KAIST မှာ ဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံရတဲ့ G-Dragon

G-Dragon က Korea Advanced Institute of Science and Technology (KAIST) မှာဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
G-Dragon ကို ဇွန်လ ၅ရက်နေ့မှာ ဒယ်ဂျုံးရှိ KAIST ရုံးချုပ်မှာ ကျင်းပတဲ့ “Innovate Korea 2024” စကားဝိုင်းမှာ ပါဝင်ပြီးတဲ့နောက်မှာတော့ စက်မှုအင်ဂျင်နီယာဌာနမှာ ဧည့်ပါမောက္ခအဖြစ်ခန့်အပ်လွှာကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ G-Dragon ကို ဧည့်ပါမောက္ခအ ဖြစ် ခန့်အပ်မှုက ဇွန်လ ၄ရက်နေ့ကနေ ၂၀၂၆ခုနှစ်အထိ ၂နှစ်သက်တမ်းဖြစ်တယ်လို့ KAIST ကနေ သိရပါတယ်။ ဒါ့အပြင် G-Dragon က KAIST အတွက်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်လည်း ဆောင်ရွက်မှာဖြစ်ပါတယ်။

G-Dragonက ဘွဲ့ကြိုနဲ့ဘွဲ့လွန်ကျောင်းသားများအတွက်ခေါင်းဆောင်မှုဆိုင်ရာအထူးဟောပြောပွဲပြုလုပ်ခဲ့ပြီး အနုပညာရှင်တဦးအဖြစ်
သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေခဲ့ပါတယ်။ G-Dragon ကတော့ ဧည့်ပါမောက္ခအဖြစ်ခန့်အပ်ခံရတာနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။“သိပ္ပံပညာဆိုင်ရာ ထူးချွန်ထက်မြက်သူတွေကို မွေးထုတ်ပေးတဲ့ KAIST မှာဧည့်ပါမောက္ခတဦးဖြစ်ရတာ ဂုဏ်ယူမိပါတယ်။ သိပ္ပံနဲ့နည်းပညာဆိုင်ရာ အကောင်းဆုံးကျွမ်းကျင်သူများနဲ့ ဖျော်ဖြေရေးနယ်ပယ်က ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်မှုတွေကြား ကြီးမားတဲ့ပေါင်းစပ်ညှိ နှိုင်းမှုတွေကို စောင့်မျှော်နေပါတယ်”လွန်ခဲ့တဲ့နှစ်က G-Dragon က Galaxy Corporation နဲ့ သီးသန့်စာချုပ်တခုချုပ်ဆိုင်ခဲ့ပြီးသူစိတ်တင်စားတဲ့ AI နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

MYit

zawgyi

G-Dragon က Korea Advanced Institute of Science and Technology (KAIST) မွာဧည့္ပါေမာကၡအျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။
G-Dragon ကို ဇြန္လ ၅ရက္ေန႔မွာ ဒယ္ဂ်ဳံးရွိ KAIST ႐ုံးခ်ဳပ္မွာ က်င္းပတဲ့ “Innovate Korea 2024” စကားဝိုင္းမွာ ပါဝင္ၿပီးတဲ့ေနာက္မွာေတာ့ စက္မႈအင္ဂ်င္နီယာဌာနမွာ ဧည့္ပါေမာကၡအျဖစ္ခန႔္အပ္လႊာကို လက္ခံရရွိခဲ့တာျဖစ္ပါတယ္။ G-Dragon ကို ဧည့္ပါေမာကၡအ ျဖစ္ ခန႔္အပ္မႈက ဇြန္လ ၄ရက္ေန႔ကေန ၂၀၂၆ခုႏွစ္အထိ ၂ႏွစ္သက္တမ္းျဖစ္တယ္လို႔ KAIST ကေန သိရပါတယ္။ ဒါ့အျပင္ G-Dragon က KAIST အတြက္ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္လည္း ေဆာင္႐ြက္မွာျဖစ္ပါတယ္။

G-Dragonက ဘြဲ႕ႀကိဳနဲ႔ဘြဲ႕လြန္ေက်ာင္းသားမ်ားအတြက္ေခါင္းေဆာင္မႈဆိုင္ရာအထူးေဟာေျပာပြဲျပဳလုပ္ခဲ့ၿပီး အႏုပညာရွင္တဦးအျဖစ္
သူ႔ရဲ႕အေတြ႕အႀကဳံေတြကို မွ်ေဝခဲ့ပါတယ္။ G-Dragon ကေတာ့ ဧည့္ပါေမာကၡအျဖစ္ခန႔္အပ္ခံရတာနဲ႔ပတ္သက္ၿပီး အခုလိုေျပာခဲ့ပါတယ္။“သိပၸံပညာဆိုင္ရာ ထူးခြၽန္ထက္ျမက္သူေတြကို ေမြးထုတ္ေပးတဲ့ KAIST မွာဧည့္ပါေမာကၡတဦးျဖစ္ရတာ ဂုဏ္ယူမိပါတယ္။ သိပၸံနဲ႔နည္းပညာဆိုင္ရာ အေကာင္းဆုံးကြၽမ္းက်င္သူမ်ားနဲ႔ ေဖ်ာ္ေျဖေရးနယ္ပယ္က ကြၽႏ္ုပ္တို႔ရဲ႕ ကြၽမ္းက်င္မႈေတြၾကား ႀကီးမားတဲ့ေပါင္းစပ္ညႇိ ႏႈိင္းမႈေတြကို ေစာင့္ေမွ်ာ္ေနပါတယ္”လြန္ခဲ့တဲ့ႏွစ္က G-Dragon က Galaxy Corporation နဲ႔ သီးသန႔္စာခ်ဳပ္တခုခ်ဳပ္ဆိုင္ခဲ့ၿပီးသူစိတ္တင္စားတဲ့ AI နဲ႔ပတ္သက္တဲ့လုပ္ေဆာင္ခ်က္မ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*