မင်း အစွမ်းကုန် ကြိုးစားခဲ့ပြီး ဘွဲ့ရပြီးတာနဲ့ ကိုယ်ဖြစ်ချင်တဲ့ အလုပ်ကို ရခဲ့လို့ ဂုဏ်ယူခဲ့ရတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ကြည့်တဲ့အခါမှာ တစ်ခုခု လွဲနေသလို ခံစားနေရပြီလား။ တနင်္ဂနွေညရောက်တိုင်း နောက်နေ့ အလုပ်သွားရမှာကို ကြောက်နေပြီလား။ဒါဟာ ပထမဆုံးအလုပ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “အသားမကျသေးတဲ့ ခံစားချက်” လား၊ ဒါမှမဟုတ် “ဒီအလုပ်က မင်းနဲ့ လုံးဝမကိုက်တာ” လားဆိုတာ ဒီ အချက်တွေနဲ့ ခွဲခြားကြည့်ရအောင်ပါ။
ကိုယ်ယုံကြည်တဲ့ တန်ဖိုးထားမှုနဲ့ အလုပ်နဲ့ ထိပ်တိုက်တွေ့နေလား
အလုပ်ဆိုတာ ပင်ပန်းတာ သဘာဝပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ မကိုက်ညီတဲ့အလုပ်ကို လုပ်ရတာက ပိုဆိုးပါတယ်။ ဥပမာ ကုမ္ပဏီက ပစ္စည်းတစ်ခုကို လိမ်ရောင်းခိုင်းတာမျိုး၊ ဒါမှမဟုတ် လူကြီးက “အမှန်တရားထက် အရောင်းတက်ဖို့ပဲ အဓိက” လို့ ပြောလာရင် မင်းရဲ့ စိတ်ရင်းနဲ့ ဆန့်ကျင်နေပါပြီ။ ဒါကို အသားကျအောင် ကြိုး စားစရာမလိုပါဘူး။ ဒါက ထွက်သင့်ပြီလို့ ပြနေတဲ့ လက္ခဏာပါ။အလုပ်က ပျင်းစရာကောင်းနေဦးတော့၊ ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းက စနစ်ကျတယ်၊ လူကြီးတွေက ရိုးသားတယ်ဆိုရင်တော့ ဒါဟာ သင်ယူရမယ့် ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဆက်လုပ်သင့်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သေးသိမ်သွားသလို ခံစားရလား
အလုပ်ခွင်မှာ စိန်ခေါ်မှုရှိရမှာ မှန်ပေမဲ့၊ ကိုယ့်ရဲ့ အရည်အချင်းကို ဖိနှိပ်ခံနေရပြီလားဆိုတာ သတိထားသင့်ပါတယ်။ မင်းက မေးခွန်းမေးတတ်တယ်၊ အကြံပေးချင်တယ်။ ဒါပေမဲ့ လူကြီးက “မင်းက လူသစ်ပဲ၊ ဘာမှမမေးနဲ့၊ ခိုင်းတာပဲလုပ်” ဆိုပြီး မင်းရဲ့ စပ်စုချင်စိတ်နဲ့ စွမ်းဆောင်ရည်ကို ပိတ်ပင်ထားရင် ဒါဟာ တိုးတက်မှုမဟုတ်ဘဲ လူကို သေးသိမ်အောင် လုပ်နေတာပါ။ ဒါက ထွက်သင့်တဲ့လက္ခဏာပါ။ဆက်လုပ်သင့်တဲ့ လက္ခဏာကတော့ မင်းကို “မေးခွန်းတွေ အများကြီးမမေးခင် နားထောင်တတ်အောင် အရင်သင်ပါ” လို့ ဝေဖန်တာမျိုးကတော့ ကိုယ့်ကို ရင့်ကျက်အောင် သင်ပေးနေတာ ဖြစ်လို့ သည်းခံပြီး သင်ယူသင့်ပါတယ်။
အလုပ်က ပျင်းစရာကြီး ဖြစ်နေသလား
အစပိုင်းမှာတော့ လက်ကြောတင်းတဲ့ အလုပ်တွေ လုပ်ရမှာပါပဲ။ ဒါပေမဲ့ ဘယ်လိုမှ စိတ်မပါတာက ပြဿနာပါ။ ထွက်သင့်တဲ့ လက္ခဏာကတော့ အလုပ်လုပ်နေရင်း ဘာခံစားချက်မှ မရှိတော့တာ၊ အောင်မြင်သွားလည်း မပျော်၊ မှားသွားလည်း မပူတော့ဘဲ စက်ရုပ်လို ဖြစ်နေပြီဆိုရင်တော့ မင်းလမ်းကြောင်း မှားနေပါပြီ။ဆက်လုပ်သင့်တဲ့ လက္ခဏာက အလုပ်ရဲ့ ၈၀ရာခိုင်နှုန်းကျော် က စာရွက်စာတမ်းတွေနဲ့ ပျင်းစရာကောင်းပေမဲ့ ကျန်တဲ့ ၂၀ရာခိုင်နှုန်း (ဥပမာအစီအစဉ်ဆွဲတာ၊ တီထွင်တာ) တွေမှာ မင်း စိတ်ပါလက်ပါ ရှိနေသေးရင်တော့ ရှေ့ဆက်ဖို့ အားရှိပါသေးတယ်။
ဒီအလုပ်ရဲ့ အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်လို့ ရလား
နောက် ၅ နှစ်နေရင် ဒီနယ်ပယ်မှာ ငါ ဘယ်လိုဖြစ်နေမလဲလို့ တွေးလိုက်တိုင်း စိတ်ထဲ ဟာတာတာနဲ့ ဘာမှမရှိသလို ခံစားရရင် ဒါက မင်းနဲ့ မဆိုင်တဲ့ နယ်ပယ်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အခုလက်ရှိ အလုပ်မှာတော့ စိတ်ညစ်နေရပေမဲ့ တခြား ကုမ္ပဏီကောင်းကောင်းမှာ ဒီလိုရာထူးမျိုးနဲ့ လုပ်နေတာကို မြင်ယောင်ကြည့်တဲ့အခါ စိတ်လှုပ် ရှားမိသေးတယ်ဆိုရင်တော့ ပြဿနာက “အလုပ်” မဟုတ်ဘဲ “ပတ်ဝန်းကျင်” ကြောင့်ပဲ ဖြစ်ပါတယ်။
အကြီးအကဲတွေက မင်းဖြစ်ချင်တဲ့ ပုံစံမျိုးလား
မင်းရဲ့ အထက်လူကြီးတွေဆီမှာ မင်းရဲ့ အနာဂတ်ကို ကြည့်ပါ။ မင်းရဲ့ စီနီယာတွေက အရမ်းတော်ကြပေမဲ့ သူတို့ဘဝကြီးက စိတ်ညစ်စရာ၊ ပင်ပန်းနွမ်းနယ်ပြီး အမြဲ တမ်း စိတ်တိုနေကြတယ်ဆိုရင်တော့ မင်းလည်း တစ်နေ့ အဲဒီလိုပဲ ဖြစ်လာမှာပါ။ သူတို့လို မဖြစ်ချင်ဘူးဆိုရင်တော့ ဒါဟာ မင်းနေရမယ့် နေရာမဟုတ်ပါဘူး။အလုပ်က ခက်ခဲပေမဲ့ အကြီးအကဲတွေက အလုပ်ကိုရော ဘဝကိုရော မျှတအောင် နေနိုင်တယ်၊ စိတ်ဓာတ်ကောင်းတယ်ဆိုရင်တော့ သူတို့ဆီက ပညာယူဖို့ ဆက်နေသင့်ပါတယ်။
