Professional များအတွက် CPD (ကျွမ်းကျင်မှုကိုတိုးတက်အောင်ဆောင်ရွက်ခြင်း)

Professional များအတွက် CPD (ကျွမ်းကျင်မှုကိုတိုးတက်အောင်ဆောင်ရွက်ခြင်း)

(၁) CPD Program ဆိုတာ ဘာလဲ
CPD (Continuing Professional Development) ဆိုတာကတော့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်၊ အရည်အချင်း နဲ့ စွမ်းဆောင်ရည်တွေကို အမြဲတိုးတက်နေအောင်၊ ခေတ်နဲ့အညီ ဖြစ်နေအောင်ဆက်တိုက်လေ့လာ သင်ယူနေတဲ့ လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုဆက်တိုက်လေ့လာခြင်းဟာအလုပ်လုပ်နေ တဲ့ ပညာရှင်တွေ (professionals) အတွက် အရမ်းအရေးကြီးပါတယ်။ ပညာရပ်တစ်ခုကိုမိမိလေ့လာသင်ယူစဉ်က အခြေအနေနဲ့ လက်ရှိ အခြေအနေကွာခြားမှုကြောင့်သိရှိရန်လိုအပ်တဲ့ဗဟုသုတတွေကိုဖြည့်ဆည်းနေဖို့ဆိုတာ စဉ်ဆက်မပြတ် လေ့လာနေဖို့ လိုအပ်ပါတယ်။ဒါမှသာပြောင်းလဲလာတဲ့ နည်းပညာတွေ၊ အယူအဆတွေ၊ လုပ်နည်းလုပ်ဟန်တွေ၊ ဥပဒေတွေ၊လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေ၊ ကန့်သတ်ချက်တွေကို သိရှိပြီးတော့ ကာလဒေသအခြေအနေနဲ့အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒီစာမှာတော့ CPD လို့ခေါ်ကြတဲ့စဉ်ဆက်မပြတ်လေ့လာသင်ယူနေခြင်းဖြင့် မိမိ၏ ကျွမ်းကျင်မှုကိုတိုးတက်အောင်ဆောင်ရွက်ခြင်း
(Continuing Professional Development) အကြောင်းအရာကို ရေးသားဖော်ပြသွားမှာဖြစ်ပါတယ်။

(၂) ဘာကြောင့် CPD ကို လုပ်သင့်သလဲ
(၂/၁) အလုပ်အကိုင် တိုးတက်ဖို့ : CPD ကို မှန်မှန်လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့အသက်မွေးဝမ်းဝမ်းကြောင်းဆိုင်ရာ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေ တိုးတက်လာပြီး ရာထူးတိုးဖို့ ဒါမှမဟုတ်ပိုကောင်းတဲ့နေရာကို အလုပ်ပြောင်းရွေ့ ထမ်းဆောင်ဖို့ အခွင့်အလမ်းတွေ ပိုရလာနိုင်ပါတယ်။

(၂/၂) အရည်အသွေး ထိန်းသိမ်းနိုင်ဖို့: နည်းပညာနဲ့ စီးပွားရေးလောကက အမြဲပြောင်းလဲနေတာကြောင့်ကိုယ့်ရဲ့ အသိပညာ၊ ကျွမ်းကျင်မှုတွေ အလုပ်ခွင်နဲ့ ကိုက်ညီနေစေဖို့အတွက် CPD က အကူအညီပေးပါတယ်။မိမိသိထားတဲ့ အိုဟောင်းပြီး ခေတ်မမီတဲ့အသိပညာတွေက လက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိဘူးဆိုရင်အရည်အ ချင်းမီစွမ်းဆောင် နိုင်ဖို့ အကန့်အသတ်တွေရှိလာမှာဖြစ်ပါတယ်။

(၂/၃) ပရော်ဖက်ရှင်နယ် စံနှုန်းတွေကို လိုက်နာဖို့: တချို့ပညာရပ်တွေ (ဥပမာ- ဆေးပညာရှင်၊ စာရင်းကိုင်၊အင်ဂျင်နီယာ) မှာ သက်ဆိုင်ရာအဖွဲ့အစည်းကချမှတ်ထားတဲ့ CPD နာရီ ဒါမှမဟုတ် အမှတ် (credits) ကိုပြည့်မီအောင်ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးတာ ဒါမှမဟုတ်ပရော်ဖက် ရှင်နယ် အသိအမှတ်ပြုမှုတွေကို ဆက်လက်ရရှိနိုင်မှာပါ။ဒါကလည်းလက်တွေ့ဆောင်ရွက်နေသူတွေအတွက် တကယ့်ကိုလိုအပ်တဲ့ဆောင်ရွက်မှုပါ။

(၂/၄) အလုပ်တာဝန်ကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ဖို့: CPD ကနေ သင်ယူရရှိတဲ့အသိပညာအသစ်တွေ၊ စွမ်းရည် အသစ်တွေက ကိုယ့်ရဲ့ လက်ရှိအလုပ်ကို ပိုပြီး ထိရောက်စွာ၊အရည်အသွေးပြည့်ဝစွာ လုပ်နိုင်ဖို့ အထောက်အကူ ပေးပါ တယ်။ လက်တွေ့လုပ်ဆောင်နေသူတွေအနေနဲ့လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ အသိပညာဗဟုသုတရှိနေမှသာ မိမိထမ်းဆောင်တဲ့တာဝန်တွေကိုမှန်ကန်စွာဖြင့်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

(၂/၅) စိတ်ဓာတ်ခွန်အား တိုးတက်စေဖို့: အမြဲတမ်းလေ့လာနေတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေပြီး လုပ်ငန်းခွင်မှာ စိတ်ဓာတ်ခွန်အား တက်ကြွနေစေပါတယ်။

(၃) CPD ကို ဘယ်လိုမျိုးတွေ လုပ်လို့ရလဲ
CPD လေ့လာမှုပုံစံတွေက အများကြီးရှိပါတယ်။
(က)တရားဝင်သင်တန်းများ (Formal learning): တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ ဒီပလိုမာ၊လက်မှတ်ရ သင်တန်းတွေ တက်တာ။ အလုပ်နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ (workshop) တွေ၊ webinar တွေ တက်ရောက်တာ ။လုပ်ငန်းခွင်တွင်း လေ့ကျင့်ပေးမှု (in-house training) တွေမှာ ပါဝင်တာ။ သက်ဆိုင်ရာ
အဖွဲ့အစည်းတွေက ပြုလုပ်တဲ့ ညီလာခံ (conference) တွေ တက်ရောက်တာ။
(ခ) ကိုယ်တိုင်လေ့လာမှု (Self-directed learning): ပညာရပ်ဆိုင်ရာ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ဂျာနယ်တွေ ဖတ်ရှုတာ။ အွန်လိုင်း သင်ခန်းစာ (online courses) တွေ၊ ဗီဒီယိုတွေ ကြည့်ရှုတာ။လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ podcast တွေ၊ vlog တွေ နားထောင်တာ၊ ကြည့်ရှုတာ။ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့အစည်းအဝေးတွေ၊ ကွန်ရက်ချိတ်ဆက်မှု (networking) ပွဲတွေမှာ ပါဝင်တာ။သို့သော်ဒီနေရာမှာအထူးသတိပြုရမှာကတော့ ပရော်ဖက်ရှင်နယ်တွေအနေနဲ့ မိမိရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းကအသိအမှတ်ပြုထားတဲ့ တရားဝင် CPD ဆောင်ရွက်မှုကိုမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ တရားဝင် CPD အသိအမှတ်ပြုမှုရရှိပြီးတော့ မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။

(၄) မြန်မာနိုင်ငံတွင် CPD လုပ်ဆောင်ရသော ပရော်ဖက်ရှင်နယ်များမြန်မာနိုင်ငံမှာ CPD (Continuing Professional Development) ကို လုပ်ဆောင်ရတဲ့ပညာရှင်အလုပ်အကိုင်တွေ အများအပြား ရှိပါတယ်။ ဒါကလည်း အဲဒီပညာရပ်တွေရဲ့ စံနှုန်းတွေနဲ့အရည်အသွေးတွေကို ထိန်းသိမ်းဖို့အတွက် အရမ်းအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ CPD ကိုမဖြစ်မနေလုပ်ဆောင်ရတဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းတွေကို ဆက်လက်ဖော်ပြသွားပါ့မယ်။

(၄/၁) ဆရာဝန်များ (Medical Doctors):
(က) CPD လိုအပ်ချက်: ဆရာဝန်တွေအနေနဲ့ ဆေးပညာဆိုင်ရာ ဗဟုသုတတွေ၊ နည်းပညာတွေအမြဲပြောင်းလဲ နေတာကြောင့် ဆေးပညာဆက်လက်သင်ယူမှု (CME – Continuing Medical Education) အမှတ်တွေအတွက် စုဆောင်းဖို့ လိုအပ်ပါတယ်။
(ခ)သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံဆေးကောင်စီ (Myanmar Medical Council) ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း CME အမှတ်တွေ ရယူရပါတယ်။ ဒါမှသာလုပ်ငန်းလိုင်စင်ကို သက်တမ်းတိုး နိုင်မှာ ဖြစ်ပါတယ်။

