလိုင်လကုန်မှာ North Node ထွက်ခွာသွားတာနဲ့အမျှ အားလုံး ပြောင်းလဲသွားတော့မှာပါ။”အရင်က ဘယ်လောက်ပဲ ရုန်းရုန်း၊ ရာထူးတက်ဖို့ လမ်းစပျောက်နေတာမျိုး၊ အလုပ်အကိုင် တိုးတက်မှု ပိတ်ဆို့နေတာမျိုးတွေ” ရှိခဲ့ရင် အခု အဲ့ဒီအတားအဆီးတွေအားလုံး ပွင့်သွားပါပြီ။ အလုပ်အကိုင် အခွင့် အလမ်းသစ်တွေ ဝင်လာမယ့်အပြင် ၎င်းနဲ့အတူ ငွေကြေးဓနဥစ္စာတွေပါ မထင်တိုးမှတ်လောက်အောင် တိုးပွါးလာတော့မှာ ဖြစ်ပါတယ်။
Sagittarius
“ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်းမှာ သင့်ဘဝတစ်သက်တာမှာ အဆိုးဝါးဆုံး၊ စိတ်ဓာတ်ကျစရာအကောင်းဆုံး အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာ ဖြစ်နိုင်ပါတယ်” လို့ Demure က ဆိုပါတယ်။ အချစ်ရေး သို့မဟုတ် အလုပ်အကိုင်မှာ လမ်းခွဲပြတ်စဲတာ၊ အဆုံးသတ်သွားတာ၊ အဆင်မပြေဘဲ အဖတ်ဆယ်မရ ပျက်စီးသွားတာမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဓနုရာသီဖွားတွေဟာ သဘာဝအရ အကောင်းမြင်တတ်သူတွေ ဖြစ်ပေမဲ့ ရှေ့ဆက်တိုးတိုင်း အတားအဆီးတွေချည်း တိုးနေတာမို့ မျှော်လင့်ချက်ကို ဆွဲဆန့်ထားရတာ တော်တော်လေး မလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့ ဒီရုန်းကန်မှုတွေက သင့်ကို အရင်ကထက် ပိုမိုကြံ့ခိုင်တဲ့သူတစ်ယောက် ဖြစ်လာအောင် သွန်းလုပ်ပေးခဲ့ပါတယ်။ ဇူလိုင်လကုန်မှာတော့ စကြဝဠာကြီးက သင်ခံစားခဲ့ရသမျှ သောကတွေအတွက် ဆုလာဘ်တွေ ပြန်ပေးတော့မှာပါ။ အချိန်တန်ပြီလို့လည်း ပြောရမှာပေါ့။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အလုပ်အကိုင် တိုးတက်မှုတွေအပြင် သင့်ရဲ့ ဖူးစာဖက်စစ် (Soulmate) နဲ့တောင် ဆုံတွေ့ရနိုင်ခြေ ရှိနေပါတယ်။
ကျော့ကေခိုင်
zawgyi
ၿပီးခဲ့တဲ့ တစ္ႏွစ္ပတ္လုံးမွာ အားလုံး ေမာဟိုက္ေနေအာင္ ႐ုန္းကန္ခဲ့ၾကရတယ္ မဟုတ္လား။ တကယ့္ကို ပင္ပန္းစရာေတြခ်ည္းပါပဲ။ ဒါေပမဲ့ ကံေကာင္းတာတစ္ခုကေတာ့ ဒီလို နာက်င္စရာေတြ၊ စိတ္ပ်က္စရာေတြဟာ လာမယ့္ ဇူလိုင္လကုန္မွာ တရားဝင္ အဆုံးသတ္သြားေတာ့မွာပါ။နကၡတ္ေဗဒင္ပညာရွင္ Amy Demure ရဲ႕ အဆိုအရ “ဒါဟာ အတိတ္ကံဝဋ္ေႂကြးေတြနဲ႔ တစ္ႏွစ္ခြဲနီးပါး ႏွိပ္စက္ခဲ့တဲ့ North Node (ရာဟု) ဟာ မိန္ရာသီ (Pisces) ထဲကေန ေနာက္ဆုံးေတာ့ ထြက္ခြာသြားေတာ့မွာမို႔လို႔ပါ” တဲ့။ ၂၀၂၅ ဇန္နဝါရီလကတည္းက စတင္ခဲ့တဲ့ ဒီအကူးအေျပာင္းက အားလုံးကို ‘အတၱေတြ၊ ထိန္းခ်ဳပ္ခ်င္စိတ္ေတြကို