လက်ထပ်တဲ့သတင်းနဲ့အတူ ကိုယ်ဝန်ဆောင်ထားရပြီဆိုတာကိုပါ ကြေညာလိုက်တဲ့ ASH ISLAND နဲ့ CHANMINA တို့စုံတွဲ

ASH ISLAND နဲ့ CHANMINA တို့နှစ်ဦးကတော့ မိသားစုဘဝကိုအတူတကွစတင်နေပြီဖြစ်ပါတယ်။သူတို့နှစ်ဦးက မကြာသေးမီက လက်ထပ်ထားပြီး သားဦးလေးကိုကိုယ်ဝန်ဆောင်ထားရပြီဆိုတာကို ဇူလိုင်လ ၇ရက်နေ့မှာပရိသတ်တွေကိုအသိပေးကြေညာခဲ့ပါတယ်။ ဒီသတင်းကြောင့်ပဲ ပရိသတ်တွေအားလုံးကအံ့အားသင့်စေခဲ့ရပါတယ်။လူမှုကွန်ရက်တခုဖြစ်တဲ့ အင်စတာဂရမ်မှာစုံတွဲပုံပေါင်းများစွာကို မျှဝေထားတဲ့အပြင် CHANMINA စာတိုတခုကိုလည်း ပရိသတ်ကို မျှဝေထားပါသေးတယ်။ ASH ISLAND နဲ့ လက်ထပ်လိုက်ပြီလို့ ကြေငြာလိုက်ရတဲ့အတွက် ဝမ်းသာပါတယ်။

သူက ကျွန်တော့်ဘဝရဲ့ ချစ်ခြင်းမေတ္တာ၊ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ကျွန်တော့်အတွက်အစားထိုးလို့မရတဲ့သူဖြစ်ပါတယ်။ သူနဲ့အတူ စာမျက်နှာသစ်တစ်ခုစတင်ရတာ အရင်ကထက်ပိုပျော်မိပါတယ်။ဒါ့အပြင်ကျနော်တို့ရဲ့ကမ္ဘာကို ကလေးလေးတဦးရောက်လာဖို့မျှော်လင့်နေပါတယ်။ ဒီအချက်ကကျနော်တို့အတွက် ကောင်းချီးတွေလွှမ်းခြုံသွားစေတဲ့အချက်တခုဖြစ်ပါတယ်။ မိသားစုဘဝကိုအတူ တကွတည်ဆောက်ဖို့ စိတ်လှုပ်ရှားနေပြီး မင်းတို့အနေနဲ့ ငါတို့ကိုဆက်ပြီးပံ့ပိုးပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မိမှာပါလို့ သူက ပရိသတ်ကိုပြောဆိုထားတာပါ။ ASH ISLAND ကလည်း ပရိသတ်အတွက် စာတစောင်မျှဝေထားပါသေးတယ်။သူ့ရဲ့စာအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ CHANMINA နဲ့ ကျနော်က ကျနော်တို့ရဲ့လက်ကျန်တဲ့ဘဝတွေကို အတူတူဖြတ်သန်းဖို့ကတိပေးထားတယ်။ သူမ ရောက်ရှိခြင်းအတွက် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ သူမကကျနော့်အတွက် ခွန်အားဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့သတင်းတခု မင်းတို့ကိုမျှဝေခွင့်ရလို့အရမ်းကံကောင်းတယ်လို့ခံစားရတယ်။ ပြီးတော့ ကျနော့်အတွက် မိသားစုသဖွယ်ဖြစ်တဲ့ကုမ္ပဏီတခုဖြစ်တဲ့ Ambition Musik နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်းကြေညာလိုပါတယ်။ အနုပညာသမားတယောက်အနေနဲ့ ရှေ့ဆက်ပြီးအကောင်းဆုံးကြိုးစားသွားမှာပါ။ သီချင်းအသစ်မျာလည်း မကြာမီမှာ ရောက်ရှိလာမှာဖြစ်ပြီး
မင်းတို့ရဲ့ ပံ့ပိုးမှုက ငါ့အတွက်အရာရာပါပဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။သူတို့နှစ်ဦးရဲ့ လက်ထပ်သတင်းနဲ့အတူ သားဦးရတနာလေးရှိနေပြီဆိုတဲ့သတင်းကသူတို့ပရိသတ်တွေအတွက်တော့ အံ့ဩဝမ်းသာစရာသတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။

