အလုပ်အင်တာဗျူးဆိုတာ ပြဇာတ်ကရသလိုပါပဲ။ ကိုယ်ကလည်း ကိုယ့်ရဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ် မျက်နှာဖုံးကို တပ်ထားသလို၊ အင်တာဗျူးတဲ့သူတွေကလည်း ထို့အတူပါပဲ။ ဘယ်အလုပ်ခန့်မယ့် မန်နေဂျာကမှ “ကျွန်တော်တို့ဆီမှာ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ မျှတမှု (Work-life balance) လုံးဝမရှိဘူး၊ ပြီးတော့ ခင်ဗျားကို အချိန်ပြည့် အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်” လို့ အမှန်အတိုင်း ဝန်ခံမှာမဟုတ်ပါဘူး။ အဲဒီအစား သူတို့က လျှို့ဝှက်ကုဒ်စကားလုံးတွေကို သုံးကြပါတယ်။
အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုတွေကို စိတ်လှုပ်ရှားစရာကောင်းပြီး စွမ်းအင်တွေအပြည့်ရှိနေမယ့် စကားလုံးလှလှလေးတွေနဲ့ ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒီစကားစုတွေက အပေါ်ယံကြည့်ရင်တော့ အလွန်နားထောင်လို့ကောင်းပေမဲ့ တကယ်တော့ လူကို စိတ်ကုန်ခမ်း ပင်ပန်းနွမ်းနယ်စေမယ့် “Hustle Culture” ရဲ့ ကြီးမားတဲ့ သတိပေးချက် (Red flag) တွေပါပဲ။ ဒီလို စကားလုံးတွေကို အဓိပ္ပာယ်ပြန်ဆိုတတ်ဖို့က အလုပ်ရှာဖွေနေချိန်မှာ ရှိသင့်တဲ့ အရေးကြီးဆုံး စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါဆို သတိထားစောင့်ကြည့်ရမယ့် နံပါတ်တစ် အချက်ပြလက္ခဏာနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ မေးရမယ့် မေးခွန်းအတိအကျကို ဖတ်ကြည့်ကြရအောင်ပါ။
သတိထားရမယ့်အချက် (Red Flag) – ဝေဝါးပြီး အားတက်စရာကောင်းတဲ့ စကားလုံးလှလှလေးများ
အဓိက သတိထားရမယ့် အချက်ပြလက္ခဏာဆိုတာကတော့ အနှစ်သာရ မရှိဘဲ နားထောင်လို့ကောင်းအောင်၊ တက်ကြွလှုပ်ရှားနေအောင် ပြောတတ်တဲ့ ဝေဝါးဝေဝါး စကားစု ပုံစံမျိုးတွေပါပဲ။ အင်တာဗျူးသူ ပြောတာကို သေချာ အာရုံစိုက် နားထောင်ပါ။ ဒါပေမဲ့ သူတို့က အောက်က စကားလုံးမျိုးတွေကို ခဏခဏ ထပ်ခါတလဲလဲ သုံးနေပြီဆိုရင်တော့ သင့်စိတ်ထဲက အချက်ပေးခေါင်းလောင်းသံ စမြည်လာသင့်ပါပြီ။
