အရက်မူးပြီး စကူတာစီးတဲ့အတွက် ဒဏ်ရိုက်ခံလိုက်ရတဲ့ BTS ကြယ်ပွင့် Suga

ကေပေါ့(ပ်)ကြယ်ပွင့်တဦးဖြစ်တဲ့ Suga က အရက်သောက်ပြီး လျှပ်စစ်စကူတာစီးတဲ့အတွက်ဒဏ်ရိုက်ခံခဲ့ရပါတယ်။တောင်ကိုးရီးယား ဂီတအဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suga က လမ်းစည်းကမ်းအက်ဥပဒေနဲ့ DUI စွဲချက်များအတွက် ဝမ် ၁၅ သန်း (ဒေါ်လာ ၁၁,၄၀၀ ခန့်)ဒဏ်ရိုက်ခံရတယ်လို့ ဆိုးလ်အနောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၂၇ ရက်ကအဆိုတော်ထံ ပေးပို့ပြီး အကျဉ်းချုပ် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။သြဂုတ်လမှာ Suga က အရက်သောက်ပြီးနောက် လျှပ်စစ်စကူတာ စီးနင်းခဲ့ကြောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဘယ်သူ့ကိုထိခိုက်ဒဏ်ရာရတာမျိုး ထိခိုက်မှုတစုံတရာမရှိပေမဲ့တောင်ကိုရီးယားမှာ အရက်သောက်ပြီး စကူတာစီးတာက တရားမဝင်ပါဘူး။

BTS အဖွဲ့ဝင် Suga က အရက်မူးနေစဉ်မှာ လျှပ်စစ်စကူတာစီးသည့်အတွက်တောင်းပန်ခဲ့ပါတယ်။အခင်းဖြစ်ပွားပြီးပြီးချင်း မကြာခင်မှာပဲ အွန်လိုင်းပရိသတ်အသိုင်းအဝိုင်းပလပ်ဖောင်း Weverse မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။“မနေ့ညက ထမင်းစားသောက်ပြီး လျှပ်စစ်စကူတာစီးပြီး အိမ်ပြန်ခဲ့တယ်။ အကွာအဝေးကတိုတောင်းတယ်လို့ လွယ်လွယ်ထင်ပြီး အရက်သောက်ပြီး လျှပ်စစ်စကူတာ မစီးရတာကို
သတိမပြုခဲ့မိလိုက်ဘူး။ ဒါကြောင့် ဒီအချက်က လမ်းစည်းကမ်း ဖောက်ဖျက်လိုက်မိတယ်”လို့ရေးသားခဲ့ပါတယ်။

“ကျွန်တော့်အိမ်တံခါးရှေ့မှာ လျှပ်စစ်စကူတာကို ရပ်ထားရင်း ကိုယ့်ကိုယ်ကိုယ်လဲကျသွားတယ်၊ အနီးနားက ရဲတွေက အရက်သောက်ထားတဲ့ lelvel ကို တိုင်းတာတဲ့အခါဒဏ်ရိုက်ခံရပြီး လိုင်စင်လည်း ရုပ်သိမ်းခံရတယ်” လို့ အသက် ၃၁ နှစ်အရွယ် သူကဆက်ပြောပါတယ်။တောင်ကိုရီးယားမှာ လျှပ်စစ်စကူတာစီးနင်းရန်အတွက် ယာဉ်မောင်းလိုင်စင် လိုအပ်ပါတယ်။ပရိတ်သတ်များက Suga ရဲ့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဝေဖန်ခဲ့ကြပါတယ်။သူက ၂၀၂၃ခုနှစ် စက်တင်ဘာလမှာ စစ်မှုထမ်းပြီးကတည်းက ဒီသတင်းက ‌ပထမဆုံး update သတင်းပဲလို့ မှတ်ချက်ပြုခဲ့ပါတယ်။ကျွန်တော် သူ့ကို ယုံကြည်ပြီး သူပြန်လာမယ်ဆိုတာကို စောင့်နေခဲ့တယ်၊ စောင့် ဆိုင်းပြီးနောက်ကျွန်တော်ရခဲ့တာက တောင်းပန်စကားပဲလို့ ပရိသတ်တဦးက Xမှာ ရေးသားခဲ့ပါတယ်။“သူကတောင်ကိုရီးယားကို ကိုယ် စားပြုတဲ့ idol ဖြစ်တဲ့အချိန်မှာ ဒီလိုလုပ်ရတာသင့်တော်တယ်လို့ မထင်ဘူး။ ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။

ဒီလိုမှတ်ချက်တွေရှိပေမဲ့လည်းတခြားသူတွေက အဆိုတော်ကို အကာအကွယ်ပေးကြပါတယ်။“ဒီအချက်က မင်းကို လူဆိုးမဖြစ်စေပါဘူး၊ မင်းကို လူသားဖြစ်စေတယ်ဆိုတာ မင်းသိမယ်လို့ငါမျှော်လင့်တယ်။ ဒီကမ္ဘာမှာ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိဘူး” လို့ ရေးသားခဲ့ပါတယ်။“မင်းကို ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ လူတွေက သိပ်ချစ်ကြတယ်။ ချစ်ခြင်းမေတ္တာနဲ့ပံ့ပိုးမှုတွေကို ခံစားမိလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ ဒါဟာ မင်းရဲ့အတိတ်ကိုအမှားတစ်ခုအဖြစ်ယူဆပြီး ရှေ့ဆက်သွားမယ်လို့ ငါမျှော်လင့်ပါတယ်။

MYit

zawgyi





MYit

Be the first to comment

Leave a Reply

Your email address will not be published.


*