ဒီတပတ် Forbes မဂ္ဂဇင်းမှာ စိတ်ဝင်စားစရာ ဆောင်းပါးတပုဒ်ဖတ်လိုက်ရပါတယ်။ အဲဒါကတော့ ဝန်ထမ်း ၅၈ ရာခိုင်နှုန်းက အလုပ်မှာ ပျော်နေပေမဲ့ အလုပ်သစ်ထပ်ရှာနေကြတယ်ဆိုတာပါပဲ။ ဒီဆောင်းပါးလေးကို အခွင့်အလမ်းစာဖတ်ပရိသတ်တွေကို ပြန်လည်မျှဝေချင်ပါတယ်။ တစ်ခါတလေကျရင် ထင်တတ်ကြတယ်။ “သူက အလုပ်ထွက်သွားပြီဆိုတော့ လစာပိုကောင်းတာရလို့ ဖြစ်မှာ” ဒါမှမဟုတ် “အရင်အလုပ်မှာ တော်တော်လေး စိတ်ညစ်နေလို့ ဖြစ်မှာ” ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ လက် တွေ့မှာတော့ အဲဒီလို ခိုင်လုံတဲ့ အကြောင်းပြချက်ကြီးတွေ မရှိဘဲနဲ့ကို အလုပ်ပြောင်းချင်နေကြတဲ့သူတွေ အများကြီးပါ။
Voice of Workforce အစီရင်ခံစာအရ စိတ်ဝင်စားစရာ အချက်လေးတစ်ခု တွေ့ရပါတယ်။ အလုပ်မှာ “တော်တော်လေး အဆင်ပြေနေတဲ့” ဝန်ထမ်းတွေတောင်မှ အလုပ်သစ်ရှာဖို့ စိတ်ကူးနေကြတာပါ။ ကိန်းဂဏန်းတွေအရဆိုရင် ဝန်ထမ်း ၉၀ရာနှုန်း လောက်က လက်ရှိအလုပ်မှာ ပျော်နေကြတယ်။ ၈၂ရာခိုင်နှုန်း ကလည်း လစာတိုးထားပြီးသား၊ ၇၃ရာခိုင်နှုန်း ကတော့ အလုပ်ဝန်မပိဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အံ့သြစရာကောင်းတာက ၅၈ရာခိုင်နှုန်းကတော့ လာမယ့်တစ်နှစ်အတွင်းမှာ အလုပ်သစ်ထပ်လျှောက်ဖို့ ပြင်ဆင်နေကြတာပါပဲ။
Stagnation Fatigue ဆိုတဲ့ ခံစားချက်
ဒီအခြေအနေကို ကျွမ်းကျင်သူတွေက Stagnation Fatigue (ရပ်တန့်နေရခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း) လို့ ခေါ်ကြပါတယ်။ ဝန်ထမ်းတွေက အလုပ်မှာ ဒုက္ခ ရောက်နေလို့ ထွက်တာမဟုတ်ဘူး၊ ဒါပေမဲ့ အလုပ်မှာ တိုးတက်မှုမရှိဘူး၊ ပုံစံဟောင်းအတိုင်းပဲ ဖြစ်နေတယ်လို့ ခံစားရတဲ့အခါ သူတို့ စိတ်ဓာတ်ကျလာကြတယ်။ “အလုပ်ကတော့ သက်သောင့်သက်သာရှိပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘာမှ တိုးတက်မလာသလို ခံစားနေရတဲ့ကြားထဲက ကွာဟချက်ပေါ့” လို့ ဆိုရမှာပါ။ နောက်တစ်ခုက အခုခေတ်မှာ အလယ်အလတ်အဆင့် မန်နေဂျာရာထူးတွေကလည်း ရှားပါးလာတော့ အရင်လို ခြေလှမ်းမှန်မှန်နဲ့ ရာထူးတိုးဖို့ဆိုတာ ပိုခက်လာတယ်။ ဒါကြောင့် လူငယ်တွေ၊ အလုပ်သက်တမ်း ၅ နှစ်လောက်ရှိတဲ့သူတွေက ကိုယ့်အလုပ်မှာ “ရပ်တန့်” နေသလို ခံစားလာရပြီး တခြားအခွင့်အရေးတွေကို လိုက်ရှာလာကြတာပါ။
