Solopreneur ဆိုတာ ဘာလဲ

Solopreneur ဆိုတဲ့ စကားလုံးက Solo နှင့် entrepreneur ဆိုတဲ့ စကားလုံးနှစ်ခုကိုရောနှောထားတာဖြစ်ပါတယ်။တစ်ကိုယ် တော် လုပ်ငန်းလုပ်ကိုင်သူများလို့တိုက်ရိုက်ဘာသာပြန်ကြတာမျိုးရှိပါတယ်။ Solopreneur ဆိုတာ Freelance သမား၊အမှီအခိုကင်းတဲ့တစ်ကိုယ်တော်၊ အချိန်ပြည့်ဝန်ထမ်းများမရှိတဲ့ လုပ်ငန်းရျင်တဦးဖြစ်ပါတယ်။တခြားဝန်ထမ်းများ ငှားရမ်းဖို့လည်း ရည်ရွယ်ချက်မရှိတဲ့သူဖြစ်ပါတယ်။ Solopreneurs များက မတူညီတဲ့ လုပ်ငန်းအဖွဲ့အစည်းများအောက်မှာ လုပ်ကိုင်နိုင်ပါတယ်။သူတို့က အသေးစိတ်လုပ် ငန်းတခုကို စတင်ကြပါတယ်။အောင်မြင်တဲ့ တစ်ကိုယ်တည်းသမားတစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်မလဲသင်က Solopreneur ဘဝနဲ့ ကြီးပွားအောင်မြင်စေဖို့အတွက် နည်းလမ်းများစွာရှိပေမဲ့တချို့အဆင့်များကတော့ မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒါတွေကတော့ဒီအချက်တွေပဲဖြစ်ပါတယ်။

ဈေးကွက်ကွာဟချက်ကို ဖော်ထုတ်ပြီး စီးပွားရေး ရည်မှန်းချက်ကို ချမှတ်ပါ။လုပ်ငန်းအောင်မြင်ဖို့ဆိုရင် လူတွေလိုချင်တဲ့အရာ ဒါမှမဟုတ် လိုအပ်တဲ့အရာကိုပေးဆောင်ရမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ လုပ်ငန်းပုံစံတစ်ခုကို ဆုံးဖြတ်ချက်ချဖို့ပါ။အီလက်ထရွန်နစ်စီးပွားရေးလုပ်ငန်း ဒါမှမဟုတ် တခြားစီးပွားရေးလုပ် ငန်းတခုခုကိုအွန်လိုင်းမှာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဝန်ဆောင်မှုများ ပေးပို့ဖို့ လုပ်ငန်းနိုင်တဲ့ နည်းလမ်းများကိုသင်ဆုံးဖြတ်ရပါမယ်။

တတိယအချက်ကတော့ သင်ရဲ့ဘဏ္ဍာရေးကိုထိပ်ဆုံးမှာထားပါ။ Solopreneurs များကကုန်ကျစရိတ်များကို ဝင်ငွေထက် မကျော်လွန်စေဖို့အတွက် ကိုယ့်ရဲ့ငွေသားစီးဆင်းမှုကိုစီမံခန့်ခွဲရမှာဖြစ်ပါတယ်။

နောက်တချက်ကတော့ အထောက်အပံ့ကိုရှာဖို့ပါ။ ဒီအချက်ကတော့ ဆိုရှယ်မီဒီယာအုပ်စုများ၊ Solopreneur အသိုင်းအဝိုင်ပလက် ဖောင်းများ၊ လူကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်ခြင်းဒါမှမဟုတ် ပရော်ဖက်ရှင်နယ်ပတ်ဝန်းကျင်များကတဆင့် ဖြစ်နိုင်ပါတယ်။ဒီအချက် တွေပြီးရင်တော့ ထိရောက်မှုရှိစေဖို့ပါ။ ဒီအချက်မှာ အလိုအလျောက်စနစ်နဲ့ AI လိုမျိုးနည်းပညာများကို အသုံးပြုတာ၊ အချို့နေ့ရက်များမှာ အလားတူ ဒါမှမဟုတ်ဆက်စပ်အလုပ်များကို လုပ်ဆောင်တဲ့အခါ အာရုံစူးစိုက်မှုအရှိဆုံးအချိန်များမှာလုပ်ဆောင်ခြင်းတို့ပါဝင်နိုင်ပါတယ်။

နောက်ဆုံးအချက်ကတော့ ပညာရေးပါ။ Solopreneur တယောက်လုပ်မယ်ဆိုရင်လေ့လာဖို့လိုပါတယ်။ အဆက်မပြတ်လေ့လာနေမှသာ အောင်မြင်တဲ့ Solopreneur တယောက်ဖြစ်လာနိုင်ပါတယ်။

