၂၀၂၆ ခုနှစ်မှာ ဝန်ထမ်းအလုပ်ထွက်တာကစီးပွားရေးအတွက် ဘာကြောင့် ပိုပြီးအန္တရာယ်ကြီးလာသလဲ

အခု ၂၀၂၆ ခုနှစ်မှာ ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားရင် အလုပ်ရှင်တွေအတွက် ကုန်ကျစရိတ်က အရင်ကထက် ပိုကြီးလာပါတယ်။ စစ်တမ်းတွေအရ ဝန်ထမ်းတစ်ယောက် အစားထိုးဖို့ ပျမ်းမျှကုန်ကျစရိတ်ဟာ ဒေါ်လာ ၄၅,၂၃၆ အထိ ရှိလာပြီး ဒါဟာ မနှစ်ကထက် ဒေါ်လာ တစ်သောင်းနီးပါး ခုန်တက်သွားတာပါ။ ဒါတင်မကသေးဘူး၊ အလုပ်ခန့်တဲ့ မန်နေဂျာ တစ်ဝက်လောက်ကလည်း သူတို့ကုမ္ပဏီတွေမှာ ၂၀၂၆ အတွင်း ဝန်ထမ်းထွက်နှုန်း ပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အဓိက အင်အားစု သုံးခုက တစ်ပြိုင်နက်တည်း ဖြစ်လာနေလို့ပါ။ ပထမအချက်က ဝန်ထမ်းထွက်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ မြင့်တက်လာတယ်။ဒုတိယအချက်က ဝန်ထမ်းအသစ် ပြန်ခန့်ရတဲ့ စရိတ်တွေက အရမ်းတက်လာတယ်။ နောက်းဆုံးအချက်ကတော့ ဝန်ထမ်းတွေကို အလုပ်ထွက်ဖို့ တွန်းအားပေးနေတဲ့ အချက်တွေက ပိုများလာတယ်။ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ ဝန်ထမ်းအလုပ်ထွက်တာကို “စီးပွားရေး အန္တရာယ်” လို့ မမြင်ရင်တော့ ရှေ့လျှောက် အခက်တွေ့နိုင်ပါတယ်။

ကိန်းဂဏန်းတွေက ဘာပြောနေလဲ

၂၀၂၃ မှာ ဝန်ထမ်းထွက်နှုန်းတက်မယ်လို့ ယူဆသူ ၃၃ရာခိုင်နှုန်း ပဲ ရှိရာကနေ အခု ၂၀၂၆ မှာတော့ ၅၀ ရာခိုင်နှုန်းထိ ဖြစ်လာပါတယ်။ ဒါဟာ ခဏတာ စိုးရိမ်တာမျိုး မဟုတ်ဘဲ လုပ်ငန်းရှင်တွေရဲ့ အမြင် ပြောင်းလဲသွားတာကို ပြနေတာပါ။အစားထိုးစရိတ်က တုန်လှုပ်စရာပါပဲ။ ဝန်ထမ်းတစ်ယောက်အတွက် ဒေါ်လာ ၄၅,၀၀၀ ကျော် ကုန်တယ်ဆိုတော့ ကုမ္ပဏီအလတ်စားတစ်ခုမှာ ဝန်ထမ်းအနည်းငယ် ထွက်ရုံနဲ့တင် သိန်းသောင်းချီပြီး ဆုံးရှုံးသလို ဖြစ်သွားနိုင်ပါတယ်။ ဒါတွေထဲမှာ လူသစ်ရှာရတာ၊ သင်တန်းပေးရတာနဲ့ အလုပ်နှောင့်နှေးတာတွေ အားလုံး ပါဝင်ပါတယ်။ကုမ္ပဏီကြီးတွေ ပိုခံရနိုင်ပါတယ်။ ဝန်ထမ်း ၅၀၀ ကျော်ရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ ၆၄ရာခိုင်နှုန်း က ဝန်ထမ်းထွက်နှုန်း တက်လာမယ်လို့ စိုးရိမ်နေကြပါတယ်။ ကုမ္ပဏီကြီးလေလေ ထိန်းရခက်လေလေ ဖြစ်နေတာပါ။၂၀၂၆ မှာ ဝန်ထမ်းတွေကို အလုပ်ထွက်အောင် တွန်းပို့နေတဲ့ အချက် ၃ ချက်ရှိပါတယ်။

ပထမအချက်က အလုပ်ဖိအား များလွန်းတာပါ။ ဝန်ထမ်းထွက်မယ်လို့ ခန့်မှန်းသူတွေရဲ့ ၃၇ရာခိုင်နှုန်း က အလုပ်တွေ ပိုများလာလို့လို့ ပြောပါတယ်။ အလုပ်တွေ အရမ်းများနေရင် ဘယ်လောက်ပဲ ခံစားခွင့်တွေ ပေးပေး၊ ဝန်ထမ်းတွေကတော့ စိတ်ကုန်ပြီး ထွက်သွားကြမှာပါ။

ဒုတိယအချက်က အပြင်မှာ အခွင့်အလမ်းတွေ ပေါနေတာပါ။ ဒါက အကြီးမားဆုံး အပြောင်းအလဲပါ။ ဝန်ထမ်းတွေဟာ တခြားကုမ္ပဏီက ကမ်းလှမ်းချက်တွေကို လက်ရှိအလုပ်နဲ့ အချိန်နဲ့တပြေးညီ နှိုင်းယှဉ်နေကြပါပြီ။

တတိယအချက်က အလု ပ်အကိုင် လမ်းကြောင်း ပြောင်းလဲတာကြောင့်ပါ။ ဝန်ထမ်းတွေဟာ ကုမ္ပဏီပြောင်းတာတင် မဟုတ်ဘဲ လုပ်နေတဲ့ အလုပ်နယ်ပယ်ကိုပါ စွန့်ခွာပြီး လမ်းကြောင်းသစ် ရှာလာကြပါတယ်။ AI နည်းပညာတွေကြောင့် အလုပ်တွေ ပြောင်းလဲကုန်တာလည်း တစ်ကြောင်းပါ။

လစာတိုးပေးရုံနဲ့ ဘာလို့ မလုံလောက်တာလဲ

အလုပ်ရှင်တွေနဲ့ ဝန်ထမ်းတွေကြား အမြင်ကွဲလွဲမှုက အတော်ကြီးပါတယ်။ အလုပ်ရှင် ၇၅ရာခိုင်နှုန်း က လစာတိုးပေးမယ်လို့ စဉ်းစားထားပေမဲ့ ဝန်ထမ်း ၄၆ရာခိုင်နှုန်းက ပဲ လစာတိုးမယ်လို့ မျှော်လင့်ကြပါတယ်။လစာနည်းနည်းတိုးတာက အလုပ်မဖြစ်ဘူးဆိုတဲ့ အယူအဆကလည်း ရှိနေပါတယ်။ ၂၀၂၆ မှာ လစာ ၃.၅ရာခိုင်နှုန်း လောက်ပဲ ပျမ်းမျှတက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်ဈေးနှုန်းတက်တာနဲ့ ပြန်တွက်ရင် ဝန်ထမ်းတွေအတွက် ဒါဟာ ထူးထူးခြားခြား ဆုလာဘ်လို့ မခံစားရပါဘူး။လုပ်ငန်းခွင်ယ ဉ်ကျေးမှုက ပိုအရေးကြီးပါတယ်။ လစာတိုးတာထက် ဝန်ထမ်းတွေကို တကယ်ဂရုစိုက်တဲ့၊ နွေးထွေးတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကို တည်ဆောက်တာကမှ ဝန်ထမ်းထွက်နှုန်းကို သိသိသာသာ လျော့ကျစေမှာပါ။

ဘယ်လို ပြင်ဆင်ကြမလဲ

ဝန်ထမ်းထွက်တာကို ခဏတဖြုတ် ပြဿနာလို့ မမြင်ဘဲ ရေရှည်စီမံကိန်းအဖြစ် ကိုင်တွယ်ရပါမယ်။ဝန်ထမ်းတွေ မထွက်ခင်မှာ ဘာတွေလိုအပ်နေလဲဆိုတာ ကြိုမေးပါ။ ကုမ္ပဏီထဲမှာတင် တိုးတက်မယ့် လမ်းစတွေ ပြထားပါ။ ပုံသေကားကျ အလုပ်ချိန် မဟုတ်ဘဲ ဝန်ထမ်းတွေ အဆင်ပြေမယ့် ပုံစံတွေကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ကတော့ ၂၀၂၆ မှာ လစာအများဆုံး ပေးနိုင်တဲ့ ကုမ္ပဏီထက် ဝန်ထမ်းတွေရဲ့ တိုးတက်မှုနဲ့ စိတ်ခံစားမှုကို တကယ်တန်ဖိုးထားတဲ့ ကုမ္ပဏီတွေကမှ အောင်မြင်မှာ ဖြစ်ပါတယ်။