အောင်မြင်မှုဆိုတာ တည်ငြိမ်မှု မဟုတ်တော့ပါ
အခုခေတ်ဝန်ထမ်းတွေက အလုပ်မှာ တည်ငြိမ်နေရုံနဲ့ မကျေနပ်တော့ဘူး။ သူတို့က တိုးတက်မှု၊ သင်ယူမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ လုပ်ငန်းခွင်နဲ့ ကိုယ့်လုပ်ငန်းခွင်မှာ အရှိန်အဟုန်ရှိရှိ တိုးတက်နေတာမျိုးကို လိုချင်ကြတာ။ အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် တိုးတက်လာတယ်လို့ မခံစားရတဲ့အခါ၊ အလုပ်က ကောင်းနေဦးတော့ နောက်ထပ် အခွင့်အရေးကောင်းတွေ ရှိသေးလားဆိုတာကို ခိုးကြည့်နေတတ်ကြတာပါပဲ။
ဝန်ထမ်း ကျေနပ်နေတိုင်း သစ္စာရှိတာ မဟုတ်ပါ
ဝန်ထမ်းတွေ ကျေနပ်နေခြင်းနဲ့ သစ္စာရှိခြင်းက တခြားစီပါ။ ဝန်ထမ်းတစ်ယောက်က လစာလည်း ပုံမှန်ရှိတယ်၊ အလုပ်မပင်ပန်းဘူးဆိုရင် သူ ကျေနပ်နေမှာပါ။ ဒါပေမဲ့ သစ္စာရှိတယ်ဆိုတာက အဲဒီထက် ပိုနက်နဲတယ်။ ကုမ္ပဏီက ကိုယ့်ကို တကယ်တန်ဖိုးထားတယ်၊ ကိုယ့်ရဲ့ ရေရှည်တိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံပေးတယ်လို့ ခံစားရတဲ့အခါမှသာ သစ္စာရှိမှုဆိုတာ ပေါ်လာတာပါ။အလုပ်ရှင်အများစုကတော့ ဝန်ထမ်းတွေ အလုပ်မထွက်သေးတာကို “သူတို့ ငါ့ကို သစ္စာရှိနေတာပဲ” လို့ မှားယွင်းစွာ တွေးတတ်ကြတယ်။ တကယ်တော့ သူတို့ မသိတာက ဝန်ထမ်းတွေက ကျေနပ်နေရင်တောင်မှ နောက်ထပ် အခွင့်အရေးကောင်းတစ်ခုကို အမြဲရှာနေတတ်ကြတာပါပဲ။
ဝန်ထမ်းသစ္စာကို ဘယ်လို တည်ဆောက်မလဲ
