My Happy Ending ဇာတ်လမ်းတွဲဟာ သူ့အတွက်ခက်ခဲခဲ့ပါတယ်ဆိုတဲ့ ဂျန်နာရာ

ရွေးနီမလေးအဖြစ်နဲ့ နှစ်ပေါင်းများစွာကတည်းကပရိသတ်တွေအားပေးလာခဲ့တဲ့ ဂျန်နာရာကို My Happy Ending ဇာတ်လမ်းတွဲမှာပရိ သတ်တွေက ကွဲပြားတဲ့ဇာတ်ရုပ်တစ်မျိုးနဲ့ထပ်မံအားပေးခဲ့ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး ကြည့်ရှုသူတွေကိုမရိုးမရွဖြစ်စေနိုင်တဲ့ My Happy Ending ဟာအခုဆိုရင် ဇာတ်သိမ်းပိုင်းကိုရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းပိုင်းပြီးစီးချိန်မှာ ဒီဇာတ်လမ်းတွဲမှာပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကနှုတ်ဆက်အမှတ်တရစကားလေးတွေကိုယ်စီ ပြောကြားခဲ့ကြပါတယ်။ ဒီအထဲမှာမှသရုပ်ဆောင်ဂျန်နာရာက ဒီဇာတ်လမ်းတွဲဟာ သူမအတွက်ခက်ခဲကြောင်း၊အတွေ့အကြုံသစ်တစ်ခုကိုရရှိကြောင်းပြောပြခဲ့တာပါ။

ဂျန်နာရာက “ဧပြီလမှာဒီဇာတ်ကားကိုစရိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဇာတ်သိမ်းပိုင်းကိုရောက်ခဲ့ပါပြီ။အချိန်အကြာကြီးဖြတ်သန်းခဲ့ရတယ်လို့ထင်ပါတယ်။ ရိုက်ကူးနေချိန်မှာ အခက်အခဲတွေရှိခဲ့ပေမယ့်နောက်ဆုံးမှာတော့ ဇာတ်သိမ်းပိုင်းကိုရောက်လာခဲ့ပြီ။ My Happy Ending ဟာ ကျွန်မအတွက်အတွေ့အကြုံသစ်တွေ သင်ပေးလိုက်သလိုပါပဲ။ အစမှာကတည်းကခက်ခဲမယ်ဆိုတာသိပေမယ့်ရိုက်တဲ့အ ချိန်ကျတော့ ပိုခက်ခဲတာတွေကြုံရပါတယ်။အခက်အခဲတွေကိုကျော်လွှားနိုင်တဲ့အချိန်တွေရှိခဲ့သလို မတတ်သာတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကို အကောင်းဆုံးဇာတ်သိမ်းပေးနိုင်ခဲ့တဲ့အတွက်ကိုယ့်အတွက်မရဖူးတဲ့အတွေ့အကြုံတွေရတယ်ဆိုတဲ့စိတ်ခံစားချက်ကိုရလိုက်တယ်” လို့ သူမကပြောခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ေ႐ြးနီမေလးအျဖစ္နဲ႔ ႏွစ္ေပါင္းမ်ားစြာကတည္းကပရိသတ္ေတြအားေပးလာခဲ့တဲ့ ဂ်န္နာရာကို My Happy Ending ဇာတ္လမ္းတြဲမွာပရိ သတ္ေတြက ကြဲျပားတဲ့ဇာတ္႐ုပ္တစ္မ်ိဳးနဲ႔ထပ္မံအားေပးခဲ့ရတာပဲျဖစ္ပါတယ္။ဇာတ္လမ္းဇာတ္အိမ္ေကာင္းၿပီး ၾကည့္ရႈသူေတြကိုမ႐ိုးမ႐ြျဖစ္ေစႏိုင္တဲ့ My Happy Ending ဟာအခုဆိုရင္ ဇာတ္သိမ္းပိုင္းကိုေရာက္ရွိခဲ့ၿပီပဲျဖစ္ပါတယ္။ဇာတ္လမ္းတြဲရဲ႕ ဇာတ္သိမ္းပိုင္းၿပီးစီးခ်ိန္မွာ ဒီဇာတ္လမ္းတြဲမွာပါဝင္တဲ့သ႐ုပ္ေဆာင္ေတြအားလုံးကႏႈတ္ဆက္အမွတ္တရစကားေလးေတြကိုယ္စီ ေျပာၾကားခဲ့ၾကပါတယ္။ ဒီအထဲမွာမွသ႐ုပ္ေဆာင္ဂ်န္နာရာက ဒီဇာတ္လမ္းတြဲဟာ သူမအတြက္ခက္ခဲေၾကာင္း၊အေတြ႕အႀကဳံသစ္တစ္ခုကိုရရွိေၾကာင္းေျပာျပခဲ့တာပါ။

ဂ်န္နာရာက “ဧၿပီလမွာဒီဇာတ္ကားကိုစ႐ိုက္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ဇာတ္သိမ္းပိုင္းကိုေရာက္ခဲ့ပါၿပီ။အခ်ိန္အၾကာႀကီးျဖတ္သန္းခဲ့ရတယ္လို႔ထင္ပါတယ္။ ႐ိုက္ကူးေနခ်ိန္မွာ အခက္အခဲေတြရွိခဲ့ေပမယ့္ေနာက္ဆုံးမွာေတာ့ ဇာတ္သိမ္းပိုင္းကိုေရာက္လာခဲ့ၿပီ။ My Happy Ending ဟာ ကြၽန္မအတြက္အေတြ႕အႀကဳံသစ္ေတြ သင္ေပးလိုက္သလိုပါပဲ။ အစမွာကတည္းကခက္ခဲမယ္ဆိုတာသိေပမယ့္႐ိုက္တဲ့အ ခ်ိန္က်ေတာ့ ပိုခက္ခဲတာေတြႀကဳံရပါတယ္။အခက္အခဲေတြကိုေက်ာ္လႊားႏိုင္တဲ့အခ်ိန္ေတြရွိခဲ့သလို မတတ္သာတဲ့အခ်ိန္ေတြလည္းရွိခဲ့ပါတယ္။ဒီဇာတ္လမ္းတြဲကို အေကာင္းဆုံးဇာတ္သိမ္းေပးႏိုင္ခဲ့တဲ့အတြက္ကိုယ့္အတြက္မရဖူးတဲ့အေတြ႕အႀကဳံေတြရတယ္ဆိုတဲ့စိတ္ခံစားခ်က္ကိုရလိုက္တယ္” လို႔ သူမကေျပာခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*