ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေတာကြောင့် အိမ်ထဲမှာပဲနေကြဖို့ မင်းသမီး Shu Qi ပြော

ထိုင်ဝမ်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်နေတာကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ကြဖို့ မင်းသမီး Shu Qi က ဇူလိုင်လ ၂၄ရက်နေ့က လူမှုမီဒီယာမှာ တရုတ်ဘာသာနဲ့ရေးသားခဲ့ပါတယ်။“အပြင်မှာလေပြင်းတွေတိုက်ပြီး မိုးရွာနေတယ်..အိမ်ထဲမှာပဲနေကြပါ။ အနီးအနားကိုပြေးထွက်တာမျိုးတွေ မလုပ်ကြပါနဲ့” လို့ ပြောခဲ့ပါတယ်။နောက်ပြီးသူမက အစားအသောက်နဲ့ပတ်သက်ပြီးလည်းပြောခဲ့ပါသေးတယ်။
“အရမ်းကိုထူးဆန်းပါတယ်။ ပုံမှန်ဆို ကျမကအစားအသောက်ကိုပြင်းပြင်းထန်ထန်မက်မောတာ မျိုးမရှိပေမဲ့ takeaway foodတွေကိုတောင့်တနေတယ်” လို့ပြောခဲ့ပါတယ်။ထိုင်ဝမ်မင်းသမီး Shu Qi နဲ့ သြစတြေးလျအဆိုတော် Kimberley Chen တို့က တိုင်ဖွန်းမုန်တိုင်း
Gaemi တိုက်ခတ်မှုကြောင့် အိမ်ထဲမှာပဲနေခဲ့ကြရတာပါ။မကြာသေးမီနှစ်များအတွင်း ကျွန်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲအပြင်းထန်ဆုံးဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ်ရှိစာသင်ကျောင်းများနဲ့ ရုံးများကိုဇူလိုင်လ ၂၅ရက်နေ့အထိ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူ၂ဦးသေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရခဲ့ပါတယ်။

မင်းသမီးက သူမရဲ့ဓာတ်ပုံတပုံကိုမျှဝေရင်း “ကျမ ပြတင်းပေါက်အပြင်ဘက်ကမုန်တိုင်းကိုငေးကြည့်ရင်း ကွန်ပျူတာဖွင့်ထားတဲ့စားပွဲမှာ ဗိုက်ဗလာနဲ့ ထိုင်နေရတယ်” လို့ပြောခဲ့ပါသေးတယ်။သူမရဲ့ပရိသတ်တချို့က သူမရဲ့စားပွဲပေါ်က ကိုကာကိုလာတဘူးနဲ့ကိတ်မုန့်တစိပ်ကိုသတိထားမိကြပြီး တချို့ကတော့ ခေါက်ဆွဲခေါက်ကိုစားနိုင်တယ်လို့အကြံပြုထားကြပါတယ်။နာရီအနည်းငယ်အကြာတွင် သူမရဲ့အိမ်ထဲသို့ ရေများစိမ့်ဝင်ကာ အိမ်အပြင်ဘက်မှာရေလျှံနေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေပြီးထားပြီး သိပ်မနက်ပါဘူးလို့ ဟာသလုပ်ခဲ့ပါသေးတယ်။မုန် တိုင်းကြောင့်သူမရဲ့အိမ်ဟာလည်း ပျက်စီးခဲ့ပါတယ်။သူမကပြုပြင်ဖို့အတွက် တိုင်ဖွန်းမုန်တိုင်းကျော်သွားတဲ့အထိ စောင့်ရမှာပေါ့လို့ပြောထားပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*