(၄/၂) သူနာပြုနှင့် သားဖွားဆရာမများ (Nurses and Midwives):
(က) CPD လိုအပ်ချက်: သူနာပြုတွေနဲ့ သားဖွားဆရာမတွေလည်း လူနာပြုစုစောင့်ရှောက်မှုဆိုင်ရာဗဟုသုတနဲ့ လက်တွေ့ကျွမ်းကျင်မှုတွေ တိုးတက်နေဖို့အတွက် CPD လုပ်ရပါတယ်။
(ခ) သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ (Myanmar Nursing and Midwifery Council) က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါတယ်။

(၄/၃) စာရင်းကိုင်နှင့် စာရင်းစစ်များ (Accountants and Auditors):
(က) CPD လိုအပ်ချက်: စာရင်းကိုင်ပညာရပ်၊ အခွန်ဆိုင်ရာဥပဒေနဲ့ စာရင်းစစ်လုပ်ငန်းတွေမှာပြောင်းလဲမှုတွေ အမြဲရှိနေတာကြောင့် စာရင်းကိုင်ပညာရှင်တွေအနေနဲ့ သက်ဆိုင်ရာ CPD အမှတ်တွေရယူရပါတယ်။
(ခ) သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants – MICPA) ရဲ့ အဖွဲ့ဝင်တွေဟာ CPD လိုအပ်ချက်တွေကိုလိုက်နာရပါတယ်။
(၄/၅) ရှေ့နေများ (Lawyers):
(က) CPD လိုအပ်ချက်: ဥပဒေပညာရှင်တွေအနေနဲ့ ဥပဒေအသစ်တွေ၊ အမှုစီရင်ထုံးအသစ်တွေနဲ့ခေတ်နဲ့အညီ ဖြစ်နေဖို့အတွက် CPD လေ့ကျင့်မှုတွေ ပြုလုပ်ရပါတယ်။
(ခ) သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (Myanmar Bar Council) ရဲ့လမ်းညွှန်ချက် တွေကို လိုက်နာရပါတယ်။

(၄/၆) အင်ဂျင်နီယာများ (Engineers):
(က) CPD လိုအပ်ချက်: အင်ဂျင်နီယာပညာရှင်တွေဟာ နည်းပညာအသစ်တွေ၊လုပ်ငန်းခွင်ဆိုင်ရာဘေး အန္တရာယ် ကင်းရှင်းရေး စံနှုန်းတွေနဲ့ပတ်သက်ပြီး အသိပညာ
ဆက်တိုက်ဖြည့်ဆည်းနေဖို့ လိုအပ်ပါတယ်။
(ခ) သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (Myanmar Engineering Council – MEPC) ကနေ သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို လိုက်နာရပါတယ်။

(၄/၇) ဗိသုကာပညာရှင်များ (Architects):
(က) CPD လိုအပ်ချက်: ဗိသုကာပညာရှင်တွေဟာလည်း အဆောက်အအုံဒီဇိုင်းနဲ့နည်းပညာအသစ်တွေ၊ ဆောက်လုပ်ရေးဥပဒေတွေနဲ့ပတ်သက်ပြီး CPD လုပ်ရပါတယ်။
(ခ) သက်ဆိုင်ရာအဖွဲ့အစည်း: မြန်မာနိုင်ငံ ဗိသုကာပညာရှင်ကောင်စီ (Myanmar Architect Council) ရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ရပါတယ်။ဒီအလုပ်အကိုင်တွေဟာ လူအများရဲ့ ကျန်းမာရေး၊ ဘဏ္ဍာရေးနဲ့ လုံခြုံရေးတို့လို အရေးကြီးတဲ့ ကိစ္စတွေနဲ့ဆက်စပ် နေတာကြောင့် ပညာရှင်တွေရဲ့ အရည်အသွေးကို မြင့်မားအောင် ထိန်းသိမ်းဖို့ CPD ကအဓိကကျပါတယ်။

(၅) နိုင်ငံတကာတွင် CPD လုပ်ရသည့် ပရော်ဖက်ရှင်နယ် များပရော်ဖက်ရှင်နယ်နယ်ပယ်တစ်ခုချင်းစီအလိုက် CPD လုပ်ရတဲ့ အကြောင်းရင်းတွေနဲ့ လုပ်ဆောင်တဲ့ ပုံစံတွေကကွဲပြားပါတယ်။ လုပ်ငန်းနယ်ပယ်ရဲ့ သဘောသဘာဝ၊ စိန်ခေါ်မှုတွေနဲ့ ခေတ်ရေစီးကြောင်းတွေအပေါ် မူတည်ပြီး CPD ရဲ့ ဦးတည်ချက်တွေကလည်း ပြောင်းလဲနိုင်ပါတယ်။

(၅/၁)ကျန်းမာရေး စောင့်ရှောက်မှု ပညာရှင်များ (Healthcare Professionals)
CPD လုပ်ရသည့် အကြောင်းရင်းများ:
(က) လူနာဘေးကင်းရေး (Patient Safety): ဆေးပညာဆိုင်ရာ ဗဟုသုတ၊ နည်းပညာနဲ့ကုသနည်းတွေက အမြဲတိုးတက်ပြောင်းလဲနေတာကြောင့် နောက်ဆုံးပေါ် သိပ္ပံနည်းကျအချက်အလက်တွေကို လေ့လာဖို့လိုအပ်ပါတယ်။ ဒါမှသာ လူနာတွေကို စနစ်တကျနဲ့ဘေးအန္တရာယ်ကင်းရှင်းစွာ ကုသနိုင်မှာ ဖြစ်ပါတယ်။
(ခ) လုပ်ငန်းလိုင်စင် သက်တမ်းတိုးရန်: ဆရာဝန်၊ သူနာပြု၊ သွားဘက်ဆိုင်ရာဆရာဝန်စတဲ့ပညာရှင်တွေဟာ သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ကောင်စီတွေက သတ် မှတ်ထားတဲ့ CPD အမှတ် (Credits) တွေ ပြည့်မီမှသာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခွင့် ရနိုင်ပါတယ်။

CPD လုပ်ရသည့် ပုံစံများ:
(က) ဆေးပညာဆိုင်ရာ ညီလာခံများ (Medical Conferences): ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့တွေ့ဆုံပြီး နောက်ဆုံးပေါ် သုတေသနရလဒ်တွေ၊ ကုသနည်းအသစ်တွေအကြောင်းဆွေးနွေးနိုင်ပါတယ်။
(ခ) အလုပ်ရုံဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်ခန်းများ (Workshops & Hands-on Training):ခွဲစိတ်မှု နည်းလမ်းအသစ်တွေ၊ ဆေးဘက်ဆိုင်ရာ ကိရိယာအသစ်တွေရဲ့ အသုံးပြုပုံကိုလက်တွေ့လေ့ကျင့်တာမျိုး ဖြစ်ပါတယ်။
(ဂ) ဆေးပညာဂျာနယ်များ ဖတ်ရှုခြင်း: ပညာရှင်တွေရဲ့ ဆေးပညာဆိုင်ရာသုတေသနစာတမ်းတွေကို ဖတ်ရှုလေ့လာပြီး ဗဟုသုတဖြည့်ဆည်းနိုင်ပါတယ်။

(၅/၂) ဘဏ္ဍာရေးနှင့် စာရင်းကိုင် ပညာရှင်များ (Finance and Accounting Professionals)
CPD လုပ်ရသည့် အကြောင်းရင်းများ:
(က) ဥပဒေနှင့် စည်းမျဉ်းများ လိုက်နာရန် (Compliance with Regulations): နိုင်ငံရဲ့အခွန်ဥပဒေ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေက အခါအားလျော်စွာ ပြောင်းလဲတတ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေကို အမီလိုက်နိုင်မှသာ မှန်ကန်တိကျတဲ့ အကြံဉာဏ်တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။
(ခ) စီးပွားရေးဗဟုသုတ တိုးပွားရန်: ငွေကြေးလောကရဲ့ လှုပ်ရှားမှုတွေ၊ရင်းနှီးမြှုပ်နှံမှုပုံစံအသစ်တွေနဲ့ စီးပွားရေးဆိုင်ရာ ခေတ်ရေစီးကြောင်းတွေကို နားလည်ထားဖို့
လိုအပ်ပါတယ်။

CPD လုပ်ရသည့် ပုံစံများ:
(က) ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၏ သင်တန်းများ (Professional Body Courses): ACCA၊CPA စတဲ့ အဖွဲ့အစည်းတွေက ပေးတဲ့ CPD သင်တန်းတွေ တက်ရောက်တာ၊ Webinar တွေတက်တာမျိုး ဖြစ်ပါတယ်။
(ခ) ဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ: အခွန်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်တွေကိုဆွေးနွေးတဲ့ ဆီမီနာတွေ တက်ရောက်နိုင်ပါတယ်။
(ဂ) အွန်လိုင်းသင်တန်းများ (Online Courses): Financial Modeling၊ Data Analytics for Financeစတဲ့ အွန်လိုင်းသင်တန်းတွေ သင်ယူနိုင်ပါတယ်။

(၅/၃) နည်းပညာ ပညာရှင်များ (Technology Professionals)
 CPD လုပ်ရသည့် အကြောင်းရင်းများ:
o နည်းပညာ အရှိန်အဟုန်မြန်စွာ ပြောင်းလဲမှု: နည်းပညာလောကကအမြဲပြောင်းလဲနေပါတယ်။ Programming Language အသစ်တွေ၊ Framework အသစ်တွေနဲ့
Cybersecurity ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။
o ပြိုင်ဆိုင်နိုင်စွမ်း တိုးမြှင့်ရန်: နည်းပညာကျွမ်းကျင်မှုတွေ တိုးတက်နေမှသာ လုပ်ငန်းခွင်မှာပြိုင်ဆိုင်နိုင်စွမ်းရှိပြီး ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်မှာ ဖြစ်ပါတယ်။

