ဧပြီလကုန်မှာ ကံကြမ္မာအလှည့်အပြောင်း ကြုံတွေ့ရမယ့် ရာသီခွင် (၄) ခု

ဧပြီလဟာ ဒီရာသီခွင်တွေအတွက် လတ်ဆတ်တဲ့ လေပြည်ညင်းလေးလို ဖြစ်နေမှာဖြစ်ပြီး အရာအားလုံးဟာ နေရာတကျ ပြန်ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။ ဘယ်ရာသီခွင်တွေလဲဆိုတာ ကြည့်ရအောင်ပါ။

Aries

ဧပြီလလယ်မှာ မိဿရာသီခွင်ထဲမှာ ဂြိုဟ်နဲ့ နက္ခတ်ဗေဒဆိုင်ရာ အစိတ်အပိုင်း ၇ ခုအထိ ရှိနေမှာဖြစ်လို့ မိဿရာသီဖွားတွေအတွက် အင်မတန် အရေးပါတဲ့ လတစ်ခုပါ။ အစပိုင်းမှာ ဗရုတ်ဗရက်နိုင်ပြီး စိတ်ဖိစီးစရာ ကောင်းနိုင်ပေမဲ့ သင်ဟာ ဒီလိုအခြေအနေမျိုးမှာ အသားကျသူ ဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက်ကြီးမှုနဲ့ တက်ကြွမှုကြောင့် ဘယ်သူဘာပြောပြော အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး ဘဝရဲ့ အကောင်းဆုံး အပိုင်းကဏ္ဍသစ်ကို စတင်နိုင်တော့မှာပါ။

Taurus

လွတ်လပ်ခြင်းနဲ့ တော်လှန်ခြင်းဂြိုဟ်ဖြစ်တဲ့ Uranus ဂြိုဟ်ဟာ သင့်ရာသီခွင်ထဲမှာ ၈ နှစ်ကြာ အခြေချနေထိုင်ရာကနေ အခုတော့ ထွက်ခွာသွားပါပြီ။ လရဲ့ ဒုတိယပိုင်းဟာ သင့်ရဲ့ ရာသီခွင်အချိန်ဖြစ်သလို တည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို စတင်ရရှိလာပါလိမ့်မယ်။ ငွေရေးကြေးရေးကအစ လူမှုရေးအထိ အစစအရာရာ တည်ငြိမ်လာပြီး ခက်ခဲတဲ့ အချိန်တွေ ကုန်ဆုံးသွားတဲ့အတွက် စိတ်အေးချမ်းမှု ရရှိတော့မှာပါ။

Libra

ဧပြီလအစမှာ သင့်ရာသီခွင်ထဲမှာ လပြည့်ခဲ့တာကြောင့် ဒါဟာ အောင်မြင်မှုရဲ့ အရိပ်အယောင်ပါပဲ။သင့်ကို နှောင့်နှေးစေတဲ့ လူတွေ ဒါမှမဟုတ် အတွေးအခေါ်ဟောင်းတွေကို စွန့်လွှတ်လိုက်တဲ့အခါ အရာရာ အဆင်ပြေလာပါလိမ့်မယ်။ သူတပါးအကြိုက် လိုက်လုပ်တတ်တဲ့ အကျင့် (People-pleasing) ကို ဖျောက်ပစ်ရမှာ ဖြစ်ပေမဲ့ သင့်ရဲ့ တင့်တယ်မှုကို ထိန်းသိမ်းရင်း ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတတ်လာပြီး အောင်မြင်မှုတွေ ရလာပါလိမ့်မယ်။

Gemini

လောလောဆယ် ဘဝက ပျင်းစရာကောင်းနေသလို ခံစားရနိုင်ပေမဲ့ လကုန်ပိုင်းမှာတော့ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားမှာပါ။ Uranus ဂြိုဟ်ဟာ လကုန်မှာ သင့်ရာသီခွင်ထဲကို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ မထင်မှတ်ထားတာတွေကို မျှော်လင့်ထားပါဆိုတဲ့အတိုင်း ထူးခြားတဲ့ အပြောင်းအလဲတွေ ကြုံရမှာပါ။ သင်ဟာ တိတ်တဆိတ် ကြိုးစားနေတာတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး အရာရာ နေရာတကျ ဖြစ်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

ဒီလဟာ ဒီရာသီဖွားတွေအတွက် စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိမယ့် လတစ်လ ဖြစ်စေမှာပါ။

ကျော့ကေခိုင်

zawgyi

ဧၿပီလဟာ ဒီရာသီခြင္ေတြအတြက္ လတ္ဆတ္တဲ့ ေလျပည္ညင္းေလးလို ျဖစ္ေနမွာျဖစ္ၿပီး အရာအားလုံးဟာ ေနရာတက် ျပန္ျဖစ္လာေတာ့မယ္လို႔ ဆိုပါတယ္။ ဘယ္ရာသီခြင္ေတြလဲဆိုတာ ၾကည့္ရေအာင္ပါ။

