ဒီလမ်းခွဲမှုက သူ့ရဲ့အမှားကြောင့်လို့ ပြောလိုက်တဲ့ ထိုင်းမင်းသား Nine Naphat

မင်းသား Nine Naphat က ထိုင်းမင်းသမီး Baifern Pimchanok နဲ့ ၂ နှစ်ကြာ လက်တွဲပြီးလမ်းခွဲလိုက်ပြီး ဒီလမ်းခွဲမှုက သူ့ရဲ့အမှားဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ထိုင်းမင်းသားက သတင်းထောက်တွေနဲ့ သတင်းစာရှင်းလင်းပွဲမှာသူတို့ရဲ့အချစ်ရေးအကြောင်းပြောရင်း ငိုကြွေးခဲ့ပါတယ်။“ဖြစ်ခဲ့တာတွေအတွက် ကျနော်နောင်တမရပါဘူး။ သူမက ကျနော့်နှလုံးသားထဲမှာအကောင်းဆုံးအမျိုးသမီးပါပဲ” လို့ မင်းသားကပြောခဲ့ပါတယ်။ကြာသပတေးနေ့က ဘန်ကောက်မြို့ Hilton Sukhumvit ဟိုတယ်မှာ ပြုလုပ်တဲ့သတင်း စာရှင်းလင်းပွဲမှာ Nine Naphat နဲ့ Baifern Pimchanok တို့ဟာ သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေမယ်လို့ MGR က ဖော်ပြခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ Nine Naphat ကသတင်းထောက်များနဲ့မေးခွန်းများပြန်လည်ဖြေကြားခဲ့ပြီး မျက်ရည်ကျခဲ့တာကိုတွေ့ရပါတယ်။

မင်းသားက မျက်ရည်တွေသုတ်လိုက်ပြီး အားလုံးကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ဗီဒီယိုဖိုင်ကအွန်လိုင်းမှာ ပြန့်နှံ့သွားခဲ့ပါတယ်။မင်းသားက အသက် ၂၈နှစ်အရွယ်ဖြစ်ပြီး ကြော်ငြာမော်ဒလ် Pimpaka Siangsomboon ရဲ့သားဖြစ်ပါတယ်။ မင်းသားရဲ့အမေက ၁၉၈၈ Miss Thailand World မှာဒုတိယဆုရရှိခဲ့သူလည်းဖြစ်ပါတယ်။ အခုအခါမှာ အသက် ၅၄နှစ်အရွယ်ရှိနေပါပြီ။ပရိသတ်တော်တော်များများရဲ့မှတ်ချက်ကတော့ သူတို့နှစ်ဦးရဲ့အချစ်ရေးကမင်းသားရဲ့အမေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေ ပြန့်နှံ့နေပါတယ်။ Baifern Pimchanok က တော့ အသက် ၃၂ နှစ်အရွယ်ဖြစ်ပြီး ၂၀၁၀မှာထွက်ရှိခဲ့တဲ့ Crazy Little Thing Called Love ဇာတ်ကားမှာ ပါဝင်သရု ပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။သူတို့တို့စုံတွဲက ၂၀၂၂ခုနှစ်၊ တီဗီစီးရီးတခုဖြစ်တဲ့ "A Tale of Ylang Ylang မှာအတူတွဲသရုပ်ဆောင်ရင်း ပထမဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

MYit

zawgyi

မင္းသား Nine Naphat က ထိုင္းမင္းသမီး Baifern Pimchanok နဲ႔ ၂ ႏွစ္ၾကာ လက္တြဲၿပီးလမ္းခြဲလိုက္ၿပီး ဒီလမ္းခြဲမႈက သူ႔ရဲ႕အမွားျဖစ္တယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။ထိုင္းမင္းသားက သတင္းေထာက္ေတြနဲ႔ သတင္းစာရွင္းလင္းပြဲမွာသူတို႔ရဲ႕အခ်စ္ေရးအေၾကာင္းေျပာရင္း ငိုေႂကြးခဲ့ပါတယ္။“ျဖစ္ခဲ့တာေတြအတြက္ က်ေနာ္ေနာင္တမရပါဘူး။ သူမက က်ေနာ့္ႏွလုံးသားထဲမွာအေကာင္းဆုံးအမ်ိဳးသမီးပါပဲ” လို႔ မင္းသားကေျပာခဲ့ပါတယ္။ၾကာသပေတးေန႔က ဘန္ေကာက္ၿမိဳ႕ Hilton Sukhumvit ဟိုတယ္မွာ ျပဳလုပ္တဲ့သတင္း စာရွင္းလင္းပြဲမွာ Nine Naphat နဲ႔ Baifern Pimchanok တို႔ဟာ သူငယ္ခ်င္းေတြအျဖစ္ဆက္ရွိေနမယ္လို႔ MGR က ေဖာ္ျပခဲ့ပါတယ္။
သတင္းစာရွင္းလင္းပြဲအၿပီးမွာ Nine Naphat ကသတင္းေထာက္မ်ားနဲ႔ေမးခြန္းမ်ားျပန္လည္ေျဖၾကားခဲ့ၿပီး မ်က္ရည္က်ခဲ့တာကိုေတြ႕ရပါတယ္။

မင္းသားက မ်က္ရည္ေတြသုတ္လိုက္ၿပီး အားလုံးကို ႏႈတ္ဆက္ထြက္ခြာသြားတဲ့ ဗီဒီယိုဖိုင္ကအြန္လိုင္းမွာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။မင္းသားက အသက္ ၂၈ႏွစ္အ႐ြယ္ျဖစ္ၿပီး ေၾကာ္ျငာေမာ္ဒလ္ Pimpaka Siangsomboon ရဲ႕သားျဖစ္ပါတယ္။ မင္းသားရဲ႕အေမက ၁၉၈၈ Miss Thailand World မွာဒုတိယဆုရရွိခဲ့သူလည္းျဖစ္ပါတယ္။ အခုအခါမွာ အသက္ ၅၄ႏွစ္အ႐ြယ္ရွိေနပါၿပီ။ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕မွတ္ခ်က္ကေတာ့ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ေရးကမင္းသားရဲ႕အေမေၾကာင့္ဆိုတဲ့ စြပ္စြဲခ်က္ေတြ ျပန႔္ႏွံ႔ေနပါတယ္။ Baifern Pimchanok က ေတာ့ အသက္ ၃၂ ႏွစ္အ႐ြယ္ျဖစ္ၿပီး ၂၀၁၀မွာထြက္ရွိခဲ့တဲ့ Crazy Little Thing Called Love ဇာတ္ကားမွာ ပါဝင္သ႐ု ပ္ေဆာင္ရင္း နာမည္ႀကီးလာခဲ့သူျဖစ္ပါတယ္။သူတို႔တို႔စုံတြဲက ၂၀၂၂ခုႏွစ္၊ တီဗီစီးရီးတခုျဖစ္တဲ့ "A Tale of Ylang Ylang မွာအတူတြဲသ႐ုပ္ေဆာင္ရင္း ပထမဆုံးေတြ႕ဆုံခဲ့ၾကတာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*