ဝန်ထမ်းတွေက အရင်လိုပဲ လစာပေးရုံနဲ့၊ ဒါမှမဟုတ် နှစ်ရှည်လများ လုပ်ပေးရုံနဲ့ သစ္စာရှိပေးတော့မှာ မဟုတ်ပါဘူး။ အခုခေတ် သစ္စာရှိမှုဆိုတာ အပြန်အလှန်ပါ။ ကုမ္ပဏီက ကိုယ့်ကို ရင်းနှီးမြှုပ်နှံပေးမှ၊ ကိုယ့်ရဲ့ အနာဂတ်အတွက် စဉ်းစားပေးမှ ဝန်ထမ်းတွေကလည်း အချိန်နဲ့ လုပ်အားတွေကို ပေးဆပ်ကြမှာပါ။ အဓိကလုပ်ပေးသင့်တာတွေကတော့ ဝန်ထမ်းတွေကို ယုံကြည်မှုရှိကြောင်း ပြသပါ။ အလုပ်ရဲ့ အခြေအနေ၊ ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပေးပါ။ သူတို့ရဲ့ အနာဂတ်အတွက် ဘယ်လို တိုးတက်နိုင်မလဲဆိုတာ ပြပေးပါ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ခေါင်းဆောင်တွေက ဝန်ထမ်းတွေကို တ ကယ်ယုံကြည်ပေးဖို့ လိုပါတယ်။
တချို့က အလုပ်သစ်ပြောင်းလိုက်ရင် အရာရာ အဆင်ပြေသွားမယ် ထင်ကြပေမယ့် တကယ်တမ်းတော့ နေရာတိုင်းမှာ ပြဿနာက ရှိနေတာပါပဲ။ အဓိကကတော့ အ လုပ်ရှင်တွေအနေနဲ့ “ဝန်ထမ်းတွေက ဘယ်သွားမှာလဲ” ဆိုတဲ့ အတွေးမျိုးနဲ့ မနေဘဲ၊ ဝန်ထမ်းတွေကို တကယ်တန်ဖိုးထားပြီး ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်တဲ့ ကုမ္ပဏီမျိုး ဖြစ်လာဖို့ လိုအပ်ပါတယ်။ သစ္စာရှိမှုဆိုတာ အလိုအလျောက် ရလာတာမဟုတ်ဘဲ၊ အလုပ်ရှင်က စဉ်ဆက်မပြတ် ကြိုးစားတည်ဆောက်မှ ရလာတာမျိုးပါ။
ကျော့ကေခိုင်
zawgyi
ဒီတပတ္ Forbes မဂၢဇင္းမွာ စိတ္ဝင္စားစရာ ေဆာင္းပါးတပုဒ္ဖတ္လိုက္ရပါတယ္။ အဲဒါကေတာ့ ဝန္ထမ္း ၅၈ ရာခိုင္ႏႈန္းက အလုပ္မွာ ေပ်ာ္ေနေပမဲ့ အလုပ္သစ္ထပ္ရွာေနၾကတယ္ဆိုတာပါပဲ။ ဒီေဆာင္းပါးေလးကို အခြင့္အလမ္းစာဖတ္ပရိသတ္ေတြကို ျပန္လည္မွ်ေဝခ်င္ပါတယ္။ တစ္ခါတေလက်ရင္ ထင္တတ္ၾကတယ္။ “သူက အလုပ္ထြက္သြားၿပီဆိုေတာ့ လစာပိုေကာင္းတာရလို႔ ျဖစ္မွာ” ဒါမွမဟုတ္ “အရင္အလုပ္မွာ ေတာ္ေတာ္ေလး စိတ္ညစ္ေနလို႔ ျဖစ္မွာ” ဆိုၿပီးေတာ့ေပါ့။ ဒါေပမဲ့ လက္ ေတြ႕မွာေတာ့ အဲဒီလို ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ႀကီးေတြ မရွိဘဲနဲ႔ကို အလုပ္ေျပာင္းခ်င္ေနၾကတဲ့သူေတြ အမ်ားႀကီးပါ။