MYit

zawgyi

Solopreneur ဆိုတဲ့ စကားလုံးက Solo ႏွင့္ entrepreneur ဆိုတဲ့ စကားလုံးႏွစ္ခုကိုေရာေႏွာထားတာျဖစ္ပါတယ္။တစ္ကိုယ္ ေတာ္ လုပ္ငန္းလုပ္ကိုင္သူမ်ားလို႔တိုက္႐ိုက္ဘာသာျပန္ၾကတာမ်ိဳးရွိပါတယ္။ Solopreneur ဆိုတာ Freelance သမား၊အမွီအခိုကင္းတဲ့တစ္ကိုယ္ေတာ္၊ အခ်ိန္ျပည့္ဝန္ထမ္းမ်ားမရွိတဲ့ လုပ္ငန္းရ်င္တဦးျဖစ္ပါတယ္။တျခားဝန္ထမ္းမ်ား ငွားရမ္းဖို႔လည္း ရည္႐ြယ္ခ်က္မရွိတဲ့သူျဖစ္ပါတယ္။ Solopreneurs မ်ားက မတူညီတဲ့ လုပ္ငန္းအဖြဲ႕အစည္းမ်ားေအာက္မွာ လုပ္ကိုင္ႏိုင္ပါတယ္။သူတို႔က အေသးစိတ္လုပ္ ငန္းတခုကို စတင္ၾကပါတယ္။ေအာင္ျမင္တဲ့ တစ္ကိုယ္တည္းသမားတစ္ေယာက္ျဖစ္ဖို႔ ဘယ္လိုလုပ္မလဲသင္က Solopreneur ဘဝနဲ႔ ႀကီးပြားေအာင္ျမင္ေစဖို႔အတြက္ နည္းလမ္းမ်ားစြာရွိေပမဲ့တခ်ိဳ႕အဆင့္မ်ားကေတာ့ မရွိမျဖစ္လိုအပ္ပါတယ္။ အဲဒါေတြကေတာ့ဒီအခ်က္ေတြပဲျဖစ္ပါတယ္။

ေဈးကြက္ကြာဟခ်က္ကို ေဖာ္ထုတ္ၿပီး စီးပြားေရး ရည္မွန္းခ်က္ကို ခ်မွတ္ပါ။လုပ္ငန္းေအာင္ျမင္ဖို႔ဆိုရင္ လူေတြလိုခ်င္တဲ့အရာ ဒါမွမဟုတ္ လိုအပ္တဲ့အရာကိုေပးေဆာင္ရမွာျဖစ္ပါတယ္။

ေနာက္တဆင့္ကေတာ့ လုပ္ငန္းပုံစံတစ္ခုကို ဆုံးျဖတ္ခ်က္ခ်ဖို႔ပါ။အီလက္ထ႐ြန္နစ္စီးပြားေရးလုပ္ငန္း ဒါမွမဟုတ္ တျခားစီးပြားေရးလုပ္ ငန္းတခုခုကိုအြန္လိုင္းမွာျဖစ္ေစ၊ တိုက္႐ိုက္ျဖစ္ေစ ဝန္ေဆာင္မႈမ်ား ေပးပို႔ဖို႔ လုပ္ငန္းႏိုင္တဲ့ နည္းလမ္းမ်ားကိုသင္ဆုံးျဖတ္ရပါမယ္။

တတိယအခ်က္ကေတာ့ သင္ရဲ႕ဘ႑ာေရးကိုထိပ္ဆုံးမွာထားပါ။ Solopreneurs မ်ားကကုန္က်စရိတ္မ်ားကို ဝင္ေငြထက္ မေက်ာ္လြန္ေစဖို႔အတြက္ ကိုယ့္ရဲ႕ေငြသားစီးဆင္းမႈကိုစီမံခန႔္ခြဲရမွာျဖစ္ပါတယ္။

ေနာက္တခ်က္ကေတာ့ အေထာက္အပံ့ကိုရွာဖို႔ပါ။ ဒီအခ်က္ကေတာ့ ဆိုရွယ္မီဒီယာအုပ္စုမ်ား၊ Solopreneur အသိုင္းအဝိုင္ပလက္ ေဖာင္းမ်ား၊ လူကိုယ္တိုင္ ပူးေပါင္းလုပ္ေဆာင္ျခင္းဒါမွမဟုတ္ ပေရာ္ဖက္ရွင္နယ္ပတ္ဝန္းက်င္မ်ားကတဆင့္ ျဖစ္ႏိုင္ပါတယ္။ဒီအခ်က္ ေတြၿပီးရင္ေတာ့ ထိေရာက္မႈရွိေစဖို႔ပါ။ ဒီအခ်က္မွာ အလိုအေလ်ာက္စနစ္နဲ႔ AI လိုမ်ိဳးနည္းပညာမ်ားကို အသုံးျပဳတာ၊ အခ်ိဳ႕ေန႔ရက္မ်ားမွာ အလားတူ ဒါမွမဟုတ္ဆက္စပ္အလုပ္မ်ားကို လုပ္ေဆာင္တဲ့အခါ အာ႐ုံစူးစိုက္မႈအရွိဆုံးအခ်ိန္မ်ားမွာလုပ္ေဆာင္ျခင္းတို႔ပါဝင္ႏိုင္ပါတယ္။

ေနာက္ဆုံးအခ်က္ကေတာ့ ပညာေရးပါ။ Solopreneur တေယာက္လုပ္မယ္ဆိုရင္ေလ့လာဖို႔လိုပါတယ္။ အဆက္မျပတ္ေလ့လာေနမွသာ ေအာင္ျမင္တဲ့ Solopreneur တေယာက္ျဖစ္လာႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*