Artem Chigvintsev က Nikki Bella ကို အိမ်တွင်းအကြမ်းဖက်တယ်ဆိုတဲ့ စွဲချက်ပယ်ချခံရ

Artem Chigvintev က Nikki Bella ကို အိမ်တွင်းအကြမ်းဖက်မှု သံသယနဲ့ လွန်ခဲ့တဲ့လက Napa ကောင်တီမှာ ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ အခုတော့ စွဲချက်တင်ခံရမှာမဟုတ်ဘူးလို့ သိရပါတယ်။ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ DA ရုံးကိုတင်ပြတဲ့ သက်သေအထောက် အထားများကိုဂရုတစိုက်အကဲဖြတ်ပြီးနောက်  Napa County ခရိုင်ရှေ့နေရုံးက Dancing with the Stars ကိုစွဲဆိုထားတဲ့ စွဲချက်ကို ပယ်ချခဲ့တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“အိမ်တွင်းအကြမ်းဖက်မှုကို အခိုင်အမာ ပြနိုင်တဲ့ သက်သေအထောက်အထားတွေရှိမှသာစွဲချက်တင်ဖို့ ကျင့်ဝတ်တာဝန်ရှိပါတယ်” လို့ Napa ကောင်တီခရိုင်ရှေ့နေ Allison Haley ကထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။“အမေရိကန် ရာဇ၀တ်တရားစီရင်ရေးစနစ်မှာ အမြင့်ဆုံးစံဖြစ်တဲ့ 'ကျိုးကြောင်းဆီလျော်တဲ့သံသယကိုကျော်လွန်ခြင်း ရာဇ၀တ်မှုတိုင်းကို သက်သေပြဖို့ လိုအပ်တယ်။ ရနိုင်တဲ့အထောက်အထားတွေက ဒီအဆင့်အထိ မတက်လာဘူးဆိုရင်တော့ ကျင့်ဝတ်အရ စွဲချက်တင်လို့မရပါဘူး” လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

Chigvintsev က ယွန်းဗီးလ်မြို့မှာ သြဂုတ် ၂၉ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ Napa County Department က ပြည်သူ့သတင်းအရာရှိ Henry Wofford က ထိုအချိန်က CNN ကိုပြောကြားခဲ့ပါတယ်။အိမ်တွင်းအကြမ်းဖက်မှု သံသယနဲ့ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့ပြီး Chigvintsev ကို Napa ကောင်တီအကျဉ်းထောင်မှာ စွဲချက်တင်ခဲ့ပါတယ်။ အွန်လိုင်းမှတ်တမ်းများအရ သူ့ရဲ့အာမခံကဒေါ်လာ ၂၅၀၀၀ သတ်မှတ်ထားပါတယ်။သူက Nikki Bella နဲ့ ၂၀၂၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး Bella က Chigvintsev နဲ့ ကွာရှင်းဖို့လျှောက်ထားခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေအရသိရပါတယ်။ သူတို့နှစ်ဦးမှာလေးနှစ်အရွယ်သားလေးတယောက်ရှိပါတယ်။

MYit

zawgyi

Artem Chigvintev က Nikki Bella ကို အိမ္တြင္းအၾကမ္းဖက္မႈ သံသယနဲ႔ လြန္ခဲ့တဲ့လက Napa ေကာင္တီမွာ ဖမ္းဆီးခံခဲ့ရၿပီးေနာက္မွာ အခုေတာ့ စြဲခ်က္တင္ခံရမွာမဟုတ္ဘူးလို႔ သိရပါတယ္။ရာဇ၀တ္မႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈနဲ႔ DA ႐ုံးကိုတင္ျပတဲ့ သက္ေသအေထာက္ အထားမ်ားကိုဂ႐ုတစိုက္အကဲျဖတ္ၿပီးေနာက္  Napa County ခ႐ိုင္ေရွ႕ေန႐ုံးက Dancing with the Stars ကိုစြဲဆိုထားတဲ့ စြဲခ်က္ကို ပယ္ခ်ခဲ့တယ္လို႔ အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

“အိမ္တြင္းအၾကမ္းဖက္မႈကို အခိုင္အမာ ျပႏိုင္တဲ့ သက္ေသအေထာက္အထားေတြရွိမွသာစြဲခ်က္တင္ဖို႔ က်င့္ဝတ္တာဝန္ရွိပါတယ္” လို႔ Napa ေကာင္တီခ႐ိုင္ေရွ႕ေန Allison Haley ကထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။“အေမရိကန္ ရာဇ၀တ္တရားစီရင္ေရးစနစ္မွာ အျမင့္ဆုံးစံျဖစ္တဲ့ 'က်ိဳးေၾကာင္းဆီေလ်ာ္တဲ့သံသယကိုေက်ာ္လြန္ျခင္းရာဇ၀တ္မႈတိုင္းကို သက္ေသျပဖို႔ လိုအပ္တယ္။ ရႏိုင္တဲ့အေထာက္အထားေတြက ဒီအဆင့္အထိ မတက္လာဘူးဆိုရင္ေတာ့ က်င့္ဝတ္အရ စြဲခ်က္တင္လို႔မရပါဘူး” လို႔ ထုတ္ျပန္ခ်က္မွာ ဆက္လက္ ေဖာ္ျပထားပါတယ္။

Chigvintsev က ယြန္းဗီးလ္ၿမိဳ႕မွာ ၾသဂုတ္ ၂၉ ရက္က ဖမ္းဆီးခံခဲ့ရတယ္လို႔ Napa County Department က ျပည္သူ႔သတင္းအရာရွိ Henry Wofford က ထိုအခ်ိန္က CNN ကိုေျပာၾကားခဲ့ပါတယ္။အိမ္တြင္းအၾကမ္းဖက္မႈ သံသယနဲ႔ ရဲတပ္ဖြဲ႕က သူ႔ကို ဖမ္းဆီးခဲ့ၿပီး Chigvintsev ကို Napa ေကာင္တီအက်ဥ္းေထာင္မွာ စြဲခ်က္တင္ခဲ့ပါတယ္။ အြန္လိုင္းမွတ္တမ္းမ်ားအရ သူ႔ရဲ႕အာမခံကေဒၚလာ ၂၅၀၀၀ သတ္မွတ္ထားပါတယ္။သူက Nikki Bella နဲ႔ ၂၀၂၂ ခုႏွစ္ကတည္းက လက္ထပ္ခဲ့ၿပီး Bella က Chigvintsev နဲ႔ ကြာရွင္းဖို႔ေလွ်ာက္ထားခဲ့ေၾကာင္း တရား႐ုံးမွတ္တမ္းေတြအရသိရပါတယ္။ သူတို႔ႏွစ္ဦးမွာေလးႏွစ္အ႐ြယ္သားေလးတေယာက္ရွိပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*