“ဒီမှာက မိသားစုလိုပဲ နေကြတာ”
“ကျွန်တော်တို့ဆီမှာ “အလုပ်လည်း ကြိုးစားလုပ်၊ အပျော်လည်း စိတ်ကြိုက်ပျော်”ဆိုတဲ့ စိတ်ဓာတ်ရှိတယ်”
“ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ဖို့ “Rockstars”တို့ “Ninjas”တို့လို ထူးချွန်ထက်မြက်တဲ့သူတွေကို ရှာနေတာ။”
“ဒီမှာက အရမ်းမြန်မြန်ဆန်ဆန် သွားရတဲ့ ပတ်ဝန်းကျင်မို့လို့ အလုပ်ထဲ တန်းဝင်ပြီး အလုပ်ဖြစ်မယ့်သူမျိုးကို ရှာနေတာ။”
ဒီစကားစုတွေကို တစ်ခုချင်းစီ ကြည့်ရင်တော့ ကော်ပိုရိတ်လောကမှာ သုံးနေကျမို့လို့ အန္တရာယ်မရှိသလို ထင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေကို စုပြီး သုံးနေပြီဆိုရင်တော့ အဲဒီကုမ္ပဏီဟာ ရေရှည်တည်တံ့မှုကို ထည့်မတွက်ဘဲ အလုပ်ရဲ့ ပြင်းအားကိုပဲ ဦးစားပေးတဲ့ နေရာတစ်ခု ဖြစ်နေတယ်ဆိုတာကို ပြနေတာပါ။
တကယ့် အဓိပ္ပာယ်က ဘာလဲ – လျှို့ဝှက်စကားလုံးတွေကို ဘာသာပြန်ကြည့်ခြင်း
ဒီစကားလုံးတွေက ဖိအားများတဲ့ လုပ်ငန်းခွင်တွေကို စိတ်လှုပ်ရှားစရာ ကောင်းသယောင် ထင်ရအောင် ဖန်တီးထားတဲ့ ကော်ပိုရိတ်သုံး စကားလုံးတွေ ဖြစ်ပါတယ်။ သူတို့က “ကျွန်တော်တို့က မိသားစုလိုပဲ” လို့ ပြောတဲ့အခါမျိုးမှာ တကယ့်အဓိပ္ပာယ်က “အလုပ်နဲ့ ပတ်သက်တဲ့ စည်းဘောင်တွေကို ဖျက်ပစ်မယ့် သစ္စာစောင့်သိမှုကို ငါတို့ မျှော်လင့်တယ်” ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိသားစုဆိုတာကတော့ ဘယ်အချိန်မဆို အကူအညီတောင်းလို့ ရနိုင်ပေမဲ့ အလုပ်ဆိုတာက အဲဒီလို မဖြစ်သင့်ပါဘူး။ ဒီလိုစကားလုံးတွေကို သုံးပြီး အချိန်မတော် ခိုင်းတာတွေကို ဆင်ခြေပေးတတ်ကြသလို ကိုယ်ပိုင်ဘဝထက် အလုပ်ကို ဦးစားပေးဖို့ ဖိအားပေးတတ်ကြပါတယ်။သူတို့က “အလုပ်လည်း ကြိုးစားလုပ်၊ အပျော်လည်း စိတ်ကြိုက်ပျော်”ဆိုတဲ့ တကယ့်အဓိပ္ပာယ်က “မင်းကို အချိန်အကြာကြီး၊ ပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့ မျှော်လင့်ထားတယ်၊ ပြီးတော့ ငါတို့ပြောတဲ့ ‘အပျော်’ ဆိုတာကလည်း မတက်မနေရ အဖွဲ့လိုက် ပွဲလမ်းသဘင်တွေ ဖြစ်နေတတ်ပြီး အဲဒါက မင်းကို ပိုပြီး စိတ်ကုန်ခမ်းစေလိမ့်မယ်” ဆိုတာမျိုးပါ။ ဒါဟာ ကိုယ်ပိုင်အချိန်ကို မလေးစားဘဲ အနားယူခြင်းကို အားနည်းချက်တစ်ခုလို မြင်တဲ့ ယဉ်ကျေးမှုကို ပြနေတာလည်း ဖြစ်နိုင်ပါတယ်။
သူတို့က “Rockstars သို့မဟုတ် Ninjas တွေကို ရှာနေတာ” လို့ ပြောတဲ့အခါမှာ တကယ့်အဓိပ္ပာယ်က -“လူတစ်ယောက်စာ လစာနဲ့ လူသုံးယောက်စာ အလုပ်လုပ်ပေးမယ့် အစွမ်းထက်လူစွမ်းကောင်းတစ်ယောက်ကို ရှာနေတာ” ဖြစ်တတ်ပါတယ်။ ဒီလို ရာထူးခေါင်းစဉ်တွေက အလုပ်အကျွံလုပ်တာကို ဂုဏ်တင်လေ့ရှိပြီး ပထမဆုံးနေ့ကစလို့ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကို သတ်မှတ်ထားတတ်ပါတယ်။ ဒါကပဲ နောက်ဆုံးမှာ လူတွေကို စိတ်ဖိစီးစေပြီး အလုပ်ထွက်ကာ ဖိစီးမှုနည်းတဲ့ အလုပ်တွေကို လိုက်ရှာရတဲ့ အဓိကအကြောင်းရင်း ဖြစ်လာစေတာပါ။
အဖြေ – အမှန်တရားကို ဖော်ထုတ်ပေးမယ့် နောက်ဆက်တွဲ မေးခွန်း
ဒါဆို ဒီလို စကားစုတွေကို ကြားရတဲ့အခါ ဘာလုပ်မလဲ။ သွားပြီး တိုက်ရိုက်ကြီး ထောက်ပြချင်စရာ ကောင်းပေမဲ့ အဲဒီလိုတော့ လုပ်လို့မရပါဘူး။ အဲဒီအစား သူတို့ကို ဝေဝါးတဲ့ စကားလုံးတွေကနေ လက်တွေ့မြေပြင်က အခြေအနေတွေကို ပြောပြလာအောင် တွန်းအားပေးနိုင်မယ့် ထက်မြက်ပြီး ရှင်းလင်းတဲ့ မေးခွန်းတစ်ခုကို မေးလို့ရပါတယ်။ကိုယ့်ရဲ့ ရည်ရွယ်ချက်က အဲဒီ စကားလုံးလှလှလေးတွေကို ယဉ်ယဉ်ကျေးကျေး ကျော်ဖြတ်ပြီး နေ့စဉ် ကြုံတွေ့ရမယ့် အတွေ့အကြုံ အစစ်အမှန်ကို သိဖို့ ဖြစ်ပါတယ်။ ကိုယ့်စတိုင်လ်နဲ့ကိုယ် အနည်းငယ် ပြင်သုံးလို့ရတဲ့ Script လေးကတော့ ဒါတွေပါပဲ။
“အရမ်းကို တက်ကြွပြီး စိတ်အားထက်သန်တဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှု ဖြစ်ပုံရတာမို့ ဝမ်းသာမိပါတယ်။ ဒါကို ကျွန်တော်/ကျွန်မ ပိုပြီး နားလည်နိုင်အောင်လို့ ဒီအဖွဲ့ထဲက လူတစ်ယောက်ရဲ့ ပုံမှန် နေ့စဉ် သို့မဟုတ် အပတ်စဉ် အလုပ်လုပ်ရတဲ့ ပုံစံလေးကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလားခင်ဗျာ/ရှင်။”ဒီမေးခွန်းက ဘာလို့ ထိရောက်လဲဆိုရင် သူက အပြုသဘောဆောင်တဲ့ စကား (ဝမ်းသာမိပါတယ်) နဲ့ စတင်ထားလို့ အပြစ်တင် စစ်ဆေးနေတဲ့ ပုံစံမျိုး မပေါက်ပါဘူး။ နောက်တချက်က လုပ်ငန်းစဉ်ကို ရှင်းပြခိုင်းတာ ဖြစ်တဲ့အတွက် “ဟုတ်ကဲ့/မဟုတ်ဘူး” ဆိုတဲ့ အဖြေမျိုး မဟုတ်ဘဲ အကြောင်းအရာတစ်ခုကို ပုံဖော်ပြောပြလာအောင် တွန်းအားပေးပါတယ်။နောက်ဆုံးအချက်ကတော့ “စိတ်အားထက်သန်မှု” ဆိုတဲ့ စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေကနေ “ပုံမှန်နေ့တစ်နေ့” ရဲ့ လက်တွေ့ကျတဲ့ အချက်အလက်တွေဆီကို အာရုံပြောင်းလဲပေးလိုက်လို့ ဖြစ်ပါတယ်။
ဘာကို အာရုံစိုက် နားထောင်ရမလဲ – မီးစိမ်းပြတဲ့ အဖြေကောင်း (Green Flag)
“အဖွဲ့သားအများစုကတော့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ကြတာများပါတယ်။ ညနေပိုင်းတွေနဲ့ ပိတ်ရက်တွေကိုလည်း ကျွန်တော်တို့ တကယ်ပဲ လေး စားပါတယ်။ ပရောဂျက်အကြီးစားတွေ မလွှတ်ခင်မှာတော့ အလုပ်နည်းနည်း များတတ်ပေမဲ့ ဒါက အစီအစဉ်ဆွဲထားတဲ့ ခြွင်းချက်အနေနဲ့ပဲ ဖြစ်တာပါ၊ နေ့တိုင်း ဒီလိုဖြစ်နေတာမျိုး မဟုတ်ပါဘူး။”
သတိထားရမယ့် အဖြေဆိုး (Red Flag)
“အို… ကျွန်တော်တို့ဆီမှာ ‘ပုံမှန်’ ဆိုတာ မရှိဘူးဗျ။ အခြေအနေပေါ်မူတည်ပြီး အလုပ်ပြီးမြောက်ဖို့ဆိုရင် ဘာမဆို လုပ်ရတာပဲ။ အားလုံးက တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေမို့လို့ တချို့ညတွေမှာ ညဉ့်နက်တဲ့အထိ လုပ်ရတာမျိုး ရှိနိုင်ပေမဲ့ ဒါက ကောင်းမွန်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက်ပဲလေ။”အင်တာဗျူးဆိုတာ နှစ်ဦးနှစ် ဖက် လမ်းကြောင်းတစ်ခုပါ။ သူတို့က ကိုယ့်ကို စစ်ဆေးနေသလိုပဲ ကိုယ်ကလည်း သူတို့ကို ပြန်ပြီး အကဲဖြတ်နေတာ ဖြစ်ပါတယ်။ ဒီလို သတိထားရမယ့် အချက်တွေကို သိအောင်လုပ်တာဟာ အကောင်းမမြင်တတ်လို့ မဟုတ်ပါဘူး။ မဟာဗျူဟာကျကျ စဉ်းစားတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ မေးခွန်းတွေကို မေးခြင်းအားဖြင့် သူတို့ရဲ့ အပေါ်ယံ ဟန်ဆောင်မှုတွေကို ကျော်လွန်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို တန်ဖိုးထားရုံတင်မက ကိုယ့်ရဲ့ အချိန်နဲ့ စိတ်ချမ်းသာမှုကိုပါ လေးစားတဲ့ ကုမ္ပဏီမျိုးကို ရှာဖွေနိုင်မှာပါ။ ကိုယ်လုပ်နိုင်ပါတယ်။ ယုံကြည်ချက်ရှိရှိနဲ့ ရှေ့ဆက်လိုက်ဖို့ပါပဲ။
