အောင်မြင်မှုဆီတွန်းပို့ပေးမယ့် ၂ မိနစ်စည်းမျဉ်း

New York Times ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Atomic Habits ကိုရေးသားသူ James Clear ကအမူအကျင့်ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုကို ဟောပြောပွဲတစ်ခုမှာမျှဝေခဲ့ပါတယ်။ James Clear ဟာ ဟောပြောသူတစ်ယောက်၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အပြင် သူရေးသားတဲ့ Atomic Habits စာအုပ်ဟာလည်း ၁၅ သန်းကျော် ပုံနှိပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ Atomic Habits စာအုပ်ဟာ အောင်မြင်မှုဆီရောက်ရှိနိုင်ဖို့ လူတိုင်းကျော်ဖြတ်ရမယ့်အမူအကျင့်ပြောင်းလဲခြင်း၊ အကျင့်‌ကောင်းတည်‌ဆောက်ခြင်း လမ်းစဉ်အတွက် ထိထိရောက်ရောက်အကူအညီပေးနိုင်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ကိုရေးသားတဲ့စာရေးဆရာက အောင်မြင်မှုဆီရောက်စေဖို့ ၂ မိနစ်စည်းမျဉ်းဆိုတဲ့အကြောင်းအရာလေးကို မျှဝေခဲ့တာဖြစ်ပါတယ်။နှစ်မိနစ်စည်းမျဥ်း (Two-minute Rule) ကို နေ့စဉ်ဘဝမှာ ကိုယ်ပြောင်းလဲပစ်ချင်တဲ့ အမူအကျင့်(သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ) အတွက်အသုံးချနိုင်ပါတယ်။အမူအကျင့်တွေပြောင်းလဲခြင်းက အောင်မြင်မှုအတွက်ပထမခြေလှမ်းဖြစ်တာမို့ တကယ်သာ Two-minute Rule ကိုကျင့်သုံးနိုင်ခဲ့ရင် အောင်မြင်မှုဆီအရောက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။

Two-minute Rule ဆိုတာဘာလဲ
Two-minute Rule ဆိုတာက ကိုယ်တည်ဆောက်ချင်တဲ့ အကျင့်တစ်ခုအတွက် ၂ မိနစ်ခန့်သာအချိန်ကုန်မယ့် စတင်ခြင်းတစ်ခုကို လုပ် ဆောင်ဖို့ဖြစ်ပါတယ်။ဥပမာ – ကိုယ်က ယောဂကျင့်ဖို့ကြိုးစားချင်တယ်ဆိုရင် ယောဂဖျာကိုဆွဲထုတ်လိုက်ဖို့၊ကိုယ်ကစာအုပ်သုံးအုပ်ကို တစ်ပတ်အတွင်းအပြီးဖတ်မယ်ဆိုရင် စာအုပ်ကိုကောက်ကိုင်ပြီးစာမျက်နှာနှစ်မျက်နှာကိုဖတ်လိုက်ဖို့ဖြစ်ပါတယ်။ဒါက အကျင့်တစ်ခုကို ခိုင်မာ‌အောင်တည်ဆောက်တဲ့နေရာမှာ အဓိကကျတဲ့စတင်မှုလို့ဆိုရမှာပါ။လူတော်တော်များများက အကျင့်တစ်ခုတည်ဆောက်ဖို့ Plan အကြီးကြီးတွေချ၊ပြင်ဆင်မှုအကြီးကြီးတွေ စလုပ်တတ်ကြပါတယ်။

Body ကိုပြောင်းလဲလှပချင်တယ်ဆိုပါစို့၊ အကောင်းဆုံး Workout plan တွေရှာတယ်၊ Diet Plan တွေရှာကြတယ်၊ တကယ်က အိမ်ရှေ့မှာလမ်းနှစ်မိနစ်လောက်စလျှောက်လိုက်တာက လက်တွေ့ Action ဖြစ်တဲ့အတွက် ပိုပြီးအကျိုးများပါတယ်။ လူတွေဟာ လေ့လာမှုနဲ့ပြင်ဆင်မှုမှာ အားအရမ်းစိုက်ကြပြီးလက်တွေ့လုပ်ဆောင်မှုမှာတော့ အားနည်းနေတတ်ကြတယ်လို့ James Clear ကဆိုခဲ့ပါတယ်။ဒါ့ကြောင့်လည်း ကိုယ့်နေ့စဉ်ဘဝမှာဖြစ်ဖြစ် ကိုယ့် Career အတွက်ပဲဖြစ်ဖြစ်မဖြစ်မနေတည်ဆောက်ရမယ့် အကျင့်ကောင်းတွေရှိခဲ့ရင် ၂ မိနစ်အချိန်ယူပြီးစတင်ကြည့်ပါ။ ဒီ 2 မိနစ်က အဆုံးမှာ အောင်မြင်မှုဆီ ရောက်ရှိသွားစေမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

