ညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေရဲ့ လက္ခဏာ (၅)ချက်

ထူးချွန်တဲ့ခေါင်းဆောင်တယောက်မှာရှိသင့်တဲ့အရည်အချင်းတွေရှိသလိုပဲညံ့ဖျင်းတဲ့ခေါင်းဆောင်တွေမှာလည်း သူ့ရဲ့ ကြန်အင်လက္ခဏာတွေရှိပါတယ်။ဘယ်အချက်တွေက ညံ့ဖျင်းတဲ့ခေါင်းဆောင်ဖြစ်စေသလဲဆိုတာကို ကြည့်ကြရအောင်ပါ။

အမြော်အမြင်မရှိတာ

ဒီအချက်က အရေးအကြီးဆုံးအချက်ပါပဲ။ ခေါင်းဆောင်က လူတိုင်းလုပ်လို့ရပါတယ်။ ဒါပေမဲ့ဉာဏ်အမြော်အမြင်ကတော့‌ ခေါင်းဆောင်တိုင်းမှာ မရှိနိုင်ပါဘူး။ ကိုယ့်လုပ်ငန်းရဲ့မဟာဗျူဟာပန်းတိုင်များကို မောင်းနှင်ဖို့အတွက် ရည်ရွယ်ချက်တခုရှိဖို့လိုအပ်ပါတယ်။ဝန်ထမ်းများကို တာဝန်ပေးအပ်တာတွေရဲ့ နောက်ကွယ်မှာရှင်းလင်းပြတ်သားတဲ့အမြင်မျိုးမရှိပါက သူတို့ရဲ့အထက်အရာရျိကိုယုံကြည်မှုပျောက် ဆုံးသွားကြမှာပါ။

ရလဒ်များ မထုတ်ပေးနိုင်တာ

ဒီအချက်က ရိုးရှင်းပါတယ်။ ခေါင်းဆောင်ဆိုတာ အရာရာတိုင်းမှာ အောင်မြင်မှာမဟုတ်ပေမယ့်ထူးချွန်တဲ့သူတွေကတော့ သူတို့ရဲ့ ကြိုး စားအားထုတ်မှုတွေကို ပြသဖို့ တစ်ခုခုတော့ရှိပါလိမ့်မယ်။ တချို့လူတွေက အပြောသာရှိပေမဲ့ တကယ့်ရလဒ်ကိုပြဖို့တော့အခက် အခဲရှိကြပါတယ်။

စိတ်အားထက်သန်မှု

လူတစ်ဦးတစ်ယောက်က အခြားသူများကို မြှင့်တင်ဖို့၊ လှုံ့ဆော်မှု မပေးနိုင်ပါကခေါင်းဆောင်တဦးမဖြစ်ပြီး သိသင့်တဲ့အချက်တွေ လေ့ လာသင်ယူဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် ခေါင်းဆောင်မှုဆိုတာက ကိုယ့်အဖွဲ့အစည်းမှာရှိတဲ့ အဖွဲ့သားတွေကိုလှုံ့ဆော်ပေးနိုင်သလို၊ ကိုယ်ကိုယ်တိုင်ကလည်း စိတ်အားထက်သန်မှု၊ ယုံကြည်မှုရှိဖို့လိုပါတယ်။

ယုံကြည်မှုလွန်ကဲတာ

ခေါင်းဆောင်ကောင်းတစ်ဦးက ကြောက်ရွံ့မှုကင်းပြီး စိန်ခေါ်မှုများကိုစိတ်ချလက်ချရင်ဆိုင်နိုင်ကြပါတယ်။ သို့ပေမဲ့ ညံ့ဖျင်းတဲ့ခေါင်း ဆောင်များကတော့ယုံကြည်မှုလွန်ကဲ့ပြီး စွန့်စားရနိုင်ပါတယ်။ မာနကြီးသူ၊ အတ္တကြီးသူတွေအနေနဲ့ခေါင်းဆောင်မဖြစ်မီ သင်ယူစရာများစွာရှိနေတတ်ပါတယ်။

မနာလိုတာ

ဒီအချက်ကတော့ လူတယောက်ကို ပျက်စီးစေတဲ့အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်တွေမှာမရှိသင့်တဲ့ အချက်တခုဖြစ်ပြီးတော့ အသင်း အဖွဲ့မှာ အပျက်သဘောဆောင်တဲ့ဆက်ဆံရေးတွေဖြစ်စေနိုင်ပါတယ်။ ကြီးမြတ်တဲ့ ခေါင်းဆောင်ဖြစ်လိုသူတိုင်းအတွက် အဓိက
အတားအဆီးတခုဖြစ်ပါလိမ့်မယ်။

MYit

zawgyi

ထူးခြၽန္တဲ့ေခါင္းေဆာင္တေယာက္မွာရွိသင့္တဲ့အရည္အခ်င္းေတြရွိသလိုပဲညံ့ဖ်င္းတဲ့ေခါင္းေဆာင္ေတြမွာလည္း သူ႔ရဲ႕ ၾကန္အင္လကၡဏာေတြရွိပါတယ္။ဘယ္အခ်က္ေတြက ညံ့ဖ်င္းတဲ့ေခါင္းေဆာင္ျဖစ္ေစသလဲဆိုတာကို ၾကည့္ၾကရေအာင္ပါ။

အေျမာ္အျမင္မရွိတာ

ဒီအခ်က္က အေရးအႀကီးဆုံးအခ်က္ပါပဲ။ ေခါင္းေဆာင္က လူတိုင္းလုပ္လို႔ရပါတယ္။ ဒါေပမဲ့ဉာဏ္အေျမာ္အျမင္ကေတာ့‌ ေခါင္းေဆာင္တိုင္းမွာ မရွိႏိုင္ပါဘူး။ ကိုယ့္လုပ္ငန္းရဲ႕မဟာဗ်ဴဟာပန္းတိုင္မ်ားကို ေမာင္းႏွင္ဖို႔အတြက္ ရည္႐ြယ္ခ်က္တခုရွိဖို႔လိုအပ္ပါတယ္။ဝန္ထမ္းမ်ားကို တာဝန္ေပးအပ္တာေတြရဲ႕ ေနာက္ကြယ္မွာရွင္းလင္းျပတ္သားတဲ့အျမင္မ်ိဳးမရွိပါက သူတို႔ရဲ႕အထက္အရာရ်ိကိုယုံၾကည္မႈေပ်ာက္ ဆုံးသြားၾကမွာပါ။

ရလဒ္မ်ား မထုတ္ေပးႏိုင္တာ

ဒီအခ်က္က ႐ိုးရွင္းပါတယ္။ ေခါင္းေဆာင္ဆိုတာ အရာရာတိုင္းမွာ ေအာင္ျမင္မွာမဟုတ္ေပမယ့္ထူးခြၽန္တဲ့သူေတြကေတာ့ သူတို႔ရဲ႕ ႀကိဳး စားအားထုတ္မႈေတြကို ျပသဖို႔ တစ္ခုခုေတာ့ရွိပါလိမ့္မယ္။ တခ်ိဳ႕လူေတြက အေျပာသာရွိေပမဲ့ တကယ့္ရလဒ္ကိုျပဖို႔ေတာ့အခက္ အခဲရွိၾကပါတယ္။

စိတ္အားထက္သန္မႈ

လူတစ္ဦးတစ္ေယာက္က အျခားသူမ်ားကို ျမႇင့္တင္ဖို႔၊ လႈံ႕ေဆာ္မႈ မေပးႏိုင္ပါကေခါင္းေဆာင္တဦးမျဖစ္ၿပီး သိသင့္တဲ့အခ်က္ေတြ ေလ့ လာသင္ယူဖို႔ လိုအပ္ပါတယ္။ဘာေၾကာင့္လဲဆိုရင္ ေခါင္းေဆာင္မႈဆိုတာက ကိုယ့္အဖြဲ႕အစည္းမွာရွိတဲ့ အဖြဲ႕သားေတြကိုလႈံ႕ေဆာ္ေပးႏိုင္သလို၊ ကိုယ္ကိုယ္တိုင္ကလည္း စိတ္အားထက္သန္မႈ၊ ယုံၾကည္မႈရွိဖို႔လိုပါတယ္။

ယုံၾကည္မႈလြန္ကဲတာ

ေခါင္းေဆာင္ေကာင္းတစ္ဦးက ေၾကာက္႐ြံ႕မႈကင္းၿပီး စိန္ေခၚမႈမ်ားကိုစိတ္ခ်လက္ခ်ရင္ဆိုင္ႏိုင္ၾကပါတယ္။ သို႔ေပမဲ့ ညံ့ဖ်င္းတဲ့ေခါင္း ေဆာင္မ်ားကေတာ့ယုံၾကည္မႈလြန္ကဲ့ၿပီး စြန႔္စားရႏိုင္ပါတယ္။ မာနႀကီးသူ၊ အတၱႀကီးသူေတြအေနနဲ႔ေခါင္းေဆာင္မျဖစ္မီ သင္ယူစရာမ်ားစြာရွိေနတတ္ပါတယ္။

မနာလိုတာ

ဒီအခ်က္ကေတာ့ လူတေယာက္ကို ပ်က္စီးေစတဲ့အခ်က္ျဖစ္ပါတယ္။ ေခါင္းေဆာင္ေတြမွာမရွိသင့္တဲ့ အခ်က္တခုျဖစ္ၿပီးေတာ့ အသင္း အဖြဲ႕မွာ အပ်က္သေဘာေဆာင္တဲ့ဆက္ဆံေရးေတြျဖစ္ေစႏိုင္ပါတယ္။ ႀကီးျမတ္တဲ့ ေခါင္းေဆာင္ျဖစ္လိုသူတိုင္းအတြက္ အဓိက
အတားအဆီးတခုျဖစ္ပါလိမ့္မယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*