
ငွေကြေးနှင့်ပတ်သက်လာရင် လူအများစုအတွက် စိတ်လှုပ်ရှားဖွယ်ရာခံစားချက်များဖြစ်စေပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်မောရတာ၊ ပျော်ရွှင်ရတာ၊ စိတ်လှုပ်ရှားရတာ၊စိတ်ဖိစီးရတာ စတဲ့ခံစားချက်ပေါင်းစုံ ရောယှက်နေတတ်ပါတယ်။ စီးပွားရေးမတည်ငြိမ်မှုများ
ကြုံတွေ့နေရချိန် (သို့မဟုတ်) ကိုယ်တိုင်က ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတာမဟုတ်ဘူးဆိုရင် ဒီစိုးရိမ်ပူပန်မှုများက ပိုမိုမြင့်တက်လာနိုင်ပါတယ်။ ဒါပေမဲ့မျှော်လင့်ချက်တခုရှိတာက ငွေကြေးဆိုင်ရာ စိတ်ခံစားချက်များကို ထိန်းချုပ်ပြီးဘဏ္ဍာရေးတည်ငြိမ်မှုကို ရှာဖွေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ဒီနေရာမှာ သင့်ရဲ့ကိုယ်ပိုင်ငွေကြေးနဲ့ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေတည်ဆောက်ဖို့နဲ့ငွေကြေးကို ထိန်းချုပ်နိုင်စေဖို့အတွက် HBR Ascend က စာရေးဆရာများရဲ့အကြံပြုချက်များကို ပြန်လည်မျှဝေပေးချင်ပါတယ်။
ငွေနဲ့ပတ်သက်တဲ့ ကန့်သတ်ထားတဲ့ခံယူချက်များကို စွန့်လွှတ်ပါ
စာရေးဆရာ Anne-Lyse Wealth ရဲ့ အဆိုအရ ချမ်းသာမှုရရှိဖို့ ပထမဆုံးအဆင့်ကတော့သင်က အဲဒီချမ်းသာမှုကို ခံစားထိုက်တယ်ဆိုတဲ့ ယုံကြည်မှုပဲဖြစ်ပါတယ်တဲ့။ ငွေကြေးအပေါ်မှန်ကန်တဲ့စိတ်ထား (Money Mindset) ကိုတည်ဆောက်ဖို့က အလွန်အရေးကြီးပါတယ်လို့စာရေးသူက ဆိုထားပါတယ်။ နေ့စဉ် သင်ကချမ်းသာကြွယ်ဝမှုကို မျှော်လင့်ထိုက်ကြောင်းသတိရပါ။ ငွေနဲ့ပတ်သက်တဲ့ မကောင်းတဲ့စိတ်ကူးများအစား အပြုသဘောဆောင်တဲ့အတွေးများကို အစားထိုးပါ။ ဒီလိုလုပ်တာက လစာတိုးတောင်းတာ၊ လုပ်ခလစာကိုညှိနှိုင်းတာစတဲ့ အလုပ်ခါင်ဆိုင်ရာ လုပ်ဆောင်ချက်များကို ယုံကြည်မှုရှိစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
သင့်ငွေကို ကိုယ်တိုင်စီမံပါ
မမျှော်လင့်ထားတဲ့ ငွေကြေးအရေးပေါ်အခြေအနေများ ကြုံတွေ့ရပါက ယုံကြည်စိတ်ချရတဲ့မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော် ကိုင်ဖက်တစ်ဦးဦးထံ အကူအညီတောင်းပါ။ ဒါ့အပြင် Payment Plan ကိုရေးဆွဲပါ။ အကြွေးကင်းစင်တဲ့ အခြေအနေကို မသွားနိုင်ခင်မှာ ထိရောက်တဲ့အကြွေးယူစနစ်ကို စနစ်တကျစီမံပါ။
ငွေကြေးပန်းတိုင်များအတွက် အချိန်ဇယားသတ်မှတ်ပါ
ဘဏ္ဍာရေးကျွမ်းကျင်သူ Bobbi Rebell ရဲ့ အဆိုအရ ပန်းတိုင်များကို သင့်လက်ရှိဘဏ္ဍာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ အချိန်ဇယားကို သတ်မှတ်ပါ။ မဖြစ်နိုင်ပါက အချိန်ကိုဆွဲဆန့်တာ ဒါမှမဟုတ် ဝင်ငွေတိုးမြှင့်နိုင်တဲ့ နည်းလမ်းများကိုရှာဖွေပါလို့ဆိုထားပါတယ်။
အရေးပေါ်ငွေကြေးစုဆောင်းပါ
စာရေးဆရာ Kiara Taylor ရဲ့ အကြံပြုချက်အရ အရေးပေါ်အသုံးစရိတ်အတွက် အနည်းဆုံးဒေါ်လာ ၁,၀၀၀ စုဆောင်းထားပါ။ ဒီငွေက စိတ်ဖိစီးမှုများ (ဥပမာ – အလုပ်ထုတ်ခံရခြင်း၊ကျန်းမာရေးပြဿနာများ၊ မမျှော်လင့်ထားတဲ့ ငွေကြေးကုန်ကျမှုများ) ကြုံတွေ့ရတဲ့အခါ
စိတ်သက်သာရာရစေပြီး ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်ကို တိုးတက်စေပါတယ်။
ရင်းနှီးမြှုပ်နှံမှုမျိုးစုံပြုလုပ်ပါ
ဘဏ်တွင်းငွေစုတာက ငွေကြေးတန်ဖိုးကျဆင်းမှုကို မကာကွယ်နိုင်ပါဘူး။ စီးပွားရေးပညာရှင် Matthew Blume ရဲ့ အဆိုအရ စတော့ခ်၊ ငွေချေးစာချုပ် (Bonds)၊ ရွှေ၊ အိမ်ခြံမြေ စတဲ့ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးကို မျှဝေရင်းနှီးပါ။ ဒီလိုပြုလုပ်တာက ဘဏ္ဍာရေးစီးပွားပျက်ကပ်ကနေကာကွယ်နိုင်ပြီး ရေရှည်မှာ ပိုမိုတိုးတက်တဲ့အကျိုးအမြတ်ရရှိနိုင်ပါတယ်။ဒီနည်းလမ်းများကို အသုံးပြုပြီး သင့်ဘဏ္ဍာရေးကို စနစ် တကျစီမံကာ စိတ်ချမ်းသာစွာနဲ့အနာဂတ်ကို တည်ဆောက်နိုင်ပါတယ်
ကျော့ကေခိုင်
zawgyi
ေငြေၾကးႏွင့္ပတ္သက္လာရင္ လူအမ်ားစုအတြက္ စိတ္လႈပ္ရွားဖြယ္ရာခံစားခ်က္မ်ားျဖစ္ေစပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီး စိတ္ေမာရတာ၊ ေပ်ာ္႐ႊင္ရတာ၊ စိတ္လႈပ္ရွားရတာ၊စိတ္ဖိစီးရတာ စတဲ့ခံစားခ်က္ေပါင္းစုံ ေရာယွက္ေနတတ္ပါတယ္။ စီးပြားေရးမတည္ၿငိမ္မႈမ်ား
ႀကဳံေတြ႕ေနရခ်ိန္ (သို႔မဟုတ္) ကိုယ္တိုင္က ခ်မ္းသာတဲ့မိသားစုကေနဆင္းသက္လာတာမဟုတ္ဘူးဆိုရင္ ဒီစိုးရိမ္ပူပန္မႈမ်ားက ပိုမိုျမင့္တက္လာႏိုင္ပါတယ္။ ဒါေပမဲ့ေမွ်ာ္လင့္ခ်က္တခုရွိတာက ေငြေၾကးဆိုင္ရာ စိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္ၿပီးဘ႑ာေရးတည္ၿငိမ္မႈကို ရွာေဖြႏိုင္တယ္ဆိုတဲ့ အခ်က္ပါပဲ။ဒီေနရာမွာ သင့္ရဲ႕ကိုယ္ပိုင္ေငြေၾကးနဲ႔ ပိုမိုေကာင္းမြန္တဲ့ ခ်ိတ္ဆက္မႈေတြတည္ေဆာက္ဖို႔နဲ႔ေငြေၾကးကို ထိန္းခ်ဳပ္ႏိုင္ေစဖို႔အတြက္ HBR Ascend က စာေရးဆရာမ်ားရဲ႕အႀကံျပဳခ်က္မ်ားကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။
ေငြနဲ႔ပတ္သက္တဲ့ ကန႔္သတ္ထားတဲ့ခံယူခ်က္မ်ားကို စြန႔္လႊတ္ပါ
စာေရးဆရာ Anne-Lyse Wealth ရဲ႕ အဆိုအရ ခ်မ္းသာမႈရရွိဖို႔ ပထမဆုံးအဆင့္ကေတာ့သင္က အဲဒီခ်မ္းသာမႈကို ခံစားထိုက္တယ္ဆိုတဲ့ ယုံၾကည္မႈပဲျဖစ္ပါတယ္တဲ့။ ေငြေၾကးအေပၚမွန္ကန္တဲ့စိတ္ထား (Money Mindset) ကိုတည္ေဆာက္ဖို႔က အလြန္အေရးႀကီးပါတယ္လို႔စာေရးသူက ဆိုထားပါတယ္။ ေန႔စဥ္ သင္ကခ်မ္းသာႂကြယ္ဝမႈကို ေမွ်ာ္လင့္ထိုက္ေၾကာင္းသတိရပါ။ ေငြနဲ႔ပတ္သက္တဲ့ မေကာင္းတဲ့စိတ္ကူးမ်ားအစား အျပဳသေဘာေဆာင္တဲ့အေတြးမ်ားကို အစားထိုးပါ။ ဒီလိုလုပ္တာက လစာတိုးေတာင္းတာ၊ လုပ္ခလစာကိုညႇိႏႈိင္းတာစတဲ့ အလုပ္ခါင္ဆိုင္ရာ လုပ္ေဆာင္ခ်က္မ်ားကို ယုံၾကည္မႈရွိစြာလုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္။
သင့္ေငြကို ကိုယ္တိုင္စီမံပါ
မေမွ်ာ္လင့္ထားတဲ့ ေငြေၾကးအေရးေပၚအေျခအေနမ်ား ႀကဳံေတြ႕ရပါက ယုံၾကည္စိတ္ခ်ရတဲ့မိသားစု၊ သူငယ္ခ်င္း ဒါမွမဟုတ္ လုပ္ေဖာ္ ကိုင္ဖက္တစ္ဦးဦးထံ အကူအညီေတာင္းပါ။ ဒါ့အျပင္ Payment Plan ကိုေရးဆြဲပါ။ အေႂကြးကင္းစင္တဲ့ အေျခအေနကို မသြားႏိုင္ခင္မွာ ထိေရာက္တဲ့အေႂကြးယူစနစ္ကို စနစ္တက်စီမံပါ။
ေငြေၾကးပန္းတိုင္မ်ားအတြက္ အခ်ိန္ဇယားသတ္မွတ္ပါ
ဘ႑ာေရးကြၽမ္းက်င္သူ Bobbi Rebell ရဲ႕ အဆိုအရ ပန္းတိုင္မ်ားကို သင့္လက္ရွိဘ႑ာေရးအေျခအေနနဲ႔ ကိုက္ညီတဲ့ အခ်ိန္ဇယားကို သတ္မွတ္ပါ။ မျဖစ္ႏိုင္ပါက အခ်ိန္ကိုဆြဲဆန႔္တာ ဒါမွမဟုတ္ ဝင္ေငြတိုးျမႇင့္ႏိုင္တဲ့ နည္းလမ္းမ်ားကိုရွာေဖြပါလို႔ဆိုထားပါတယ္။
အေရးေပၚေငြေၾကးစုေဆာင္းပါ
စာေရးဆရာ Kiara Taylor ရဲ႕ အႀကံျပဳခ်က္အရ အေရးေပၚအသုံးစရိတ္အတြက္ အနည္းဆုံးေဒၚလာ ၁,၀၀၀ စုေဆာင္းထားပါ။ ဒီေငြက စိတ္ဖိစီးမႈမ်ား (ဥပမာ – အလုပ္ထုတ္ခံရျခင္း၊က်န္းမာေရးျပႆနာမ်ား၊ မေမွ်ာ္လင့္ထားတဲ့ ေငြေၾကးကုန္က်မႈမ်ား) ႀကဳံေတြ႕ရတဲ့အခါ
စိတ္သက္သာရာရေစၿပီး ဘ႑ာေရးစီမံခန႔္ခြဲမႈစြမ္းရည္ကို တိုးတက္ေစပါတယ္။
ရင္းႏွီးျမႇဳပ္ႏွံမႈမ်ိဳးစုံျပဳလုပ္ပါ
ဘဏ္တြင္းေငြစုတာက ေငြေၾကးတန္ဖိုးက်ဆင္းမႈကို မကာကြယ္ႏိုင္ပါဘူး။ စီးပြားေရးပညာရွင္ Matthew Blume ရဲ႕ အဆိုအရ စေတာ့ခ္၊ ေငြေခ်းစာခ်ဳပ္ (Bonds)၊ ေ႐ႊ၊ အိမ္ၿခံေျမ စတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ိဳးမ်ိဳးကို မွ်ေဝရင္းႏွီးပါ။ ဒီလိုျပဳလုပ္တာက ဘ႑ာေရးစီးပြားပ်က္ကပ္ကေနကာကြယ္ႏိုင္ၿပီး ေရရွည္မွာ ပိုမိုတိုးတက္တဲ့အက်ိဳးအျမတ္ရရွိႏိုင္ပါတယ္။ဒီနည္းလမ္းမ်ားကို အသုံးျပဳၿပီး သင့္ဘ႑ာေရးကို စနစ္ တက်စီမံကာ စိတ္ခ်မ္းသာစြာနဲ႔အနာဂတ္ကို တည္ေဆာက္ႏိုင္ပါတယ္
ေက်ာ့ေကခိုင္
Leave a Reply