Career ပြောင်းတာရဲ့ အားနည်းချက် (၅)ခု

သင်က အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို ဘယ်ကိုလှည့်မလဲဆိုတာကိုခက်ခက်ခဲခဲထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ဒီအချက်ကတော့ အသက်မွေးဝမ်းကြောင်းပြောင်းမယ်ဆိုရင် သိသင့်တဲ့ အားနည်းချက်တချို့ပဲဖြစ်ပါတယ်။

ငွေရေးကြေးရေးမလုံခြုံမှု

တည်ငြိမ်တဲ့ လစာရနေတဲ့ အလုပ်တခုကိုချန်ထားခဲ့ပြီး အလုပ်အကိုင်ဈေးကွက်ကို အစကနေပြန်လည်ဝင်ရောက်ရတာက သင့်ရဲ့ ဘဏ္ဍာ ရေးကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ သင်ကဘဏ္ဍာရေးအတွက်စိတ်ပူစရာမလိုဘူးဆိုရင်လည်း ဒီအချက်ကအားနည်းချက်မဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ငွေကြေးအခြေအနေကိုထည့်တွက်စဉ်းစားနေရတယ်ဆိုရင်တော့ ဒီအချက်ကသင့်ကိုအားနည်းချက်ကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။

အားလုံးက အစီအစဉ်အတိုင်း အတိအကျမဖြစ်နိုင်ပါဘူး

ပထမဆုံးအချက်ကတော့ မသေချာမရေရာမှုတွေ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ဒါကပုံမှန်ပါပဲ။အရာအားလုံးကို အတိအကျပုံဖော်ထားတာမရှိတာ ကောင်းပါတယ်။အသက်မွေးဝမ်းကြောင်းပြောင်းလဲမှုအကြောင်း စာအုပ်များဖတ်တာကသင့်ကိုပြောင်းလွယ်ပြင်လွယ်နဲ့ လိုက် လျောညီထွေဖြစ်အောင်အကူးအပြောင်းကိုချဉ်းကပ်စေနိုင်ပါတယ်။

သင်ယူမှုအပြောင်းအလဲ

အလုပ်တခုကနေ တခု၊ ကျွမ်းကျင်မှုတခုကနေ တခု ပြောင်းလဲရတာ တကယ်တော့မလွယ်ကူပါဘူး။ လုပ်ငန်းအသစ်တခုကိုဝင်ရောက်ဖို့အတွက် သင်ယူမှုအပြောင်းအလဲများစွာကိုသင်လုပ်ဆောင်ရမှာပါ။ အထူးသဖြင့် သင်က အသက် ၄၀နောက်ပိုင်းမှာအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အကြီးတန်းအဆင့်ကနေအလယ်အလတ်ကိုပြောင်းနေရတဲ့အခါ တုန်လှုပ်သွားနိုင်ပါတယ်။ ကျွမ်းကျင်မှုအသစ်များကိုတက်ကြွစွာရယူပြီး အသိအမှတ်ပြုလက်မှတ်များရရှိတာ၊ အလုပ်သင်လုပ်တာ ဒါမှမဟုတ်သတင်းအချက်အလက်အင်တာဗျူးများလုပ်ဆောင်ပြီးတော့အသက်မွေးဝမ်းကြောင်းအသစ်မှာ သင့်ကိုယ်သင့် မြှုံနှံရပါလိမ့်မယ်။ အလုပ်အသစ်အတွက်ဖွံ့ဖြိုးမှုဆိုင်ရာ ကွက်လက်တွေကိုဖြည့်ဖို့အတွက် ဒီအချက်တွေက ကူညီပေးပါလိမ့်မယ်။

မင်းရဲ့တန်ဖိုးကို သက်သေပြဖို့ ဖိအားများတာ

အသက်မွေးဝမ်းကြောင်း ပြောင်းလဲသူအနေနဲ့ မန်နေဂျာအသစ်တွေနဲ့လုပ်ဖော်ကိုင်ဖက်အသစ်တွေကို ကိုယ့်ရဲ့တန်ဖိုးကို သက်သေပြဖို့ ဖိအားတွေ ခံစားရနိုင်ပါတယ်။သက်တောင့်သက်သာ ဇုန်ကနေ ထွက်သွားပြီးကိုယ်နဲ့မရင်းနှီးတဲ့အလုပ်တာဝန်များကိုထမ်းဆောင်ရပါလိမ့်မယ်။ အလုပ်အင်တာဗျူးမှာအကြောင်းပြချက်တခုနဲ့ အလုပ်ရခဲ့တယ်။ အဲဒီယုံကြည်မှုအတွက် တန်ဖိုးကိုသင်ပေးဆောင်ရဖို့အတွက် ဖိ အားတွေ များပါလိမ့်မယ်။

ပြိုင်ဆိုင်မှု တိုးလာတာ

လုပ်ငန်းအသစ်တစ်ခုသို့ ဝင်ရောက်တာက ရောက်နှင့်ပြီးသားကျွမ်းကျင်ပြီးသားလူတွေနဲ့ယှည်ရင် သင်က အားနည်းချက်တခုဖြစ်စေတယ်လို့ခံစားရပါလိမ့်မယ်။ အဖွဲ့အစည်းနဲ့ လုပ်ငန်းကို ရင်းနှီးစေဖို့ အချိန်ယူပါ။ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေက လုပ်ငန်းဆိုင်ရာအသိပညာတွေကိုယူဆောင်လာပေမဲ့ သင်ကကွဲပြားတဲ့နောက်ခံနဲ့ ထူးခြားတဲ့ကျွမ်းကျင်မှုနဲ့ ထိုးထွင်းသိမြင်မှုတို့ကိုယူဆောင်လာတယ်ဆိုတာကို မမေ့ပါနဲ့။

ဒီအချက်တွေကတော့ Career ပြောင်းလဲတာအတွက်အားနည်းချက်တွေပါပဲ။ ဒါပေမဲ့ဘယ်အလုပ်မဆို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေမရှိဘူးဆိုရင် ပျင်းစရာကောင်းနေမှာအမှန်ပါပဲ။သက်သောင့်သက်သာဇုန်ကနေ ထွက်ပါ။ ကိုယ့်အတွက် စိတ်ဝင်စားမှုတွေပြည့်နှက်နေတဲ့
ကမ္ဘာကြီးဆီကိုသွားပါ။

MYit

zawgyi

သင္က အသက္ေမြးဝမ္းေၾကာင္းလမ္းေၾကာင္းကို ဘယ္ကိုလွည့္မလဲဆိုတာကိုခက္ခက္ခဲခဲထည့္သြင္းစဥ္းစားဖို႔လိုအပ္ပါတယ္။ ဒီအခ်က္ကေတာ့ အသက္ေမြးဝမ္းေၾကာင္းေျပာင္းမယ္ဆိုရင္ သိသင့္တဲ့ အားနည္းခ်က္တခ်ိဳ႕ပဲျဖစ္ပါတယ္။

ေငြေရးေၾကးေရးမလုံၿခဳံမႈ

တည္ၿငိမ္တဲ့ လစာရေနတဲ့ အလုပ္တခုကိုခ်န္ထားခဲ့ၿပီး အလုပ္အကိုင္ေဈးကြက္ကို အစကေနျပန္လည္ဝင္ေရာက္ရတာက သင့္ရဲ႕ ဘ႑ာ ေရးကို ဖိအားျဖစ္ေစႏိုင္ပါတယ္။ ဒီေနရာမွာ သင္ကဘ႑ာေရးအတြက္စိတ္ပူစရာမလိုဘူးဆိုရင္လည္း ဒီအခ်က္ကအားနည္းခ်က္မျဖစ္ေစႏိုင္ပါဘူး။ ဒါေပမဲ့ေငြေၾကးအေျခအေနကိုထည့္တြက္စဥ္းစားေနရတယ္ဆိုရင္ေတာ့ ဒီအခ်က္ကသင့္ကိုအားနည္းခ်က္ႀကီးႀကီးမားမားျဖစ္ေစႏိုင္ပါတယ္။

အားလုံးက အစီအစဥ္အတိုင္း အတိအက်မျဖစ္ႏိုင္ပါဘူး

ပထမဆုံးအခ်က္ကေတာ့ မေသခ်ာမေရရာမႈေတြ ခံစားရႏိုင္ပါတယ္။ ဒါေပမဲ့ ဒါကပုံမွန္ပါပဲ။အရာအားလုံးကို အတိအက်ပုံေဖာ္ထားတာမရွိတာ ေကာင္းပါတယ္။အသက္ေမြးဝမ္းေၾကာင္းေျပာင္းလဲမႈအေၾကာင္း စာအုပ္မ်ားဖတ္တာကသင့္ကိုေျပာင္းလြယ္ျပင္လြယ္နဲ႔ လိုက္ ေလ်ာညီေထြျဖစ္ေအာင္အကူးအေျပာင္းကိုခ်ဥ္းကပ္ေစႏိုင္ပါတယ္။

သင္ယူမႈအေျပာင္းအလဲ

အလုပ္တခုကေန တခု၊ ကြၽမ္းက်င္မႈတခုကေန တခု ေျပာင္းလဲရတာ တကယ္ေတာ့မလြယ္ကူပါဘူး။ လုပ္ငန္းအသစ္တခုကိုဝင္ေရာက္ဖို႔အတြက္ သင္ယူမႈအေျပာင္းအလဲမ်ားစြာကိုသင္လုပ္ေဆာင္ရမွာပါ။ အထူးသျဖင့္ သင္က အသက္ ၄၀ေနာက္ပိုင္းမွာအသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းကို အႀကီးတန္းအဆင့္ကေနအလယ္အလတ္ကိုေျပာင္းေနရတဲ့အခါ တုန္လႈပ္သြားႏိုင္ပါတယ္။ ကြၽမ္းက်င္မႈအသစ္မ်ားကိုတက္ႂကြစြာရယူၿပီး အသိအမွတ္ျပဳလက္မွတ္မ်ားရရွိတာ၊ အလုပ္သင္လုပ္တာ ဒါမွမဟုတ္သတင္းအခ်က္အလက္အင္တာဗ်ဴးမ်ားလုပ္ေဆာင္ၿပီးေတာ့အသက္ေမြးဝမ္းေၾကာင္းအသစ္မွာ သင့္ကိုယ္သင့္ ျမႇဳံႏွံရပါလိမ့္မယ္။ အလုပ္အသစ္အတြက္ဖြံ႕ၿဖိဳးမႈဆိုင္ရာ ကြက္လက္ေတြကိုျဖည့္ဖို႔အတြက္ ဒီအခ်က္ေတြက ကူညီေပးပါလိမ့္မယ္။

မင္းရဲ႕တန္ဖိုးကို သက္ေသျပဖို႔ ဖိအားမ်ားတာ

အသက္ေမြးဝမ္းေၾကာင္း ေျပာင္းလဲသူအေနနဲ႔ မန္ေနဂ်ာအသစ္ေတြနဲ႔လုပ္ေဖာ္ကိုင္ဖက္အသစ္ေတြကို ကိုယ့္ရဲ႕တန္ဖိုးကို သက္ေသျပဖို႔ ဖိအားေတြ ခံစားရႏိုင္ပါတယ္။သက္ေတာင့္သက္သာ ဇုန္ကေန ထြက္သြားၿပီးကိုယ္နဲ႔မရင္းႏွီးတဲ့အလုပ္တာဝန္မ်ားကိုထမ္းေဆာင္ရပါလိမ့္မယ္။ အလုပ္အင္တာဗ်ဴးမွာအေၾကာင္းျပခ်က္တခုနဲ႔ အလုပ္ရခဲ့တယ္။ အဲဒီယုံၾကည္မႈအတြက္ တန္ဖိုးကိုသင္ေပးေဆာင္ရဖို႔အတြက္ ဖိ အားေတြ မ်ားပါလိမ့္မယ္။

ၿပိဳင္ဆိုင္မႈ တိုးလာတာ

လုပ္ငန္းအသစ္တစ္ခုသို႔ ဝင္ေရာက္တာက ေရာက္ႏွင့္ၿပီးသားကြၽမ္းက်င္ၿပီးသားလူေတြနဲ႔ယွည္ရင္ သင္က အားနည္းခ်က္တခုျဖစ္ေစတယ္လို႔ခံစားရပါလိမ့္မယ္။ အဖြဲ႕အစည္းနဲ႔ လုပ္ငန္းကို ရင္းႏွီးေစဖို႔ အခ်ိန္ယူပါ။ ကြၽမ္းက်င္တဲ့ဝန္ထမ္းေတြက လုပ္ငန္းဆိုင္ရာအသိပညာေတြကိုယူေဆာင္လာေပမဲ့ သင္ကကြဲျပားတဲ့ေနာက္ခံနဲ႔ ထူးျခားတဲ့ကြၽမ္းက်င္မႈနဲ႔ ထိုးထြင္းသိျမင္မႈတို႔ကိုယူေဆာင္လာတယ္ဆိုတာကို မေမ့ပါနဲ႔။

ဒီအခ်က္ေတြကေတာ့ Career ေျပာင္းလဲတာအတြက္အားနည္းခ်က္ေတြပါပဲ။ ဒါေပမဲ့ဘယ္အလုပ္မဆို အခက္အခဲေတြ၊ စိန္ေခၚမႈေတြမရွိဘူးဆိုရင္ ပ်င္းစရာေကာင္းေနမွာအမွန္ပါပဲ။သက္ေသာင့္သက္သာဇုန္ကေန ထြက္ပါ။ ကိုယ့္အတြက္ စိတ္ဝင္စားမႈေတြျပည့္ႏွက္ေနတဲ့
ကမာၻႀကီးဆီကိုသြားပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*