စက်တင်ဘာလကုန်မှာထွက်ရှိလာတော့မယ့် Ed Sheeran ရဲ့အယ်လ်ဘမ်အသစ်

Ed Sheeran ရဲ့တေးအယ်လ်ဘမ်အသစ်ဖြစ်တဲ့ Autumn Variations ဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှာထွက်ရှိလာတော့မယ်လို့သိရပါတယ်။ဒီအယ်လ်ဘမ်ထဲမှာ သီချင်းသစ် ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး သူနဲ့သူ့သူငယ်ချင်းတွေကြားကခံစားမှုအစစ်အမှန်တွေဖြစ်တဲ့ အချစ်၊ အသည်းကွဲခြင်း၊ အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းစတဲ့အကြောင်းအရာတွေပါဝင်မှာဖြစ်ပါတယ်။“ပြီးခဲ့တဲ့ဆောင်းဦးတုန်းကကျွန်တော်သူငယ်ချင်းတွေအများကြီးရခဲ့တယ်။ဘဝမှာလည်းအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့တယ်။ကျွန်တော်အခက်အခဲတွေတွေ့ကြုံရချိန်မှာသီချင်းတွေရေးတာက ကျွန်တော့်ရဲ့ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုပိုပြီးနားလည်စေနိုင်ခဲ့ပါတယ်။သူငယ်ချင်းတွေရဲ့မတူညီတဲ့ဘဝတွေ၊ မတူညီတဲ့ရှုထောင့်နဲ့ခံစားချက်တွေကိုလည်းထည့်ရေးထားသလို

ကျွန်တော့်ရဲ့ခံစားချက်အစစ်တွေလည်းပါတယ်”လို့ တေးအယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီး Ed Sheeran ကရှင်းပြထားပါတယ်။ Ed Sheeran ဟာ သူ့ရဲ့ ၆ ခုမြောက်တေးအယ်လ်ဘမ် Subtract ကိုလည်း ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ကဖြန့်ချိခဲ့ပါသေးတယ်။

Ju Ju

zawgyi

Ed Sheeran ရဲ႕ေတးအယ္လ္ဘမ္အသစ္ျဖစ္တဲ့ Autumn Variations ဟာ စက္တင္ဘာလ ၂၉ ရက္ေန႔မွာထြက္ရွိလာေတာ့မယ္လို႔သိရပါတယ္။ဒီအယ္လ္ဘမ္ထဲမွာ သီခ်င္းသစ္ ၁၄ ပုဒ္ပါဝင္မွာျဖစ္ၿပီး သူနဲ႔သူ႔သူငယ္ခ်င္းေတြၾကားကခံစားမႈအစစ္အမွန္ေတြျဖစ္တဲ့ အခ်စ္၊ အသည္းကြဲျခင္း၊ အထီးက်န္ျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းစတဲ့အေၾကာင္းအရာေတြပါဝင္မွာျဖစ္ပါတယ္။“ၿပီးခဲ့တဲ့ေဆာင္းဦးတုန္းကကြၽန္ေတာ္သူငယ္ခ်င္းေတြအမ်ားႀကီးရခဲ့တယ္။ဘဝမွာလည္းအေျပာင္းအလဲေတြအမ်ားႀကီးျဖစ္ခဲ့တယ္။ကြၽန္ေတာ္အခက္အခဲေတြေတြ႕ႀကဳံရခ်ိန္မွာသီခ်င္းေတြေရးတာက ကြၽန္ေတာ့္ရဲ႕ျဖစ္ေပၚေနတဲ့ခံစားခ်က္ေတြကိုပိုၿပီးနားလည္ေစႏိုင္ခဲ့ပါတယ္။သူငယ္ခ်င္းေတြရဲ႕မတူညီတဲ့ဘဝေတြ၊ မတူညီတဲ့ရႈေထာင့္နဲ႔ခံစားခ်က္ေတြကိုလည္းထည့္ေရးထားသလို

ကြၽန္ေတာ့္ရဲ႕ခံစားခ်က္အစစ္ေတြလည္းပါတယ္”လို႔ ေတးအယ္လ္ဘမ္အသစ္နဲ႔ပတ္သက္ၿပီး Ed Sheeran ကရွင္းျပထားပါတယ္။ Ed Sheeran ဟာ သူ႔ရဲ႕ ၆ ခုေျမာက္ေတးအယ္လ္ဘမ္ Subtract ကိုလည္း ၿပီးခဲ့တဲ့ေမလ ၅ ရက္ေန႔ကျဖန႔္ခ်ိခဲ့ပါေသးတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*