၂၀၂၆ ခုနှစ်၊ မေလဟာ အချစ်ရေးမှာ (Chemistry) အားအရမ်းကောင်းတဲ့လ ဖြစ်သလို အိမ်ထောင်ရှိသူတွေရော၊ လူပျိုလူလွတ်တွေအတွက်ပါ အချစ်ရေးမှာ အလှည့်အပြောင်းကြီးတွေ ဖြစ်လာနိုင်တဲ့ “ပြင်းထန်တဲ့” လတစ်လလို့ ဆိုပါတယ်။ ဒီရာသီခွင် ၆ ခုက မေလကုန်မှာ အချစ်ရေးကံ အမြင့်ဆုံး ဖြစ်နေပါတယ်။
Libra
Libra တွေဟာ အချစ်ရေးမှာ ကံခေခဲ့တာ တော်တော်ကြာပါပြီ။ ဒီလဆန်းပိုင်းမှာလည်း အရင်လိုပဲလို့ ထင်ရနိုင်ပေမဲ့ စိတ်မပူပါနဲ့။ မေလလယ်လောက်မှာ အခြေအနေတွေ ပြောင်းလဲလာပါလိမ့်မယ်။အချစ်ရေးက ပိုပြီး အမြင်ကြည်လင်လာမယ်။ တစ်ကိုယ်တည်းသမားဆိုရင်လည်း ကိုယ့်ရဲ့တန်ဖိုးကို သိနားလည်ပြီး ရှေ့ဆက်ဖို့ အသင့်ဖြစ်နေတဲ့သူမျိုးနဲ့ ဆုံရတတ်ပါတယ်။
Pisces
နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပေမဲ့ အမြဲလိုလို စိတ်ပျက်ခဲ့ရတဲ့ Pisces တွေအတွက် သတင်းကောင်းပါ။ နားလည်မှုလွဲတာတွေ၊ ရန်ဖြစ်တာတွေ ပြီးဆုံးတော့မယ်။ တစ်စုံ တစ်ယောက်က ကိုယ်နဲ့အတူ တကယ်ခိုင်မြဲတဲ့ ပတ်သက်မှုတစ်ခုကို တည်ဆောက်ချင်လာပါမယ်။ ကစားပွဲတွေ၊ စိတ်ရှုပ်စရာတွေ မရှိတော့ဘဲ လုံခြုံပြီး ပျော်စရာကောင်းတဲ့ အချစ်မျိုးကို ရလာမှာပါ။
Scorpio
အပေါ်ယံပတ်သက်မှုတွေကို မကြိုက်တဲ့ Scorpio တွေအတွက်တော့ တကယ့်ကို အလေးအနက်ထားတဲ့ အချစ်ရေးမျိုး ကြုံရတော့မှာပါ။ ဒီလထဲမှာ စိတ်ခံစားမှု ပြင်း ထန်တဲ့ ဆွဲဆောင်မှုတွေ ရှိနေပြီး တစ်စုံတစ်ယောက်က ကိုယ်နဲ့ ပိုနီးစပ်ချင်လာပါလိမ့်မယ်။ အပေါ်ယံ ခေတ္တခဏတွဲတာမျိုး မဟုတ်ဘဲ ရေရှည်အတွက် စဉ်းစားတဲ့သူမျိုး ရောက်လာပါမယ်။
Taurus
အချစ်ရေးမှာ မရေမရာဖြစ်နေတာတွေ၊ စိုးရိမ်ပူပန်နေရတာတွေ ပြောင်းလဲသွားပါပြီ။ တစ်စုံတစ်ယောက်က ကိုယ့်ကို တကယ့်ကို လိုလိုလားလားနဲ့ တန်ဖိုးထားလာပါမယ်။ ပါးစပ်က ပြောရုံတင်မဟုတ်ဘဲ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်ရပ်တွေကနေတစ်ဆင့် ကိုယ့်ကို ဘယ်လောက်ချစ်လဲဆိုတာ ပြလာပါလိမ့်မယ်။
