ဒီအချက်တွေက သထေးတွေ သဘောမကျတတ်ပေမဲ့ ကိုယ့်အတွက်တော့ အရေးကြီးပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေက ကိုယ့်ရဲ့နယ်နိမိတ်သတ်မှတ်ချက်တွေကို သဘောမကျဘူးဆိုတိုင်း အဲဒါတွေက အသုံးမဝင်တော့ဘူးလို့ မဆိုလိုပါဘူး။အလုပ်တစ်ခုလုပ်ပြီဆိုရင် ကိုယ့်ဆီကနေ ဘာတွေမျှော်လင့်လို့ရတယ်၊ ဘာတွေကိုတော့ ခွင့်မပြုဘူးဆိုတာကို သူဌေးကို ရှင်းရှင်းလင်းလင်း သိထားစေဖို့က အရေးကြီးပါတယ်။အိမ်ကနေ အလုပ်လုပ်တဲ့သူတွေအတွက် Career Strategist ဖြစ်တဲ့ Whitney Living က သူ့အတွေ့အကြုံအရ အလုပ်ခွင်မှာ သူသတ်မှတ်ခဲ့တဲ့ နယ်နိမိတ် ၅ ခုကို မျှဝေထားပါတယ်။ အရင်က သူ့သူဌေးတွေကတော့ ဒီအချက်တွေကို သိပ်သဘောမကျခဲ့ကြဘူးတဲ့။
သူက “ကိုယ်ပျော်ရွှင်ဖို့၊ စိတ်ချမ်းသာဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားဖို့အတွက် လိုအပ်တဲ့ နယ်နိမိတ်သတ်မှတ်ချက်တွေက လူတိုင်းနဲ့ မတူနိုင်ပါဘူး။ သူများနဲ့ အတူတူဖြစ်နေစရာလည်း မလိုပါဘူး” လို့ ပြောပါတယ်။ဒီတော့ အလုပ်ရှင်တွေ သိပ်သဘောမကျတတ်ပေမဲ့ ဝန်ထမ်းတွေ မဖြစ်မနေ ထားသင့်တဲ့ နယ်နိမိတ် ၅ ခုကို ဖတ်ကြည့်ရအောင်။
“ကျွန်မ စနေ၊ တနင်္ဂနွေ အလုပ်မလုပ်ဘူး”
တစ်ပတ်လုံး (၅) ရက်လုံး အလုပ်လုပ်ပြီးပြီဆိုရင် ကျန်တဲ့ရက်တွေကို ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးချင်တာ သဘာဝပါပဲ။ Living အနေနဲ့ အလုပ်တစ်ခုရဖို့ (၃) နှစ်လောက် ကြိုးစားခဲ့ရပေမဲ့၊ သူဌေးက ရုံးပိတ်ရက်တွေမှာပါ အလုပ်လုပ်ခိုင်းတဲ့အတွက် သူက “ကျွန်မ စနေ၊ တနင်္ဂနွေ အလုပ်မလုပ်ဘူး” လို့ ပြတ်ပြတ်သားသားပဲ ပြောခဲ့ပါတယ်။ ကိုယ့်အတွက် အနားယူဖို့ အချိန်လိုတယ်ဆိုရင် အလုပ်စဝင်ကတည်းက ဒါကို ကြိုပြောထားတာ အကောင်းဆုံးပါပဲ။
“ကျွန်မ ခရီးသွားရမယ့် အလုပ်မျိုး မလုပ်ဘူး”
အိမ်ကနေ (၁၅) နှစ်ကျော် အလုပ်လုပ်လာတဲ့ Living ဟာ အိမ်မှာနေပြီး အလုပ်လုပ်ရတာကိုပဲ နှစ်သက်ပါတယ်။ ခရီးသွားခိုင်းတာတွေ၊ လူချင်းတွေ့ဖို့ တောင်းဆိုတာတွေကို သူက ငြင်းဆန်လေ့ရှိတယ်။ အလုပ်ရဲ့သဘောသဘာဝအရ အိမ်ကနေ အဆင်ပြေနေတယ်ဆိုရင် အဲဒီအတိုင်းပဲ ဆက်လုပ်သွားချင်ကြောင်း ပြောဆိုပိုင်ခွင့် ရှိပါတယ်။
“ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို မသုံးပါနဲ့”
Living က သူ့ရဲ့ privacy ကို အလွန်တန်ဖိုးထားပါတယ်။ သူ့နောက်ဆုံးနာမည် (Last name) ကိုတောင် အလုပ်ရှင်တွေကို မသုံးခိုင်းသလို၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအချက် အလက်တွေကိုလည်း လူသိရှင်ကြား ချမပြပါဘူး။ တစ်ခါတုန်းက သူဌေးက Social Media မှာတင်ဖို့ Selfie ရိုက်ပို့ခိုင်းတဲ့အခါမှာလည်း သူက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။
“သူဌေးက ကျွန်မကို ကာကွယ်မပေးရင်၊ ကျွန်မလည်း ကုမ္ပဏီမူဝါဒအတိုင်း မလိုက်နာပေးနိုင်ဘူး”
အလုပ်ရှင်ဆိုတာ ဝန်ထမ်းတွေကို အခက်အခဲကြုံရင် နောက်ကနေ ရပ်တည်ပေးရမယ့်သူပါ။ တစ်ခါတုန်းက ဖောက်သည်တွေက ပြဿနာရှာတဲ့အခါ သူဌေးက ဝန် ထမ်းကို မကာကွယ်ဘဲ ဖောက်သည်ပြောသမျှ လိုက်လုပ်ပေးနေတဲ့အတွက် Living က “သူဌေးသာ ကျွန်မဘက်က မရပ်တည်ပေးရင်၊ ကျွန်မလည်း ကုမ္ပဏီမူဝါဒအတိုင်း အကောင်အထည်ဖော်မပေးတော့ဘူး” လို့ ပြောလိုက်မှ သူဌေးက သူ့အမှားကို ပြင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နယ်နိမိတ်ထားဖို့က မရှိမဖြစ်ပါပဲ။
၅။ “အလုပ်ချိန်ပြီးရင် ဖုန်းပြန်မဖြေဘူး”
အလုပ်ချိန်ပြီးသွားပြီဆိုရင် အလုပ်ကိစ္စတွေကလည်း ပြီးဆုံးသွားပြီလို့ သတ်မှတ်သင့်ပါတယ်။ အရင်က သူ့သူဌေးက ညဉ့်နက်တဲ့အထိ ဖုန်းဆက်တတ်တဲ့အတွက် Living က “အလုပ်ချိန်ကျော်သွားရင် ဖုန်းမကိုင်တော့ဘူး” ဆိုတဲ့ နယ်နိမိတ်ကို သတ်မှတ်လိုက်ရပါတယ်။ သူဌေးကတော့ စိတ်မကောင်းဖြစ်ပေမဲ့၊ ဒီလိုနယ်နိမိတ်မျိုး သတ်မှတ်လိုက်တာက နောက်ပိုင်း အလုပ်သစ်တွေမှာ ပိုပြီး ယုံကြည်ချက်ရှိရှိ လုပ်ကိုင်နိုင်စေပါတယ်။
အချုပ်အားဖြင့်ဆိုရရင် စည်းဘောင်တွေသတ်မှတ်တယ်ဆိုတာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားဖို့၊ စိတ်ဖိစီးမှုတွေကို လျော့ချဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့အတွက် လုပ်သင့်တာပါ။ အလုပ်ရှင်ကို ကိုယ့်နယ်နိမိတ်တွေအကြောင်း ကြိုပြောပြတာက အလုပ်ခွင်မှာ အချင်းချင်း လေးစားမှုရှိဖို့နဲ့ ပိုပြီး ကျွမ်းကျင်ပိုင်နိုင်စွာ အ လုပ်လုပ်နိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီအခ်က္ေတြက သေထးေတြ သေဘာမက်တတ္ေပမဲ့ ကိုယ့္အတြက္ေတာ့ အေရးႀကီးပါတယ္။ ကိုယ့္ပတ္ဝန္းက်င္ကလူေတြက ကိုယ့္ရဲ႕နယ္နိမိတ္သတ္မွတ္ခ်က္ေတြကို သေဘာမက်ဘူးဆိုတိုင္း အဲဒါေတြက အသုံးမဝင္ေတာ့ဘူးလို႔ မဆိုလိုပါဘူး။အလုပ္တစ္ခုလုပ္ၿပီဆိုရင္ ကိုယ့္ဆီကေန ဘာေတြေမွ်ာ္လင့္လို႔ရတယ္၊ ဘာေတြကိုေတာ့ ခြင့္မျပဳဘူးဆိုတာကို သူေဌးကို ရွင္းရွင္းလင္းလင္း သိထားေစဖို႔က အေရးႀကီးပါတယ္။အိမ္ကေန အလုပ္လုပ္တဲ့သူေတြအတြက္ Career Strategist ျဖစ္တဲ့ Whitney Living က သူ႔အေတြ႕အႀကဳံအရ အလုပ္ခြင္မွာ သူသတ္မွတ္ခဲ့တဲ့ နယ္နိမိတ္ ၅ ခုကို မွ်ေဝထားပါတယ္။ အရင္က သူ႔သူေဌးေတြကေတာ့ ဒီအခ်က္ေတြကို သိပ္သေဘာမက်ခဲ့ၾကဘူးတဲ့။
သူက “ကိုယ္ေပ်ာ္႐ႊင္ဖို႔၊ စိတ္ခ်မ္းသာဖို႔နဲ႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ထားဖို႔အတြက္ လိုအပ္တဲ့ နယ္နိမိတ္သတ္မွတ္ခ်က္ေတြက လူတိုင္းနဲ႔ မတူႏိုင္ပါဘူး။ သူမ်ားနဲ႔ အတူတူျဖစ္ေနစရာလည္း မလိုပါဘူး” လို႔ ေျပာပါတယ္။ဒီေတာ့ အလုပ္ရွင္ေတြ သိပ္သေဘာမက်တတ္ေပမဲ့ ဝန္ထမ္းေတြ မျဖစ္မေန ထားသင့္တဲ့ နယ္နိမိတ္ ၅ ခုကို ဖတ္ၾကည့္ရေအာင္။
“ကြၽန္မ စေန၊ တနဂၤေႏြ အလုပ္မလုပ္ဘူး”
တစ္ပတ္လုံး (၅) ရက္လုံး အလုပ္လုပ္ၿပီးၿပီဆိုရင္ က်န္တဲ့ရက္ေတြကို ကိုယ့္မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ပဲ ကုန္ဆုံးခ်င္တာ သဘာဝပါပဲ။ Living အေနနဲ႔ အလုပ္တစ္ခုရဖို႔ (၃) ႏွစ္ေလာက္ ႀကိဳးစားခဲ့ရေပမဲ့၊ သူေဌးက ႐ုံးပိတ္ရက္ေတြမွာပါ အလုပ္လုပ္ခိုင္းတဲ့အတြက္ သူက “ကြၽန္မ စေန၊ တနဂၤေႏြ အလုပ္မလုပ္ဘူး” လို႔ ျပတ္ျပတ္သားသားပဲ ေျပာခဲ့ပါတယ္။ ကိုယ့္အတြက္ အနားယူဖို႔ အခ်ိန္လိုတယ္ဆိုရင္ အလုပ္စဝင္ကတည္းက ဒါကို ႀကိဳေျပာထားတာ အေကာင္းဆုံးပါပဲ။
“ကြၽန္မ ခရီးသြားရမယ့္ အလုပ္မ်ိဳး မလုပ္ဘူး”
အိမ္ကေန (၁၅) ႏွစ္ေက်ာ္ အလုပ္လုပ္လာတဲ့ Living ဟာ အိမ္မွာေနၿပီး အလုပ္လုပ္ရတာကိုပဲ ႏွစ္သက္ပါတယ္။ ခရီးသြားခိုင္းတာေတြ၊ လူခ်င္းေတြ႕ဖို႔ ေတာင္းဆိုတာေတြကို သူက ျငင္းဆန္ေလ့ရွိတယ္။ အလုပ္ရဲ႕သေဘာသဘာဝအရ အိမ္ကေန အဆင္ေျပေနတယ္ဆိုရင္ အဲဒီအတိုင္းပဲ ဆက္လုပ္သြားခ်င္ေၾကာင္း ေျပာဆိုပိုင္ခြင့္ ရွိပါတယ္။
“ကြၽန္မရဲ႕ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြကို မသုံးပါနဲ႔”
Living က သူ႔ရဲ႕ privacy ကို အလြန္တန္ဖိုးထားပါတယ္။ သူ႔ေနာက္ဆုံးနာမည္ (Last name) ကိုေတာင္ အလုပ္ရွင္ေတြကို မသုံးခိုင္းသလို၊ သူ႔ရဲ႕ ပုဂၢိဳလ္ေရးအခ်က္ အလက္ေတြကိုလည္း လူသိရွင္ၾကား ခ်မျပပါဘူး။ တစ္ခါတုန္းက သူေဌးက Social Media မွာတင္ဖို႔ Selfie ႐ိုက္ပို႔ခိုင္းတဲ့အခါမွာလည္း သူက ျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ပါတယ္။
“သူေဌးက ကြၽန္မကို ကာကြယ္မေပးရင္၊ ကြၽန္မလည္း ကုမၸဏီမူဝါဒအတိုင္း မလိုက္နာေပးႏိုင္ဘူး”
အလုပ္ရွင္ဆိုတာ ဝန္ထမ္းေတြကို အခက္အခဲႀကဳံရင္ ေနာက္ကေန ရပ္တည္ေပးရမယ့္သူပါ။ တစ္ခါတုန္းက ေဖာက္သည္ေတြက ျပႆနာရွာတဲ့အခါ သူေဌးက ဝန္ ထမ္းကို မကာကြယ္ဘဲ ေဖာက္သည္ေျပာသမွ် လိုက္လုပ္ေပးေနတဲ့အတြက္ Living က “သူေဌးသာ ကြၽန္မဘက္က မရပ္တည္ေပးရင္၊ ကြၽန္မလည္း ကုမၸဏီမူဝါဒအတိုင္း အေကာင္အထည္ေဖာ္မေပးေတာ့ဘူး” လို႔ ေျပာလိုက္မွ သူေဌးက သူ႔အမွားကို ျပင္ခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ နယ္နိမိတ္ထားဖို႔က မရွိမျဖစ္ပါပဲ။
၅။ “အလုပ္ခ်ိန္ၿပီးရင္ ဖုန္းျပန္မေျဖဘူး”
အလုပ္ခ်ိန္ၿပီးသြားၿပီဆိုရင္ အလုပ္ကိစၥေတြကလည္း ၿပီးဆုံးသြားၿပီလို႔ သတ္မွတ္သင့္ပါတယ္။ အရင္က သူ႔သူေဌးက ညဥ့္နက္တဲ့အထိ ဖုန္းဆက္တတ္တဲ့အတြက္ Living က “အလုပ္ခ်ိန္ေက်ာ္သြားရင္ ဖုန္းမကိုင္ေတာ့ဘူး” ဆိုတဲ့ နယ္နိမိတ္ကို သတ္မွတ္လိုက္ရပါတယ္။ သူေဌးကေတာ့ စိတ္မေကာင္းျဖစ္ေပမဲ့၊ ဒီလိုနယ္နိမိတ္မ်ိဳး သတ္မွတ္လိုက္တာက ေနာက္ပိုင္း အလုပ္သစ္ေတြမွာ ပိုၿပီး ယုံၾကည္ခ်က္ရွိရွိ လုပ္ကိုင္ႏိုင္ေစပါတယ္။
အခ်ဳပ္အားျဖင့္ဆိုရရင္ စည္းေဘာင္ေတြသတ္မွတ္တယ္ဆိုတာ အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို ခြဲျခားဖို႔၊ စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ဖို႔နဲ႔ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားဖို႔အတြက္ လုပ္သင့္တာပါ။ အလုပ္ရွင္ကို ကိုယ့္နယ္နိမိတ္ေတြအေၾကာင္း ႀကိဳေျပာျပတာက အလုပ္ခြင္မွာ အခ်င္းခ်င္း ေလးစားမႈရွိဖို႔နဲ႔ ပိုၿပီး ကြၽမ္းက်င္ပိုင္ႏိုင္စြာ အ လုပ္လုပ္ႏိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply