TEMPEST အဖွဲ့ကနေ Hwarang ထွက်သွားပြီလို့ သူ့ရဲ့ အေဂျင်စီကြေညာ
TEMPESTအဖွဲ့ကနေ Hwarang လမ်းခွဲခဲ့ပြီလို့ သူ့ရဲ့အေဂျင်စီက ဩဂုတ်လ ၁၁ရက်နေ့မှာကြေညာလိုက်ပါတယ်။ သူတို့ရဲ့ကြေညာချက်အပြည့်အစုံကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။မင်္ဂလာပါ၊ ဒါက Yuehua Entertainment ဖြစ်ပါတယ်။ ကျွန်ုပ်တို့က TEMPEST နဲ့ Hwarang တို့ရဲ့ အနာဂတ်လှုပ်ရှားမှုများကို ကိုင်တွယ်ဖြေရှင်းလိုပါတယ်။ကျွန်ုပ်တို့က သူရဲ့အနာဂတ်လှုပ်ရှားမှုများနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို Hwarangနဲ့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုများမှာ ပါဝင်ခဲ့ပါတယ်။ သေချာစဉ်းစားပြီးနောက်မှာ
TEMPEST အဖွဲ့ဝင်တစ်ဦးအနေနဲ့ Hwarang ရဲ့ လုပ်ဆောင်မှုများကို နိဂုံးချုပ်ရန်သူ့ရဲ့သီးသန့်စာချုပ်ကိုရပ်စဲဖို့အတွက် အပြန်အလှန်သဘောတူခဲ့ကြပါတယ်။
Hwarang ကို ယခုအချိန်အထိ အားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်ကြောင်းဖော်ပြအပ်ပါပါတယ်။ ခရီးသစ်တစ်ခု စတင်ဖို့ပြင်ဆင်နေတဲ့ Hwarang ရဲ့အနာဂတ်လှုပ်ရှားမှုများအတွက် ပံ့ပိုးကူညီမှုများစွာကို ကျွန်ုပ်တို့တောင်းဆိုပါတယ်။ Hwarangရဲ့ အနာဂတ်ကြိုးပမ်းမှုများကိုလည်း ကျွန်ုပ်တို့အနေနဲ့ စိတ်ရင်းမှန်နဲ့ပံ့ပိုးပေးမှာဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ အနုပညာရှင်များနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ သတင်းမှားများနဲ့ထင်ကြေးပေးမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မှာဖြစ်ပါတယ်။ ဒါ့အပြင် Road to Kingdom ကတဆင့် ပရိသတ်များကို နှုတ်ဆက်မယ့် TEMPEST ကို စိတ်ဝင်တစားနဲ့ ချစ်ခြင်းများစွာကိုပြသစေလိုပါတယ်။ကျေးဇူးတင်ပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*