အလုပ်တစ်ခုရှိတာရဲ့ အရေးကြီးတဲ့ အကြောင်းပြချက် (၅)ခု

တည်ငြိမ်တဲ့လုပ်ခလစာ၊ အကျိုးခံစားခွင့်တွေရှိတဲ့ အလုပ်တခုကို ရရှိထားတာကကိုယ့်အတွက်ကံကောင်းမှုတခုဖြစ်ပါတယ်။ အချိန်ပြည့်အလုပ်တခုရှိတာကကိုယ်ရေးကိုယ်တာနဲ့ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါတယ်။အလုပ်တခုရှိတာက သင့်အ တွက်အကျိုးကျေးဇူးဖြစ်စေတဲ့ အကြောင်းအရင်းတွေကိုဖော်ပြပေးချင်ပါတယ်။

ငွေကြေးတည်ငြိမ်မှု

ပုံမှန်အလုပ်တစ်ခုရှိတာက သင့်ရဲ့ရေတိုနဲ့ရေရှည်ငွေကြေးပန်းတိုင်များကို တည်ငြိမ်စေပါတယ်။အနာဂတ်အတွက် ခန့်မှန်းချက်များကို လုပ်နိုင်ပြီး လက်ရှိအသုံးစရိတ်များကို ကာမိစေဖို့တည်ငြိမ်တဲ့ ငွေအရင်းအမြစ်ကို ပံ့ပိုးပေးနိုင်ပါတယ်။ လစဉ်ငွေဘယ်လောက်ဝင်မယ်ဆိုတာကိုသိတာကလည်း မိသားစုကိုပြုစုစောင့်ရှောက်ဖို့နဲ့ အိမ်အတွက်ဘယ်လောက်ချွေတာနိုင်မလဲဆိုတဲ့ကိစ္စအရပ်ရပ်ကို ကြိုတင်တွက် ချက်ထားနိုင်ပါတယ်။

ကွန်ရက်ချိတ်ဆက်ခြင်း

အလုပ်တခုရှိနေတာက သင့်အတွက် အချင်းချင်းချိတ်ဆက်မှုကိုတိုးပွားစေနိုင်ပါတယ်။အထူးသဖြင့် အလုပ်အသစ်ရှာတဲ့အခါမှာ ကွန်ရက်တွေချိတ်ဆက်ထားနိုင်တာကတပန်းသာပါတယ်။ အလုပ်ရှာဖွေသူများစွာက အချင်းချင်း ချိတ်ဆက်မှုကနေတဆင့်ရာထူးအသစ်များစွာကို ရှာဖွေကြပါတယ်။ ဒါပေမဲ့ သင်ကအလုပ်ခဏခဏခုန်ကူးတဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကဖြစ်စေ၊မန် နေဂျာကဖြစ်စေ အကြံပြုဖို့အတွက် စိတ်အားထက်သန်မှု နည်းနိုင်ပါတယ်။

အလုပ်ရှာဖွေရတဲ့ စိတ်ဖိစီးမှုနည်းခြင်း

အလုပ်နဲ့ပတ်သက်ပြီး စိတ်လုံခြုံမှုမရှိသူများထက်စာရင် အလုပ်တခုရှိနေတာကစိတ်ပိုင်းဆိုင်ရာကိုလုံခြုံမှုရှိစေပါတယ်။ အလုပ်ရှာဖွေရတဲ့ စိတ်ဖိစီးမှုကိုလျှော့နည်းစေပါတယ်။အလုပ်သစ်ရှာဖွေခြင်းကလည်း စိတ်ဖိစီးမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့စိတ် ဓာတ်မကျပါနဲ့။ အလုပ်တခုကနေငြင်းပယ်ခံလိုက်ရတာက ပိုကောင်းတဲ့အလုပ်ရဖို့အခွင့်အလမ်းဖြစ်နိုင်တာကြောင့် စိတ်ဓာတ်မကျစေချင်ပါဘူး။

ပရော်ဖက်ရှင်နယ် ဖွံ့ဖြိုးတိုးတက်မှု

သင့်အလုပ်တာဝန်များ၊ ကုမ္ပဏီယဉ်ကျေးမှုနဲ့ နေ့စဥ်လုပ်ရိုးလုပ်စဉ်တို့ကိုလိုက်လျောညီထွေဖြစ်စေဖို့ သင်ယူလေ့လာခြင်းကလည်းကိုယ့် ရဲ့ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေပါတယ်။ ကိုယ့်ရဲ့သင်ယူနိုင်မှုကနေဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်စေပါတယ်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှု

လူအများစုက သူတို့ရဲ့ပရော်ဖက်ရှင်ဘဝတလျှောက်လုံးကို ကုမ္ပဏီတခုတည်းမှာ မနေကြပေမဲ့ရေရှည်မှာတော့ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအတွက်ကြိုးစားကြပါတယ်။ ဒါကြောင့်အလုပ်တခုရှိတာကလည်း ပရော်ဖက်ရှင်နယ်ရော၊အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုရော ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အလုပ်တခုကိုရရှိတဲ့အခါမှာ ကိုယ့်အတွက်အနာဂတ်အခွင့်အလမ်းတွေရှိဖို့ကြိုးစားစေလိုပါတယ်။ အလုပ်လုပ်ရခြင်းရဲ့ရည် ရွယ်ချက်က ပိုက်ဆံရဖို့၊ အတွေ့အကြုံရဖို့ဆိုတဲ့အချက်နှစ်ခုက အဓိကဖြစ်ပါတယ်။ တချို့အလုပ်တွေက နှစ်ခုစလုံးတပြိုင်နက်ရပေမဲ့
တချို့အလုပ်တွေကတော့ တခုချင်းစီရကြပါတယ်။ ဒီနှစ်ခုကို ဟန်ချက်ညီအောင်ထိန်းပြီး ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ဘဝ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေမှာ တိုးတက်အောင် ကြိုးစားဖို့လိုပါတယ်။

MYit

zawgyi

တည္ၿငိမ္တဲ့လုပ္ခလစာ၊ အက်ိဳးခံစားခြင့္ေတြရွိတဲ့ အလုပ္တခုကို ရရွိထားတာကကိုယ့္အတြက္ကံေကာင္းမႈတခုျဖစ္ပါတယ္။ အခ်ိန္ျပည့္အလုပ္တခုရွိတာကကိုယ္ေရးကိုယ္တာနဲ႔ ပေရာ္ဖက္ရွင္နယ္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေရးပါပါတယ္။အလုပ္တခုရွိတာက သင့္အ တြက္အက်ိဳးေက်းဇူးျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြကိုေဖာ္ျပေပးခ်င္ပါတယ္။

ေငြေၾကးတည္ၿငိမ္မႈ

ပုံမွန္အလုပ္တစ္ခုရွိတာက သင့္ရဲ႕ေရတိုနဲ႔ေရရွည္ေငြေၾကးပန္းတိုင္မ်ားကို တည္ၿငိမ္ေစပါတယ္။အနာဂတ္အတြက္ ခန႔္မွန္းခ်က္မ်ားကို လုပ္ႏိုင္ၿပီး လက္ရွိအသုံးစရိတ္မ်ားကို ကာမိေစဖို႔တည္ၿငိမ္တဲ့ ေငြအရင္းအျမစ္ကို ပံ့ပိုးေပးႏိုင္ပါတယ္။ လစဥ္ေငြဘယ္ေလာက္ဝင္မယ္ဆိုတာကိုသိတာကလည္း မိသားစုကိုျပဳစုေစာင့္ေရွာက္ဖို႔နဲ႔ အိမ္အတြက္ဘယ္ေလာက္ေခြၽတာႏိုင္မလဲဆိုတဲ့ကိစၥအရပ္ရပ္ကို ႀကိဳတင္တြက္ ခ်က္ထားႏိုင္ပါတယ္။

ကြန္ရက္ခ်ိတ္ဆက္ျခင္း

အလုပ္တခုရွိေနတာက သင့္အတြက္ အခ်င္းခ်င္းခ်ိတ္ဆက္မႈကိုတိုးပြားေစႏိုင္ပါတယ္။အထူးသျဖင့္ အလုပ္အသစ္ရွာတဲ့အခါမွာ ကြန္ရက္ေတြခ်ိတ္ဆက္ထားႏိုင္တာကတပန္းသာပါတယ္။ အလုပ္ရွာေဖြသူမ်ားစြာက အခ်င္းခ်င္း ခ်ိတ္ဆက္မႈကေနတဆင့္ရာထူးအသစ္မ်ားစြာကို ရွာေဖြၾကပါတယ္။ ဒါေပမဲ့ သင္ကအလုပ္ခဏခဏခုန္ကူးတဲ့သူတေယာက္ျဖစ္မယ္ဆိုရင္ေတာ့ သင့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ကျဖစ္ေစ၊မန္ ေနဂ်ာကျဖစ္ေစ အႀကံျပဳဖို႔အတြက္ စိတ္အားထက္သန္မႈ နည္းႏိုင္ပါတယ္။

အလုပ္ရွာေဖြရတဲ့ စိတ္ဖိစီးမႈနည္းျခင္း

အလုပ္နဲ႔ပတ္သက္ၿပီး စိတ္လုံၿခဳံမႈမရွိသူမ်ားထက္စာရင္ အလုပ္တခုရွိေနတာကစိတ္ပိုင္းဆိုင္ရာကိုလုံၿခဳံမႈရွိေစပါတယ္။ အလုပ္ရွာေဖြရတဲ့ စိတ္ဖိစီးမႈကိုေလွ်ာ့နည္းေစပါတယ္။အလုပ္သစ္ရွာေဖြျခင္းကလည္း စိတ္ဖိစီးမႈကို အနည္းနဲ႔အမ်ားျဖစ္ေစႏိုင္ပါတယ္။ ဒါေပမဲ့စိတ္ ဓာတ္မက်ပါနဲ႔။ အလုပ္တခုကေနျငင္းပယ္ခံလိုက္ရတာက ပိုေကာင္းတဲ့အလုပ္ရဖို႔အခြင့္အလမ္းျဖစ္ႏိုင္တာေၾကာင့္ စိတ္ဓာတ္မက်ေစခ်င္ပါဘူး။

ပေရာ္ဖက္ရွင္နယ္ ဖြံ႕ၿဖိဳးတိုးတက္မႈ

သင့္အလုပ္တာဝန္မ်ား၊ ကုမၸဏီယဥ္ေက်းမႈနဲ႔ ေန႔စဥ္လုပ္႐ိုးလုပ္စဥ္တို႔ကိုလိုက္ေလ်ာညီေထြျဖစ္ေစဖို႔ သင္ယူေလ့လာျခင္းကလည္းကိုယ့္ ရဲ႕ပေရာ္ဖက္ရွင္နယ္ဖြံ႕ၿဖိဳးတိုးတက္မႈကိုျဖစ္ေစပါတယ္။ ကိုယ့္ရဲ႕သင္ယူႏိုင္မႈကေနဖြံ႕ၿဖိဳးတိုးတက္မႈဆီကို ဦးတည္ေစပါတယ္။

အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ တိုးတက္မႈ

လူအမ်ားစုက သူတို႔ရဲ႕ပေရာ္ဖက္ရွင္ဘဝတေလွ်ာက္လုံးကို ကုမၸဏီတခုတည္းမွာ မေနၾကေပမဲ့ေရရွည္မွာေတာ့ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ တိုးတက္မႈအတြက္ႀကိဳးစားၾကပါတယ္။ ဒါေၾကာင့္အလုပ္တခုရွိတာကလည္း ပေရာ္ဖက္ရွင္နယ္ေရာ၊အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာ တိုးတက္မႈေရာ ျဖစ္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ အလုပ္တခုကိုရရွိတဲ့အခါမွာ ကိုယ့္အတြက္အနာဂတ္အခြင့္အလမ္းေတြရွိဖို႔ႀကိဳးစားေစလိုပါတယ္။ အလုပ္လုပ္ရျခင္းရဲ႕ရည္ ႐ြယ္ခ်က္က ပိုက္ဆံရဖို႔၊ အေတြ႕အႀကဳံရဖို႔ဆိုတဲ့အခ်က္ႏွစ္ခုက အဓိကျဖစ္ပါတယ္။ တခ်ိဳ႕အလုပ္ေတြက ႏွစ္ခုစလုံးတၿပိဳင္နက္ရေပမဲ့
တခ်ိဳ႕အလုပ္ေတြကေတာ့ တခုခ်င္းစီရၾကပါတယ္။ ဒီႏွစ္ခုကို ဟန္ခ်က္ညီေအာင္ထိန္းၿပီး ကိုယ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝ၊ အသက္ေမြးဝမ္းေၾကာင္းဆိုင္ရာေတြမွာ တိုးတက္ေအာင္ ႀကိဳးစားဖို႔လိုပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*