ပြောင်းလဲမှုသေးသေးလေးလုပ်ပြီး ၅၅ ပေါင်ဝိတ်ချနိုင်ခဲ့တဲ့ Post Malone

Post Malone အနေနဲ့ သူ့ရဲ့ Diet ထဲမှာပြောင်းလဲမှုတစ်ခုကိုပြုလုပ်ပြီး သိသိသာသာကိုယ်အလေးချိန်ချနိုင်ခဲ့တဲ့အကြောင်းကိုမျှဝေလာပါတယ်။သူဟာ ကိုယ်အလေးချိန် ၂၄၅ ပေါင်ကနေ ၁၈၅ ပေါင်ခန့်ထိရောက်အောင် ၅၅ပေါင်ဝိတ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဝိတ်ကျသွားဖို့ရိုးရှင်းတဲ့အချက်တစ်ခုကိုပဲပြုလုပ်ခဲ့တာလို့ဆိုပါတယ်။အဲဒါကတော့ အချိုရည်၊ ဆိုဒါကို ဖြတ်လိုက်တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့သူက“ကျွန်တော်ကကိုကာကိုလာနဲ့ရေခဲကို အမြဲလိုသောက်ဖြစ်နေတာပါ။စိတ်ညစ်လာရင်လည်းသောက်မိတယ်။ ပူလွန်းတဲ့အချိန်ဖျော်ဖြေရေးပြီးရင်လည်းအအေးတွေပဲသောက်ဖြစ်တယ်။ ကျွန်တော်အခုလိုဝိတ်ကျသွားတာဆေးသုံးလို့မဟုတ်ပါဘူး။အချိုရည်သောက်တဲ့အကျင့်ကိုသိသိသာသာပြင်လိုက်လို့ပါ၊ပြီးတော့ရေများများသောက်တယ်၊ပရိုတင်းများများစားတယ်။”လို့အင်တာဗျူးတစ်ခုမှာမျှဝေခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနစ်ကဆိုရင် သူဟာ Postmate ဆိုတဲ့ Food Delivery ရဲ့ နံပါတ် ၁ Customer ဖြစ်ခဲ့ဖူးပါတယ်။ဘာကြောင့်လဲဆိုတော့ Fast Food ဆိုင်ဖြစ်တဲ့ Popeyes ကနေ အော်ဒါခဏခဏမှာပြီး ဘီစကစ် ၁သောင်းလောက်အထိမှာစားခဲ့ဖူးလို့ဖြစ်ပါတယ်။ဒီလိုကျန်းမာရေးနဲ့လုံးဝမညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံကနေပြောင်းလဲစေခဲ့တဲ့အကြောင်းရင်းကတော့ သူ့ရဲ့သမီးလေးကြောင့်လို့ဆိုပါတယ်။သမီးလေးမွေးဖွားလာတော့မယ့်အချိန်မှာ သမီးလေးဘေးမှာကြာကြာနေချင်တဲ့စိတ်နဲ့ကျန်းမာအောင်စားသောက်နေထိုင်ဖို့ ဆုံးဖြတ်ချက်တွေခိုင်မာခဲ့တာဖြစ်တယ်လို့သူကဖြေကြားခဲ့ပါတယ်။

Ju Ju

zawgyi

Post Malone အေနနဲ႔ သူ႔ရဲ႕ Diet ထဲမွာေျပာင္းလဲမႈတစ္ခုကိုျပဳလုပ္ၿပီး သိသိသာသာကိုယ္အေလးခ်ိန္ခ်ႏိုင္ခဲ့တဲ့အေၾကာင္းကိုမွ်ေဝလာပါတယ္။သူဟာ ကိုယ္အေလးခ်ိန္ ၂၄၅ ေပါင္ကေန ၁၈၅ ေပါင္ခန႔္ထိေရာက္ေအာင္ ၅၅ေပါင္ဝိတ္ခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုဝိတ္က်သြားဖို႔႐ိုးရွင္းတဲ့အခ်က္တစ္ခုကိုပဲျပဳလုပ္ခဲ့တာလို႔ဆိုပါတယ္။အဲဒါကေတာ့ အခ်ိဳရည္၊ ဆိုဒါကို ျဖတ္လိုက္တာျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့သူက“ကြၽန္ေတာ္ကကိုကာကိုလာနဲ႔ေရခဲကို အၿမဲလိုေသာက္ျဖစ္ေနတာပါ။စိတ္ညစ္လာရင္လည္းေသာက္မိတယ္။ ပူလြန္းတဲ့အခ်ိန္ေဖ်ာ္ေျဖေရးၿပီးရင္လည္းအေအးေတြပဲေသာက္ျဖစ္တယ္။ ကြၽန္ေတာ္အခုလိုဝိတ္က်သြားတာေဆးသုံးလို႔မဟုတ္ပါဘူး။အခ်ိဳရည္ေသာက္တဲ့အက်င့္ကိုသိသိသာသာျပင္လိုက္လို႔ပါ၊ၿပီးေတာ့ေရမ်ားမ်ားေသာက္တယ္၊ပ႐ိုတင္းမ်ားမ်ားစားတယ္။”လို႔အင္တာဗ်ဴးတစ္ခုမွာမွ်ေဝခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုနစ္ကဆိုရင္ သူဟာ Postmate ဆိုတဲ့ Food Delivery ရဲ႕ နံပါတ္ ၁ Customer ျဖစ္ခဲ့ဖူးပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ Fast Food ဆိုင္ျဖစ္တဲ့ Popeyes ကေန ေအာ္ဒါခဏခဏမွာၿပီး ဘီစကစ္ ၁ေသာင္းေလာက္အထိမွာစားခဲ့ဖူးလို႔ျဖစ္ပါတယ္။ဒီလိုက်န္းမာေရးနဲ႔လုံးဝမညီၫြတ္တဲ့စားေသာက္ေနထိုင္မႈပုံစံကေနေျပာင္းလဲေစခဲ့တဲ့အေၾကာင္းရင္းကေတာ့ သူ႔ရဲ႕သမီးေလးေၾကာင့္လို႔ဆိုပါတယ္။သမီးေလးေမြးဖြားလာေတာ့မယ့္အခ်ိန္မွာ သမီးေလးေဘးမွာၾကာၾကာေနခ်င္တဲ့စိတ္နဲ႔က်န္းမာေအာင္စားေသာက္ေနထိုင္ဖို႔ ဆုံးျဖတ္ခ်က္ေတြခိုင္မာခဲ့တာျဖစ္တယ္လို႔သူကေျဖၾကားခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*