New York Times ရဲ႕အေရာင္းရဆုံးစာအုပ္ျဖစ္တဲ့ Atomic Habits ကိုေရးသားသူ James Clear ကအမူအက်င့္ေျပာင္းလဲဖို႔အတြက္ အေရးႀကီးတဲ့အခ်က္တစ္ခုကို ေဟာေျပာပြဲတစ္ခုမွာမွ်ေဝခဲ့ပါတယ္။ James Clear ဟာ ေဟာေျပာသူတစ္ေယာက္၊ စာေရးဆရာတစ္ေယာက္ျဖစ္တဲ့အျပင္ သူေရးသားတဲ့ Atomic Habits စာအုပ္ဟာလည္း ၁၅ သန္းေက်ာ္ ပုံႏွိပ္ေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။ Atomic Habits စာအုပ္ဟာ ေအာင္ျမင္မႈဆီေရာက္ရွိႏိုင္ဖို႔ လူတိုင္းေက်ာ္ျဖတ္ရမယ့္အမူအက်င့္ေျပာင္းလဲျခင္း၊ အက်င့္‌ေကာင္းတည္‌ေဆာက္ျခင္း လမ္းစဥ္အတြက္ ထိထိေရာက္ေရာက္အကူအညီေပးႏိုင္တဲ့စာအုပ္တစ္အုပ္ျဖစ္ပါတယ္။

ဒီစာအုပ္ကိုေရးသားတဲ့စာေရးဆရာက ေအာင္ျမင္မႈဆီေရာက္ေစဖို႔ ၂ မိနစ္စည္းမ်ဥ္းဆိုတဲ့အေၾကာင္းအရာေလးကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ႏွစ္မိနစ္စည္းမ်ဥ္း (Two-minute Rule) ကို ေန႔စဥ္ဘဝမွာ ကိုယ္ေျပာင္းလဲပစ္ခ်င္တဲ့ အမူအက်င့္(ေသးသည္ျဖစ္ေစ ႀကီးသည္ျဖစ္ေစ) အတြက္အသုံးခ်ႏိုင္ပါတယ္။အမူအက်င့္ေတြေျပာင္းလဲျခင္းက ေအာင္ျမင္မႈအတြက္ပထမေျခလွမ္းျဖစ္တာမို႔ တကယ္သာ Two-minute Rule ကိုက်င့္သုံးႏိုင္ခဲ့ရင္ ေအာင္ျမင္မႈဆီအေရာက္လွမ္းႏိုင္မွာလည္းျဖစ္ပါတယ္။

Two-minute Rule ဆိုတာဘာလဲ
Two-minute Rule ဆိုတာက ကိုယ္တည္ေဆာက္ခ်င္တဲ့ အက်င့္တစ္ခုအတြက္ ၂ မိနစ္ခန႔္သာအခ်ိန္ကုန္မယ့္ စတင္ျခင္းတစ္ခုကို လုပ္ ေဆာင္ဖို႔ျဖစ္ပါတယ္။ဥပမာ – ကိုယ္က ေယာဂက်င့္ဖို႔ႀကိဳးစားခ်င္တယ္ဆိုရင္ ေယာဂဖ်ာကိုဆြဲထုတ္လိုက္ဖို႔၊ကိုယ္ကစာအုပ္သုံးအုပ္ကို တစ္ပတ္အတြင္းအၿပီးဖတ္မယ္ဆိုရင္ စာအုပ္ကိုေကာက္ကိုင္ၿပီးစာမ်က္ႏွာႏွစ္မ်က္ႏွာကိုဖတ္လိုက္ဖို႔ျဖစ္ပါတယ္။ဒါက အက်င့္တစ္ခုကို ခိုင္မာ‌ေအာင္တည္ေဆာက္တဲ့ေနရာမွာ အဓိကက်တဲ့စတင္မႈလို႔ဆိုရမွာပါ။လူေတာ္ေတာ္မ်ားမ်ားက အက်င့္တစ္ခုတည္ေဆာက္ဖို႔ Plan အႀကီးႀကီးေတြခ်၊ျပင္ဆင္မႈအႀကီးႀကီးေတြ စလုပ္တတ္ၾကပါတယ္။

Body ကိုေျပာင္းလဲလွပခ်င္တယ္ဆိုပါစို႔၊ အေကာင္းဆုံး Workout plan ေတြရွာတယ္၊ Diet Plan ေတြရွာၾကတယ္၊ တကယ္က အိမ္ေရွ႕မွာလမ္းႏွစ္မိနစ္ေလာက္စေလွ်ာက္လိုက္တာက လက္ေတြ႕ Action ျဖစ္တဲ့အတြက္ ပိုၿပီးအက်ိဳးမ်ားပါတယ္။ လူေတြဟာ ေလ့လာမႈနဲ႔ျပင္ဆင္မႈမွာ အားအရမ္းစိုက္ၾကၿပီးလက္ေတြ႕လုပ္ေဆာင္မႈမွာေတာ့ အားနည္းေနတတ္ၾကတယ္လို႔ James Clear ကဆိုခဲ့ပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ့္ေန႔စဥ္ဘဝမွာျဖစ္ျဖစ္ ကိုယ့္ Career အတြက္ပဲျဖစ္ျဖစ္မျဖစ္မေနတည္ေဆာက္ရမယ့္ အက်င့္ေကာင္းေတြရွိခဲ့ရင္ ၂ မိနစ္အခ်ိန္ယူၿပီးစတင္ၾကည့္ပါ။ ဒီ 2 မိနစ္က အဆုံးမွာ ေအာင္ျမင္မႈဆီ ေရာက္ရွိသြားေစမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*