ဘယ္လိုလက္လႊတ္ရမလဲ’ ဆိုတဲ့ သင္ခန္းစာ အခါးႀကီးေတြကို သင္ေပးခဲ့တာပါ။ ဘယ္လိုမွ မလြယ္ကူခဲ့ေပမဲ့ ဇူလိုင္လ ၂၆ ရက္ေန႔မွာေတာ့ ကံၾကမၼာလွည့္ကြက္ႀကီးက ကုမ္ရာသီ (Aquarius) ထဲကို ေျပာင္းေ႐ႊ႕ေတာ့မွာမို႔လို႔အားလုံး သက္ျပင္းခ်ၿပီး စိတ္ေအးလက္ေအး ေနႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒီရာသီခြင္ေလးခုအေၾကာင္းကို ဖတ္ၾကည့္ၾကရေအာင္ပါ။
Pisces
အခ်စ္ေရး၊ သူငယ္ခ်င္းအေပါင္းအသင္းကအစ အလုပ္အကိုင္နဲ႔ ေငြေၾကးအဆုံး ၿပီးခဲ့တဲ့ တစ္ႏွစ္ခြဲလုံးလုံး မိန္ရာသီဖြားေတြဟာ ဒူးေထာက္မတတ္ ႐ုန္းကန္ခဲ့ရတာပါ။ ဘယ္အရာမွ အဆင္မေျပဘဲ ေလာကႀကီးက သက္သက္ညႇင္းပန္းေနသလို ခံစားခဲ့ရမွာပါ။ ဒါဟာ သင့္စိတ္အထင္တင္ မဟုတ္ပါဘူး။ ေဗဒင္ပညာရွင္ Demure က ေတာင္ “ဒီကာလအတြင္းမွာ မိန္ရာသီဖြားေတြဟာ တျခားရာသီဖြားေတြထက္ ပိုၿပီး စိတ္ဆင္းရဲစရာေတြကို အလူးအလဲ ခံစားခဲ့ရတာ” လို႔ အတည္ျပဳေပးထားပါတယ္။သင့္ရဲ႕ ဘဝရည္မွန္းခ်က္နဲ႔ ဝဋ္ေႂကြးသင္ခန္းစာေတြကို အစိုးရတဲ့ North Node ဟာ သင့္ရာသီခြင္ထဲမွာ ႏွစ္ႏွစ္နီးပါး ရွိေနခဲ့တာမို႔ ဘဝက တကယ့္ကို ျဖတ္သန္းရ ခက္ခဲခဲ့ပါတယ္။ “မိမိဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား ကိုယ္လိုခ်င္တဲ့ အခ်စ္ေရး၊ ကိုယ္ေမွ်ာ္လင့္တဲ့ ေအာင္ျမင္မႈေတြက လက္တစ္ကမ္းအကြာမွာတင္ လြဲေခ်ာ္ေနခဲ့တာမ်ိဳး” ႀကဳံခဲ့ရမွာပါ။ဒါေပမဲ့ ဇူလိုင္ ၂၆ မွာေတာ့ ဒီအညံ့ေတြဟာ ကုမ္ရာသီထဲ ေျပာင္းသြားေတာ့မွာမို႔ စိတ္ပ်က္စရာ ကာလႀကီး ၿပီးဆုံးသြားပါၿပီ။ ဇူလိုင္လကုန္ကစလို႔ သင္ပင္ပန္းခဲ့သမွ်၊ ႐ုန္းကန္ခဲ့သမွ်ေတြအတြက္ ကံၾကမၼာက လက္ေဆာင္ေတြ ျပန္ေပးေတာ့မွာမို႔ အသီးအပြင့္ေတြကို ခံစားဖို႔သာ ျပင္ထားလိုက္ပါေတာ့။
Virgo
ကန္ရာသီဖြားေတြအတြက္ေတာ့ အခ်စ္ေရးက တကယ့္ကို ေသြးမ်က္ရည္က်ခ်င္စရာ ျဖစ္ခဲ့ရပါတယ္။ “အခ်စ္ေရးမွာ စိတ္ပ်က္စရာေတြခ်ည္း ႀကဳံေနရတာ ဒါမွမဟုတ္ ကိုယ့္အေပၚ တန္ဖိုးမထားတဲ့ အိမ္ေထာင္ဖက္/ခ်စ္သူနဲ႔ ဆုံခဲ့ရတာ” မ်ိဳးေပါ့။ ကိုယ္က ဘယ္ေလာက္ပဲ ေပးဆပ္ေပးဆပ္၊ ကိုယ္ရသင့္ရထိုက္တဲ့ ေမတၱာမ်ိဳး ျပန္မရဘဲ အဆိပ္အေတာက္ျဖစ္ေစတဲ့ (Toxic) ဝဋ္ေႂကြး အခ်စ္ေရးမ်ိဳးထဲမွာ ပိတ္မိေနခဲ့တာ ျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ ဇူလိုင္လကုန္ခါနီးမွာေတာ့ အရာအားလုံးကေကာင္း မြန္တဲ့ဘက္ကို ဦးတည္လာၿပီး သင္တကယ္အလိုရွိတဲ့၊ သင့္အေပၚ တန္ဖိုးထားမယ့္ အခ်စ္ေရးမ်ိဳးကို စတင္ဆြဲေဆာင္ႏိုင္ေတာ့မွာပါ။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းမွာ နာက်င္စရာ သင္ခန္းစာေတြကေနတစ္ဆင့္ သင္ဟာ ပိုၿပီးရင့္က်က္တဲ့သူတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။ အခုဆိုရင္ သင္နဲ႔ ထိုက္တန္တဲ့ အခ်စ္စစ္ကို ပိုင္ဆိုင္ဖို႔ အသင့္ျဖစ္ေနပါၿပီ။
