ဘဝမှာ ကံကောင်းတဲ့ ရာသီခွင် (၄)ခု

တချို့လူတွေက မွေးရာပါကံကောင်းတတ်သလား။ ဒါက ရာစုနှစ်ပေါင်းများစွာ လူသားတွေကိုအံ့အားသင့်စေတဲ့ မေးခွန်းတခုပါ။ အခုထိလည်း အံ့ဩဆန်းကြယ်မှုတွေနဲ့ ရှိနေပါသေးတယ်။ကံတရားက ကျပန်းလို့ထင်ရပေမဲ့ နက္ခတ်ဗေဒင်အရတော့ ကောင်းမွန်တဲ့ ကံတွေကို
လက်ခံရရှိကြတဲ့ ရာသီခွင်လေးခုရှိပါတယ်။

Aries
Aries တွေက ပထမဆုံးရာသီခွင်တခုဖြစ်ပြီး သူတို့ကဘဝမှာတော်တော်များများကံကောင်းကြသူတွေဖြစ်ပါတယ်။ သူတို့တွေကတခြားသူတွေလက်လွတ်သွားနိုင်တဲ့ အခွင့်အရေးများကို ကြောက်ရွံ့မှုကင်းမဲ့စွာနဲ့ဆုပ်ကိုင်ထားလေ့ရှိပါတယ်။ သူတို့ရဲ့ ဦးဆောင်နိုင်စွမ်းကအောင်မြင်မှုအတွက်သံလိုက်လိုဖြစ်စေပါတယ်။

Leo
ဒီရာသီခွင်တွေက ကြီးမြတ်မှုအတွက် ရည်မှန်းချက်ထားကြပါတယ်။ သူတို့သွားလေရာမှာနွေးထွေးမှုနဲ့ အကောင်းမြင်မှုတွေဖြာထွက်စေပါတယ်။ သူတို့ရဲ့ ကျက်သရေနဲ့အကောင်းမြင်မှုက သံလိုက်လိုဆွဲဆောင်မှုရှိပြီး အခွင့်အလမ်းများပေးပါတယ်။ သူတို့ကအသက်မွေး ဝမ်း ကျောင်းမှုနဲ့ ဆက်ဆံရေးမှာဖြစ်စေ သူတိုလိုချင်တာကိုရဖို့ မကြောက်ကြပါဘူး။သူတို့တွေက ဘဝမှာ တော်တော်များများကံကောင်းကြသူတွေဖြစ်ပါတယ်။

Sagittarius
စွန့်စားလိုတဲ့၊ စိတ်လွတ်ကိုယ်လွတ်နဲ့ ဒဿနဆန်တဲ့ Sagittarians များကလည်းဘဝမှာတော်တော်များများ ကံကောင်းကြသူတွေဖြစ်ပါတယ်။ သူတို့က ပညာရေးနဲ့ပတ်သက်လာရင် ဘဝပေးကံကောင်းကြသူများဖြစ်ပါတယ်။ သူတို့ရဲ့အကောင်းမြင်စိတ်နဲ့ပွင့်လင်းမြင်သာမှုက ကမ္ဘာတဝန်းလုံးက အခွင့်အလမ်းများကိုဆွဲဆောင်ပါတယ်။

Aquarius
ဆန်းသစ်ပြီး လူသားချင်းစာနာထောက်ထားမှုရှိတဲ့ Aquarians များကအမြော်အမြင်ရှိသူများဖြစ်ပါတယ်။ သူတို့တွေကလည်းဘဝမှာကံကောင်းကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ သမားရိုးကျမဟုတ်တဲ့ ချဉ်းကပ်မှုကအခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ လမ်းကြောင်းကိုပို့ဆောင်ပေးတတ်ပါတယ်။ သူတို့ရဲ့ဆန်းပြားတဲ့အတွေးအခေါ်များနဲ့ အဓိပ္ပာယ်ရှိတဲ့ ချိတ်ဆက်မှုပုံစံကကံကောင်းခြင်းကိုဆွဲဆောင်စေပါတယ်။

MYit

zawgyi


Aries

Leo

Sagittarius

Aquarius

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*