ကျော့ကေခိုင်
zawgyi
အလုပ္အင္တာဗ်ဴးဆိုတာ ျပဇာတ္ကရသလိုပါပဲ။ ကိုယ္ကလည္း ကိုယ့္ရဲ႕ အေကာင္းဆုံး ပေရာ္ဖက္ရွင္နယ္ မ်က္ႏွာဖုံးကို တပ္ထားသလို၊ အင္တာဗ်ဴးတဲ့သူေတြကလည္း ထို႔အတူပါပဲ။ ဘယ္အလုပ္ခန႔္မယ့္ မန္ေနဂ်ာကမွ “ကြၽန္ေတာ္တို႔ဆီမွာ အလုပ္နဲ႔ ကိုယ္ပိုင္ဘဝ မွ်တမႈ (Work-life balance) လုံးဝမရွိဘူး၊ ၿပီးေတာ့ ခင္ဗ်ားကို အခ်ိန္ျပည့္ အလုပ္လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္” လို႔ အမွန္အတိုင္း ဝန္ခံမွာမဟုတ္ပါဘူး။ အဲဒီအစား သူတို႔က လွ်ိဳ႕ဝွက္ကုဒ္စကားလုံးေတြကို သုံးၾကပါတယ္။
အဆိပ္အေတာက္ျဖစ္ေစတဲ့ လုပ္ငန္းခြင္ယဥ္ေက်းမႈေတြကို စိတ္လႈပ္ရွားစရာေကာင္းၿပီး စြမ္းအင္ေတြအျပည့္ရွိေနမယ့္ စကားလုံးလွလွေလးေတြနဲ႔ ဖုံးကြယ္ထားတတ္ၾကပါတယ္။ ဒီစကားစုေတြက အေပၚယံၾကည့္ရင္ေတာ့ အလြန္နားေထာင္လို႔ေကာင္းေပမဲ့ တကယ္ေတာ့ လူကို စိတ္ကုန္ခမ္း ပင္ပန္းႏြမ္းနယ္ေစမယ့္ “Hustle Culture” ရဲ႕ ႀကီးမားတဲ့ သတိေပးခ်က္ (Red flag) ေတြပါပဲ။ ဒီလို စကားလုံးေတြကို အဓိပၸာယ္ျပန္ဆိုတတ္ဖို႔က အလုပ္ရွာေဖြေနခ်ိန္မွာ ရွိသင့္တဲ့ အေရးႀကီးဆုံး စြမ္းရည္တစ္ခု ျဖစ္ပါတယ္။ ဒါဆို သတိထားေစာင့္ၾကည့္ရမယ့္ နံပါတ္တစ္ အခ်က္ျပလကၡဏာနဲ႔ အမွန္တရားကို ေဖာ္ထုတ္ဖို႔ ေမးရမယ့္ ေမးခြန္းအတိအက်ကို ဖတ္ၾကည့္ၾကရေအာင္ပါ။
သတိထားရမယ့္အခ်က္ (Red Flag) – ေဝဝါးၿပီး အားတက္စရာေကာင္းတဲ့ စကားလုံးလွလွေလးမ်ား
အဓိက သတိထားရမယ့္ အခ်က္ျပလကၡဏာဆိုတာကေတာ့ အႏွစ္သာရ မရွိဘဲ နားေထာင္လို႔ေကာင္းေအာင္၊ တက္ႂကြလႈပ္ရွားေနေအာင္ ေျပာတတ္တဲ့ ေဝဝါးေဝဝါး စကားစု ပုံစံမ်ိဳးေတြပါပဲ။ အင္တာဗ်ဴးသူ ေျပာတာကို ေသခ်ာ အာ႐ုံစိုက္ နားေထာင္ပါ။ ဒါေပမဲ့ သူတို႔က ေအာက္က စကားလုံးမ်ိဳးေတြကို ခဏခဏ ထပ္ခါတလဲလဲ သုံးေနၿပီဆိုရင္ေတာ့ သင့္စိတ္ထဲက အခ်က္ေပးေခါင္းေလာင္းသံ စျမည္လာသင့္ပါၿပီ။
“ဒီမွာက မိသားစုလိုပဲ ေနၾကတာ”
“ကြၽန္ေတာ္တို႔ဆီမွာ “အလုပ္လည္း ႀကိဳးစားလုပ္၊ အေပ်ာ္လည္း စိတ္ႀကိဳက္ေပ်ာ္”ဆိုတဲ့ စိတ္ဓာတ္ရွိတယ္”
“ကြၽန္ေတာ္တို႔အဖြဲ႕ထဲကို ဝင္ဖို႔ “Rockstars”တို႔ “Ninjas”တို႔လို ထူးခြၽန္ထက္ျမက္တဲ့သူေတြကို ရွာေနတာ။”
“ဒီမွာက အရမ္းျမန္ျမန္ဆန္ဆန္ သြားရတဲ့ ပတ္ဝန္းက်င္မို႔လို႔ အလုပ္ထဲ တန္းဝင္ၿပီး အလုပ္ျဖစ္မယ့္သူမ်ိဳးကို ရွာေနတာ။”
ဒီစကားစုေတြကို တစ္ခုခ်င္းစီ ၾကည့္ရင္ေတာ့ ေကာ္ပိုရိတ္ေလာကမွာ သုံးေနက်မို႔လို႔ အႏၲရာယ္မရွိသလို ထင္ရပါလိမ့္မယ္။ ဒါေပမဲ့ ဒါေတြကို စုၿပီး သုံးေနၿပီဆိုရင္ေတာ့ အဲဒီကုမၸဏီဟာ ေရရွည္တည္တံ့မႈကို ထည့္မတြက္ဘဲ အလုပ္ရဲ႕ ျပင္းအားကိုပဲ ဦးစားေပးတဲ့ ေနရာတစ္ခု ျဖစ္ေနတယ္ဆိုတာကို ျပေနတာပါ။
တကယ့္ အဓိပၸာယ္က ဘာလဲ – လွ်ိဳ႕ဝွက္စကားလုံးေတြကို ဘာသာျပန္ၾကည့္ျခင္း
ဒီစကားလုံးေတြက ဖိအားမ်ားတဲ့ လုပ္ငန္းခြင္ေတြကို စိတ္လႈပ္ရွားစရာ ေကာင္းသေယာင္ ထင္ရေအာင္ ဖန္တီးထားတဲ့ ေကာ္ပိုရိတ္သုံး စကားလုံးေတြ ျဖစ္ပါတယ္။ သူတို႔က “ကြၽန္ေတာ္တို႔က မိသားစုလိုပဲ” လို႔ ေျပာတဲ့အခါမ်ိဳးမွာ တကယ့္အဓိပၸာယ္က “အလုပ္နဲ႔ ပတ္သက္တဲ့ စည္းေဘာင္ေတြကို ဖ်က္ပစ္မယ့္ သစၥာေစာင့္သိမႈကို ငါတို႔ ေမွ်ာ္လင့္တယ္” ဆိုတာမ်ိဳး ျဖစ္တတ္ပါတယ္။ မိသားစုဆိုတာကေတာ့ ဘယ္အခ်ိန္မဆို အကူအညီေတာင္းလို႔ ရႏိုင္ေပမဲ့ အလုပ္ဆိုတာက အဲဒီလို မျဖစ္သင့္ပါဘူး။ ဒီလိုစကားလုံးေတြကို သုံးၿပီး အခ်ိန္မေတာ္ ခိုင္းတာေတြကို ဆင္ေျခေပးတတ္ၾကသလို ကိုယ္ပိုင္ဘဝထက္ အလုပ္ကို ဦးစားေပးဖို႔ ဖိအားေပးတတ္ၾကပါတယ္။သူတို႔က “အလုပ္လည္း ႀကိဳးစားလုပ္၊ အေပ်ာ္လည္း စိတ္ႀကိဳက္ေပ်ာ္”ဆိုတဲ့ တကယ့္အဓိပၸာယ္က “မင္းကို အခ်ိန္အၾကာႀကီး၊ ပင္ပင္ပန္းပန္း အလုပ္လုပ္ဖို႔ ေမွ်ာ္လင့္ထားတယ္၊ ၿပီးေတာ့ ငါတို႔ေျပာတဲ့ ‘အေပ်ာ္’ ဆိုတာကလည္း မတက္မေနရ အဖြဲ႕လိုက္ ပြဲလမ္းသဘင္ေတြ ျဖစ္ေနတတ္ၿပီး အဲဒါက မင္းကို ပိုၿပီး စိတ္ကုန္ခမ္းေစလိမ့္မယ္” ဆိုတာမ်ိဳးပါ။ ဒါဟာ ကိုယ္ပိုင္အခ်ိန္ကို မေလးစားဘဲ အနားယူျခင္းကို အားနည္းခ်က္တစ္ခုလို ျမင္တဲ့ ယဥ္ေက်းမႈကို ျပေနတာလည္း ျဖစ္ႏိုင္ပါတယ္။