Gemini
ၿပီးခဲ့တဲ့ ႏွစ္ႏွစ္က တကယ့္ကို အႀကိတ္အနယ္ပါပဲ။ ဒါေပမဲ့ ဒီေႏြရာသီမွာေတာ့ သင့္ဘဝႀကီးက တစ္ဆစ္ခ်ိဳး ေကာင္းမြန္လာေတာ့မွာပါ ေမထုန္ရာသီဖြားတို႔ေရ။ အ လုပ္ထဲမွာ အေသအလဲ ႀကိဳးစားခဲ့ေပမဲ့ ရလဒ္က ထင္သေလာက္ ခရီးမတြင္ဘဲ ျဖစ္ေနခဲ့တယ္ မဟုတ္လား။ ေငြေၾကးေအာင္ျမင္မႈေတြကလည္း လက္လွမ္းမမီႏိုင္ေအာင္ ေဝးကြာေနခဲ့ရာကေန ဇူလိုင္လကုန္မွာ North Node ထြက္ခြာသြားတာနဲ႔အမွ် အားလုံး ေျပာင္းလဲသြားေတာ့မွာပါ။”အရင္က ဘယ္ေလာက္ပဲ ႐ုန္း႐ုန္း၊ ရာထူးတက္ဖို႔ လမ္းစေပ်ာက္ေနတာမ်ိဳး၊ အလုပ္အကိုင္ တိုးတက္မႈ ပိတ္ဆို႔ေနတာမ်ိဳးေတြ” ရွိခဲ့ရင္ အခု အဲ့ဒီအတားအဆီးေတြအားလုံး ပြင့္သြားပါၿပီ။ အလုပ္အကိုင္ အခြင့္ အလမ္းသစ္ေတြ ဝင္လာမယ့္အျပင္ ၎နဲ႔အတူ ေငြေၾကးဓနဥစၥာေတြပါ မထင္တိုးမွတ္ေလာက္ေအာင္ တိုးပြါးလာေတာ့မွာ ျဖစ္ပါတယ္။
Sagittarius
“ၿပီးခဲ့တဲ့ ႏွစ္ႏွစ္နီးပါးအတြင္းမွာ သင့္ဘဝတစ္သက္တာမွာ အဆိုးဝါးဆုံး၊ စိတ္ဓာတ္က်စရာအေကာင္းဆုံး အေျခအေနေတြကို ရင္ဆိုင္ခဲ့ရတာ ျဖစ္ႏိုင္ပါတယ္” လို႔ Demure က ဆိုပါတယ္။ အခ်စ္ေရး သို႔မဟုတ္ အလုပ္အကိုင္မွာ လမ္းခြဲျပတ္စဲတာ၊ အဆုံးသတ္သြားတာ၊ အဆင္မေျပဘဲ အဖတ္ဆယ္မရ ပ်က္စီးသြားတာမ်ိဳးေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ဓႏုရာသီဖြားေတြဟာ သဘာဝအရ အေကာင္းျမင္တတ္သူေတြ ျဖစ္ေပမဲ့ ေရွ႕ဆက္တိုးတိုင္း အတားအဆီးေတြခ်ည္း တိုးေနတာမို႔ ေမွ်ာ္လင့္ခ်က္ကို ဆြဲဆန႔္ထားရတာ ေတာ္ေတာ္ေလး မလြယ္ကူခဲ့ပါဘူး။ဒါေပမဲ့ ဒီ႐ုန္းကန္မႈေတြက သင့္ကို အရင္ကထက္ ပိုမိုႀကံ့ခိုင္တဲ့သူတစ္ေယာက္ ျဖစ္လာေအာင္ သြန္းလုပ္ေပးခဲ့ပါတယ္။ ဇူလိုင္လကုန္မွာေတာ့ စၾကဝဠာႀကီးက သင္ခံစားခဲ့ရသမွ် ေသာကေတြအတြက္ ဆုလာဘ္ေတြ ျပန္ေပးေတာ့မွာပါ။ အခ်ိန္တန္ၿပီလို႔လည္း ေျပာရမွာေပါ့။ စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ အလုပ္အကိုင္ တိုးတက္မႈေတြအျပင္ သင့္ရဲ႕ ဖူးစာဖက္စစ္ (Soulmate) နဲ႔ေတာင္ ဆုံေတြ႕ရႏိုင္ေျခ ရွိေနပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply