ကိုယ်ကအလုပ်ကိုရှာနေတာချည်းပဲမဟုတ်ဘဲ အလုပ်က ကိုယ့်ကိုလာရှာတာမျိုးလည်းကြုံလာရနိုင်ပါတယ်။ အဲဒါကတော့ ကိုယ်ကအ လုပ်တခုမှာ အတွေ့အကြုံတခုရှိနေပြီးအောင်မြင်မှုတွေလည်းရရှိနေတဲ့အချိန်မျိုးမှာ အလုပ်ကမ်းလှမ်းချက်တွေ ပေါ်လာနိုင်ပါတယ်။အဲဒီအခါမှာ ညှိနှိုင်းဖို့အတွက် အကြံပြုချက် ငါးချက်ကို ဖော်ပြပေးချင်ပါတယ်။
လစာ
ဒီအချက်ကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ပထမဆုံးညှိနှိုင်းရမယ့်အချက်ကတော့လစာပဲဖြစ်ပါတယ်။ လစာက စခန့်မယ့်အ ချိန်မှာ ရမယ့်လစာနဲ့ ခြောက်လ၊ တနှစ်ကြာတဲ့အခါပြောင်းလဲမယ့်လစာကိုလည်း စတကည်းက အားမနာတမ်းမေးထားသင့်ပါတယ်။သူ တို့ရဲ့လစာပေးတဲ့ စနစ်က ဘယ်အပေါ်မှာအခြေခံပြီးပေးသလဲဆိုတာ သေချာသိသင့်ပါတယ်။လုပ်ငန်းစွမ်းဆောင်ရည်ပေါ်ကိုကြည့်ပြီးပေးတာရှိသလို၊နှစ်အလိုက်လစာခံစားခွင့်တွေလည်းရှိပါတယ်။ ဒါကြောင့် ဒီအချက်ကိုရှင်းလင်းစွာမေးပါ။
ခံစားခွင့်
ခံစားခွင့်နဲ့ပတ်သက်ပြီးလည်း ရှင်းလင်းစွာသိဖို့လိုပါတယ်။ ခွင့်ရက်အကြောင်းတွေ၊အိုဗာတိုင်နဲ့ပတ်သက်တာတွေ၊ ရုံးပိတ်ရက်တွေ၊ တ ခြားခံစားခွင့်တွေအကြောင်းမေးမြန်းသင့်ပါတယ်။
အလုပ်စဝင်ရမယ့်ရက်စွဲ
အလုပ်စဝင်ရမယ့် ရက်စွဲကလည်း အလုပ်ကမ်းလှမ်းစာရရှိတဲ့အခါမှာမေးသင့်တဲ့အကြောင်းအရာတခုဖြစ်ပါတယ်။ အလုပ်ကမ်းလှမ်းစာအပေါ်မှာ ကိုယ့်ဘက်ကလက်ခံနိုင်တဲ့အခြေအနေတွေရှိတဲ့အခါမှာ ဘယ်ရက်ကစပြီး အလုပ်စဝင်ရမှာလဲဆိုတာမေးမြန်းပါ။
တာဝန်ရှိသူနဲ့ ဌာနဆိုင်ရာအချက်အလက်များ
ကိုယ်က ဒီရာထူးနေရာကိုလက်ခံလိုက်တဲ့အခါမှာ ကိုယ်ရဲ့အလုပ်နဲ့ပတ်သက်ပြီး Reportပို့ရမယ့်သူက ဘယ်သူဖြစ်သလဲဆိုတာကို ကိုယ်က သိထားသင့်ပါတယ်။ကိုယ့်ရဲ့အထက်လူကြီးလို့လည်း ပြောလို့ရပါတယ်။တချို့သိသင့်တဲ့ဌာနဆိုင်ရာအချက်အလက်တွေကိုလည်း အ လုပ်လက်ခံတော့မယ်ဆိုရင်သိရှိအောင် မေးမြန်းထားသင့်ပါတယ်။
ကိုယ့်ရဲ့တာဝန်နဲ့အခန်းကဏ္ဍ
ကိုယ့်ရဲ့လက်ရှိရာထူးနဲ့ ကိုယ်လုပ်ကိုင်ရမယ့် တာဝန်ဝတ္တရားတွေကိုသေသေချာချာသိထားသင့်ပါတယ်။ ဘယ်တာဝန်တွေကကိုယ့်ရဲ့ရ ာထူးတာဝန်ထဲမှာပါဝင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမေးမြန်းဖို့လိုပါတယ်။ Job Description လို့လည်းခေါ်ပါတယ်။ ကိုယ့်ရဲ့ JD ဘာလဲဆိုတာရှင်းရှင်းလင်းလင်းသိပြီးမှအလုပ်လက်ခံဖို့လိုပါတယ်။ဒီအချက်တွေကတော့ အလုပ်ကမ်းလှမ်းစာရရှိတဲ့အခါ အဲဒီအလုပ်ကို
ကိုယ်ကလုပ်ဖို့စိတ်တင်စားတယ်ဆိုရင် ညှိနှိုင်းဖို့လိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။
MYit
zawgyi
Leave a Reply