ဖက်ရှင်အမြင်ရှိတဲ့ ရာသီခွင် (၄)ခု

မွေးရာပါ ဖက်ရှင်အမြင်ရှိကြတဲ့ ရာသီခွင်တွေအကြောင်း ပြောပြချင်ပါတယ်။ သူတို့ကခေတ်ရေစီးကြောင်းအလိုက် ဆန်းသစ်တဲ့အတွေး အခေါ်တွေ၊ ရဲရင့်မှုတွေနဲ့ ဖက်ရှင်ပိုင်းမှာဆိုရင်အမြဲထိပ်တန်းရောက်နေသူတွေဖြစ်ပါတယ်။

Aries
Aries တွေက ဖက်ရှင်ရွေးချယ်မှုမှာ ရဲရင့်မှုကြောင့် လူသိများပါတယ်။ သူတို့ကလူစုလူဝေးထဲမှာ ပေါ်လွင်စွာနေလိုကြပြီး ရဲရင့်တဲ့အ ရောင်များ၊ ခေတ်ရေစီးကြောင်းအလိုက်စွန့်စားဖို့ ဝန်မလေးကြပါဘူး။ သူတို့ရဲ့ ယုံကြည်မှုနဲ့ ထင်ရှားတဲ့ ကိုယ်ရည်ကိုယ်သွေးများကဖက် ရှင်နဲ့ပတ်သက်လာရင် အမြဲတမ်းရှေ့တန်းရောက်နေတတ်ပါတယ်။

Leo
Leos တွေက ဖက်ရှင်ပိုင်းမှာ စွဲမက်ဖွယ်ကောင်းအောင် ဝတ်စားဆင်ယင်တာကိုနှစ်သက်ကြပါတယ်။ ခမ်းနားထည်ဝါတဲ့အသုံးအဆောင်တွေ၊ အထည်တွေကိုဝတ်ဆင်သုံးစွဲကြပါတယ်။ သူတို့ရဲ့ ယုံကြည်မှုနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပင်ကိုယ်စရိုက်ရောက်သူတို့တွေက အထူးကဲဆုံးဖက်ရှင်သင်္ကေတများဖြစ်ကြပါတယ်။

Libra
Libras တွေက ဖက်ရှင်မှာ ဟန်ချက်ညီညီရွေးချယ်မှုကြောင့်တခြားသူတွေနဲ့ကွဲထွက်နေတတ်ပါတယ်။ သူတို့ကအလှအပရေးရာအတွက်စိတ်အားထက်သန်ကြပြီး ဝတ်စားဆင်ယင်မှုမှာ သဟဇာတဖြစ်အောင်အမြဲကြိုးစားနေတတ်ကြပါတယ်။ ဒီရာသီခွင်တွေက တောက်ပြောင်ပြီး ဆန်းပြားတဲ့ ဖက်ရှင်ကိုဖန်တီးပြီး ကျက်သရေနဲ့ အရောင်များ၊ ပုံစံများအသွင်အပြင်များ အားစိုက်ထုတ်ကာလိုက်ဖက်ညီအောင်ဖန်တီးကြပါတယ်။

Pisces
Pisceans များက ထူးခြားတဲ့ ပုံစံနဲ့ အနုပညာအသွင်အပြင်ကို ဖော်ပြတတ်ပါတယ်။စိတ်ကူးယဉ်ဆန်မှုနဲ့ ရင်ခုန်စရာကောင်းတဲ့ ဖန်တီးမှုတွေကြောင့် ဖက်ရှင်ပိုင်းမှာဆွဲဆောင်မှုရှိစေပါတယ်။ ပျော့ပျောင်းတဲ့ ပုံစံ၊ နူးညံ့တဲ့ အပြင်အဆင်နဲ့ လွတ်လပ်တဲ့သဘောသဘာဝကို ထင် ဟပ်စေတဲ့ ပေါင်းစပ်အသုံးအဆောင်ပစ္စည်းများကိုဆုပ်ကိုင်ထားကြပါတယ်။

MYit

zawgyi


Aries

Leo

Libra

Pisces

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*