Gemini
မေလ ၁၈ ရက်နေ့အထိ အချစ်နတ်သမီး (Venus) ဟာ Gemini ထဲမှာ ရှိနေတာကြောင့် ဒီလမှာ ဆွဲဆောင်မှုတွေ အရမ်းကောင်းနေပါမယ်။ လူတွေက ကိုယ့်ရဲ့ အလှ အပနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်ပုံကို သတိထားမိလာပါမယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပတ်သက်မှုသစ်တွေ ရလာနိုင်သလို အချစ်ရေးမှာလည်း ပိုပြီး စိတ်ချလုံခြုံမှုကို ခံစားရပါလိမ့်မယ်။
Cancer
တခြားသူတွေကိုပဲ အမြဲဦးစားပေးတတ်တဲ့ Cancer တွေဟာ တစ်ခါတလေ ကိုယ့်ကို ဘယ်သူမှ ဂရုမစိုက်ဘူးလို့ ခံစားနေရတတ်ပါတယ်။ တကယ်တော့ တစ်စုံတစ် ယောက်က ကိုယ့်အကြောင်းကို သူတို့ဝန်ခံတာထက် ပိုပြီး တိတ်တိတ်လေး တွေးနေတာပါ။ မေလလယ်လောက်မှာ အဲဒီလူရဲ့ ရည်ရွယ်ချက်တွေက ပေါ်လွင်လာပါလိမ့်မယ်။ သူငယ်ချင်းဟောင်း ဒါမှမဟုတ် ခင်မင်ရင်းနှီးပြီးသားသူဆီကနေ အချစ်ရေး စတင်လာနိုင်ပါတယ်။
ကျော့ကေခိုင်
zawgyi
၂၀၂၆ ခုႏွစ္၊ ေမလဟာ အခ်စ္ေရးမွာ (Chemistry) အားအရမ္းေကာင္းတဲ့လ ျဖစ္သလို အိမ္ေထာင္ရွိသူေတြေရာ၊ လူပ်ိဳလူလြတ္ေတြအတြက္ပါ အခ်စ္ေရးမွာ အလွည့္အေျပာင္းႀကီးေတြ ျဖစ္လာႏိုင္တဲ့ “ျပင္းထန္တဲ့” လတစ္လလို႔ ဆိုပါတယ္။ ဒီရာသီခြင္ ၆ ခုက ေမလကုန္မွာ အခ်စ္ေရးကံ အျမင့္ဆုံး ျဖစ္ေနပါတယ္။
Libra
Libra ေတြဟာ အခ်စ္ေရးမွာ ကံေခခဲ့တာ ေတာ္ေတာ္ၾကာပါၿပီ။ ဒီလဆန္းပိုင္းမွာလည္း အရင္လိုပဲလို႔ ထင္ရႏိုင္ေပမဲ့ စိတ္မပူပါနဲ႔။ ေမလလယ္ေလာက္မွာ အေျခအေနေတြ ေျပာင္းလဲလာပါလိမ့္မယ္။အခ်စ္ေရးက ပိုၿပီး အျမင္ၾကည္လင္လာမယ္။ တစ္ကိုယ္တည္းသမားဆိုရင္လည္း ကိုယ့္ရဲ႕တန္ဖိုးကို သိနားလည္ၿပီး ေရွ႕ဆက္ဖို႔ အသင့္ျဖစ္ေနတဲ့သူမ်ိဳးနဲ႔ ဆုံရတတ္ပါတယ္။
Pisces
နက္နက္ရႈိင္းရႈိင္း ခ်စ္တတ္ေပမဲ့ အၿမဲလိုလို စိတ္ပ်က္ခဲ့ရတဲ့ Pisces ေတြအတြက္ သတင္းေကာင္းပါ။ နားလည္မႈလြဲတာေတြ၊ ရန္ျဖစ္တာေတြ ၿပီးဆုံးေတာ့မယ္။ တစ္စုံ တစ္ေယာက္က ကိုယ္နဲ႔အတူ တကယ္ခိုင္ၿမဲတဲ့ ပတ္သက္မႈတစ္ခုကို တည္ေဆာက္ခ်င္လာပါမယ္။ ကစားပြဲေတြ၊ စိတ္ရႈပ္စရာေတြ မရွိေတာ့ဘဲ လုံၿခဳံၿပီး ေပ်ာ္စရာေကာင္းတဲ့ အခ်စ္မ်ိဳးကို ရလာမွာပါ။
