တော်ဝင်မင်းသား ဝီလျံတကယ်ပဲဖောက်ပြန်နေတာလား

တော်ဝင်မင်းသားဝီလျံနဲ့ လေဒီဆာရာရို့စ်ဟန်းဘယ်ရီတို့ ချစ်ကြိုက်နေကြတယ်ဆိုတဲ့သတင်းကလတ်တလောလူမှုူကွန်ရက်ပေါ်မှာပျံ့နှံ့လို့လာနေပါတယ်။ဒီလိုကောလာဟလထွက်ပေါ်လာပြီးနောက်ပိုင်း ဝီလျံရဲ့ဇနီးကိတ်မစ်ဒယ်တန်ဟာလည်းလူမြင်ကွင်းကိုထွက်ပေါ်မလာခဲ့သေးပါဘူး။လေဒီဆာရာရို့စ်ဟန်းဘယ်ရီဟာ 1984 ခုနစ်မှာမွေးဖွားသူဖြစ်ပြီးတော်ဝင်မိသားစုနဲ့နှစ်ပေါင်းများစွာကတည်းက ပတ်သက်ဆက်နွယ်မှုရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ 2009 ခုနစ်မှာ 7th Marquess of Cholmondeley ဖြစ်တဲ့ David Cholmondeley နဲ့လက်ထပ်ခဲ့ပြီးဝီလျံနဲ့ကိတ်တို့ရဲ့နေအိမ်အနီးမှာရှိတဲ့ Houghton Hall ကိုပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် သူမဟာ တော်ဝင်မိသားစုနဲ့ နှစ်ပေါင်းများစွာကြာအောင်မိတ်ဆွေတွေအဖြစ်ရှိနေခဲ့သူပါ။ဒီလိုကောလာဟလတွေထွက်ပေါ်လာခဲ့ပေမယ့် တော်ဝင်မင်းသားဝီလျံကတော့ အေးအေးဆေးဆေးပဲသူတက်ရောက်ရမယ့်ပွဲတွေ၊ အခမ်းအနားတွေကိုဆက်လက်တက်ရောက်နေတာတွေ့ရပါတယ်။ သူကအခမ်းအနားတစ်ခုမှာ ကလေးတွေနဲ့အတူမုန့်လုပ်ရင်း ကျွန်တော့်ဇနီးက အနုပညာမြတ်နိုးသူလို့ညွှန်းသွားခဲ့ပါသေးတယ်။မင်းသားဝီလျံဟာ သူ့ရဲ့အချစ်ရေးကောလာဟလသတင်းအပေါ်ဘာမှတုံ့ပြန်မှုမပေးဘဲနှုတ်ဆိတ်နေတာတွေ့ရပါတယ်။

Ju Ju

zawgyi

ေတာ္ဝင္မင္းသားဝီလ်ံနဲ႔ ေလဒီဆာရာ႐ို႕စ္ဟန္းဘယ္ရီတို႔ ခ်စ္ႀကိဳက္ေနၾကတယ္ဆိုတဲ့သတင္းကလတ္တေလာလူမႈူကြန္ရက္ေပၚမွာပ်ံ႕ႏွံ႔လို႔လာေနပါတယ္။ဒီလိုေကာလာဟလထြက္ေပၚလာၿပီးေနာက္ပိုင္း ဝီလ်ံရဲ႕ဇနီးကိတ္မစ္ဒယ္တန္ဟာလည္းလူျမင္ကြင္းကိုထြက္ေပၚမလာခဲ့ေသးပါဘူး။ေလဒီဆာရာ႐ို႕စ္ဟန္းဘယ္ရီဟာ 1984 ခုနစ္မွာေမြးဖြားသူျဖစ္ၿပီးေတာ္ဝင္မိသားစုနဲ႔ႏွစ္ေပါင္းမ်ားစြာကတည္းက ပတ္သက္ဆက္ႏြယ္မႈရွိခဲ့သူျဖစ္ပါတယ္။ သူမဟာ 2009 ခုနစ္မွာ 7th Marquess of Cholmondeley ျဖစ္တဲ့ David Cholmondeley နဲ႔လက္ထပ္ခဲ့ၿပီးဝီလ်ံနဲ႔ကိတ္တို႔ရဲ႕ေနအိမ္အနီးမွာရွိတဲ့ Houghton Hall ကိုေျပာင္းေ႐ႊ႕ေနထိုင္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

ဒါ့ေၾကာင့္ သူမဟာ ေတာ္ဝင္မိသားစုနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္မိတ္ေဆြေတြအျဖစ္ရွိေနခဲ့သူပါ။ဒီလိုေကာလာဟလေတြထြက္ေပၚလာခဲ့ေပမယ့္ ေတာ္ဝင္မင္းသားဝီလ်ံကေတာ့ ေအးေအးေဆးေဆးပဲသူတက္ေရာက္ရမယ့္ပြဲေတြ၊ အခမ္းအနားေတြကိုဆက္လက္တက္ေရာက္ေနတာေတြ႕ရပါတယ္။ သူကအခမ္းအနားတစ္ခုမွာ ကေလးေတြနဲ႔အတူမုန႔္လုပ္ရင္း ကြၽန္ေတာ့္ဇနီးက အႏုပညာျမတ္ႏိုးသူလို႔ၫႊန္းသြားခဲ့ပါေသးတယ္။မင္းသားဝီလ်ံဟာ သူ႔ရဲ႕အခ်စ္ေရးေကာလာဟလသတင္းအေပၚဘာမွတုံ႔ျပန္မႈမေပးဘဲႏႈတ္ဆိတ္ေနတာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*