 CPD လုပ်ရသည့် ပုံစံများ:
o လက်မှတ်ရ သင်တန်းများ (Certifications): AWS (Amazon Web Services)၊ Microsoft Azure၊ Google Cloud စတဲ့ နည်းပညာဆိုင်ရာ လက်မှတ်ရသင်တန်းတွေ တက်ရောက်ပြီးကျွမ်းကျင်မှုကို အသိအမှတ်ပြုခံနိုင်ပါတယ်။
o Coding Bootcamps နှင့် အွန်လိုင်း Platform များ: Udemy၊ Coursera၊ Pluralsight စတဲ့ Online Platform တွေမှာ လိုအပ်တဲ့ Programming Skill တွေ၊ Data Science Skill တွေကိုသင်ယူနိုင်ပါတယ်။
o နည်းပညာညီလာခံများ တက်ရောက်ခြင်း: Tech Conference တွေမှာ ပါဝင်ပြီးနည်းပညာနယ်ပယ်က ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မိတ်ဆွေဖွဲ့ကာ ဗဟုသုတ
ဖလှယ်နိုင်ပါတယ်။

(၅/၄) ပညာရေး ပညာရှင်များ (Education Professionals)
 CPD လုပ်ရသည့် အကြောင်းရင်းများ:
o သင်ကြားရေး ပုံစံများ ခေတ်မီစေရန်: ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှု၊လိုအပ်ချက်တွေက ပြောင်းလဲနေတာကြောင့် ခေတ်မီတဲ့ သင်ကြားနည်းစနစ်တွေ၊စိတ် ပညာဆိုင်ရာ ချဉ်းကပ်ပုံတွေကို လေ့လာဖို့လိုအပ်ပါတယ်။
o သုတေသနနှင့် ပညာရပ်ဆိုင်ရာ တိုးတက်မှု: ကိုယ့်ရဲ့ဘာသာရပ်နယ်ပယ်မှာ နောက်ဆုံးပေါ်ရှာဖွေတွေ့ရှိမှုတွေကို အမြဲလေ့လာပြီး ကျောင်းသားတွေကို တိကျတဲ့ အချက်အလက်တွေပေးနိုင်ဖို့လိုအပ်ပါတယ်။

 CPD လုပ်ရသည့် ပုံစံများ:
o ပညာရေးဆိုင်ရာ သင်တန်းများ: ဆရာအတတ်ပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ဒီပလိုမာသင်တန်းတွေ တက်ရောက်နိုင်ပါတယ်။
o သုတေသန လုပ်ငန်းများ: ကိုယ့်ရဲ့ဘာသာရပ်နယ်ပယ်မှာ သုတေသနလုပ်ငန်းတွေလုပ်ဆောင်ပြီး ဆောင်းပါးတွေ ရေးသားထုတ်ဝေနိုင်ပါတယ်။
o ညီလာခံများနှင့် ကွန်ရက်ချိတ်ဆက်မှုများ: ပညာရေးဆိုင်ရာ ကွန်ဖရင့်တွေ၊ ဆွေးနွေးပွဲတွေတက်ရောက်ပြီး အတွေ့အကြုံရှိတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးဖလှယ်နိုင်ပါတယ်။

(၅/၅) ဗိသုကာနှင့် အင်ဂျင်နီယာ ပညာရှင်များ (Architects and Engineers)
 CPD လုပ်ရသည့် အကြောင်းရင်းများ:
o ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စံချိန်စံနှုန်းများ: ဆောက်လုပ်ရေးဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေ
ပြောင်းလဲနေတာကြောင့် ဒီအချက်တွေကို လိုက်နာနိုင်ဖို့ လိုအပ်ပါတယ်။
o နည်းပညာအသစ်များ အသုံးပြုနိုင်ရန်: BIM (Building Information Modeling) လိုမျိုးဒီဇိုင်းရေးဆွဲတဲ့ ဆော့ဖ်ဝဲအသစ်တွေနဲ့ ဆောက်လုပ်ရေးနည်းပညာအ သစ်တွေကို လေ့လာပြီးပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

 CPD လုပ်ရသည့် ပုံစံများ:
o ပညာရှင်အသင်းများတွင် ပါဝင်ခြင်း: မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ (MEPC)၊ဗိသုကာပညာရှင်ကောင်စီ (MAC) စတဲ့ အဖွဲ့အစည်းတွေရဲ့ သင်တန်းတွေ၊ ဆွေး နွေးပွဲတွေမှာပါဝင်နိုင်ပါတယ်။
o နည်းပညာဆော့ဖ်ဝဲ သင်တန်းများ: AutoCAD၊ Revit လိုမျိုး ဒီဇိုင်းဆွဲတဲ့ဆော့ဖ်ဝဲအသစ်တွေရဲ့ အသုံးပြုပုံကို သင်ယူနိုင်ပါတယ်။
o စံချိန်စံနှုန်းဆိုင်ရာ စာတမ်းများ ဖတ်ရှုခြင်း: ဆောက်လုပ်ရေးဆိုင်ရာ စံနှုန်းအသစ်တွေ၊အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို ဖတ်ရှုလေ့ လာနိုင်ပါတယ်။

(၅/၆) Management Consultant နှင့် Business Consultant များ
Consultant တွေဟာ Client တွေကို အကောင်းဆုံးအကြံပေးနိုင်ဖို့ ခေတ်နဲ့အညီ ဖြစ်နေရပါမယ်။သူတို့အတွက် CPD လုပ်ရတဲ့ အကြောင်းရင်းတွေကတော့-
 လုပ်ငန်းခွင် ဗဟုသုတ တိုးတက်ဖို့: စီးပွားရေးလောက၊ စျေးကွက်နဲ့ နည်းပညာတွေကအမြဲပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုတွေကို အမီလိုက်နိုင်မှသာ Client တွေရဲ့ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မှာပါ။
 ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ထိန်းသိမ်းဖို့: Data Analysis ၊ Project Management ၊ Marketing Strategy အသစ်တွေ စတဲ့ ကျွမ်းကျင်မှုတွေကို အမြဲမပြတ် လေ့လာနေဖို့ လိုအပ်ပါတယ်။
 ယုံကြည်မှု တည်ဆောက်ဖို့: Client တွေက ကိုယ့်ကို ယုံကြည်စိတ်ချပြီး အကြံဉာဏ်တွေလာတောင်းတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ အသိပညာက ခေတ်နောက်ကျနေရင် သူတို့ရဲ့ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။

Consultant တွေအတွက် CPD ပုံစံတွေကတော့-
 MBA (Master of Business Administration) လို ပညာရပ်ဆိုင်ရာ ဘွဲ့တွေ ထပ်မံသင်ယူတာ
 Project Management Professional (PMP) ဒါမှမဟုတ် Certified Management Consultant (CMC) လိုမျိုး လက်မှတ်ရသင်တန်းတွေ တက်တာ
 အလုပ်ရုံဆွေးနွေးပွဲတွေ၊ စီးပွားရေးဆိုင်ရာ ညီလာခံတွေ တက်တာ
 လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ စာအုပ်တွေ၊ ဂျာနယ်တွေ၊ Research Paper တွေ အမြဲဖတ်ရှုနေတာ
 နည်းပညာအသစ်တွေ၊ စီးပွားရေးဆိုင်ရာ Trend အသစ်တွေကို လေ့လာနေတာ စသဖြင့်လုပ်ဆောင်နိုင်ပါတယ်။

(၅/၇) တက္ကသိုလ်ဆရာ၊ ပါမောက္ခများ
တက္ကသိုလ်ဆရာတွေရဲ့ တာဝန်က ကျောင်းသားတွေကို ခေတ်မီတဲ့ အသိပညာနဲ့ ဗဟုသုတတွေ ပေးအပ်ဖို့ပါ။သူတို့အတွက် CPD လုပ်ရတဲ့ အကြောင်းရင်းတွေကတော့-
 သင်ကြားမှု အရည်အသွေး မြင့်မားစေဖို့: ခေတ်မီသင်ကြားနည်းစနစ်တွေ၊ သင်ကြားရေးနည်းပညာအသစ်တွေ (ဥပမာ- Online Learning Platform တွေ) ကို လေ့လာသင်ယူပြီးကျောင်းသားတွေကို ပိုပြီး ထိရောက်စွာ သင်ကြားနိုင်ပါတယ်။
 ပညာရပ်ဆိုင်ရာ ခေါင်းဆောင်မှု ထိန်းသိမ်းနိုင်ဖို့: ကိုယ့်ရဲ့ ပညာရပ်နယ်ပယ်မှာ နောက်ဆုံးပေါ်သုတေသနတွေ၊ တွေ့ရှိချက်တွေကို အမြဲလေ့လာပြီး ကျောင်းသားတွေကို အကောင်းဆုံးလမ်းညွှန်ပေးနိုင်ပါတယ်။
 သုတေသန လုပ်ငန်းများ ထိရောက်ဖို့: ကိုယ့်ရဲ့ ပညာရပ်နယ်ပယ်မှာ လုပ်နေတဲ့ သုတေသနတွေကခေတ်မီပြီး အသိအမှတ်ပြုခံရဖို့အတွက် CPD က မရှိမဖြစ်လိုအပ်ပါတယ်။တက္ကသိုလ်ဆရာ၊ ပါမောက္ခတွေအတွက် CPD ပုံစံတွေကတော့-
 PhD (Doctor of Philosophy) လိုမျိုး ပညာရပ်ဆိုင်ရာ ဘွဲ့တွေ ထပ်တိုးယူတာ
 ကိုယ့်ပညာရပ်နယ်ပယ်နဲ့ဆိုင်တဲ့ နိုင်ငံတကာ ဂျာနယ်တွေမှာ သုတေသနဆောင်းပါးတွေရေးသားထုတ်ဝေတာ
 ပညာရေးဆိုင်ရာ ကွန်ဖရင့်တွေ၊ ဆွေးနွေးပွဲတွေ တက်ရောက်ပြီး မိမိရဲ့ သုတေသနရလဒ်တွေကို Presentation လုပ်တာ
 သင်ကြားရေးဆိုင်ရာ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်တာ
 လုပ်ငန်းအဖွဲ့အစည်းတွေ (Professional Associations) မှာ ပါဝင်ပြီး ကွန်ရက်ချိတ်ဆက်မှု ပြုလုပ်တာစသဖြင့် လုပ်ဆောင်နိုင်ပါတယ်။