MYit

zawgyi

ASH ISLAND နဲ႔ CHANMINA တို႔ႏွစ္ဦးကေတာ့ မိသားစုဘဝကိုအတူတကြစတင္ေနၿပီျဖစ္ပါတယ္။သူတို႔ႏွစ္ဦးက မၾကာေသးမီက လက္ထပ္ထားၿပီး သားဦးေလးကိုကိုယ္ဝန္ေဆာင္ထားရၿပီဆိုတာကို ဇူလိုင္လ ၇ရက္ေန႔မွာပရိသတ္ေတြကိုအသိေပးေၾကညာခဲ့ပါတယ္။ ဒီသတင္းေၾကာင့္ပဲ ပရိသတ္ေတြအားလုံးကအံ့အားသင့္ေစခဲ့ရပါတယ္။လူမႈကြန္ရက္တခုျဖစ္တဲ့ အင္စတာဂရမ္မွာစုံတြဲပုံေပါင္းမ်ားစြာကို မွ်ေဝထားတဲ့အျပင္ CHANMINA စာတိုတခုကိုလည္း ပရိသတ္ကို မွ်ေဝထားပါေသးတယ္။ ASH ISLAND နဲ႔ လက္ထပ္လိုက္ၿပီလို႔ ေၾကျငာလိုက္ရတဲ့အတြက္ ဝမ္းသာပါတယ္။

သူက ကြၽန္ေတာ့္ဘဝရဲ႕ ခ်စ္ျခင္းေမတၱာ၊ ကြၽန္ေတာ့္ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း၊ ကြၽန္ေတာ့္အတြက္အစားထိုးလို႔မရတဲ့သူျဖစ္ပါတယ္။ သူနဲ႔အတူ စာမ်က္ႏွာသစ္တစ္ခုစတင္ရတာ အရင္ကထက္ပိုေပ်ာ္မိပါတယ္။ဒါ့အျပင္က်ေနာ္တို႔ရဲ႕ကမာၻကို ကေလးေလးတဦးေရာက္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။ ဒီအခ်က္ကက်ေနာ္တို႔အတြက္ ေကာင္းခ်ီးေတြလႊမ္းၿခဳံသြားေစတဲ့အခ်က္တခုျဖစ္ပါတယ္။ မိသားစုဘဝကိုအတူ တကြတည္ေဆာက္ဖို႔ စိတ္လႈပ္ရွားေနၿပီး မင္းတို႔အေနနဲ႔ ငါတို႔ကိုဆက္ၿပီးပံ့ပိုးေပးမယ္ဆိုရင္ အရမ္းေက်းဇူးတင္မိမွာပါလို႔ သူက ပရိသတ္ကိုေျပာဆိုထားတာပါ။ ASH ISLAND ကလည္း ပရိသတ္အတြက္ စာတေစာင္မွ်ေဝထားပါေသးတယ္။သူ႔ရဲ႕စာအက်ဥ္းခ်ဳပ္ကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။ CHANMINA နဲ႔ က်ေနာ္က က်ေနာ္တို႔ရဲ႕လက္က်န္တဲ့ဘဝေတြကို အတူတူျဖတ္သန္းဖို႔ကတိေပးထားတယ္။ သူမ ေရာက္ရွိျခင္းအတြက္ အထူးပင္ေက်းဇူးတင္ရွိပါတယ္။ သူမကက်ေနာ့္အတြက္ ခြန္အားျဖစ္ပါတယ္။

ေပ်ာ္႐ႊင္စရာေကာင္းတဲ့သတင္းတခု မင္းတို႔ကိုမွ်ေဝခြင့္ရလို႔အရမ္းကံေကာင္းတယ္လို႔ခံစားရတယ္။ ၿပီးေတာ့ က်ေနာ့္အတြက္ မိသားစုသဖြယ္ျဖစ္တဲ့ကုမၸဏီတခုျဖစ္တဲ့ Ambition Musik နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားၿပီျဖစ္ေၾကာင္းေၾကညာလိုပါတယ္။ အႏုပညာသမားတေယာက္အေနနဲ႔ ေရွ႕ဆက္ၿပီးအေကာင္းဆုံးႀကိဳးစားသြားမွာပါ။ သီခ်င္းအသစ္မ်ာလည္း မၾကာမီမွာ ေရာက္ရွိလာမွာျဖစ္ၿပီး
မင္းတို႔ရဲ႕ ပံ့ပိုးမႈက ငါ့အတြက္အရာရာပါပဲ။ အားလုံးကိုေက်းဇူးတင္ပါတယ္။သူတို႔ႏွစ္ဦးရဲ႕ လက္ထပ္သတင္းနဲ႔အတူ သားဦးရတနာေလးရွိေနၿပီဆိုတဲ့သတင္းကသူတို႔ပရိသတ္ေတြအတြက္ေတာ့ အံ့ဩဝမ္းသာစရာသတင္းတပုဒ္ျဖစ္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*