သူတို႔က “Rockstars သို႔မဟုတ္ Ninjas ေတြကို ရွာေနတာ” လို႔ ေျပာတဲ့အခါမွာ တကယ့္အဓိပၸာယ္က -“လူတစ္ေယာက္စာ လစာနဲ႔ လူသုံးေယာက္စာ အလုပ္လုပ္ေပးမယ့္ အစြမ္းထက္လူစြမ္းေကာင္းတစ္ေယာက္ကို ရွာေနတာ” ျဖစ္တတ္ပါတယ္။ ဒီလို ရာထူးေခါင္းစဥ္ေတြက အလုပ္အကြၽံလုပ္တာကို ဂုဏ္တင္ေလ့ရွိၿပီး ပထမဆုံးေန႔ကစလို႔ လက္ေတြ႕မက်တဲ့ ေမွ်ာ္လင့္ခ်က္ေတြကို သတ္မွတ္ထားတတ္ပါတယ္။ ဒါကပဲ ေနာက္ဆုံးမွာ လူေတြကို စိတ္ဖိစီးေစၿပီး အလုပ္ထြက္ကာ ဖိစီးမႈနည္းတဲ့ အလုပ္ေတြကို လိုက္ရွာရတဲ့ အဓိကအေၾကာင္းရင္း ျဖစ္လာေစတာပါ။
အေျဖ – အမွန္တရားကို ေဖာ္ထုတ္ေပးမယ့္ ေနာက္ဆက္တြဲ ေမးခြန္း
ဒါဆို ဒီလို စကားစုေတြကို ၾကားရတဲ့အခါ ဘာလုပ္မလဲ။ သြားၿပီး တိုက္႐ိုက္ႀကီး ေထာက္ျပခ်င္စရာ ေကာင္းေပမဲ့ အဲဒီလိုေတာ့ လုပ္လို႔မရပါဘူး။ အဲဒီအစား သူတို႔ကို ေဝဝါးတဲ့ စကားလုံးေတြကေန လက္ေတြ႕ေျမျပင္က အေျခအေနေတြကို ေျပာျပလာေအာင္ တြန္းအားေပးႏိုင္မယ့္ ထက္ျမက္ၿပီး ရွင္းလင္းတဲ့ ေမးခြန္းတစ္ခုကို ေမးလို႔ရပါတယ္။ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္က အဲဒီ စကားလုံးလွလွေလးေတြကို ယဥ္ယဥ္ေက်းေက်း ေက်ာ္ျဖတ္ၿပီး ေန႔စဥ္ ႀကဳံေတြ႕ရမယ့္ အေတြ႕အႀကဳံ အစစ္အမွန္ကို သိဖို႔ ျဖစ္ပါတယ္။ ကိုယ့္စတိုင္လ္နဲ႔ကိုယ္ အနည္းငယ္ ျပင္သုံးလို႔ရတဲ့ Script ေလးကေတာ့ ဒါေတြပါပဲ။
“အရမ္းကို တက္ႂကြၿပီး စိတ္အားထက္သန္တဲ့ လုပ္ငန္းခြင္ ယဥ္ေက်းမႈ ျဖစ္ပုံရတာမို႔ ဝမ္းသာမိပါတယ္။ ဒါကို ကြၽန္ေတာ္/ကြၽန္မ ပိုၿပီး နားလည္ႏိုင္ေအာင္လို႔ ဒီအဖြဲ႕ထဲက လူတစ္ေယာက္ရဲ႕ ပုံမွန္ ေန႔စဥ္ သို႔မဟုတ္ အပတ္စဥ္ အလုပ္လုပ္ရတဲ့ ပုံစံေလးကို နည္းနည္းေလာက္ ရွင္းျပေပးလို႔ ရမလားခင္ဗ်ာ/ရွင္။”ဒီေမးခြန္းက ဘာလို႔ ထိေရာက္လဲဆိုရင္ သူက အျပဳသေဘာေဆာင္တဲ့ စကား (ဝမ္းသာမိပါတယ္) နဲ႔ စတင္ထားလို႔ အျပစ္တင္ စစ္ေဆးေနတဲ့ ပုံစံမ်ိဳး မေပါက္ပါဘူး။ ေနာက္တခ်က္က လုပ္ငန္းစဥ္ကို ရွင္းျပခိုင္းတာ ျဖစ္တဲ့အတြက္ “ဟုတ္ကဲ့/မဟုတ္ဘူး” ဆိုတဲ့ အေျဖမ်ိဳး မဟုတ္ဘဲ အေၾကာင္းအရာတစ္ခုကို ပုံေဖာ္ေျပာျပလာေအာင္ တြန္းအားေပးပါတယ္။ေနာက္ဆုံးအခ်က္ကေတာ့ “စိတ္အားထက္သန္မႈ” ဆိုတဲ့ စိတ္ကူးယဥ္ဆန္တဲ့ ခံစားခ်က္ေတြကေန “ပုံမွန္ေန႔တစ္ေန႔” ရဲ႕ လက္ေတြ႕က်တဲ့ အခ်က္အလက္ေတြဆီကို အာ႐ုံေျပာင္းလဲေပးလိုက္လို႔ ျဖစ္ပါတယ္။
ဘာကို အာ႐ုံစိုက္ နားေထာင္ရမလဲ – မီးစိမ္းျပတဲ့ အေျဖေကာင္း (Green Flag)
“အဖြဲ႕သားအမ်ားစုကေတာ့ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ လုပ္ၾကတာမ်ားပါတယ္။ ညေနပိုင္းေတြနဲ႔ ပိတ္ရက္ေတြကိုလည္း ကြၽန္ေတာ္တို႔ တကယ္ပဲ ေလး စားပါတယ္။ ပေရာဂ်က္အႀကီးစားေတြ မလႊတ္ခင္မွာေတာ့ အလုပ္နည္းနည္း မ်ားတတ္ေပမဲ့ ဒါက အစီအစဥ္ဆြဲထားတဲ့ ႁခြင္းခ်က္အေနနဲ႔ပဲ ျဖစ္တာပါ၊ ေန႔တိုင္း ဒီလိုျဖစ္ေနတာမ်ိဳး မဟုတ္ပါဘူး။”
သတိထားရမယ့္ အေျဖဆိုး (Red Flag)
“အို… ကြၽန္ေတာ္တို႔ဆီမွာ ‘ပုံမွန္’ ဆိုတာ မရွိဘူးဗ်။ အေျခအေနေပၚမူတည္ၿပီး အလုပ္ၿပီးေျမာက္ဖို႔ဆိုရင္ ဘာမဆို လုပ္ရတာပဲ။ အားလုံးက တစ္ေလွတည္းစီး တစ္ခရီးတည္းသြားေတြမို႔လို႔ တခ်ိဳ႕ညေတြမွာ ညဥ့္နက္တဲ့အထိ လုပ္ရတာမ်ိဳး ရွိႏိုင္ေပမဲ့ ဒါက ေကာင္းမြန္တဲ့ ရည္႐ြယ္ခ်က္တစ္ခုအတြက္ပဲေလ။”အင္တာဗ်ဴးဆိုတာ ႏွစ္ဦးႏွစ္ ဖက္ လမ္းေၾကာင္းတစ္ခုပါ။ သူတို႔က ကိုယ့္ကို စစ္ေဆးေနသလိုပဲ ကိုယ္ကလည္း သူတို႔ကို ျပန္ၿပီး အကဲျဖတ္ေနတာ ျဖစ္ပါတယ္။ ဒီလို သတိထားရမယ့္ အခ်က္ေတြကို သိေအာင္လုပ္တာဟာ အေကာင္းမျမင္တတ္လို႔ မဟုတ္ပါဘူး။ မဟာဗ်ဴဟာက်က် စဥ္းစားတာပဲ ျဖစ္ပါတယ္။ မွန္ကန္တဲ့ ေမးခြန္းေတြကို ေမးျခင္းအားျဖင့္ သူတို႔ရဲ႕ အေပၚယံ ဟန္ေဆာင္မႈေတြကို ေက်ာ္လြန္ၿပီး ကိုယ့္ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို တန္ဖိုးထား႐ုံတင္မက ကိုယ့္ရဲ႕ အခ်ိန္နဲ႔ စိတ္ခ်မ္းသာမႈကိုပါ ေလးစားတဲ့ ကုမၸဏီမ်ိဳးကို ရွာေဖြႏိုင္မွာပါ။ ကိုယ္လုပ္ႏိုင္ပါတယ္။ ယုံၾကည္ခ်က္ရွိရွိနဲ႔ ေရွ႕ဆက္လိုက္ဖို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply