ရုပ်ရှင်ကြည့်ရင်း ငိုတတ်တဲ့ ရာသီခွင် (၃)ခု

သင်က ရုပ်ရှင်ကြည့်ရင် ဝမ်းနည်းရတဲ့ ဇာတ်ဝင်ခန်းတွေမှာ ခိုးငိုခဲ့ဖူးသလား။ရင်ခုန်စရာကောင်းတဲ့ ဒရာမာပဲဖြစ်ဖြစ် ထိထိမိမိအချစ်ဇာတ်လမ်းပဲဖြစ်ဖြစ်နက်နက်နဲနဲခံစားရပြီး ငိုတတ်ကြပါတယ်။ သူတို့တွေကတော့ အခုပြောပြမယ့်ရာသီခွင်တွေဖြစ်ပါတယ်။

Pisces
Pisces တွေက စာနမှုနဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုကြောင့် နာမည်ကြီးပါတယ်။ ဒီရာသီဖွားတွေကဖေဖော်ဝါရီ ၁၉ရက်ကနေ မတ်လ ၂၀ အတွင်းမွေးဖွားကြသူများဖြစ်ကြပါတယ်။ သူတို့တွေကရုပ်ရှင်များမှာ တခြားသူများထက်ပိုပြီး စိတ်ခံစားမှုနက်နက်ရှိုင်းရှိုင်းခံစားကြရပါတယ်။ သူတို့ကရုပ်ရှင်ကြည့်ရုံသာမက ပျော်ရွှင်မှုတိုင်း၊ နာကျင်မှုတိုင်းကိုသူတို့ကြုံနေရသလိုခံစားကြည့်ရှုကြတာဖြစ်ပါတယ်.

Cancer
ဒီရာသီဖွားတွေကတော့ ဇွန်လ ၂၁ကနေ ဇူလိုင် ၂၂အတွင်းမွေးဖွားကြသူများဖြစ်ပါတယ်။ရုပ်ရှင်ကြည့်ရင်း ငိုဖို့ပြင်ဆင်ထားသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ကိုယ်ချင်းစာတတ်တဲ့သဘောက ဇာတ်ကောင်တွေရဲ့ ရုန်းကန်မှုနဲ့ အောင်ပွဲတွေမှာမျက်ရည်ကျစေတတ်ပါတယ်။ မိသား စု၊ ချစ်ခြင်းမေတ္တာနဲ့ အကာအကွယ်ပေးတဲ့ဇာတ်ဝင်ခန်းများမှာ သူတို့ရဲ့ နှလုံးသားကို ညှို့ယူနိုင်ပါတယ်။

Scorpio
ဒီရာသီဖွားတွေက အောက်တိုဘာ ၂၃ ကနေ နိုဝင်ဘာ ၂၁ အတွင်း မွေးနေ့များဖြစ်ပြီး သူတို့ကပြင်းထန်ပြီး နက်နဲတဲ့ စိတ်ခံစားမှုအား ကောင်းသူများဖြစ်ပါတယ်။ သူတို့က ရှုပ်ထွေးတဲ့ဇာတ်ကွက်များနဲ့ ဇာတ်ကောင်းများကိုနှစ်သက်ကြပါတယ်။ သူတို့က ရုပ်ရှင်ကိုတခြားသူများမထိတွေ့တဲ့ အပိုင်းကနေ ရုပ်ရှင်ကိုအာရုံခံစားကြပါတယ်။ ဥပမာ ဗီလိန်ကိုသဘောကျတာမျိုးပါ။ သူတို့က စံနှုန်းကိုစိန်ခေါ်တဲ့ ရှုပ် ထွေးတဲ့ဇာတ်ကောင်၊ ဇာတ်လမ်းများကိုကြိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သစ္စာဖောက်မှု၊ သစ္စာစောင့်သိမှု ဒါမှမဟုတ်နက်ရှိုင်းတဲ့စိတ်ခံစားမှုဆိုင်ရာအခန်းများမှာ မျက်ရည်ကျကြပါတယ်။

MYit

zawgyi


Pisces

Cancer

Scorpio

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*