Group Discussion မှာ ဘာတွေမလုပ်သင့်ဘူးလဲ

Group Discussion တွေပြုလုပ်တယ်ဆိုတာက အချင်းချင်းအသိပညာတွေဖလှယ်ဖို့၊အကြောင်းအရာတစ်ခုအပေါ် တစ်ဦးချင်းရဲ့ထင် မြင်ယူဆချက်တွေကို ပြောပြနိုင်ဖို့၊အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ဆက်သွယ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လုပ်ဆောင်ကြတာဖြစ်ပါတယ်။အ ဖွဲ့လိုက်ဆွေးနွေးတဲ့နေရာမှာ ကိုယ်ပြောချင်တာတွေပြောလိုက်ရုံ ဒါမှမဟုတ်ဘာမှမပြောဘဲထိုင်နားထောင်နေရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။
အဖွဲ့လိုက်ဆွေးနွေးမှုတွေလုပ်တဲ့အခါ လိုက်နာသင့်တဲ့အရာတွေနဲ့ရှောင်သင့်တဲ့အရာတွေလည်းရှိပါတယ်။ ကိုယ်ကပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်အဖွဲ့လိုက်ဆွေးနွေးချိန်မှာဒီအချက်တွေကို သတိထားပေးရမှာဖြစ်ပါတယ်။

1. ဘာကိုမှမစောင့်ဘဲပြောချင်တာကိုအမြန်အဆန်ပြောလိုက်တာမျိုးမလုပ်သင့်ပါဘူး။စကားကိုစွတ်ပြောလိုက်တာက ကိုယ်မပြင်ဆင်ထားတာကိုသိသာစေပါတယ်။ဒါကိုရှောင်နိုင်ဖို့အတွက် တခြားသူတွေဘာပြောနေသလဲဆိုတာကိုစောင့်ပါ၊ကိုယ်ကဒီစကားဝိုင်းမှာ တစ်ခု ခုပြောရမယ်၊ ဘာကိုပြောရမလဲမစဥ်းစားရသေးဘူးဆိုရင်ဒီလိုနားထောင်နေတဲ့အချိန်ကကိုယ့်အတွက်ပြင်ဆင်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်စေပါတယ်။

2. ကိုယ်ချည်းပဲစကားပြောနေတာ၊ စကားပြောလွန်းတာမျိုးကိုလည်းရှောင်ရမှာဖြစ်ပါတယ်။ကိုယ်ချည်းပဲစကားပြောမိနေပြီလို့ထင်ရင် တခြားအဖွဲ့ဝင်တစ်ယောက်ဘက်လှည့်ပြီးပြောချင်တာရှိရင်ပြောပေးပါဦးလို့ဖိတ်ခေါ်လိုက်ပါ။ ဒါဆိုရင်ကိုယ့်အတွက်စကားစဖြတ်ရာလည်းကျသလိုတခြားသူတွေအပေါ်ဂရုစိုက်ရာလည်းရောက်ပါတယ်။

3. ဆွေးနွေးနေတဲ့ အဓိက Topic နဲ့မဆိုင်တာတွေပြောမိတာ၊ လမ်းကြောင်းပြောင်းတာမျိုးတွေမလုပ်မိဖို့လိုပါတယ်။ Main Topic ကိုဆွေးနွေးနေကြတယ်ဆိုရင် အဲဒီ Topic နဲ့ဆက်နွယ်အောင်ကိုယ်ပြောမယ့် Idea တွေကိုပြန်ချိတ်ဆက်သင့်ပါတယ်။

4. လေးနက်တဲ့အမူအရာနဲ့စကားပြောပါ။စကားကိုပေါ့ပျက်ပျက်ပြောလိုက်တာမျိုးမလုပ်သင့်ပါဘူး။ ကိစ္စရပ်တစ်ခုခုကိုလေးလေးနက်နက်ဆွေးနွေးနေတယ်ဆိုရင် အသံအနေအထား၊ကိုယ်ဟန်အမူအရာကပါအလေးအနက်ရှိတဲ့ပုံဖြစ်သင့်ပါတယ်။ကိုယ်နဲ့အမြင်မတူငြင်း ဆန်လိုတဲ့ကိစ္စရပ်မျိုးဖြစ်လာခဲ့ရင် စိတ်တိုဒေါသကြီးတဲ့ပုံစံနဲ့မတုံ့ပြန်မိအောင်သတိထားရပါမယ်။ ကိုယ်သဘောမတူတာကို အေးအေး ဆေးဆေးယဥ်ယဥ်ကျေးကျေးပြောပေးပါ။

5. မျက်လုံးအကြည့်တွေကိုလွှဲဖယ်နေတာ၊ မျက်လုံးချင်းဆိုင်ပြီးစကားမပြောတာကကိုယ့်ကိုစိတ်လုံခြုံမှုမရှိ၊ ယုံကြည်မှုမရှိတဲ့ပုံပေါက်စေပါတယ်။ လက်ကိုယှက်မထားဘဲတစ်ဖက်စီစားပွဲပေါ်တင်ထားပြီး ခေါင်းကိုမတ်မတ်ထားတာကဘာပဲလာလာအဆင်သင့်ဖြစ်နေတယ်ဆိုတဲ့ပုံစံပေါက်စေပါတယ်။

6. တန်ဖိုးမရှိတဲ့ Information တွေမျှဝေတာမျိုးကိုလုံးဝမလုပ်သင့်ပါဘူး။လက်ရှိဆွေးနွေးနေတဲ့အကြောင်းအရာနဲ့မသက်ဆိုင်ဘူးဆိုရင် အပိုတွေကိုမမျှဝေတာကအန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။ဒီအချက်လေးတွေကတော့ Group Discussion တွေထဲ ပါဝင်ဆွေးနွေးချိန်မှာ အဓိက သတိပြုသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ အရာရာမှာစဥ်းစားပြင်ဆင်လေ့ရှိခြင်းကကိုယ့်ကိုပရိုဆန်သူတစ်ယောက်အ ဖြစ် ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။

Ju Ju

zawgyi








Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*