ဒီအလုပ်က လှေကားထစ်တစ်ခုပဲလား
တချို့အလုပ်တွေကို ဝါသနာပါလို့ မဟုတ်ဘဲ ရည်မှန်းချက်တစ်ခုအတွက် လုပ်ရတာမျိုး ရှိပါတယ်။ မင်းက အတွေ့အကြုံရဖို့ ဝင်လုပ်တာ၊ ဒါပေမဲ့ ဘာမှလည်း သင်မပေးဘူး၊ အခွင့်အရေးလည်း မရှိဘူးဆိုရင်တော့ ဒါဟာ အချိန်ဖြုန်းနေတာပဲ ဖြစ်ပါတယ်။အလုပ်က ပျင်းစရာကောင်းပေမဲ့ မင်းဖြစ်ချင်တဲ့ နောက်ထပ်ပန်းတိုင်တစ်ခု (ဥပမာ ကျောင်းဆက်တက်ဖို့၊ အလုပ်ကြီးတစ်ခု ရဖို့) အတွက် တကယ် အထောက်အကူပြုနေရင်တော့ အောင့်အည်းပြီး ဆက်လုပ်သင့်ပါတယ်။
ပထမဆုံးအလုပ်ကနေ စောစောထွက်လိုက်တာဟာ ရှုံးနိမ့်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ၊ ဘာကို ကြိုက်တာလဲဆိုတာ ရှာဖွေတွေ့ရှိသွားတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ အဖြေထွက်လာရင်တော့ မကြောက်ဘဲ ဆုံးဖြတ်ချက်ချလိုက်ပါ။ ရှင်းလင်းပြတ်သားတဲ့ အမြင်ရှိတာက စိတ်ဆင်းရဲပြီး ငြိမ်ခံနေတာထက် အများကြီး ပိုကောင်းပါတယ်။
ကျော့ကေခိုင်
zawgyi
မင္း အစြမ္းကုန္ ႀကိဳးစားခဲ့ၿပီး ဘြဲ႕ရၿပီးတာနဲ႔ ကိုယ္ျဖစ္ခ်င္တဲ့ အလုပ္ကို ရခဲ့လို႔ ဂုဏ္ယူခဲ့ရတယ္။ ဒါေပမဲ့ တကယ္တမ္း လုပ္ၾကည့္တဲ့အခါမွာ တစ္ခုခု လြဲေနသလို ခံစားေနရၿပီလား။ တနဂၤေႏြညေရာက္တိုင္း ေနာက္ေန႔ အလုပ္သြားရမွာကို ေၾကာက္ေနၿပီလား။ဒါဟာ ပထမဆုံးအလုပ္မွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ “အသားမက်ေသးတဲ့ ခံစားခ်က္” လား၊ ဒါမွမဟုတ္ “ဒီအလုပ္က မင္းနဲ႔ လုံးဝမကိုက္တာ” လားဆိုတာ ဒီ အခ်က္ေတြနဲ႔ ခြဲျခားၾကည့္ရေအာင္ပါ။
ကိုယ္ယုံၾကည္တဲ့ တန္ဖိုးထားမႈနဲ႔ အလုပ္နဲ႔ ထိပ္တိုက္ေတြ႕ေနလား
အလုပ္ဆိုတာ ပင္ပန္းတာ သဘာဝပါ။ ဒါေပမဲ့ ကိုယ့္ရဲ႕ စိတ္ဓာတ္နဲ႔ မကိုက္ညီတဲ့အလုပ္ကို လုပ္ရတာက ပိုဆိုးပါတယ္။ ဥပမာ ကုမၸဏီက ပစၥည္းတစ္ခုကို လိမ္ေရာင္းခိုင္းတာမ်ိဳး၊ ဒါမွမဟုတ္ လူႀကီးက “အမွန္တရားထက္ အေရာင္းတက္ဖို႔ပဲ အဓိက” လို႔ ေျပာလာရင္ မင္းရဲ႕ စိတ္ရင္းနဲ႔ ဆန႔္က်င္ေနပါၿပီ။ ဒါကို အသားက်ေအာင္ ႀကိဳး စားစရာမလိုပါဘူး။ ဒါက ထြက္သင့္ၿပီလို႔ ျပေနတဲ့ လကၡဏာပါ။အလုပ္က ပ်င္းစရာေကာင္းေနဦးေတာ့၊ ကုမၸဏီရဲ႕ လုပ္ထုံးလုပ္နည္းက စနစ္က်တယ္၊ လူႀကီးေတြက ႐ိုးသားတယ္ဆိုရင္ေတာ့ ဒါဟာ သင္ယူရမယ့္ ကာလတစ္ခုပဲ ျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ ဆက္လုပ္သင့္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္ ေသးသိမ္သြားသလို ခံစားရလား
အလုပ္ခြင္မွာ စိန္ေခၚမႈရွိရမွာ မွန္ေပမဲ့၊ ကိုယ့္ရဲ႕ အရည္အခ်င္းကို ဖိႏွိပ္ခံေနရၿပီလားဆိုတာ သတိထားသင့္ပါတယ္။ မင္းက ေမးခြန္းေမးတတ္တယ္၊ အႀကံေပးခ်င္တယ္။ ဒါေပမဲ့ လူႀကီးက “မင္းက လူသစ္ပဲ၊ ဘာမွမေမးနဲ႔၊ ခိုင္းတာပဲလုပ္” ဆိုၿပီး မင္းရဲ႕ စပ္စုခ်င္စိတ္နဲ႔ စြမ္းေဆာင္ရည္ကို ပိတ္ပင္ထားရင္ ဒါဟာ တိုးတက္မႈမဟုတ္ဘဲ လူကို ေသးသိမ္ေအာင္ လုပ္ေနတာပါ။ ဒါက ထြက္သင့္တဲ့လကၡဏာပါ။ဆက္လုပ္သင့္တဲ့ လကၡဏာကေတာ့ မင္းကို “ေမးခြန္းေတြ အမ်ားႀကီးမေမးခင္ နားေထာင္တတ္ေအာင္ အရင္သင္ပါ” လို႔ ေဝဖန္တာမ်ိဳးကေတာ့ ကိုယ့္ကို ရင့္က်က္ေအာင္ သင္ေပးေနတာ ျဖစ္လို႔ သည္းခံၿပီး သင္ယူသင့္ပါတယ္။
အလုပ္က ပ်င္းစရာႀကီး ျဖစ္ေနသလား
အစပိုင္းမွာေတာ့ လက္ေၾကာတင္းတဲ့ အလုပ္ေတြ လုပ္ရမွာပါပဲ။ ဒါေပမဲ့ ဘယ္လိုမွ စိတ္မပါတာက ျပႆနာပါ။ ထြက္သင့္တဲ့ လကၡဏာကေတာ့ အလုပ္လုပ္ေနရင္း ဘာခံစားခ်က္မွ မရွိေတာ့တာ၊ ေအာင္ျမင္သြားလည္း မေပ်ာ္၊ မွားသြားလည္း မပူေတာ့ဘဲ စက္႐ုပ္လို ျဖစ္ေနၿပီဆိုရင္ေတာ့ မင္းလမ္းေၾကာင္း မွားေနပါၿပီ။ဆက္လုပ္သင့္တဲ့ လကၡဏာက အလုပ္ရဲ႕ ၈၀ရာခိုင္ႏႈန္းေက်ာ္ က စာ႐ြက္စာတမ္းေတြနဲ႔ ပ်င္းစရာေကာင္းေပမဲ့ က်န္တဲ့ ၂၀ရာခိုင္ႏႈန္း (ဥပမာအစီအစဥ္ဆြဲတာ၊ တီထြင္တာ) ေတြမွာ မင္း စိတ္ပါလက္ပါ ရွိေနေသးရင္ေတာ့ ေရွ႕ဆက္ဖို႔ အားရွိပါေသးတယ္။
ဒီအလုပ္ရဲ႕ အနာဂတ္မွာ ကိုယ့္ကိုယ္ကိုယ္ ျမင္ေယာင္လို႔ ရလား
ေနာက္ ၅ ႏွစ္ေနရင္ ဒီနယ္ပယ္မွာ ငါ ဘယ္လိုျဖစ္ေနမလဲလို႔ ေတြးလိုက္တိုင္း စိတ္ထဲ ဟာတာတာနဲ႔ ဘာမွမရွိသလို ခံစားရရင္ ဒါက မင္းနဲ႔ မဆိုင္တဲ့ နယ္ပယ္ျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ အခုလက္ရွိ အလုပ္မွာေတာ့ စိတ္ညစ္ေနရေပမဲ့ တျခား ကုမၸဏီေကာင္းေကာင္းမွာ ဒီလိုရာထူးမ်ိဳးနဲ႔ လုပ္ေနတာကို ျမင္ေယာင္ၾကည့္တဲ့အခါ စိတ္လႈပ္ ရွားမိေသးတယ္ဆိုရင္ေတာ့ ျပႆနာက “အလုပ္” မဟုတ္ဘဲ “ပတ္ဝန္းက်င္” ေၾကာင့္ပဲ ျဖစ္ပါတယ္။
အႀကီးအကဲေတြက မင္းျဖစ္ခ်င္တဲ့ ပုံစံမ်ိဳးလား
မင္းရဲ႕ အထက္လူႀကီးေတြဆီမွာ မင္းရဲ႕ အနာဂတ္ကို ၾကည့္ပါ။ မင္းရဲ႕ စီနီယာေတြက အရမ္းေတာ္ၾကေပမဲ့ သူတို႔ဘဝႀကီးက စိတ္ညစ္စရာ၊ ပင္ပန္းႏြမ္းနယ္ၿပီး အၿမဲ တမ္း စိတ္တိုေနၾကတယ္ဆိုရင္ေတာ့ မင္းလည္း တစ္ေန႔ အဲဒီလိုပဲ ျဖစ္လာမွာပါ။ သူတို႔လို မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ဒါဟာ မင္းေနရမယ့္ ေနရာမဟုတ္ပါဘူး။အလုပ္က ခက္ခဲေပမဲ့ အႀကီးအကဲေတြက အလုပ္ကိုေရာ ဘဝကိုေရာ မွ်တေအာင္ ေနႏိုင္တယ္၊ စိတ္ဓာတ္ေကာင္းတယ္ဆိုရင္ေတာ့ သူတို႔ဆီက ပညာယူဖို႔ ဆက္ေနသင့္ပါတယ္။
ဒီအလုပ္က ေလွကားထစ္တစ္ခုပဲလား
တခ်ိဳ႕အလုပ္ေတြကို ဝါသနာပါလို႔ မဟုတ္ဘဲ ရည္မွန္းခ်က္တစ္ခုအတြက္ လုပ္ရတာမ်ိဳး ရွိပါတယ္။ မင္းက အေတြ႕အႀကဳံရဖို႔ ဝင္လုပ္တာ၊ ဒါေပမဲ့ ဘာမွလည္း သင္မေပးဘူး၊ အခြင့္အေရးလည္း မရွိဘူးဆိုရင္ေတာ့ ဒါဟာ အခ်ိန္ျဖဳန္းေနတာပဲ ျဖစ္ပါတယ္။အလုပ္က ပ်င္းစရာေကာင္းေပမဲ့ မင္းျဖစ္ခ်င္တဲ့ ေနာက္ထပ္ပန္းတိုင္တစ္ခု (ဥပမာ ေက်ာင္းဆက္တက္ဖို႔၊ အလုပ္ႀကီးတစ္ခု ရဖို႔) အတြက္ တကယ္ အေထာက္အကူျပဳေနရင္ေတာ့ ေအာင့္အည္းၿပီး ဆက္လုပ္သင့္ပါတယ္။
ပထမဆုံးအလုပ္ကေန ေစာေစာထြက္လိုက္တာဟာ ရႈံးနိမ့္တာမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ ဘယ္သူလဲ၊ ဘာကို ႀကိဳက္တာလဲဆိုတာ ရွာေဖြေတြ႕ရွိသြားတာပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၾကည့္ပါ၊ အေျဖထြက္လာရင္ေတာ့ မေၾကာက္ဘဲ ဆုံးျဖတ္ခ်က္ခ်လိုက္ပါ။ ရွင္းလင္းျပတ္သားတဲ့ အျမင္ရွိတာက စိတ္ဆင္းရဲၿပီး ၿငိမ္ခံေနတာထက္ အမ်ားႀကီး ပိုေကာင္းပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply