ကိုယ်နဲ့အဆင်မပြေတဲ့ အထက်လူကြီးကိုသည်းမခံနိုင်တော့လို့ပဲဖြစ်ဖြစ်၊ကိုယ်လုပ်နေရတဲ့အလုပ်ကိုငြီးငွေ့လာလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘ၀ကိုကိုယ့်စိတ်ကြိုက်နေချင်တော့တာပဲဖြစ်ဖြစ် အဲဒီလိုအချိန်တွေမှာ
အလုပ်နဲ့ပတ်သက်ပြီးပြောင်းလဲချင်စိတ်တွေကြီးစိုးလာတတ်ပါတယ်။ဒါကကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အသက် ၂၀ ကျော်မှာလုပ်ငန်းခွင်ပြောင်းတာကဘာမှပြဿနာမရှိပေမယ့် အသက် ၄၀ မှာ အလုပ်နယ်ပယ်သစ်တစ်ခုကိုပြောင်းလုပ်မယ်ဆိုရင်တော့တော်တော်များများကတားကြမှာအသေအချာပါ။ဒါပေမဲ့ အသက် ၄၀ အရွယ်လူတော်တော်များများက ဘဝကိုလျှောက်လှမ်းလာရင်းသိရှိလာတာတွေပိုများလာပါတယ်။လူဆိုတာဘယ်အချိန်မှာဘယ်လိုပုံစံနဲ့သေရမယ်ဆိုတာကိုမသိတာမို့ကိုယ်လုပ်ချင်တာတွေလုပ်ရင်း ဘဝကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းချင်မိကြပါတယ်။
အသက် ၂၀ အရွယ်နဲ့မတူတာက နယ်ပယ်အသစ်ကိုမကူးပြောင်းခင်ဘဝရပ်တည်ဖို့ငွေကြေးကိုထည့်စဥ်းစားရတာ၊ မိသားစုကိုထည့်တွက်ရတာတွေပိုလာပါတယ်။ဒီအရွယ်မှာအလုပ်ပြောင်းတာက အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ဘယ်လိုအားသာချက်၊အားနည်းချက်တွေပဲရှိရှိ အရေးကြီးတာတစ်ခုကကိုယ်စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်ဖို့ ဘယ်တော့မှနောက်မကျသေးဘူးဆိုတာပါပဲ။
ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်ချင်တာကိုလုပ်ရင်း ဘဝကိုအဓိပ္ပါယ်ရှိရှိနေရတာနဲ့တင်ထိုက်တန်လို့ပါ။အသက် ၄၀ ကျမှ အလုပ်ပြောင်းမယ်ဆိုရင် ခုလိုကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ကိုယ်ကကိုယ့်နယ်ပယ်မှာ Pro ဖြစ်ပြီးသားမို့ ဘယ်နယ်ပယ်ကိုပဲသွားသွား Pro တစ်ယောက်ဖြစ်ဖို့ဘာတွေရှိရမယ် ၊ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကို ထူးထူးထွေထွေရှာဖွေစရာမလိုတော့ပါဘူး။နယ်ပယ်အသစ်မှာလည်း နဂိုလုပ်ရည်ကိုင်ရည်နဲ့ပေါင်းစပ်ပြီး ပန်းတိုင်တွေတစ်ခုပြီးတစ်ခုဖြတ်ကျော်သွားနိုင်မှာသေချာပါတယ်။
နောက်တစ်ချက်က အသက် ၄၀ ဆိုတာ ဘဝအတွက်၊ အလုပ်အတွက်အချိန်တွေအများကြီးကျန်သေးတဲ့အရွယ်ဖြစ်ပါတယ်။ကိုယ်ဟာအသက် ၆၇ နှစ်မှာ အလုပ်ကနေအနားယူမယ်လို့စဥ်းစားရင် နောက်ထပ် ၂၇ နှစ်အထိနယ်ပယ်တစ်ခုမှာအောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းရှိနေပါသေးတယ်။အသက်အရွယ်တစ်ခုရောက်မှလုပ်ငန်းနယ်ပယ်အသစ်ကိုစတင်အခြေချပြီးအောင်မြင်နေသူတွေအများကြီးပါ။Advertising ပိုင်း၊ Mediaပိုင်းနဲ့အသက်မွေးလာခဲ့တဲ့အမျိုးသမီး Julia Child ဟာဆိုရင်အသက် ၅၀ ကျမှသူအရမ်းစိတ်ဝင်စားတဲ့ချက်နည်းပြုတ်နည်းနယ်ပယ်ကိုဝင်ခဲ့တာပါ။ အသက် ၅၀ ကျော်မှဟင်းချက်နည်းစာအုပ်ထုတ်ဝေပြီး နာမည်ကြီး Chef အဖြစ်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။McDonald ပိုင်ရှင်ဆိုရင် Milkshake ဖျော်စက်တွေရောင်းတဲ့ အရောင်းသမားဘဝကနေ အသက် ၅၂ကျမှ McDonald ကိုဝယ်ပြီး ကမ္ဘာအနှံ့ဆိုင်ခွဲပေါင်းများစွာနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။နာမည်ကြီး မဂ်လာဝတ်စုံဒီဇိုင်နာဖြစ်တဲ့ Vera Wang ဆိုရင်လည်းအရင်က သတင်းသမားတစ်ယောက်၊ရေခဲပြင်စကိတ်အလှမယ်တစ်ယောက်ပါ။ သူ့အသက် ၄၀ ကျမှ ဖက်ရှင်လောကကိုကူးပြောင်းပြီးနာမည်ကြီးဖက်ရှင်ဒီဇိုင်နာအဖြစ် လက်ရှိအချိန်ထိအောင်မြင်မှုတွေရယူနေဆဲပါ။
အသက်ကြီးမှလုပ်ငန်းခွင်အသစ်ကိုပြောင်းတဲ့အခါ စိတ်ပိုင်းဆိုင်ရာမှာပိုကျန်းမာလာကြပါတယ်။ဦးနှောက်ထဲမှာဘာမှအိုင်ဒီယာအသစ်မထွက်တော့ဘဲ အားလုံးကုန်ခမ်းသွားတာ၊ စိတ်ဖိစီးတာ၊စိတ်ဓာတ်ကျတာတွေမရှိတော့ဘဲ အသစ်တစ်ဖန်ပြန်လန်းဆန်းတဲ့စိတ်နဲ့ဦးနှောက်ကိုရရှိမှာပါ။Work-life Balance ဖြစ်စွာနဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်နေသွားနိုင်မှာလည်းဖြစ်ပါတယ်။ဒီလိုကောင်းတဲ့အချက်တွေအပြင် မကောင်းတာကတော့ငွေကြေးကိစ္စပဲဖြစ်ပါတယ်။ နယ်ပယ်သစ်မှာအခြေချဖို့ ကျောင်းနဲ့ သင်တန်းသွားတက်ရတာတွေကြောင့်ငွေကုန်နိုင်ပါတယ်။ပုံမှန်ဝင်ငွေထက်လည်းပိုနည်းသွားနိုင်ပါတယ်။ဒါကြောင့်မို့နယ်ပယ်အသစ်ကိုမကူးပြောင်းခင် ခဏဖြစ်ဖြစ် Career Break ယူပါ။အလုပ်ခဏနားကြည့်ပြီး အလုပ်နယ်ပယ်အသစ်ကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ Part Time ဒါမှမဟုတ်လုပ်အားပေးအနေနဲ့သွားလုပ်ကြည့်နိုင်ပါတယ်။ ဒါဆိုရင် စွန့်စားဖို့သင့်မသင့် သိရှိလာမှာဖြစ်ပါတယ်။ကိုယ့်ကိုဘေးကနေဖေးမကူညီမယ့်သူရှိတယ်ဆိုရင်၊ အလုပ်နယ်ပယ်သစ်အတွက် Network ကောင်းကောင်းရှိတယ်ဆိုရင်လည်း ရဲရဲကြီးကူးပြောင်းသင့်ပါတယ်။ကိုယ့်ရဲ့ရှိရင်းစွဲကျွမ်းကျင်မှုတွေကိုအသုံးချလို့ရတဲ့ နယ်ပယ်မျိုးကိုရွေးချယ်သင့်ပါတယ်။
အောင်မြင်တဲ့ Career ဆိုတာ နေရာတစ်ခု၊ နယ်ပယ်တစ်ခုမှာအကြာကြီးလုပ်တာကိုဆိုလိုတာမဟုတ်ပါဘူး။ ဒါကြောင့် ငါတော့ဒါကိုစလုပ်ဖို့အသက်ကြီးနေပါြပီဆိုတာမျိုးတော့မတွေးသင့်တာအမှန်ပါ။အရေးကြီးတာတစ်ခုက အလုပ်နယ်ပယ်အသစ်ကို ဘာလို့ပြောင်းချင်တာလဲဆိုတာကိုယ့်မှာခိုင်မာတဲ့အကြောင်းပြချက်ရှိဖို့လိုပါတယ်။ ခိုင်မာတဲ့စိတ်မရှိဘဲနဲ့ဟိုဘက်ကမြက်တွေကအမြဲပိုစိမ်းတယ်လို့ယူဆမိရုံပဲဆိုရင်တော့ မပြောင်းတာကောင်းပါတယ်။ပြောင်းပြီးကာမှခက်ခဲမှုတွေကိုမခံနိုင်လို့ နောင်တရတာကတော်တော်လေးအခံရခက်စေမှာဖြစ်ပါတယ်။
Ju Ju
zawgyi
ကိုယ္နဲ႔အဆင္မေျပတဲ့ အထက္လူႀကီးကိုသည္းမခံႏိုင္ေတာ့လို႔ပဲျဖစ္ျဖစ္၊ကိုယ္လုပ္ေနရတဲ့အလုပ္ကိုၿငီးေငြ႕လာလို႔ပဲျဖစ္ျဖစ္၊ ကိုယ့္ဘ၀ကိုကိုယ့္စိတ္ႀကိဳက္ေနခ်င္ေတာ့တာပဲျဖစ္ျဖစ္ အဲဒီလိုအခ်ိန္ေတြမွာ
အလုပ္နဲ႔ပတ္သက္ၿပီးေျပာင္းလဲခ်င္စိတ္ေတြႀကီးစိုးလာတတ္ပါတယ္။ဒါကကိုယ္တစ္ေယာက္တည္းေတာ့မဟုတ္ပါဘူး။ အသက္ ၂၀ ေက်ာ္မွာလုပ္ငန္းခြင္ေျပာင္းတာကဘာမွျပႆနာမရွိေပမယ့္ အသက္ ၄၀ မွာ အလုပ္နယ္ပယ္သစ္တစ္ခုကိုေျပာင္းလုပ္မယ္ဆိုရင္ေတာ့ေတာ္ေတာ္မ်ားမ်ားကတားၾကမွာအေသအခ်ာပါ။ဒါေပမဲ့ အသက္ ၄၀ အ႐ြယ္လူေတာ္ေတာ္မ်ားမ်ားက ဘဝကိုေလွ်ာက္လွမ္းလာရင္းသိရွိလာတာေတြပိုမ်ားလာပါတယ္။လူဆိုတာဘယ္အခ်ိန္မွာဘယ္လိုပုံစံနဲ႔ေသရမယ္ဆိုတာကိုမသိတာမို႔ကိုယ္လုပ္ခ်င္တာေတြလုပ္ရင္း ဘဝကိုအဓိပၸါယ္ရွိရွိျဖတ္သန္းခ်င္မိၾကပါတယ္။
အသက္ ၂၀ အ႐ြယ္နဲ႔မတူတာက နယ္ပယ္အသစ္ကိုမကူးေျပာင္းခင္ဘဝရပ္တည္ဖို႔ေငြေၾကးကိုထည့္စဥ္းစားရတာ၊ မိသားစုကိုထည့္တြက္ရတာေတြပိုလာပါတယ္။ဒီအ႐ြယ္မွာအလုပ္ေျပာင္းတာက အားသာခ်က္၊ အားနည္းခ်က္ေတြရွိပါတယ္။ဘယ္လိုအားသာခ်က္၊အားနည္းခ်က္ေတြပဲရွိရွိ အေရးႀကီးတာတစ္ခုကကိုယ္စိတ္ဝင္စားတဲ့အလုပ္ကိုလုပ္ဖို႔ ဘယ္ေတာ့မွေနာက္မက်ေသးဘူးဆိုတာပါပဲ။
ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္လုပ္ခ်င္တာကိုလုပ္ရင္း ဘဝကိုအဓိပၸါယ္ရွိရွိေနရတာနဲ႔တင္ထိုက္တန္လို႔ပါ။အသက္ ၄၀ က်မွ အလုပ္ေျပာင္းမယ္ဆိုရင္ ခုလိုေကာင္းတဲ့အခ်က္ေတြလည္းရွိပါတယ္။ကိုယ္ကကိုယ့္နယ္ပယ္မွာ Pro ျဖစ္ၿပီးသားမို႔ ဘယ္နယ္ပယ္ကိုပဲသြားသြား Pro တစ္ေယာက္ျဖစ္ဖို႔ဘာေတြရွိရမယ္ ၊ဘယ္လိုျဖည့္ဆည္းရမယ္ဆိုတာကို ထူးထူးေထြေထြရွာေဖြစရာမလိုေတာ့ပါဘူး။နယ္ပယ္အသစ္မွာလည္း နဂိုလုပ္ရည္ကိုင္ရည္နဲ႔ေပါင္းစပ္ၿပီး ပန္းတိုင္ေတြတစ္ခုၿပီးတစ္ခုျဖတ္ေက်ာ္သြားႏိုင္မွာေသခ်ာပါတယ္။
ေနာက္တစ္ခ်က္က အသက္ ၄၀ ဆိုတာ ဘဝအတြက္၊ အလုပ္အတြက္အခ်ိန္ေတြအမ်ားႀကီးက်န္ေသးတဲ့အ႐ြယ္ျဖစ္ပါတယ္။ကိုယ္ဟာအသက္ ၆၇ ႏွစ္မွာ အလုပ္ကေနအနားယူမယ္လို႔စဥ္းစားရင္ ေနာက္ထပ္ ၂၇ ႏွစ္အထိနယ္ပယ္တစ္ခုမွာေအာင္ျမင္ေအာင္လုပ္ေဆာင္ႏိုင္စြမ္းရွိေနပါေသးတယ္။အသက္အ႐ြယ္တစ္ခုေရာက္မွလုပ္ငန္းနယ္ပယ္အသစ္ကိုစတင္အေျခခ်ၿပီးေအာင္ျမင္ေနသူေတြအမ်ားႀကီးပါ။Advertising ပိုင္း၊ Mediaပိုင္းနဲ႔အသက္ေမြးလာခဲ့တဲ့အမ်ိဳးသမီး Julia Child ဟာဆိုရင္အသက္ ၅၀ က်မွသူအရမ္းစိတ္ဝင္စားတဲ့ခ်က္နည္းျပဳတ္နည္းနယ္ပယ္ကိုဝင္ခဲ့တာပါ။ အသက္ ၅၀ ေက်ာ္မွဟင္းခ်က္နည္းစာအုပ္ထုတ္ေဝၿပီး နာမည္ႀကီး Chef အျဖစ္ေအာင္ျမင္လာခဲ့တာျဖစ္ပါတယ္။McDonald ပိုင္ရွင္ဆိုရင္ Milkshake ေဖ်ာ္စက္ေတြေရာင္းတဲ့ အေရာင္းသမားဘဝကေန အသက္ ၅၂က်မွ McDonald ကိုဝယ္ၿပီး ကမာၻအႏွံ႔ဆိုင္ခြဲေပါင္းမ်ားစြာနဲ႔ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။နာမည္ႀကီး မဂ္လာဝတ္စုံဒီဇိုင္နာျဖစ္တဲ့ Vera Wang ဆိုရင္လည္းအရင္က သတင္းသမားတစ္ေယာက္၊ေရခဲျပင္စကိတ္အလွမယ္တစ္ေယာက္ပါ။ သူ႔အသက္ ၄၀ က်မွ ဖက္ရွင္ေလာကကိုကူးေျပာင္းၿပီးနာမည္ႀကီးဖက္ရွင္ဒီဇိုင္နာအျဖစ္ လက္ရွိအခ်ိန္ထိေအာင္ျမင္မႈေတြရယူေနဆဲပါ။
အသက္ႀကီးမွလုပ္ငန္းခြင္အသစ္ကိုေျပာင္းတဲ့အခါ စိတ္ပိုင္းဆိုင္ရာမွာပိုက်န္းမာလာၾကပါတယ္။ဦးေႏွာက္ထဲမွာဘာမွအိုင္ဒီယာအသစ္မထြက္ေတာ့ဘဲ အားလုံးကုန္ခမ္းသြားတာ၊ စိတ္ဖိစီးတာ၊စိတ္ဓာတ္က်တာေတြမရွိေတာ့ဘဲ အသစ္တစ္ဖန္ျပန္လန္းဆန္းတဲ့စိတ္နဲ႔ဦးေႏွာက္ကိုရရွိမွာပါ။Work-life Balance ျဖစ္စြာနဲ႔ ဘဝကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားႏိုင္မွာလည္းျဖစ္ပါတယ္။ဒီလိုေကာင္းတဲ့အခ်က္ေတြအျပင္ မေကာင္းတာကေတာ့ေငြေၾကးကိစၥပဲျဖစ္ပါတယ္။ နယ္ပယ္သစ္မွာအေျခခ်ဖို႔ ေက်ာင္းနဲ႔ သင္တန္းသြားတက္ရတာေတြေၾကာင့္ေငြကုန္ႏိုင္ပါတယ္။ပုံမွန္ဝင္ေငြထက္လည္းပိုနည္းသြားႏိုင္ပါတယ္။ဒါေၾကာင့္မို႔နယ္ပယ္အသစ္ကိုမကူးေျပာင္းခင္ ခဏျဖစ္ျဖစ္ Career Break ယူပါ။အလုပ္ခဏနားၾကည့္ၿပီး အလုပ္နယ္ပယ္အသစ္ကို စမ္းသပ္လုပ္ေဆာင္ၾကည့္ပါ။ Part Time ဒါမွမဟုတ္လုပ္အားေပးအေနနဲ႔သြားလုပ္ၾကည့္ႏိုင္ပါတယ္။ ဒါဆိုရင္ စြန႔္စားဖို႔သင့္မသင့္ သိရွိလာမွာျဖစ္ပါတယ္။ကိုယ့္ကိုေဘးကေနေဖးမကူညီမယ့္သူရွိတယ္ဆိုရင္၊ အလုပ္နယ္ပယ္သစ္အတြက္ Network ေကာင္းေကာင္းရွိတယ္ဆိုရင္လည္း ရဲရဲႀကီးကူးေျပာင္းသင့္ပါတယ္။ကိုယ့္ရဲ႕ရွိရင္းစြဲကြၽမ္းက်င္မႈေတြကိုအသုံးခ်လို႔ရတဲ့ နယ္ပယ္မ်ိဳးကိုေ႐ြးခ်ယ္သင့္ပါတယ္။
ေအာင္ျမင္တဲ့ Career ဆိုတာ ေနရာတစ္ခု၊ နယ္ပယ္တစ္ခုမွာအၾကာႀကီးလုပ္တာကိုဆိုလိုတာမဟုတ္ပါဘူး။ ဒါေၾကာင့္ ငါေတာ့ဒါကိုစလုပ္ဖို႔အသက္ႀကီးေနပါၿပီဆိုတာမ်ိဳးေတာ့မေတြးသင့္တာအမွန္ပါ။အေရးႀကီးတာတစ္ခုက အလုပ္နယ္ပယ္အသစ္ကို ဘာလို႔ေျပာင္းခ်င္တာလဲဆိုတာကိုယ့္မွာခိုင္မာတဲ့အေၾကာင္းျပခ်က္ရွိဖို႔လိုပါတယ္။ ခိုင္မာတဲ့စိတ္မရွိဘဲနဲ႔ဟိုဘက္ကျမက္ေတြကအၿမဲပိုစိမ္းတယ္လို႔ယူဆမိ႐ုံပဲဆိုရင္ေတာ့ မေျပာင္းတာေကာင္းပါတယ္။ေျပာင္းၿပီးကာမွခက္ခဲမႈေတြကိုမခံႏိုင္လို႔ ေနာင္တရတာကေတာ္ေတာ္ေလးအခံရခက္ေစမွာျဖစ္ပါတယ္။
Ju Ju
Leave a Reply