Aries

ဧၿပီလလယ္မွာ မိႆရာသီခြင္ထဲမွာ ၿဂိဳဟ္နဲ႔ နကၡတ္ေဗဒဆိုင္ရာ အစိတ္အပိုင္း ၇ ခုအထိ ရွိေနမွာျဖစ္လို႔ မိႆရာသီဖြားေတြအတြက္ အင္မတန္ အေရးပါတဲ့ လတစ္ခုပါ။ အစပိုင္းမွာ ဗ႐ုတ္ဗရက္ႏိုင္ၿပီး စိတ္ဖိစီးစရာ ေကာင္းႏိုင္ေပမဲ့ သင္ဟာ ဒီလိုအေျခအေနမ်ိဳးမွာ အသားက်သူ ျဖစ္ပါတယ္။ သင့္ရဲ႕ ရည္မွန္းခ်က္ႀကီးမႈနဲ႔ တက္ႂကြမႈေၾကာင့္ ဘယ္သူဘာေျပာေျပာ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္ၿပီး ဘဝရဲ႕ အေကာင္းဆုံး အပိုင္းက႑သစ္ကို စတင္ႏိုင္ေတာ့မွာပါ။

Taurus

လြတ္လပ္ျခင္းနဲ႔ ေတာ္လွန္ျခင္းၿဂိဳဟ္ျဖစ္တဲ့ Uranus ၿဂိဳဟ္ဟာ သင့္ရာသီခြင္ထဲမွာ ၈ ႏွစ္ၾကာ အေျခခ်ေနထိုင္ရာကေန အခုေတာ့ ထြက္ခြာသြားပါၿပီ။ လရဲ႕ ဒုတိယပိုင္းဟာ သင့္ရဲ႕ ရာသီခြင္အခ်ိန္ျဖစ္သလို တည္ၿငိမ္မႈနဲ႔ လုံၿခဳံမႈေတြကို စတင္ရရွိလာပါလိမ့္မယ္။ ေငြေရးေၾကးေရးကအစ လူမႈေရးအထိ အစစအရာရာ တည္ၿငိမ္လာၿပီး ခက္ခဲတဲ့ အခ်ိန္ေတြ ကုန္ဆုံးသြားတဲ့အတြက္ စိတ္ေအးခ်မ္းမႈ ရရွိေတာ့မွာပါ။

Libra

ဧၿပီလအစမွာ သင့္ရာသီခြင္ထဲမွာ လျပည့္ခဲ့တာေၾကာင့္ ဒါဟာ ေအာင္ျမင္မႈရဲ႕ အရိပ္အေယာင္ပါပဲ။သင့္ကို ေႏွာင့္ေႏွးေစတဲ့ လူေတြ ဒါမွမဟုတ္ အေတြးအေခၚေဟာင္းေတြကို စြန႔္လႊတ္လိုက္တဲ့အခါ အရာရာ အဆင္ေျပလာပါလိမ့္မယ္။ သူတပါးအႀကိဳက္ လိုက္လုပ္တတ္တဲ့ အက်င့္ (People-pleasing) ကို ေဖ်ာက္ပစ္ရမွာ ျဖစ္ေပမဲ့ သင့္ရဲ႕ တင့္တယ္မႈကို ထိန္းသိမ္းရင္း ကိုယ့္ကိုယ္ကိုယ္ ဦးစားေပးတတ္လာၿပီး ေအာင္ျမင္မႈေတြ ရလာပါလိမ့္မယ္။

Gemini

ေလာေလာဆယ္ ဘဝက ပ်င္းစရာေကာင္းေနသလို ခံစားရႏိုင္ေပမဲ့ လကုန္ပိုင္းမွာေတာ့ အေျခအေနေတြက လုံးဝ ေျပာင္းလဲသြားမွာပါ။ Uranus ၿဂိဳဟ္ဟာ လကုန္မွာ သင့္ရာသီခြင္ထဲကို ဝင္ေရာက္လာမွာ ျဖစ္ပါတယ္။ မထင္မွတ္ထားတာေတြကို ေမွ်ာ္လင့္ထားပါဆိုတဲ့အတိုင္း ထူးျခားတဲ့ အေျပာင္းအလဲေတြ ႀကဳံရမွာပါ။ သင္ဟာ တိတ္တဆိတ္ ႀကိဳးစားေနတာေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ၿပီး အရာရာ ေနရာတက် ျဖစ္လာတာကို ျမင္ေတြ႕ရပါလိမ့္မယ္။

ဒီလဟာ ဒီရာသီဖြားေတြအတြက္ စိန္ေခၚမႈေတြကို အခြင့္အေရးအျဖစ္ ေျပာင္းလဲၿပီး ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေရာက္ရွိမယ့္ လတစ္လ ျဖစ္ေစမွာပါ။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*