ကျော့ကေခိုင်

zawgyi

အခု ၂၀၂၆ ခုႏွစ္မွာ ဝန္ထမ္းတစ္ေယာက္ အလုပ္ထြက္သြားရင္ အလုပ္ရွင္ေတြအတြက္ ကုန္က်စရိတ္က အရင္ကထက္ ပိုႀကီးလာပါတယ္။ စစ္တမ္းေတြအရ ဝန္ထမ္းတစ္ေယာက္ အစားထိုးဖို႔ ပ်မ္းမွ်ကုန္က်စရိတ္ဟာ ေဒၚလာ ၄၅,၂၃၆ အထိ ရွိလာၿပီး ဒါဟာ မႏွစ္ကထက္ ေဒၚလာ တစ္ေသာင္းနီးပါး ခုန္တက္သြားတာပါ။ ဒါတင္မကေသးဘူး၊ အလုပ္ခန႔္တဲ့ မန္ေနဂ်ာ တစ္ဝက္ေလာက္ကလည္း သူတို႔ကုမၸဏီေတြမွာ ၂၀၂၆ အတြင္း ဝန္ထမ္းထြက္ႏႈန္း ပိုမ်ားလာလိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

အဓိက အင္အားစု သုံးခုက တစ္ၿပိဳင္နက္တည္း ျဖစ္လာေနလို႔ပါ။ ပထမအခ်က္က ဝန္ထမ္းထြက္မယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ ျမင့္တက္လာတယ္။ဒုတိယအခ်က္က ဝန္ထမ္းအသစ္ ျပန္ခန႔္ရတဲ့ စရိတ္ေတြက အရမ္းတက္လာတယ္။ ေနာက္းဆုံးအခ်က္ကေတာ့ ဝန္ထမ္းေတြကို အလုပ္ထြက္ဖို႔ တြန္းအားေပးေနတဲ့ အခ်က္ေတြက ပိုမ်ားလာတယ္။ဒါေၾကာင့္ ေခါင္းေဆာင္ေတြအေနနဲ႔ ဝန္ထမ္းအလုပ္ထြက္တာကို “စီးပြားေရး အႏၲရာယ္” လို႔ မျမင္ရင္ေတာ့ ေရွ႕ေလွ်ာက္ အခက္ေတြ႕ႏိုင္ပါတယ္။

ကိန္းဂဏန္းေတြက ဘာေျပာေနလဲ

၂၀၂၃ မွာ ဝန္ထမ္းထြက္ႏႈန္းတက္မယ္လို႔ ယူဆသူ ၃၃ရာခိုင္ႏႈန္း ပဲ ရွိရာကေန အခု ၂၀၂၆ မွာေတာ့ ၅၀ ရာခိုင္ႏႈန္းထိ ျဖစ္လာပါတယ္။ ဒါဟာ ခဏတာ စိုးရိမ္တာမ်ိဳး မဟုတ္ဘဲ လုပ္ငန္းရွင္ေတြရဲ႕ အျမင္ ေျပာင္းလဲသြားတာကို ျပေနတာပါ။အစားထိုးစရိတ္က တုန္လႈပ္စရာပါပဲ။ ဝန္ထမ္းတစ္ေယာက္အတြက္ ေဒၚလာ ၄၅,၀၀၀ ေက်ာ္ ကုန္တယ္ဆိုေတာ့ ကုမၸဏီအလတ္စားတစ္ခုမွာ ဝန္ထမ္းအနည္းငယ္ ထြက္႐ုံနဲ႔တင္ သိန္းေသာင္းခ်ီၿပီး ဆုံးရႈံးသလို ျဖစ္သြားႏိုင္ပါတယ္။ ဒါေတြထဲမွာ လူသစ္ရွာရတာ၊ သင္တန္းေပးရတာနဲ႔ အလုပ္ေႏွာင့္ေႏွးတာေတြ အားလုံး ပါဝင္ပါတယ္။ကုမၸဏီႀကီးေတြ ပိုခံရႏိုင္ပါတယ္။ ဝန္ထမ္း ၅၀၀ ေက်ာ္ရွိတဲ့ ကုမၸဏီႀကီးေတြရဲ႕ ၆၄ရာခိုင္ႏႈန္း က ဝန္ထမ္းထြက္ႏႈန္း တက္လာမယ္လို႔ စိုးရိမ္ေနၾကပါတယ္။ ကုမၸဏီႀကီးေလေလ ထိန္းရခက္ေလေလ ျဖစ္ေနတာပါ။၂၀၂၆ မွာ ဝန္ထမ္းေတြကို အလုပ္ထြက္ေအာင္ တြန္းပို႔ေနတဲ့ အခ်က္ ၃ ခ်က္ရွိပါတယ္။

ပထမအခ်က္က အလုပ္ဖိအား မ်ားလြန္းတာပါ။ ဝန္ထမ္းထြက္မယ္လို႔ ခန႔္မွန္းသူေတြရဲ႕ ၃၇ရာခိုင္ႏႈန္း က အလုပ္ေတြ ပိုမ်ားလာလို႔လို႔ ေျပာပါတယ္။ အလုပ္ေတြ အရမ္းမ်ားေနရင္ ဘယ္ေလာက္ပဲ ခံစားခြင့္ေတြ ေပးေပး၊ ဝန္ထမ္းေတြကေတာ့ စိတ္ကုန္ၿပီး ထြက္သြားၾကမွာပါ။

ဒုတိယအခ်က္က အျပင္မွာ အခြင့္အလမ္းေတြ ေပါေနတာပါ။ ဒါက အႀကီးမားဆုံး အေျပာင္းအလဲပါ။ ဝန္ထမ္းေတြဟာ တျခားကုမၸဏီက ကမ္းလွမ္းခ်က္ေတြကို လက္ရွိအလုပ္နဲ႔ အခ်ိန္နဲ႔တေျပးညီ ႏႈိင္းယွဥ္ေနၾကပါၿပီ။

တတိယအခ်က္က အလု ပ္အကိုင္ လမ္းေၾကာင္း ေျပာင္းလဲတာေၾကာင့္ပါ။ ဝန္ထမ္းေတြဟာ ကုမၸဏီေျပာင္းတာတင္ မဟုတ္ဘဲ လုပ္ေနတဲ့ အလုပ္နယ္ပယ္ကိုပါ စြန႔္ခြာၿပီး လမ္းေၾကာင္းသစ္ ရွာလာၾကပါတယ္။ AI နည္းပညာေတြေၾကာင့္ အလုပ္ေတြ ေျပာင္းလဲကုန္တာလည္း တစ္ေၾကာင္းပါ။

လစာတိုးေပး႐ုံနဲ႔ ဘာလို႔ မလုံေလာက္တာလဲ

အလုပ္ရွင္ေတြနဲ႔ ဝန္ထမ္းေတြၾကား အျမင္ကြဲလြဲမႈက အေတာ္ႀကီးပါတယ္။ အလုပ္ရွင္ ၇၅ရာခိုင္ႏႈန္း က လစာတိုးေပးမယ္လို႔ စဥ္းစားထားေပမဲ့ ဝန္ထမ္း ၄၆ရာခိုင္ႏႈန္းက ပဲ လစာတိုးမယ္လို႔ ေမွ်ာ္လင့္ၾကပါတယ္။လစာနည္းနည္းတိုးတာက အလုပ္မျဖစ္ဘူးဆိုတဲ့ အယူအဆကလည္း ရွိေနပါတယ္။ ၂၀၂၆ မွာ လစာ ၃.၅ရာခိုင္ႏႈန္း ေလာက္ပဲ ပ်မ္းမွ်တက္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ကုန္ေဈးႏႈန္းတက္တာနဲ႔ ျပန္တြက္ရင္ ဝန္ထမ္းေတြအတြက္ ဒါဟာ ထူးထူးျခားျခား ဆုလာဘ္လို႔ မခံစားရပါဘူး။လုပ္ငန္းခြင္ယ ဥ္ေက်းမႈက ပိုအေရးႀကီးပါတယ္။ လစာတိုးတာထက္ ဝန္ထမ္းေတြကို တကယ္ဂ႐ုစိုက္တဲ့၊ ေႏြးေထြးတဲ့ လုပ္ငန္းခြင္ ယဥ္ေက်းမႈကို တည္ေဆာက္တာကမွ ဝန္ထမ္းထြက္ႏႈန္းကို သိသိသာသာ ေလ်ာ့က်ေစမွာပါ။

ဘယ္လို ျပင္ဆင္ၾကမလဲ

ဝန္ထမ္းထြက္တာကို ခဏတျဖဳတ္ ျပႆနာလို႔ မျမင္ဘဲ ေရရွည္စီမံကိန္းအျဖစ္ ကိုင္တြယ္ရပါမယ္။ဝန္ထမ္းေတြ မထြက္ခင္မွာ ဘာေတြလိုအပ္ေနလဲဆိုတာ ႀကိဳေမးပါ။ ကုမၸဏီထဲမွာတင္ တိုးတက္မယ့္ လမ္းစေတြ ျပထားပါ။ ပုံေသကားက် အလုပ္ခ်ိန္ မဟုတ္ဘဲ ဝန္ထမ္းေတြ အဆင္ေျပမယ့္ ပုံစံေတြကို ဖန္တီးေပးရမွာ ျဖစ္ပါတယ္။

အႏွစ္ခ်ဳပ္ကေတာ့ ၂၀၂၆ မွာ လစာအမ်ားဆုံး ေပးႏိုင္တဲ့ ကုမၸဏီထက္ ဝန္ထမ္းေတြရဲ႕ တိုးတက္မႈနဲ႔ စိတ္ခံစားမႈကို တကယ္တန္ဖိုးထားတဲ့ ကုမၸဏီေတြကမွ ေအာင္ျမင္မွာ ျဖစ္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*