ဒီနေ့ခေတ် လုပ်ငန်းခွင်ထဲကို ဝင်လာတဲ့ လူငယ်တွေကို ကြည့်ပြီး လူကြီးတွေ ခေါင်းခါနေကြတဲ့အထဲမှာ “ဒီကလေးတွေကတော့ အရှက်အကြောက် မရှိဘူး၊ ကိုယ့်လစာ ဘယ်လောက်ရလဲဆိုတာကို လျှောက်ပြောနေကြတယ်” ဆိုတဲ့ ကိစ္စလည်း တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မယ်။အမှန်တော့ အရင် မိဘတွေ၊ လူကြီးတွေရဲ့ ခေတ်တုန်းကတော့ ကိုယ်ဘယ်လောက် ဝင်လဲ၊ လစာ ဘယ်လောက်ရလဲဆိုတာကို အပြင်လူကို နေနေသာသာ ကိုယ့်အိမ်ကလူကိုတောင် အတိအကျ မပြောဘဲ လျှို့ဝှက်ထားတတ်ကြတာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်ခဲ့တာပါ။ လစာအကြောင်း ပွင့်ပွင့်လင်းလင်း မေးတာ၊ ပြောတာတွေကို မယဉ်ကျေးဘူးလို့ သတ်မှတ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ အခုခေတ် ဂျန်ဇီး (Gen Z)(အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား) လူငယ်တွေ လုပ်ငန်းခွင်ထဲ ရောက်လာတဲ့အခါမှာတော့ ဒီအယူအဆဟောင်းကြီးတစ်ခုလုံး တစစီ ကျိုးပျက်သွားပါပြီ။
မကြာသေးခင်က ထွက်ရှိလာတဲ့ Bank of America ရဲ့ စစ်တမ်းအသစ်တစ်ခုအရ လူငယ်တွေဟာ လစာအကြောင်းတင်မကဘူး၊ သူတို့ ကြုံတွေ့နေရတဲ့ ငွေရေးကြေး ရေး ဖိစီးမှုတွေကိုပါ အချင်းချင်းကြားထဲမှာ ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးလာကြတယ်လို့ ဆိုပါတယ်။ ဒါက ဘာကြောင့်လဲ။ ပြီးတော့ ဒီအပြောင်းအလဲက ကျွုန်ုပ်ရဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကို ဘယ်လို ပြောင်းလဲပစ်နိုင်မလဲဆိုတာ ဖတ်ကြည့်ကြရအောင်ပါ။
လူငယ်တွေ ဘာကြောင့် ငွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာကြတာလဲ
အဖြေကတော့ ရှင်းပါတယ်။ Gen Z လူငယ်တွေဟာ အရင်မျိုးဆက်တွေနဲ့ မတူဘဲ တကယ့်ကို ကျပ်တည်းခက်ခဲတဲ့ စီးပွားရေး အခြေအနေတွေကြားထဲမှာ ကြီးပြင်းလာခဲ့ရလို့ပါပဲ။
၁။ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စီးပွားရေး မရေရာမှုတွေက သူတို့အတွက် ပထမဆုံးစိတ်ဖိစီးမှုဖြစ်စေတာပါ။ အခုခေတ်မှာ ငွေတစ်ကျပ်ရဲ့ တန်ဖိုးက နေ့တိုင်း ကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေကလည်း ကောင်းကင်ဘုံကို ပျံတက်နေပါတယ်။ အိမ်လခ၊ စားစရိတ်၊ သွားလာစရိတ်တွေက အဆမတန် တက်နေတဲ့အချိန်မှာ လစာကတော့ လိပ်သွားသလောက်ပဲ သွားနေတာပါ။ ဒီတော့ လူငယ်တွေမှာ ရုန်းကန်နေရတဲ့ ဖိစီးမှုတွေက အရင်ခေတ်ကထက် ပိုများလာပါတယ်။
၂။ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကလည်း ဒုတိမြောက်ခေါင်းကိုက်စရာဖြစ်စေတာပါ။ Gen Z ဆိုတာ ဖုန်းတစ်လုံး၊ အင်တာနက်လိုင်းတစ်ခုနဲ့ ကြီးပြင်းလာပြီး ကိုယ့်ဘဝရဲ့ အဆိုးအကောင်း မှန်သမျှကို TikTok,၊ Facebook ပေါ်မှာ ‘Social Sharing’ လုပ်ရတာ ဝါသနာပါတဲ့ မျိုးဆက်ပါ။ အဝတ်အစား၊ အစားအသောက်တင်မကဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုပါ လူသိရှင်ကြား ချပြလေ့ရှိတဲ့အတွက် ငွေကြေးကိစ္စကိုလည်း ဖုံးကွယ်မထားတော့ဘဲ အရှိကိုအရှိအတိုင်း ပြောချလိုက်ကြတာပဲ ဖြစ်ပါတယ်။
ကိန်းဂဏန်းတွေက သက်သေပြနေတဲ့ အမှန်တရား
ဒီစစ်တမ်းမှာ ထူးထူးခြားခြား တွေ့ရတဲ့ ရာခိုင်နှုန်းတွေက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ “မင်း သူငယ်ချင်းတွေနဲ့ လစာအကြောင်း သေသေချာချာ ပွင့်ပွင့်လင်းလင်း ပြောဖြစ်လား” လို့ မေးတဲ့အခါမှာတော့ Gen Z လူငယ်တွေရဲ့ ၂၇ ရာခိုင်နှုန်း က ပွင့်ပွင့်လင်းလင်း ပြောတယ်လို့ ဖြေပါတယ်။သူတို့ထက် အသက်နည်းနည်းကြီးတဲ့ Millennials တွေမှာတော့ ၂၀ ရာခိုင်နှုန်း ပဲ ရှိပြီး၊ လူကြီးပိုင်း Gen X မှာ ၁၂ ရာခိုင်နှုန်း နဲ့၊ အဘိုးအဘွားအရွယ် Baby Boomers တွေမှာတော့ ၃ ရာခိုင် နှုန်း ထိအောင် သိပ်ကို နည်းပါးသွားတာကို တွေ့ရပါတယ်။
Bank of America ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ ဟောလီ အိုနေးလ်ကတောင် “ဒါဟာ တော်တော်လေး များပြားတဲ့ ပမာဏပါပဲ။ ကျွန်မကိုယ်တိုင်လည်း Gen X ထဲကမို့ သေချာပြောနိုင်တာကတော့… ကျွန်မတို့ သူတို့အသက်အရွယ်တုန်းက ဒီလိုမျိုး လုံးဝ မပြောဖြစ်ခဲ့ကြဘူး။ ဒါပေမဲ့ Gen Z ကတော့ ကိစ္စရပ်တွေကို အများရှေ့မှာ ပွင့်ပွင့်လင်းလင်း ချပြပြီး ဆွေးနွေးတတ်တဲ့ မျိုးဆက်ဖြစ်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။လစာအပြင် ယေဘုယျအားဖြင့် ငွေကြေးဆိုင်ရာ အခက်အခဲတွေ၊ “ငါတော့ ဒီလ အဆင်မပြေဘူး၊ ဒါကို မဝယ်နိုင်ဘူး” စတဲ့ စကားမျိုးတွေကို သူငယ်ချင်းတွေနဲ့ ပြောဖြစ်လားဆိုတဲ့ မေးခွန်းမှာလည်း Gen Z (၆၀ရာခိုင်နှုန်း) နဲ့ Millennials (၆၂%ရာခိုင်နှုန်း) က တော်တော်လေး မြင့်မားနေပြီး လူကြီးပိုင်းတွေကတော့ အနည်းငယ်သာ ပြောဆိုကြတာကို တွေ့ရပါတယ်။
ဒီအကျိုးသက်ရောက်မှုက လုပ်ငန်းခွင်ကို ဘယ်လို ပြောင်းလဲပစ်မလဲ
ဒီလို လစာတွေကို ပွင့်ပွင့်လင်းလင်း ချပြတာဟာ သူငယ်ချင်းအချင်းချင်းကြားထဲမှာတင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါဟာ နောင်တစ်ချိန်မှာ ကုမ္ပဏီတွေရဲ့ လုပ် ငန်းခွင် ယဉ်ကျေးမှုကိုပါ ကြီးကြီးမားမား ရိုက်ခတ်လာနိုင်ပါတယ်။
လစာ မျှတညီညွတ်မှု ရှိလာတာ
အရင်တုန်းက ကုမ္ပဏီအများစုဟာ ဝန်ထမ်းအချင်းချင်း လစာမသိအောင် လျှို့ဝှက်ခိုင်းထားတတ်ကြပါတယ်။ ဒါဟာ ဘာဖြစ်စေလဲဆိုတော့ ရာထူးတူ၊ အလုပ်တူပါရက်နဲ့ ဘော့စ်နဲ့ အဆင်ပြေတဲ့သူက လစာပိုရပြီး၊ အလုပ်ပဲ ကြိုးစားတဲ့သူက လစာနည်းနေတတ်တဲ့ မမျှတမှုတွေကို ဖြစ်စေပါတယ်။ အခုလို လူငယ်တွေက လစာကို ဗြောင်ပြောလာကြတဲ့အခါမှာတော့ ဘယ်သူက ခေါင်းပုံဖြတ်ခံနေရလဲ၊ ဘယ်သူ့ကို လစာနှိမ်ထားလဲဆိုတာ အကုန်ပေါ်ကုန်တော့မှာမို့ ကုမ္ပဏီတွေအနေနဲ့ လစာကို ပိုပြီး မျှမျှတတ ပေးရတော့မှာပါ။
ပွင့်လင်းမြင်သာမှု
ခေတ်သစ် လုပ်ငန်းခွင်တွေမှာ “ပွင့်လင်းမြင်သာမှု” က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။ အလုပ်ရှင်တွေအနေနဲ့ လစာသတ်မှတ်ချက်တွေကို ဖုံးဖုံးဖိဖိ လုပ်လို့မရတော့ဘဲ စနစ်တကျနဲ့ ရှင်းရှင်းလင်းလင်း ချပြရမယ့် အခြေအနေကို ရောက်လာစေပါတယ်။
ခြုံပြီးပြောရရင် လူငယ်တွေရဲ့ ဒီလို ငွေရေးကြေးရေးအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုဟာ “အရှက်မရှိတာ” မဟုတ်ဘဲ၊ ခေတ်စနစ်ရဲ့ ဖိအားကြောင့် ဖြစ်ပေါ် လာတဲ့ “ရှင်သန်ရေး ဗျူဟာတစ်ခု” ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ငွေကြေးအကျပ်အတည်းနဲ့ လစာအခြေအနေကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း မျှဝေတိုင်ပင်ခြင်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျှော့ချနိုင်သလို၊ လုပ်ငန်းခွင်အတွင်း မျှတတဲ့ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်နိုင်မယ့် လမ်းစတစ်ခုဖြစ်စေပါလိမ့်မယ်။
ကျော့ကေခိုင်
zawgyi
ဒီေန႔ေခတ္ လုပ္ငန္းခြင္ထဲကို ဝင္လာတဲ့ လူငယ္ေတြကို ၾကည့္ၿပီး လူႀကီးေတြ ေခါင္းခါေနၾကတဲ့အထဲမွာ “ဒီကေလးေတြကေတာ့ အရွက္အေၾကာက္ မရွိဘူး၊ ကိုယ့္လစာ ဘယ္ေလာက္ရလဲဆိုတာကို ေလွ်ာက္ေျပာေနၾကတယ္” ဆိုတဲ့ ကိစၥလည္း တစ္ခုအပါအဝင္ ျဖစ္ပါလိမ့္မယ္။အမွန္ေတာ့ အရင္ မိဘေတြ၊ လူႀကီးေတြရဲ႕ ေခတ္တုန္းကေတာ့ ကိုယ္ဘယ္ေလာက္ ဝင္လဲ၊ လစာ ဘယ္ေလာက္ရလဲဆိုတာကို အျပင္လူကို ေနေနသာသာ ကိုယ့္အိမ္ကလူကိုေတာင္ အတိအက် မေျပာဘဲ လွ်ိဳ႕ဝွက္ထားတတ္ၾကတာ ယဥ္ေက်းမႈတစ္ခုလို ျဖစ္ခဲ့တာပါ။ လစာအေၾကာင္း ပြင့္ပြင့္လင္းလင္း ေမးတာ၊ ေျပာတာေတြကို မယဥ္ေက်းဘူးလို႔ သတ္မွတ္ခဲ့ၾကတာေပါ့။ ဒါေပမဲ့ အခုေခတ္ ဂ်န္ဇီး (Gen Z)(အသက္ ၁၈ ႏွစ္ကေန ၂၉ ႏွစ္ၾကား) လူငယ္ေတြ လုပ္ငန္းခြင္ထဲ ေရာက္လာတဲ့အခါမွာေတာ့ ဒီအယူအဆေဟာင္းႀကီးတစ္ခုလုံး တစစီ က်ိဳးပ်က္သြားပါၿပီ။
မၾကာေသးခင္က ထြက္ရွိလာတဲ့ Bank of America ရဲ႕ စစ္တမ္းအသစ္တစ္ခုအရ လူငယ္ေတြဟာ လစာအေၾကာင္းတင္မကဘူး၊ သူတို႔ ႀကဳံေတြ႕ေနရတဲ့ ေငြေရးေၾကး ေရး ဖိစီးမႈေတြကိုပါ အခ်င္းခ်င္းၾကားထဲမွာ ပြင့္ပြင့္လင္းလင္း ခ်ျပေဆြးေႏြးလာၾကတယ္လို႔ ဆိုပါတယ္။ ဒါက ဘာေၾကာင့္လဲ။ ၿပီးေတာ့ ဒီအေျပာင္းအလဲက ကြၽဳႏ္ုပ္ရဲ႕ လုပ္ငန္းခြင္ ယဥ္ေက်းမႈကို ဘယ္လို ေျပာင္းလဲပစ္ႏိုင္မလဲဆိုတာ ဖတ္ၾကည့္ၾကရေအာင္ပါ။
လူငယ္ေတြ ဘာေၾကာင့္ ေငြအေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာလာၾကတာလဲ
အေျဖကေတာ့ ရွင္းပါတယ္။ Gen Z လူငယ္ေတြဟာ အရင္မ်ိဳးဆက္ေတြနဲ႔ မတူဘဲ တကယ့္ကို က်ပ္တည္းခက္ခဲတဲ့ စီးပြားေရး အေျခအေနေတြၾကားထဲမွာ ႀကီးျပင္းလာခဲ့ရလို႔ပါပဲ။
၁။ ကုန္ေဈးႏႈန္းႀကီးျမင့္မႈနဲ႔ စီးပြားေရး မေရရာမႈေတြက သူတို႔အတြက္ ပထမဆုံးစိတ္ဖိစီးမႈျဖစ္ေစတာပါ။ အခုေခတ္မွာ ေငြတစ္က်ပ္ရဲ႕ တန္ဖိုးက ေန႔တိုင္း က်ဆင္းေနၿပီး ကုန္ေဈးႏႈန္းေတြကလည္း ေကာင္းကင္ဘုံကို ပ်ံတက္ေနပါတယ္။ အိမ္လခ၊ စားစရိတ္၊ သြားလာစရိတ္ေတြက အဆမတန္ တက္ေနတဲ့အခ်ိန္မွာ လစာကေတာ့ လိပ္သြားသေလာက္ပဲ သြားေနတာပါ။ ဒီေတာ့ လူငယ္ေတြမွာ ႐ုန္းကန္ေနရတဲ့ ဖိစီးမႈေတြက အရင္ေခတ္ကထက္ ပိုမ်ားလာပါတယ္။
၂။ ဆိုရွယ္မီဒီယာ ယဥ္ေက်းမႈကလည္း ဒုတိေျမာက္ေခါင္းကိုက္စရာျဖစ္ေစတာပါ။ Gen Z ဆိုတာ ဖုန္းတစ္လုံး၊ အင္တာနက္လိုင္းတစ္ခုနဲ႔ ႀကီးျပင္းလာၿပီး ကိုယ့္ဘဝရဲ႕ အဆိုးအေကာင္း မွန္သမွ်ကို TikTok,၊ Facebook ေပၚမွာ ‘Social Sharing’ လုပ္ရတာ ဝါသနာပါတဲ့ မ်ိဳးဆက္ပါ။ အဝတ္အစား၊ အစားအေသာက္တင္မကဘဲ ကိုယ့္ရဲ႕ စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္ေတြကိုပါ လူသိရွင္ၾကား ခ်ျပေလ့ရွိတဲ့အတြက္ ေငြေၾကးကိစၥကိုလည္း ဖုံးကြယ္မထားေတာ့ဘဲ အရွိကိုအရွိအတိုင္း ေျပာခ်လိုက္ၾကတာပဲ ျဖစ္ပါတယ္။
ကိန္းဂဏန္းေတြက သက္ေသျပေနတဲ့ အမွန္တရား
ဒီစစ္တမ္းမွာ ထူးထူးျခားျခား ေတြ႕ရတဲ့ ရာခိုင္ႏႈန္းေတြက တကယ့္ကို စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ “မင္း သူငယ္ခ်င္းေတြနဲ႔ လစာအေၾကာင္း ေသေသခ်ာခ်ာ ပြင့္ပြင့္လင္းလင္း ေျပာျဖစ္လား” လို႔ ေမးတဲ့အခါမွာေတာ့ Gen Z လူငယ္ေတြရဲ႕ ၂၇ ရာခိုင္ႏႈန္း က ပြင့္ပြင့္လင္းလင္း ေျပာတယ္လို႔ ေျဖပါတယ္။သူတို႔ထက္ အသက္နည္းနည္းႀကီးတဲ့ Millennials ေတြမွာေတာ့ ၂၀ ရာခိုင္ႏႈန္း ပဲ ရွိၿပီး၊ လူႀကီးပိုင္း Gen X မွာ ၁၂ ရာခိုင္ႏႈန္း နဲ႔၊ အဘိုးအဘြားအ႐ြယ္ Baby Boomers ေတြမွာေတာ့ ၃ ရာခိုင္ ႏႈန္း ထိေအာင္ သိပ္ကို နည္းပါးသြားတာကို ေတြ႕ရပါတယ္။
Bank of America ရဲ႕ အဆင့္ျမင့္အရာရွိတစ္ဦးျဖစ္တဲ့ ေဟာလီ အိုေနးလ္ကေတာင္ “ဒါဟာ ေတာ္ေတာ္ေလး မ်ားျပားတဲ့ ပမာဏပါပဲ။ ကြၽန္မကိုယ္တိုင္လည္း Gen X ထဲကမို႔ ေသခ်ာေျပာႏိုင္တာကေတာ့… ကြၽန္မတို႔ သူတို႔အသက္အ႐ြယ္တုန္းက ဒီလိုမ်ိဳး လုံးဝ မေျပာျဖစ္ခဲ့ၾကဘူး။ ဒါေပမဲ့ Gen Z ကေတာ့ ကိစၥရပ္ေတြကို အမ်ားေရွ႕မွာ ပြင့္ပြင့္လင္းလင္း ခ်ျပၿပီး ေဆြးေႏြးတတ္တဲ့ မ်ိဳးဆက္ျဖစ္တယ္” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။လစာအျပင္ ေယဘုယ်အားျဖင့္ ေငြေၾကးဆိုင္ရာ အခက္အခဲေတြ၊ “ငါေတာ့ ဒီလ အဆင္မေျပဘူး၊ ဒါကို မဝယ္ႏိုင္ဘူး” စတဲ့ စကားမ်ိဳးေတြကို သူငယ္ခ်င္းေတြနဲ႔ ေျပာျဖစ္လားဆိုတဲ့ ေမးခြန္းမွာလည္း Gen Z (၆၀ရာခိုင္ႏႈန္း) နဲ႔ Millennials (၆၂%ရာခိုင္ႏႈန္း) က ေတာ္ေတာ္ေလး ျမင့္မားေနၿပီး လူႀကီးပိုင္းေတြကေတာ့ အနည္းငယ္သာ ေျပာဆိုၾကတာကို ေတြ႕ရပါတယ္။
ဒီအက်ိဳးသက္ေရာက္မႈက လုပ္ငန္းခြင္ကို ဘယ္လို ေျပာင္းလဲပစ္မလဲ
ဒီလို လစာေတြကို ပြင့္ပြင့္လင္းလင္း ခ်ျပတာဟာ သူငယ္ခ်င္းအခ်င္းခ်င္းၾကားထဲမွာတင္ ရပ္တန႔္သြားမွာ မဟုတ္ပါဘူး။ ဒါဟာ ေနာင္တစ္ခ်ိန္မွာ ကုမၸဏီေတြရဲ႕ လုပ္ ငန္းခြင္ ယဥ္ေက်းမႈကိုပါ ႀကီးႀကီးမားမား ႐ိုက္ခတ္လာႏိုင္ပါတယ္။
လစာ မွ်တညီၫြတ္မႈ ရွိလာတာ
အရင္တုန္းက ကုမၸဏီအမ်ားစုဟာ ဝန္ထမ္းအခ်င္းခ်င္း လစာမသိေအာင္ လွ်ိဳ႕ဝွက္ခိုင္းထားတတ္ၾကပါတယ္။ ဒါဟာ ဘာျဖစ္ေစလဲဆိုေတာ့ ရာထူးတူ၊ အလုပ္တူပါရက္နဲ႔ ေဘာ့စ္နဲ႔ အဆင္ေျပတဲ့သူက လစာပိုရၿပီး၊ အလုပ္ပဲ ႀကိဳးစားတဲ့သူက လစာနည္းေနတတ္တဲ့ မမွ်တမႈေတြကို ျဖစ္ေစပါတယ္။ အခုလို လူငယ္ေတြက လစာကို ေျဗာင္ေျပာလာၾကတဲ့အခါမွာေတာ့ ဘယ္သူက ေခါင္းပုံျဖတ္ခံေနရလဲ၊ ဘယ္သူ႔ကို လစာႏွိမ္ထားလဲဆိုတာ အကုန္ေပၚကုန္ေတာ့မွာမို႔ ကုမၸဏီေတြအေနနဲ႔ လစာကို ပိုၿပီး မွ်မွ်တတ ေပးရေတာ့မွာပါ။
ပြင့္လင္းျမင္သာမႈ
ေခတ္သစ္ လုပ္ငန္းခြင္ေတြမွာ “ပြင့္လင္းျမင္သာမႈ” က အေရးႀကီးတဲ့ အခ်က္တစ္ခု ျဖစ္လာပါတယ္။ အလုပ္ရွင္ေတြအေနနဲ႔ လစာသတ္မွတ္ခ်က္ေတြကို ဖုံးဖုံးဖိဖိ လုပ္လို႔မရေတာ့ဘဲ စနစ္တက်နဲ႔ ရွင္းရွင္းလင္းလင္း ခ်ျပရမယ့္ အေျခအေနကို ေရာက္လာေစပါတယ္။
ၿခဳံၿပီးေျပာရရင္ လူငယ္ေတြရဲ႕ ဒီလို ေငြေရးေၾကးေရးအေၾကာင္း ပြင့္ပြင့္လင္းလင္း ေဆြးေႏြးမႈဟာ “အရွက္မရွိတာ” မဟုတ္ဘဲ၊ ေခတ္စနစ္ရဲ႕ ဖိအားေၾကာင့္ ျဖစ္ေပၚ လာတဲ့ “ရွင္သန္ေရး ဗ်ဴဟာတစ္ခု” ပဲျဖစ္ပါတယ္။ ကိုယ့္ရဲ႕ ေငြေၾကးအက်ပ္အတည္းနဲ႔ လစာအေျခအေနကို ဖုံးကြယ္မထားဘဲ ပြင့္ပြင့္လင္းလင္း မွ်ေဝတိုင္ပင္ျခင္းအားျဖင့္ စိတ္ပိုင္းဆိုင္ရာ ဖိစီးမႈေတြကို ေလွ်ာ့ခ်ႏိုင္သလို၊ လုပ္ငန္းခြင္အတြင္း မွ်တတဲ့ အခြင့္အေရးေတြကို ေတာင္းဆိုတိုက္ပြဲဝင္ႏိုင္မယ့္ လမ္းစတစ္ခုျဖစ္ေစပါလိမ့္မယ္။
ေက်ာ့ေကခိုင္
Leave a Reply