Voice of Workforce အစီရင္ခံစာအရ စိတ္ဝင္စားစရာ အခ်က္ေလးတစ္ခု ေတြ႕ရပါတယ္။ အလုပ္မွာ “ေတာ္ေတာ္ေလး အဆင္ေျပေနတဲ့” ဝန္ထမ္းေတြေတာင္မွ အလုပ္သစ္ရွာဖို႔ စိတ္ကူးေနၾကတာပါ။ ကိန္းဂဏန္းေတြအရဆိုရင္ ဝန္ထမ္း ၉၀ရာႏႈန္း ေလာက္က လက္ရွိအလုပ္မွာ ေပ်ာ္ေနၾကတယ္။ ၈၂ရာခိုင္ႏႈန္း ကလည္း လစာတိုးထားၿပီးသား၊ ၇၃ရာခိုင္ႏႈန္း ကေတာ့ အလုပ္ဝန္မပိဘူးလို႔ ေျပာၾကပါတယ္။ ဒါေပမဲ့လည္း အံ့ၾသစရာေကာင္းတာက ၅၈ရာခိုင္ႏႈန္းကေတာ့ လာမယ့္တစ္ႏွစ္အတြင္းမွာ အလုပ္သစ္ထပ္ေလွ်ာက္ဖို႔ ျပင္ဆင္ေနၾကတာပါပဲ။
Stagnation Fatigue ဆိုတဲ့ ခံစားခ်က္
ဒီအေျခအေနကို ကြၽမ္းက်င္သူေတြက Stagnation Fatigue (ရပ္တန႔္ေနရျခင္းေၾကာင့္ ပင္ပန္းႏြမ္းနယ္ျခင္း) လို႔ ေခၚၾကပါတယ္။ ဝန္ထမ္းေတြက အလုပ္မွာ ဒုကၡ ေရာက္ေနလို႔ ထြက္တာမဟုတ္ဘူး၊ ဒါေပမဲ့ အလုပ္မွာ တိုးတက္မႈမရွိဘူး၊ ပုံစံေဟာင္းအတိုင္းပဲ ျဖစ္ေနတယ္လို႔ ခံစားရတဲ့အခါ သူတို႔ စိတ္ဓာတ္က်လာၾကတယ္။ “အလုပ္ကေတာ့ သက္ေသာင့္သက္သာရွိပါတယ္၊ ဒါေပမဲ့ ကိုယ့္ကိုယ္ကိုယ္ ဘာမွ တိုးတက္မလာသလို ခံစားေနရတဲ့ၾကားထဲက ကြာဟခ်က္ေပါ့” လို႔ ဆိုရမွာပါ။ ေနာက္တစ္ခုက အခုေခတ္မွာ အလယ္အလတ္အဆင့္ မန္ေနဂ်ာရာထူးေတြကလည္း ရွားပါးလာေတာ့ အရင္လို ေျခလွမ္းမွန္မွန္နဲ႔ ရာထူးတိုးဖို႔ဆိုတာ ပိုခက္လာတယ္။ ဒါေၾကာင့္ လူငယ္ေတြ၊ အလုပ္သက္တမ္း ၅ ႏွစ္ေလာက္ရွိတဲ့သူေတြက ကိုယ့္အလုပ္မွာ “ရပ္တန႔္” ေနသလို ခံစားလာရၿပီး တျခားအခြင့္အေရးေတြကို လိုက္ရွာလာၾကတာပါ။
ေအာင္ျမင္မႈဆိုတာ တည္ၿငိမ္မႈ မဟုတ္ေတာ့ပါ
အခုေခတ္ဝန္ထမ္းေတြက အလုပ္မွာ တည္ၿငိမ္ေန႐ုံနဲ႔ မေက်နပ္ေတာ့ဘူး။ သူတို႔က တိုးတက္မႈ၊ သင္ယူမႈ၊ ေျပာင္းလြယ္ျပင္လြယ္ရွိတဲ့ လုပ္ငန္းခြင္နဲ႔ ကိုယ့္လုပ္ငန္းခြင္မွာ အရွိန္အဟုန္ရွိရွိ တိုးတက္ေနတာမ်ိဳးကို လိုခ်င္ၾကတာ။ အဲဒီလိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ တိုးတက္လာတယ္လို႔ မခံစားရတဲ့အခါ၊ အလုပ္က ေကာင္းေနဦးေတာ့ ေနာက္ထပ္ အခြင့္အေရးေကာင္းေတြ ရွိေသးလားဆိုတာကို ခိုးၾကည့္ေနတတ္ၾကတာပါပဲ။
ဝန္ထမ္း ေက်နပ္ေနတိုင္း သစၥာရွိတာ မဟုတ္ပါ
ဝန္ထမ္းေတြ ေက်နပ္ေနျခင္းနဲ႔ သစၥာရွိျခင္းက တျခားစီပါ။ ဝန္ထမ္းတစ္ေယာက္က လစာလည္း ပုံမွန္ရွိတယ္၊ အလုပ္မပင္ပန္းဘူးဆိုရင္ သူ ေက်နပ္ေနမွာပါ။ ဒါေပမဲ့ သစၥာရွိတယ္ဆိုတာက အဲဒီထက္ ပိုနက္နဲတယ္။ ကုမၸဏီက ကိုယ့္ကို တကယ္တန္ဖိုးထားတယ္၊ ကိုယ့္ရဲ႕ ေရရွည္တိုးတက္မႈအတြက္ ရင္းႏွီးျမႇဳပ္ႏွံေပးတယ္လို႔ ခံစားရတဲ့အခါမွသာ သစၥာရွိမႈဆိုတာ ေပၚလာတာပါ။အလုပ္ရွင္အမ်ားစုကေတာ့ ဝန္ထမ္းေတြ အလုပ္မထြက္ေသးတာကို “သူတို႔ ငါ့ကို သစၥာရွိေနတာပဲ” လို႔ မွားယြင္းစြာ ေတြးတတ္ၾကတယ္။ တကယ္ေတာ့ သူတို႔ မသိတာက ဝန္ထမ္းေတြက ေက်နပ္ေနရင္ေတာင္မွ ေနာက္ထပ္ အခြင့္အေရးေကာင္းတစ္ခုကို အၿမဲရွာေနတတ္ၾကတာပါပဲ။
ဝန္ထမ္းသစၥာကို ဘယ္လို တည္ေဆာက္မလဲ
ဝန္ထမ္းေတြက အရင္လိုပဲ လစာေပး႐ုံနဲ႔၊ ဒါမွမဟုတ္ ႏွစ္ရွည္လမ်ား လုပ္ေပး႐ုံနဲ႔ သစၥာရွိေပးေတာ့မွာ မဟုတ္ပါဘူး။ အခုေခတ္ သစၥာရွိမႈဆိုတာ အျပန္အလွန္ပါ။ ကုမၸဏီက ကိုယ့္ကို ရင္းႏွီးျမႇဳပ္ႏွံေပးမွ၊ ကိုယ့္ရဲ႕ အနာဂတ္အတြက္ စဥ္းစားေပးမွ ဝန္ထမ္းေတြကလည္း အခ်ိန္နဲ႔ လုပ္အားေတြကို ေပးဆပ္ၾကမွာပါ။ အဓိကလုပ္ေပးသင့္တာေတြကေတာ့ ဝန္ထမ္းေတြကို ယုံၾကည္မႈရွိေၾကာင္း ျပသပါ။ အလုပ္ရဲ႕ အေျခအေန၊ ကုမၸဏီရဲ႕ ရည္မွန္းခ်က္ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပေပးပါ။ သူတို႔ရဲ႕ အနာဂတ္အတြက္ ဘယ္လို တိုးတက္ႏိုင္မလဲဆိုတာ ျပေပးပါ။ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ က်န္းမာေရးကို ဂ႐ုစိုက္ေပးပါ။ ေခါင္းေဆာင္ေတြက ဝန္ထမ္းေတြကို တ ကယ္ယုံၾကည္ေပးဖို႔ လိုပါတယ္။
တခ်ိဳ႕က အလုပ္သစ္ေျပာင္းလိုက္ရင္ အရာရာ အဆင္ေျပသြားမယ္ ထင္ၾကေပမယ့္ တကယ္တမ္းေတာ့ ေနရာတိုင္းမွာ ျပႆနာက ရွိေနတာပါပဲ။ အဓိကကေတာ့ အ လုပ္ရွင္ေတြအေနနဲ႔ “ဝန္ထမ္းေတြက ဘယ္သြားမွာလဲ” ဆိုတဲ့ အေတြးမ်ိဳးနဲ႔ မေနဘဲ၊ ဝန္ထမ္းေတြကို တကယ္တန္ဖိုးထားၿပီး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ကူညီေပးႏိုင္တဲ့ ကုမၸဏီမ်ိဳး ျဖစ္လာဖို႔ လိုအပ္ပါတယ္။ သစၥာရွိမႈဆိုတာ အလိုအေလ်ာက္ ရလာတာမဟုတ္ဘဲ၊ အလုပ္ရွင္က စဥ္ဆက္မျပတ္ ႀကိဳးစားတည္ေဆာက္မွ ရလာတာမ်ိဳးပါ။
ေက်ာ့ေကခိုင္
Leave a Reply