ဒီအလုပ်အကိုင်တွေဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းအရ မဖြစ်မနေ CPD လုပ်ရမယ်လို့ သတ်မှတ်ထားတာမျိုးမရှိပေမယ့် ကိုယ့်ရဲ့ လုပ်ငန်းခွင် အရည်အချင်းနဲ့ ပရော်ဖက်ရှင်နယ် ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် CPD ဟာ အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

(၆) CPD မလုပ်သူ၏ အားနည်းချက်များ
CPD ကို အလေးမထားဘဲ လက်ရှိအခြေအနေအတိုင်းသာ ဆက်လက်ရပ်တည်နေသူတွေဟာ‌အောက်ပါအားနည်းချက် များစွာကို ကြုံတွေ့ရနိုင်ပါတယ်-

(၆/၁)ကျွမ်းကျင်မှုနှင့် ဗဟုသုတ (Skills and Knowledge):
မိမိရဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတတွေဟာ ခေတ်နောက်ကျ ကျန်ရစ်နိုင်ပါတယ်။ လုပ်ငန်းနယ်ပယ်ရဲ့တိုးတက်ပြောင်းလဲမှုတွေနဲ့ အမီလိုက်နိုင်ဖို့ ခက်ခဲလာပါလိမ့်မယ်။ ရှိရင်းစွဲ အရည်အချင်းတွေဟာအချိန်ကြာလာတာနဲ့အမျှ တန်ဖိုးလျော့ လာနိုင်ပါတယ်။

(၆/၂) လုပ်ငန်းခွင် စွမ်းဆောင်ရည် (Job Performance and Productivity):
အလုပ်ကို လုပ်ရတာ စိန်ခေါ်မှုများ များလာနိုင်ပြီး စွမ်းဆောင်ရည်နဲ့ ထုတ်လုပ်နိုင်စွမ်း ကျဆင်း လာနိုင်ပါတယ်။အသစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲနိုင်ပါတယ်။

(၆/၃) အသက်မွေးဝမ်းကြောင်း တိုးတက်မှု (Career Advancement):
ရာထူးတိုးဖို့နဲ့ ပိုကောင်းတဲ့ အခွင့်အရေးတွေ ရဖို့အတွက် ပြိုင်ဘက်တွေထက် နောက်ကျကျန်ခဲ့နိုင်ပါတယ်။ဝင်ငွေတိုးမြှင့်နိုင်တဲ့ အလားအလာ နည်းပါးနိုင်ပါတယ်။

(၆/၄) လိုက်လျောညီထွေဖြစ်မှုနှင့် ယုံကြည်မှု (Adaptability and Confidence):
လုပ်ငန်းခွင် ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ဖို့ ပိုမိုခက်ခဲပြီး စိတ်ဖိစီးမှုတွေ ပိုများလာနိုင် ပါတယ်။ မိမိရဲ့ အရည်အချင်းအပေါ် ယုံကြည်မှု လျော့နည်းလာနိုင်ပါတယ်။

(၆/၅) ပရော်ဖက်ရှင်နယ် ကွန်ရက် (Professional Network):
လုပ်ငန်းနယ်ပယ်မှာ ပိုမိုကျယ်ပြန့်တဲ့ ဆက်သွယ်မှုတွေ ပိုင်ဆိုင်ခွင့် နည်းပါး ပြီး အထီးကျန်သလိုခံစားရနိုင်ပါတယ်။အချုပ်အားဖြင့်ဆိုသော် CPD သည် ပညာရှင်တစ်ဦးချင်းအတွက်သာမကဘဲ၊ မိမိတို့ လုပ်ကိုင်နေသောအဖွဲ့အစည်းနှင့် လုပ်ငန်းနယ်ပယ်တစ်ခုလုံးအတွက်ပါ တိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စံနှုန်းသတ်မှတ်ချက်
မြင့်မားမှုကို ဆောင်ကြဉ်း ပေးနိုင်ပါတယ်။CPD ဆောင်ရွက်သူနဲ့မဆောင်ရွက်သူကြားမှာ ကွာဟမှုကအချိန်နှင့်အမျှကြီးသည်ထက် ကြီးမား လာတတ် တဲ့အတွက် CPD ကိုဘဝတွက်တာဆောင်ရွက်စရာလုပ်ငန်းစဉ်တစ်ခုအနေဖြင့် မဖြစ်မနေဆောင်ရွက်သင့် ပါကြောင်းရေးသားအပ်ပါတယ်။

ဥက္ကာမြင့် (OMEGA Consultancy)

zawgyi

Professional မ်ားအတြက္ CPD (ကြၽမ္းက်င္မႈကိုတိုးတက္ေအာင္ေဆာင္႐ြက္ျခင္း)

(၁) CPD Program ဆိုတာ ဘာလဲ
CPD (Continuing Professional Development) ဆိုတာကေတာ့ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာပညာရပ္၊ အရည္အခ်င္း နဲ႔ စြမ္းေဆာင္ရည္ေတြကို အၿမဲတိုးတက္ေနေအာင္၊ ေခတ္နဲ႔အညီ ျဖစ္ေနေအာင္ဆက္တိုက္ေလ့လာ သင္ယူေနတဲ့ လုပ္ငန္းစဥ္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီလိုဆက္တိုက္ေလ့လာျခင္းဟာအလုပ္လုပ္ေန တဲ့ ပညာရွင္ေတြ (professionals) အတြက္ အရမ္းအေရးႀကီးပါတယ္။ ပညာရပ္တစ္ခုကိုမိမိေလ့လာသင္ယူစဥ္က အေျခအေနနဲ႔ လက္ရွိ အေျခအေနကြာျခားမႈေၾကာင့္သိရွိရန္လိုအပ္တဲ့ဗဟုသုတေတြကိုျဖည့္ဆည္းေနဖို႔ဆိုတာ စဥ္ဆက္မျပတ္ ေလ့လာေနဖို႔ လိုအပ္ပါတယ္။ဒါမွသာေျပာင္းလဲလာတဲ့ နည္းပညာေတြ၊ အယူအဆေတြ၊ လုပ္နည္းလုပ္ဟန္ေတြ၊ ဥပေဒေတြ၊လုပ္ထုံးလုပ္နည္းေတြ၊ ၫႊန္ၾကားခ်က္ေတြ၊ ကန႔္သတ္ခ်က္ေတြကို သိရွိၿပီးေတာ့ ကာလေဒသအေျခအေနနဲ႔အညီ ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။ ဒီစာမွာေတာ့ CPD လို႔ေခၚၾကတဲ့စဥ္ဆက္မျပတ္ေလ့လာသင္ယူေနျခင္းျဖင့္ မိမိ၏ ကြၽမ္းက်င္မႈကိုတိုးတက္ေအာင္ေဆာင္႐ြက္ျခင္း
(Continuing Professional Development) အေၾကာင္းအရာကို ေရးသားေဖာ္ျပသြားမွာျဖစ္ပါတယ္။

(၂) ဘာေၾကာင့္ CPD ကို လုပ္သင့္သလဲ
(၂/၁) အလုပ္အကိုင္ တိုးတက္ဖို႔ : CPD ကို မွန္မွန္လုပ္ျခင္းအားျဖင့္ ကိုယ့္ရဲ႕အသက္ေမြးဝမ္းဝမ္းေၾကာင္းဆိုင္ရာ ဗဟုသုတေတြ၊ ကြၽမ္းက်င္မႈေတြ တိုးတက္လာၿပီး ရာထူးတိုးဖို႔ ဒါမွမဟုတ္ပိုေကာင္းတဲ့ေနရာကို အလုပ္ေျပာင္းေ႐ြ႕ ထမ္းေဆာင္ဖို႔ အခြင့္အလမ္းေတြ ပိုရလာႏိုင္ပါတယ္။

(၂/၂) အရည္အေသြး ထိန္းသိမ္းႏိုင္ဖို႔: နည္းပညာနဲ႔ စီးပြားေရးေလာကက အၿမဲေျပာင္းလဲေနတာေၾကာင့္ကိုယ့္ရဲ႕ အသိပညာ၊ ကြၽမ္းက်င္မႈေတြ အလုပ္ခြင္နဲ႔ ကိုက္ညီေနေစဖို႔အတြက္ CPD က အကူအညီေပးပါတယ္။မိမိသိထားတဲ့ အိုေဟာင္းၿပီး ေခတ္မမီတဲ့အသိပညာေတြက လက္ရွိအေျခအေနနဲ႔ကိုက္ညီမႈမရွိဘူးဆိုရင္အရည္အ ခ်င္းမီစြမ္းေဆာင္ ႏိုင္ဖို႔ အကန႔္အသတ္ေတြရွိလာမွာျဖစ္ပါတယ္။

(၂/၃) ပေရာ္ဖက္ရွင္နယ္ စံႏႈန္းေတြကို လိုက္နာဖို႔: တခ်ိဳ႕ပညာရပ္ေတြ (ဥပမာ- ေဆးပညာရွင္၊ စာရင္းကိုင္၊အင္ဂ်င္နီယာ) မွာ သက္ဆိုင္ရာအဖြဲ႕အစည္းကခ်မွတ္ထားတဲ့ CPD နာရီ ဒါမွမဟုတ္ အမွတ္ (credits) ကိုျပည့္မီေအာင္ေဆာင္႐ြက္ထားဖို႔ လိုအပ္ပါတယ္။ ဒါမွသာ လုပ္ငန္းလိုင္စင္ သက္တမ္းတိုးတာ ဒါမွမဟုတ္ပေရာ္ဖက္ ရွင္နယ္ အသိအမွတ္ျပဳမႈေတြကို ဆက္လက္ရရွိႏိုင္မွာပါ။ဒါကလည္းလက္ေတြ႕ေဆာင္႐ြက္ေနသူေတြအတြက္ တကယ့္ကိုလိုအပ္တဲ့ေဆာင္႐ြက္မႈပါ။

(၂/၄) အလုပ္တာဝန္ကို ပိုမိုေကာင္းမြန္စြာ ထမ္းေဆာင္ႏိုင္ဖို႔: CPD ကေန သင္ယူရရွိတဲ့အသိပညာအသစ္ေတြ၊ စြမ္းရည္ အသစ္ေတြက ကိုယ့္ရဲ႕ လက္ရွိအလုပ္ကို ပိုၿပီး ထိေရာက္စြာ၊အရည္အေသြးျပည့္ဝစြာ လုပ္ႏိုင္ဖို႔ အေထာက္အကူ ေပးပါ တယ္။ လက္ေတြ႕လုပ္ေဆာင္ေနသူေတြအေနနဲ႔လက္ရွိအေျခအေနနဲ႔ကိုက္ညီတဲ့ အသိပညာဗဟုသုတရွိေနမွသာ မိမိထမ္းေဆာင္တဲ့တာဝန္ေတြကိုမွန္ကန္စြာျဖင့္ေဆာင္႐ြက္ႏိုင္မွာျဖစ္ပါတယ္။

(၂/၅) စိတ္ဓာတ္ခြန္အား တိုးတက္ေစဖို႔: အၿမဲတမ္းေလ့လာေနတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈတိုးလာေစၿပီး လုပ္ငန္းခြင္မွာ စိတ္ဓာတ္ခြန္အား တက္ႂကြေနေစပါတယ္။

(၃) CPD ကို ဘယ္လိုမ်ိဳးေတြ လုပ္လို႔ရလဲ
CPD ေလ့လာမႈပုံစံေတြက အမ်ားႀကီးရွိပါတယ္။
(က)တရားဝင္သင္တန္းမ်ား (Formal learning): တကၠသိုလ္ေတြ၊ သင္တန္းေက်ာင္းေတြမွာ ဒီပလိုမာ၊လက္မွတ္ရ သင္တန္းေတြ တက္တာ။ အလုပ္နဲ႔ပတ္သက္တဲ့ အလုပ္႐ုံေဆြးေႏြးပြဲ (workshop) ေတြ၊ webinar ေတြ တက္ေရာက္တာ ။လုပ္ငန္းခြင္တြင္း ေလ့က်င့္ေပးမႈ (in-house training) ေတြမွာ ပါဝင္တာ။ သက္ဆိုင္ရာ
အဖြဲ႕အစည္းေတြက ျပဳလုပ္တဲ့ ညီလာခံ (conference) ေတြ တက္ေရာက္တာ။
(ခ) ကိုယ္တိုင္ေလ့လာမႈ (Self-directed learning): ပညာရပ္ဆိုင္ရာ စာအုပ္ေတြ၊ ေဆာင္းပါးေတြ၊ဂ်ာနယ္ေတြ ဖတ္ရႈတာ။ အြန္လိုင္း သင္ခန္းစာ (online courses) ေတြ၊ ဗီဒီယိုေတြ ၾကည့္ရႈတာ။လုပ္ငန္းခြင္နဲ႔ဆိုင္တဲ့ podcast ေတြ၊ vlog ေတြ နားေထာင္တာ၊ ၾကည့္ရႈတာ။ ပညာရပ္ဆိုင္ရာ အဖြဲ႕အစည္းေတြရဲ႕အစည္းအေဝးေတြ၊ ကြန္ရက္ခ်ိတ္ဆက္မႈ (networking) ပြဲေတြမွာ ပါဝင္တာ။သို႔ေသာ္ဒီေနရာမွာအထူးသတိျပဳရမွာကေတာ့ ပေရာ္ဖက္ရွင္နယ္ေတြအေနနဲ႔ မိမိရဲ႕ သက္ဆိုင္ရာအဖြဲ႕အစည္းကအသိအမွတ္ျပဳထားတဲ့ တရားဝင္ CPD ေဆာင္႐ြက္မႈကိုမျဖစ္မေနလုပ္ဖို႔လိုအပ္ပါတယ္။ ဒါမွသာ တရားဝင္ CPD အသိအမွတ္ျပဳမႈရရွိၿပီးေတာ့ မွတ္တမ္းဝင္ႏိုင္မွာျဖစ္ပါတယ္။

(၄) ျမန္မာႏိုင္ငံတြင္ CPD လုပ္ေဆာင္ရေသာ ပေရာ္ဖက္ရွင္နယ္မ်ားျမန္မာႏိုင္ငံမွာ CPD (Continuing Professional Development) ကို လုပ္ေဆာင္ရတဲ့ပညာရွင္အလုပ္အကိုင္ေတြ အမ်ားအျပား ရွိပါတယ္။ ဒါကလည္း အဲဒီပညာရပ္ေတြရဲ႕ စံႏႈန္းေတြနဲ႔အရည္အေသြးေတြကို ထိန္းသိမ္းဖို႔အတြက္ အရမ္းအေရးႀကီးပါတယ္။ ျမန္မာႏိုင္ငံမွာ CPD ကိုမျဖစ္မေနလုပ္ေဆာင္ရတဲ့ ပေရာ္ဖက္ရွင္နယ္လုပ္ငန္းေတြကို ဆက္လက္ေဖာ္ျပသြားပါ့မယ္။

(၄/၁) ဆရာဝန္မ်ား (Medical Doctors):
(က) CPD လိုအပ္ခ်က္: ဆရာဝန္ေတြအေနနဲ႔ ေဆးပညာဆိုင္ရာ ဗဟုသုတေတြ၊ နည္းပညာေတြအၿမဲေျပာင္းလဲ ေနတာေၾကာင့္ ေဆးပညာဆက္လက္သင္ယူမႈ (CME – Continuing Medical Education) အမွတ္ေတြအတြက္ စုေဆာင္းဖို႔ လိုအပ္ပါတယ္။
(ခ)သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံေဆးေကာင္စီ (Myanmar Medical Council) ကခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း CME အမွတ္ေတြ ရယူရပါတယ္။ ဒါမွသာလုပ္ငန္းလိုင္စင္ကို သက္တမ္းတိုး ႏိုင္မွာ ျဖစ္ပါတယ္။

(၄/၂) သူနာျပဳႏွင့္ သားဖြားဆရာမမ်ား (Nurses and Midwives):
(က) CPD လိုအပ္ခ်က္: သူနာျပဳေတြနဲ႔ သားဖြားဆရာမေတြလည္း လူနာျပဳစုေစာင့္ေရွာက္မႈဆိုင္ရာဗဟုသုတနဲ႔ လက္ေတြ႕ကြၽမ္းက်င္မႈေတြ တိုးတက္ေနဖို႔အတြက္ CPD လုပ္ရပါတယ္။
(ခ) သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံသူနာျပဳႏွင့္ သားဖြားေကာင္စီ (Myanmar Nursing and Midwifery Council) က သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာရပါတယ္။

(၄/၃) စာရင္းကိုင္ႏွင့္ စာရင္းစစ္မ်ား (Accountants and Auditors):
(က) CPD လိုအပ္ခ်က္: စာရင္းကိုင္ပညာရပ္၊ အခြန္ဆိုင္ရာဥပေဒနဲ႔ စာရင္းစစ္လုပ္ငန္းေတြမွာေျပာင္းလဲမႈေတြ အၿမဲရွိေနတာေၾကာင့္ စာရင္းကိုင္ပညာရွင္ေတြအေနနဲ႔ သက္ဆိုင္ရာ CPD အမွတ္ေတြရယူရပါတယ္။
(ခ) သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံ လက္မွတ္ရျပည္သူ႔စာရင္းကိုင္မ်ားအသင္း (Myanmar Institute of Certified Public Accountants – MICPA) ရဲ႕ အဖြဲ႕ဝင္ေတြဟာ CPD လိုအပ္ခ်က္ေတြကိုလိုက္နာရပါတယ္။
(၄/၅) ေရွ႕ေနမ်ား (Lawyers):
(က) CPD လိုအပ္ခ်က္: ဥပေဒပညာရွင္ေတြအေနနဲ႔ ဥပေဒအသစ္ေတြ၊ အမႈစီရင္ထုံးအသစ္ေတြနဲ႔ေခတ္နဲ႔အညီ ျဖစ္ေနဖို႔အတြက္ CPD ေလ့က်င့္မႈေတြ ျပဳလုပ္ရပါတယ္။
(ခ) သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားေကာင္စီ (Myanmar Bar Council) ရဲ႕လမ္းၫႊန္ခ်က္ ေတြကို လိုက္နာရပါတယ္။

(၄/၆) အင္ဂ်င္နီယာမ်ား (Engineers):
(က) CPD လိုအပ္ခ်က္: အင္ဂ်င္နီယာပညာရွင္ေတြဟာ နည္းပညာအသစ္ေတြ၊လုပ္ငန္းခြင္ဆိုင္ရာေဘး အႏၲရာယ္ ကင္းရွင္းေရး စံႏႈန္းေတြနဲ႔ပတ္သက္ၿပီး အသိပညာ
ဆက္တိုက္ျဖည့္ဆည္းေနဖို႔ လိုအပ္ပါတယ္။
(ခ) သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီ (Myanmar Engineering Council – MEPC) ကေန သတ္မွတ္ထားတဲ့ လုပ္ငန္းစဥ္ေတြကို လိုက္နာရပါတယ္။

(၄/၇) ဗိသုကာပညာရွင္မ်ား (Architects):
(က) CPD လိုအပ္ခ်က္: ဗိသုကာပညာရွင္ေတြဟာလည္း အေဆာက္အအုံဒီဇိုင္းနဲ႔နည္းပညာအသစ္ေတြ၊ ေဆာက္လုပ္ေရးဥပေဒေတြနဲ႔ပတ္သက္ၿပီး CPD လုပ္ရပါတယ္။
(ခ) သက္ဆိုင္ရာအဖြဲ႕အစည္း: ျမန္မာႏိုင္ငံ ဗိသုကာပညာရွင္ေကာင္စီ (Myanmar Architect Council) ရဲ႕ စည္းမ်ဥ္းေတြအတိုင္း လုပ္ရပါတယ္။ဒီအလုပ္အကိုင္ေတြဟာ လူအမ်ားရဲ႕ က်န္းမာေရး၊ ဘ႑ာေရးနဲ႔ လုံၿခဳံေရးတို႔လို အေရးႀကီးတဲ့ ကိစၥေတြနဲ႔ဆက္စပ္ ေနတာေၾကာင့္ ပညာရွင္ေတြရဲ႕ အရည္အေသြးကို ျမင့္မားေအာင္ ထိန္းသိမ္းဖို႔ CPD ကအဓိကက်ပါတယ္။

(၅) ႏိုင္ငံတကာတြင္ CPD လုပ္ရသည့္ ပေရာ္ဖက္ရွင္နယ္ မ်ားပေရာ္ဖက္ရွင္နယ္နယ္ပယ္တစ္ခုခ်င္းစီအလိုက္ CPD လုပ္ရတဲ့ အေၾကာင္းရင္းေတြနဲ႔ လုပ္ေဆာင္တဲ့ ပုံစံေတြကကြဲျပားပါတယ္။ လုပ္ငန္းနယ္ပယ္ရဲ႕ သေဘာသဘာဝ၊ စိန္ေခၚမႈေတြနဲ႔ ေခတ္ေရစီးေၾကာင္းေတြအေပၚ မူတည္ၿပီး CPD ရဲ႕ ဦးတည္ခ်က္ေတြကလည္း ေျပာင္းလဲႏိုင္ပါတယ္။

(၅/၁)က်န္းမာေရး ေစာင့္ေရွာက္မႈ ပညာရွင္မ်ား (Healthcare Professionals)
CPD လုပ္ရသည့္ အေၾကာင္းရင္းမ်ား:
(က) လူနာေဘးကင္းေရး (Patient Safety): ေဆးပညာဆိုင္ရာ ဗဟုသုတ၊ နည္းပညာနဲ႔ကုသနည္းေတြက အၿမဲတိုးတက္ေျပာင္းလဲေနတာေၾကာင့္ ေနာက္ဆုံးေပၚ သိပၸံနည္းက်အခ်က္အလက္ေတြကို ေလ့လာဖို႔လိုအပ္ပါတယ္။ ဒါမွသာ လူနာေတြကို စနစ္တက်နဲ႔ေဘးအႏၲရာယ္ကင္းရွင္းစြာ ကုသႏိုင္မွာ ျဖစ္ပါတယ္။
(ခ) လုပ္ငန္းလိုင္စင္ သက္တမ္းတိုးရန္: ဆရာဝန္၊ သူနာျပဳ၊ သြားဘက္ဆိုင္ရာဆရာဝန္စတဲ့ပညာရွင္ေတြဟာ သက္ဆိုင္ရာ ေဆးဘက္ဆိုင္ရာ ေကာင္စီေတြက သတ္ မွတ္ထားတဲ့ CPD အမွတ္ (Credits) ေတြ ျပည့္မီမွသာ လုပ္ငန္းလိုင္စင္ သက္တမ္းတိုးခြင့္ ရႏိုင္ပါတယ္။

CPD လုပ္ရသည့္ ပုံစံမ်ား:
(က) ေဆးပညာဆိုင္ရာ ညီလာခံမ်ား (Medical Conferences): ျပည္တြင္းျပည္ပက ပညာရွင္ေတြနဲ႔ေတြ႕ဆုံၿပီး ေနာက္ဆုံးေပၚ သုေတသနရလဒ္ေတြ၊ ကုသနည္းအသစ္ေတြအေၾကာင္းေဆြးေႏြးႏိုင္ပါတယ္။
(ခ) အလုပ္႐ုံေဆြးေႏြးပြဲႏွင့္ လက္ေတြ႕ေလ့က်င့္ခန္းမ်ား (Workshops & Hands-on Training):ခြဲစိတ္မႈ နည္းလမ္းအသစ္ေတြ၊ ေဆးဘက္ဆိုင္ရာ ကိရိယာအသစ္ေတြရဲ႕ အသုံးျပဳပုံကိုလက္ေတြ႕ေလ့က်င့္တာမ်ိဳး ျဖစ္ပါတယ္။
(ဂ) ေဆးပညာဂ်ာနယ္မ်ား ဖတ္ရႈျခင္း: ပညာရွင္ေတြရဲ႕ ေဆးပညာဆိုင္ရာသုေတသနစာတမ္းေတြကို ဖတ္ရႈေလ့လာၿပီး ဗဟုသုတျဖည့္ဆည္းႏိုင္ပါတယ္။

(၅/၂) ဘ႑ာေရးႏွင့္ စာရင္းကိုင္ ပညာရွင္မ်ား (Finance and Accounting Professionals)
CPD လုပ္ရသည့္ အေၾကာင္းရင္းမ်ား:
(က) ဥပေဒႏွင့္ စည္းမ်ဥ္းမ်ား လိုက္နာရန္ (Compliance with Regulations): ႏိုင္ငံရဲ႕အခြန္ဥပေဒ၊ ဘ႑ာေရးဆိုင္ရာ စည္းမ်ဥ္းေတြက အခါအားေလ်ာ္စြာ ေျပာင္းလဲတတ္ပါတယ္။ဒီလိုေျပာင္းလဲမႈေတြကို အမီလိုက္ႏိုင္မွသာ မွန္ကန္တိက်တဲ့ အႀကံဉာဏ္ေတြ ေပးႏိုင္မွာ ျဖစ္ပါတယ္။
(ခ) စီးပြားေရးဗဟုသုတ တိုးပြားရန္: ေငြေၾကးေလာကရဲ႕ လႈပ္ရွားမႈေတြ၊ရင္းႏွီးျမႇဳပ္ႏွံမႈပုံစံအသစ္ေတြနဲ႔ စီးပြားေရးဆိုင္ရာ ေခတ္ေရစီးေၾကာင္းေတြကို နားလည္ထားဖို႔
လိုအပ္ပါတယ္။

CPD လုပ္ရသည့္ ပုံစံမ်ား:
(က) ပညာရပ္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ သင္တန္းမ်ား (Professional Body Courses): ACCA၊CPA စတဲ့ အဖြဲ႕အစည္းေတြက ေပးတဲ့ CPD သင္တန္းေတြ တက္ေရာက္တာ၊ Webinar ေတြတက္တာမ်ိဳး ျဖစ္ပါတယ္။
(ခ) ဥပေဒဆိုင္ရာ ေဆြးေႏြးပြဲမ်ား: အခြန္၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္တဲ့ ဥပေဒအသစ္ေတြကိုေဆြးေႏြးတဲ့ ဆီမီနာေတြ တက္ေရာက္ႏိုင္ပါတယ္။
(ဂ) အြန္လိုင္းသင္တန္းမ်ား (Online Courses): Financial Modeling၊ Data Analytics for Financeစတဲ့ အြန္လိုင္းသင္တန္းေတြ သင္ယူႏိုင္ပါတယ္။

(၅/၃) နည္းပညာ ပညာရွင္မ်ား (Technology Professionals)
 CPD လုပ္ရသည့္ အေၾကာင္းရင္းမ်ား:
o နည္းပညာ အရွိန္အဟုန္ျမန္စြာ ေျပာင္းလဲမႈ: နည္းပညာေလာကကအၿမဲေျပာင္းလဲေနပါတယ္။ Programming Language အသစ္ေတြ၊ Framework အသစ္ေတြနဲ႔
Cybersecurity ဆိုင္ရာ ၿခိမ္းေျခာက္မႈေတြကို သိရွိနားလည္ဖို႔ လိုအပ္ပါတယ္။
o ၿပိဳင္ဆိုင္ႏိုင္စြမ္း တိုးျမႇင့္ရန္: နည္းပညာကြၽမ္းက်င္မႈေတြ တိုးတက္ေနမွသာ လုပ္ငန္းခြင္မွာၿပိဳင္ဆိုင္ႏိုင္စြမ္းရွိၿပီး ပိုမိုေကာင္းမြန္တဲ့ အလုပ္အကိုင္အခြင့္အလမ္းေတြ ရႏိုင္မွာ ျဖစ္ပါတယ္။

 CPD လုပ္ရသည့္ ပုံစံမ်ား:
o လက္မွတ္ရ သင္တန္းမ်ား (Certifications): AWS (Amazon Web Services)၊ Microsoft Azure၊ Google Cloud စတဲ့ နည္းပညာဆိုင္ရာ လက္မွတ္ရသင္တန္းေတြ တက္ေရာက္ၿပီးကြၽမ္းက်င္မႈကို အသိအမွတ္ျပဳခံႏိုင္ပါတယ္။
o Coding Bootcamps ႏွင့္ အြန္လိုင္း Platform မ်ား: Udemy၊ Coursera၊ Pluralsight စတဲ့ Online Platform ေတြမွာ လိုအပ္တဲ့ Programming Skill ေတြ၊ Data Science Skill ေတြကိုသင္ယူႏိုင္ပါတယ္။
o နည္းပညာညီလာခံမ်ား တက္ေရာက္ျခင္း: Tech Conference ေတြမွာ ပါဝင္ၿပီးနည္းပညာနယ္ပယ္က ေခါင္းေဆာင္ေတြနဲ႔ ဆက္သြယ္မိတ္ေဆြဖြဲ႕ကာ ဗဟုသုတ
ဖလွယ္ႏိုင္ပါတယ္။

(၅/၄) ပညာေရး ပညာရွင္မ်ား (Education Professionals)
 CPD လုပ္ရသည့္ အေၾကာင္းရင္းမ်ား:
o သင္ၾကားေရး ပုံစံမ်ား ေခတ္မီေစရန္: ေက်ာင္းသားေတြရဲ႕ စိတ္ဝင္စားမႈ၊လိုအပ္ခ်က္ေတြက ေျပာင္းလဲေနတာေၾကာင့္ ေခတ္မီတဲ့ သင္ၾကားနည္းစနစ္ေတြ၊စိတ္ ပညာဆိုင္ရာ ခ်ဥ္းကပ္ပုံေတြကို ေလ့လာဖို႔လိုအပ္ပါတယ္။
o သုေတသနႏွင့္ ပညာရပ္ဆိုင္ရာ တိုးတက္မႈ: ကိုယ့္ရဲ႕ဘာသာရပ္နယ္ပယ္မွာ ေနာက္ဆုံးေပၚရွာေဖြေတြ႕ရွိမႈေတြကို အၿမဲေလ့လာၿပီး ေက်ာင္းသားေတြကို တိက်တဲ့ အခ်က္အလက္ေတြေပးႏိုင္ဖို႔လိုအပ္ပါတယ္။

 CPD လုပ္ရသည့္ ပုံစံမ်ား:
o ပညာေရးဆိုင္ရာ သင္တန္းမ်ား: ဆရာအတတ္ပညာဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲေတြ၊ဒီပလိုမာသင္တန္းေတြ တက္ေရာက္ႏိုင္ပါတယ္။
o သုေတသန လုပ္ငန္းမ်ား: ကိုယ့္ရဲ႕ဘာသာရပ္နယ္ပယ္မွာ သုေတသနလုပ္ငန္းေတြလုပ္ေဆာင္ၿပီး ေဆာင္းပါးေတြ ေရးသားထုတ္ေဝႏိုင္ပါတယ္။
o ညီလာခံမ်ားႏွင့္ ကြန္ရက္ခ်ိတ္ဆက္မႈမ်ား: ပညာေရးဆိုင္ရာ ကြန္ဖရင့္ေတြ၊ ေဆြးေႏြးပြဲေတြတက္ေရာက္ၿပီး အေတြ႕အႀကဳံရွိတဲ့ ပညာရွင္ေတြနဲ႔ ေဆြးေႏြးဖလွယ္ႏိုင္ပါတယ္။

(၅/၅) ဗိသုကာႏွင့္ အင္ဂ်င္နီယာ ပညာရွင္မ်ား (Architects and Engineers)
 CPD လုပ္ရသည့္ အေၾကာင္းရင္းမ်ား:
o ေဘးအႏၲရာယ္ကင္းရွင္းေရးႏွင့္ စံခ်ိန္စံႏႈန္းမ်ား: ေဆာက္လုပ္ေရးဆိုင္ရာေဘးအႏၲရာယ္ကင္းရွင္းေရး စံႏႈန္းေတြ၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ ဥပေဒေတြ
ေျပာင္းလဲေနတာေၾကာင့္ ဒီအခ်က္ေတြကို လိုက္နာႏိုင္ဖို႔ လိုအပ္ပါတယ္။
o နည္းပညာအသစ္မ်ား အသုံးျပဳႏိုင္ရန္: BIM (Building Information Modeling) လိုမ်ိဳးဒီဇိုင္းေရးဆြဲတဲ့ ေဆာ့ဖ္ဝဲအသစ္ေတြနဲ႔ ေဆာက္လုပ္ေရးနည္းပညာအ သစ္ေတြကို ေလ့လာၿပီးပိုမိုထိေရာက္စြာ လုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္ပါတယ္။

 CPD လုပ္ရသည့္ ပုံစံမ်ား:
o ပညာရွင္အသင္းမ်ားတြင္ ပါဝင္ျခင္း: ျမန္မာႏိုင္ငံ အင္ဂ်င္နီယာေကာင္စီ (MEPC)၊ဗိသုကာပညာရွင္ေကာင္စီ (MAC) စတဲ့ အဖြဲ႕အစည္းေတြရဲ႕ သင္တန္းေတြ၊ ေဆြး ေႏြးပြဲေတြမွာပါဝင္ႏိုင္ပါတယ္။
o နည္းပညာေဆာ့ဖ္ဝဲ သင္တန္းမ်ား: AutoCAD၊ Revit လိုမ်ိဳး ဒီဇိုင္းဆြဲတဲ့ေဆာ့ဖ္ဝဲအသစ္ေတြရဲ႕ အသုံးျပဳပုံကို သင္ယူႏိုင္ပါတယ္။
o စံခ်ိန္စံႏႈန္းဆိုင္ရာ စာတမ္းမ်ား ဖတ္ရႈျခင္း: ေဆာက္လုပ္ေရးဆိုင္ရာ စံႏႈန္းအသစ္ေတြ၊အေဆာက္အအုံတည္ေဆာက္ေရးဆိုင္ရာ လမ္းၫႊန္ခ်က္ေတြကို ဖတ္ရႈေလ့ လာႏိုင္ပါတယ္။

(၅/၆) Management Consultant ႏွင့္ Business Consultant မ်ား
Consultant ေတြဟာ Client ေတြကို အေကာင္းဆုံးအႀကံေပးႏိုင္ဖို႔ ေခတ္နဲ႔အညီ ျဖစ္ေနရပါမယ္။သူတို႔အတြက္ CPD လုပ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့-
 လုပ္ငန္းခြင္ ဗဟုသုတ တိုးတက္ဖို႔: စီးပြားေရးေလာက၊ ေစ်းကြက္နဲ႔ နည္းပညာေတြကအၿမဲေျပာင္းလဲေနပါတယ္။ ဒီလိုေျပာင္းလဲမႈေတြကို အမီလိုက္ႏိုင္မွသာ Client ေတြရဲ႕ျပႆနာေတြကို ထိေရာက္စြာ ေျဖရွင္းေပးႏိုင္မွာပါ။
 ပညာရပ္ဆိုင္ရာ ကြၽမ္းက်င္မႈ ထိန္းသိမ္းဖို႔: Data Analysis ၊ Project Management ၊ Marketing Strategy အသစ္ေတြ စတဲ့ ကြၽမ္းက်င္မႈေတြကို အၿမဲမျပတ္ ေလ့လာေနဖို႔ လိုအပ္ပါတယ္။
 ယုံၾကည္မႈ တည္ေဆာက္ဖို႔: Client ေတြက ကိုယ့္ကို ယုံၾကည္စိတ္ခ်ၿပီး အႀကံဉာဏ္ေတြလာေတာင္းတာပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အသိပညာက ေခတ္ေနာက္က်ေနရင္ သူတို႔ရဲ႕ယုံၾကည္မႈကို ထိခိုက္ေစႏိုင္ပါတယ္။

Consultant ေတြအတြက္ CPD ပုံစံေတြကေတာ့-
 MBA (Master of Business Administration) လို ပညာရပ္ဆိုင္ရာ ဘြဲ႕ေတြ ထပ္မံသင္ယူတာ
 Project Management Professional (PMP) ဒါမွမဟုတ္ Certified Management Consultant (CMC) လိုမ်ိဳး လက္မွတ္ရသင္တန္းေတြ တက္တာ
 အလုပ္႐ုံေဆြးေႏြးပြဲေတြ၊ စီးပြားေရးဆိုင္ရာ ညီလာခံေတြ တက္တာ
 လုပ္ငန္းခြင္နဲ႔ဆိုင္တဲ့ စာအုပ္ေတြ၊ ဂ်ာနယ္ေတြ၊ Research Paper ေတြ အၿမဲဖတ္ရႈေနတာ
 နည္းပညာအသစ္ေတြ၊ စီးပြားေရးဆိုင္ရာ Trend အသစ္ေတြကို ေလ့လာေနတာ စသျဖင့္လုပ္ေဆာင္ႏိုင္ပါတယ္။

(၅/၇) တကၠသိုလ္ဆရာ၊ ပါေမာကၡမ်ား
တကၠသိုလ္ဆရာေတြရဲ႕ တာဝန္က ေက်ာင္းသားေတြကို ေခတ္မီတဲ့ အသိပညာနဲ႔ ဗဟုသုတေတြ ေပးအပ္ဖို႔ပါ။သူတို႔အတြက္ CPD လုပ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့-
 သင္ၾကားမႈ အရည္အေသြး ျမင့္မားေစဖို႔: ေခတ္မီသင္ၾကားနည္းစနစ္ေတြ၊ သင္ၾကားေရးနည္းပညာအသစ္ေတြ (ဥပမာ- Online Learning Platform ေတြ) ကို ေလ့လာသင္ယူၿပီးေက်ာင္းသားေတြကို ပိုၿပီး ထိေရာက္စြာ သင္ၾကားႏိုင္ပါတယ္။
 ပညာရပ္ဆိုင္ရာ ေခါင္းေဆာင္မႈ ထိန္းသိမ္းႏိုင္ဖို႔: ကိုယ့္ရဲ႕ ပညာရပ္နယ္ပယ္မွာ ေနာက္ဆုံးေပၚသုေတသနေတြ၊ ေတြ႕ရွိခ်က္ေတြကို အၿမဲေလ့လာၿပီး ေက်ာင္းသားေတြကို အေကာင္းဆုံးလမ္းၫႊန္ေပးႏိုင္ပါတယ္။
 သုေတသန လုပ္ငန္းမ်ား ထိေရာက္ဖို႔: ကိုယ့္ရဲ႕ ပညာရပ္နယ္ပယ္မွာ လုပ္ေနတဲ့ သုေတသနေတြကေခတ္မီၿပီး အသိအမွတ္ျပဳခံရဖို႔အတြက္ CPD က မရွိမျဖစ္လိုအပ္ပါတယ္။တကၠသိုလ္ဆရာ၊ ပါေမာကၡေတြအတြက္ CPD ပုံစံေတြကေတာ့-
 PhD (Doctor of Philosophy) လိုမ်ိဳး ပညာရပ္ဆိုင္ရာ ဘြဲ႕ေတြ ထပ္တိုးယူတာ
 ကိုယ့္ပညာရပ္နယ္ပယ္နဲ႔ဆိုင္တဲ့ ႏိုင္ငံတကာ ဂ်ာနယ္ေတြမွာ သုေတသနေဆာင္းပါးေတြေရးသားထုတ္ေဝတာ
 ပညာေရးဆိုင္ရာ ကြန္ဖရင့္ေတြ၊ ေဆြးေႏြးပြဲေတြ တက္ေရာက္ၿပီး မိမိရဲ႕ သုေတသနရလဒ္ေတြကို Presentation လုပ္တာ
 သင္ၾကားေရးဆိုင္ရာ သင္တန္းေတြ၊ အလုပ္႐ုံေဆြးေႏြးပြဲေတြ တက္တာ
 လုပ္ငန္းအဖြဲ႕အစည္းေတြ (Professional Associations) မွာ ပါဝင္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈ ျပဳလုပ္တာစသျဖင့္ လုပ္ေဆာင္ႏိုင္ပါတယ္။

ဒီအလုပ္အကိုင္ေတြဟာ အဖြဲ႕အစည္းရဲ႕ စည္းမ်ဥ္းအရ မျဖစ္မေန CPD လုပ္ရမယ္လို႔ သတ္မွတ္ထားတာမ်ိဳးမရွိေပမယ့္ ကိုယ့္ရဲ႕ လုပ္ငန္းခြင္ အရည္အခ်င္းနဲ႔ ပေရာ္ဖက္ရွင္နယ္ ဂုဏ္သိကၡာကို ထိန္းသိမ္းဖို႔အတြက္ CPD ဟာ အလြန္အေရးပါတဲ့ လုပ္ငန္းစဥ္တစ္ခု ျဖစ္ပါတယ္။

(၆) CPD မလုပ္သူ၏ အားနည္းခ်က္မ်ား
CPD ကို အေလးမထားဘဲ လက္ရွိအေျခအေနအတိုင္းသာ ဆက္လက္ရပ္တည္ေနသူေတြဟာ‌ေအာက္ပါအားနည္းခ်က္ မ်ားစြာကို ႀကဳံေတြ႕ရႏိုင္ပါတယ္-

(၆/၁)ကြၽမ္းက်င္မႈႏွင့္ ဗဟုသုတ (Skills and Knowledge):
မိမိရဲ႕ ကြၽမ္းက်င္မႈနဲ႔ ဗဟုသုတေတြဟာ ေခတ္ေနာက္က် က်န္ရစ္ႏိုင္ပါတယ္။ လုပ္ငန္းနယ္ပယ္ရဲ႕တိုးတက္ေျပာင္းလဲမႈေတြနဲ႔ အမီလိုက္ႏိုင္ဖို႔ ခက္ခဲလာပါလိမ့္မယ္။ ရွိရင္းစြဲ အရည္အခ်င္းေတြဟာအခ်ိန္ၾကာလာတာနဲ႔အမွ် တန္ဖိုးေလ်ာ့ လာႏိုင္ပါတယ္။

(၆/၂) လုပ္ငန္းခြင္ စြမ္းေဆာင္ရည္ (Job Performance and Productivity):
အလုပ္ကို လုပ္ရတာ စိန္ေခၚမႈမ်ား မ်ားလာႏိုင္ၿပီး စြမ္းေဆာင္ရည္နဲ႔ ထုတ္လုပ္ႏိုင္စြမ္း က်ဆင္း လာႏိုင္ပါတယ္။အသစ္ေပၚလာတဲ့ စိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ခက္ခဲႏိုင္ပါတယ္။

(၆/၃) အသက္ေမြးဝမ္းေၾကာင္း တိုးတက္မႈ (Career Advancement):
ရာထူးတိုးဖို႔နဲ႔ ပိုေကာင္းတဲ့ အခြင့္အေရးေတြ ရဖို႔အတြက္ ၿပိဳင္ဘက္ေတြထက္ ေနာက္က်က်န္ခဲ့ႏိုင္ပါတယ္။ဝင္ေငြတိုးျမႇင့္ႏိုင္တဲ့ အလားအလာ နည္းပါးႏိုင္ပါတယ္။

(၆/၄) လိုက္ေလ်ာညီေထြျဖစ္မႈႏွင့္ ယုံၾကည္မႈ (Adaptability and Confidence):
လုပ္ငန္းခြင္ ေျပာင္းလဲမႈေတြကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ျပဳလုပ္ဖို႔ ပိုမိုခက္ခဲၿပီး စိတ္ဖိစီးမႈေတြ ပိုမ်ားလာႏိုင္ ပါတယ္။ မိမိရဲ႕ အရည္အခ်င္းအေပၚ ယုံၾကည္မႈ ေလ်ာ့နည္းလာႏိုင္ပါတယ္။

(၆/၅) ပေရာ္ဖက္ရွင္နယ္ ကြန္ရက္ (Professional Network):
လုပ္ငန္းနယ္ပယ္မွာ ပိုမိုက်ယ္ျပန႔္တဲ့ ဆက္သြယ္မႈေတြ ပိုင္ဆိုင္ခြင့္ နည္းပါး ၿပီး အထီးက်န္သလိုခံစားရႏိုင္ပါတယ္။အခ်ဳပ္အားျဖင့္ဆိုေသာ္ CPD သည္ ပညာရွင္တစ္ဦးခ်င္းအတြက္သာမကဘဲ၊ မိမိတို႔ လုပ္ကိုင္ေနေသာအဖြဲ႕အစည္းႏွင့္ လုပ္ငန္းနယ္ပယ္တစ္ခုလုံးအတြက္ပါ တိုးတက္မႈ၊ ဆန္းသစ္တီထြင္မႈႏွင့္ စံႏႈန္းသတ္မွတ္ခ်က္
ျမင့္မားမႈကို ေဆာင္ၾကဥ္း ေပးႏိုင္ပါတယ္။CPD ေဆာင္႐ြက္သူနဲ႔မေဆာင္႐ြက္သူၾကားမွာ ကြာဟမႈကအခ်ိန္ႏွင့္အမွ်ႀကီးသည္ထက္ ႀကီးမား လာတတ္ တဲ့အတြက္ CPD ကိုဘဝတြက္တာေဆာင္႐ြက္စရာလုပ္ငန္းစဥ္တစ္ခုအေနျဖင့္ မျဖစ္မေနေဆာင္႐ြက္သင့္ ပါေၾကာင္းေရးသားအပ္ပါတယ္။

ဥကၠာျမင့္ (OMEGA Consultancy)

Be the first to comment

Leave a Reply

Your email address will not be published.


*