Scorpio
အေပၚယံပတ္သက္မႈေတြကို မႀကိဳက္တဲ့ Scorpio ေတြအတြက္ေတာ့ တကယ့္ကို အေလးအနက္ထားတဲ့ အခ်စ္ေရးမ်ိဳး ႀကဳံရေတာ့မွာပါ။ ဒီလထဲမွာ စိတ္ခံစားမႈ ျပင္း ထန္တဲ့ ဆြဲေဆာင္မႈေတြ ရွိေနၿပီး တစ္စုံတစ္ေယာက္က ကိုယ္နဲ႔ ပိုနီးစပ္ခ်င္လာပါလိမ့္မယ္။ အေပၚယံ ေခတၱခဏတြဲတာမ်ိဳး မဟုတ္ဘဲ ေရရွည္အတြက္ စဥ္းစားတဲ့သူမ်ိဳး ေရာက္လာပါမယ္။
Taurus
အခ်စ္ေရးမွာ မေရမရာျဖစ္ေနတာေတြ၊ စိုးရိမ္ပူပန္ေနရတာေတြ ေျပာင္းလဲသြားပါၿပီ။ တစ္စုံတစ္ေယာက္က ကိုယ့္ကို တကယ့္ကို လိုလိုလားလားနဲ႔ တန္ဖိုးထားလာပါမယ္။ ပါးစပ္က ေျပာ႐ုံတင္မဟုတ္ဘဲ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ လုပ္ရပ္ေတြကေနတစ္ဆင့္ ကိုယ့္ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ ျပလာပါလိမ့္မယ္။
Gemini
ေမလ ၁၈ ရက္ေန႔အထိ အခ်စ္နတ္သမီး (Venus) ဟာ Gemini ထဲမွာ ရွိေနတာေၾကာင့္ ဒီလမွာ ဆြဲေဆာင္မႈေတြ အရမ္းေကာင္းေနပါမယ္။ လူေတြက ကိုယ့္ရဲ႕ အလွ အပနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိရွိ ေနထိုင္ပုံကို သတိထားမိလာပါမယ္။ စိတ္လႈပ္ရွားစရာေကာင္းတဲ့ ပတ္သက္မႈသစ္ေတြ ရလာႏိုင္သလို အခ်စ္ေရးမွာလည္း ပိုၿပီး စိတ္ခ်လုံၿခဳံမႈကို ခံစားရပါလိမ့္မယ္။
Cancer
တျခားသူေတြကိုပဲ အၿမဲဦးစားေပးတတ္တဲ့ Cancer ေတြဟာ တစ္ခါတေလ ကိုယ့္ကို ဘယ္သူမွ ဂ႐ုမစိုက္ဘူးလို႔ ခံစားေနရတတ္ပါတယ္။ တကယ္ေတာ့ တစ္စုံတစ္ ေယာက္က ကိုယ့္အေၾကာင္းကို သူတို႔ဝန္ခံတာထက္ ပိုၿပီး တိတ္တိတ္ေလး ေတြးေနတာပါ။ ေမလလယ္ေလာက္မွာ အဲဒီလူရဲ႕ ရည္႐ြယ္ခ်က္ေတြက ေပၚလြင္လာပါလိမ့္မယ္။ သူငယ္ခ်င္းေဟာင္း ဒါမွမဟုတ္ ခင္မင္ရင္းႏွီးၿပီးသားသူဆီကေန အခ်စ္ေရး စတင္လာႏိုင္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply