အချစ်ရေးမှာ ရန်ခဏခဏဖြစ်ကြတဲ့ ရာသီခွင် (၄)ခု

ဒီရာသီခွင်တွေကတော့ အချစ်ရေးမှာ စိတ်အားထက်သန်ကြပါတယ်။ သူတို့ကတခြားသူများထက် ပိုမိုပြင်းထန်တဲ့ တိုက်ပွဲများမှာ ပါဝင်နေတတ်ပါတယ်။ သူတို့ရဲ့အချစ်ရေးမှာ အမြဲလို ရန်ဖြစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဘယ်ရာသီခွင်တွေများဖြစ်မလဲဖော်ထုတ်ကြည့်ကြရအောင်။

Aries
ဒီရာသီခွင်တွေက ရဲရင့်ပြီး စိတ်အားထက်သန်တဲ့ ပိုင်းဖြတ်မှုများကြောင့် လူသိများပါတယ်။သူတို့ရဲ့ စိတ်အားထက်သန်တဲ့ သဘောသဘာဝနဲ့ လွတ်လပ်မှုကိုလိုအပ်တာကြောင့် တခါတရံမှာသူတို့ရဲ့ချစ်သူနဲ့ ခိုက်ရန်ဖြစ်ပွားလေ့ရှိကြပါတယ်။ ဒေါသထွက်လွယ်ကြပေမဲ့ သူတို့တွေကချစ်သူအပေါ်မှာ ပြင်းထန်စွာနဲ့ သစ္စာရှိပြီး ချစ်ရသူများကို ခုခံကာကွယ်ကြတဲ့သူများဖြစ်ပါတယ်။

Leo
နောက်တစ်ခုကတော့ တောတောင်ရဲ့ ဂုဏ်ယူစရာကောင်းတဲ့ အုပ်စိုးရှင် ဖြစ်ပါတယ်။ သူတို့ကအာရုံစိုက်မှုနဲ့ ချီးကျူးမှုကိုလိုလားပြီး သူတို့ရဲ့ ချစ်သူဆီကနေ ဒီအချက်တွေတောင်းဆိုဖို့ဝန်မလေးတတ်ပါဘူး။ သူတို့က မယုံနိုင်စရာကောင်းလောက်အောင်ရက်ရောပြီးချစ်ခင်ကြတတ်ကြပေမဲ့ အငြင်းအခုံဖြစ်တဲ့အခါ အလျှော့မပေးဘဲခေါင်းမာတတ်ကြသူတွေဖြစ်ပါတယ်။ ဒီအချက်က ဆက်ဆံရေးမှာ ပဋိပက္ခတွေဖြစ်စေနိုင်ပေမဲ့သူတို့ရဲ့ တောက်လောင်နေတဲ့ အပြင်ပန်းအောက်မှာ ရွှေနှလုံးသားတစုံရှိနေတတ်ပါတယ်။

Scorpio
Scorpios များက ပြင်းထန်တဲ့ စိတ်အားထက်သန်မှုနဲ့ မယိမ်းယိုင်တဲ့ ဆုံးဖြတ်ချက်တွေကြောင့်လူသိများပါတယ်။ ချစ်မိသွားတဲ့အခါ သူတို့ရဲ့ မနာလိုမှုနဲ့ ပိုင်ဆိုင်လိုစိတ်များက တခါတရံမှာအချစ်ရေးမှာ ရုန်းကန်ရမှုဆီကို ဦးတည်သွားနိုင်ပါတယ်။ သူတို့က ချစ်ရသူကိုအပြင်းအထိန်ကာကွယ်ပေးပြီး ဒေါသဖြစ်တဲ့အခါမှာ တုန်လှုပ်ချောက်ချားမှုကို ထုတ်ဖော်ဖို့မကြောက်ရွံ့ကြပါဘူး။ ဒရာမာဇာတ်ကားနှစ်သက်ကြပေမဲ့ ချစ်သူအနားမှာရပ်တည်ပေးတတ်တဲ့ မယုံနိုင်လောက်အောင် သစ္စာရှိသူများဖြစ်ပါတယ်။

Capricorn
နောက်ဆုံးရာသီခွင်ကတော့ cappy တွေပဲဖြစ်ပါတယ်။ သူတို့က အသက်မွေးဝမ်းကြောင်းကိုအချစ်ရေးထက်ပိုပြီး ဦးစားပေးကြပါတယ်။ သူတို့ရဲ့ ရင့်ကျက်တဲ့ အမူအရာနဲ့စိတ်ခံစားချက်များကို ဖော်ပြဖို့ တွန့်ဆုတ်ကြပြီး တခါတရံများမှာ ချစ်သူနဲ့ တင်းမာမှုများကိုဖန်တီးနိုင်ပြီး နားလည်မှုလွဲမှားမှုနဲ့ ပဋိပက္ခများအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့အေးစက်တဲ့အပြင်ပန်းအောက်မှာ အချစ်ရေးအဆင်ပြေစေဖို့ လိုအပ်သမျှ လုပ်ဆောင်ပေးမယ့်လေးနက်ပြီး ဂရုစိုက်တဲ့ ချစ်သူတွေဖြစ်ကြပါတယ်။

MYit

zawgyi

ဒီရာသီခြင္ေတြကေတာ့ အခ်စ္ေရးမွာ စိတ္အားထက္သန္ၾကပါတယ္။ သူတို႔ကတျခားသူမ်ားထက္ ပိုမိုျပင္းထန္တဲ့ တိုက္ပြဲမ်ားမွာ ပါဝင္ေနတတ္ပါတယ္။ သူတို႔ရဲ႕အခ်စ္ေရးမွာ အၿမဲလို ရန္ျဖစ္ၾကတဲ့သူေတြျဖစ္ပါတယ္။ ဘယ္ရာသီခြင္ေတြမ်ားျဖစ္မလဲေဖာ္ထုတ္ၾကည့္ၾကရေအာင္။

Aries
ဒီရာသီခြင္ေတြက ရဲရင့္ၿပီး စိတ္အားထက္သန္တဲ့ ပိုင္းျဖတ္မႈမ်ားေၾကာင့္ လူသိမ်ားပါတယ္။သူတို႔ရဲ႕ စိတ္အားထက္သန္တဲ့ သေဘာသဘာဝနဲ႔ လြတ္လပ္မႈကိုလိုအပ္တာေၾကာင့္ တခါတရံမွာသူတို႔ရဲ႕ခ်စ္သူနဲ႔ ခိုက္ရန္ျဖစ္ပြားေလ့ရွိၾကပါတယ္။ ေဒါသထြက္လြယ္ၾကေပမဲ့ သူတို႔ေတြကခ်စ္သူအေပၚမွာ ျပင္းထန္စြာနဲ႔ သစၥာရွိၿပီး ခ်စ္ရသူမ်ားကို ခုခံကာကြယ္ၾကတဲ့သူမ်ားျဖစ္ပါတယ္။

Leo
ေနာက္တစ္ခုကေတာ့ ေတာေတာင္ရဲ႕ ဂုဏ္ယူစရာေကာင္းတဲ့ အုပ္စိုးရွင္ ျဖစ္ပါတယ္။ သူတို႔ကအာ႐ုံစိုက္မႈနဲ႔ ခ်ီးက်ဴးမႈကိုလိုလားၿပီး သူတို႔ရဲ႕ ခ်စ္သူဆီကေန ဒီအခ်က္ေတြေတာင္းဆိုဖို႔ဝန္မေလးတတ္ပါဘူး။ သူတို႔က မယုံႏိုင္စရာေကာင္းေလာက္ေအာင္ရက္ေရာၿပီးခ်စ္ခင္ၾကတတ္ၾကေပမဲ့ အျငင္းအခုံျဖစ္တဲ့အခါ အေလွ်ာ့မေပးဘဲေခါင္းမာတတ္ၾကသူေတြျဖစ္ပါတယ္။ ဒီအခ်က္က ဆက္ဆံေရးမွာ ပဋိပကၡေတြျဖစ္ေစႏိုင္ေပမဲ့သူတို႔ရဲ႕ ေတာက္ေလာင္ေနတဲ့ အျပင္ပန္းေအာက္မွာ ေ႐ႊႏွလုံးသားတစုံရွိေနတတ္ပါတယ္။

Scorpio
Scorpios မ်ားက ျပင္းထန္တဲ့ စိတ္အားထက္သန္မႈနဲ႔ မယိမ္းယိုင္တဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္လူသိမ်ားပါတယ္။ ခ်စ္မိသြားတဲ့အခါ သူတို႔ရဲ႕ မနာလိုမႈနဲ႔ ပိုင္ဆိုင္လိုစိတ္မ်ားက တခါတရံမွာအခ်စ္ေရးမွာ ႐ုန္းကန္ရမႈဆီကို ဦးတည္သြားႏိုင္ပါတယ္။ သူတို႔က ခ်စ္ရသူကိုအျပင္းအထိန္ကာကြယ္ေပးၿပီး ေဒါသျဖစ္တဲ့အခါမွာ တုန္လႈပ္ေခ်ာက္ခ်ားမႈကို ထုတ္ေဖာ္ဖို႔မေၾကာက္႐ြံ႕ၾကပါဘူး။ ဒရာမာဇာတ္ကားႏွစ္သက္ၾကေပမဲ့ ခ်စ္သူအနားမွာရပ္တည္ေပးတတ္တဲ့ မယုံႏိုင္ေလာက္ေအာင္ သစၥာရွိသူမ်ားျဖစ္ပါတယ္။

Capricorn
ေနာက္ဆုံးရာသီခြင္ကေတာ့ cappy ေတြပဲျဖစ္ပါတယ္။ သူတို႔က အသက္ေမြးဝမ္းေၾကာင္းကိုအခ်စ္ေရးထက္ပိုၿပီး ဦးစားေပးၾကပါတယ္။ သူတို႔ရဲ႕ ရင့္က်က္တဲ့ အမူအရာနဲ႔စိတ္ခံစားခ်က္မ်ားကို ေဖာ္ျပဖို႔ တြန႔္ဆုတ္ၾကၿပီး တခါတရံမ်ားမွာ ခ်စ္သူနဲ႔ တင္းမာမႈမ်ားကိုဖန္တီးႏိုင္ၿပီး နားလည္မႈလြဲမွားမႈနဲ႔ ပဋိပကၡမ်ားအထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့ သူတို႔ရဲ႕ေအးစက္တဲ့အျပင္ပန္းေအာက္မွာ အခ်စ္ေရးအဆင္ေျပေစဖို႔ လိုအပ္သမွ် လုပ္ေဆာင္ေပးမယ့္ေလးနက္ၿပီး ဂ႐ုစိုက္တဲ့ ခ်စ္သူေတြျဖစ္ၾကပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*