အသက် ၇ နှစ်ကြီးတဲ့ကိုကိုကတကယ်ပဲ Jisoo ကိုအလိုလိုက်သူလား

Jisoo (Black Pink) နဲ့ မင်းသား Ahn Bohyun တို့ရဲ့ Dating သတင်းကတစ်ကမ္ဘာလုံးကတခြားသောသတင်းတွေကို ဖုံးလွှမ်းနိုင်ခဲ့တာအသေအချာပါ။ကိုရီးယားနိုင်ငံသတင်းဌာနတွေသာမက ကမ္ဘာတစ်ဝှမ်းကသတင်းဌာနတွေဖြစ်တဲ့ BBC ၊ CNN ၊ The Straits Times၊ CNA၊ The Indian Express ၊ Hindustan Times၊ Lifestyle Asia Hong kong စတဲ့မီဒီယာတွေကပါ Jisoo နဲ့ Ahn Bohyun သတင်းကိုအကျယ်တဝင့်ဖော်ပြထားကြတာတွေ့ရပါတယ်။ဒီသတင်းအပြီးမှာပရိသတ်တွေက Ahn Bohyun ကဘယ်လိုချစ်သူအမျိုးအစားဖြစ်မယ်ဆိုတာကိုလည်းမျိုးစုံခန့်မှန်းပြောဆိုနေကြပါတယ်။

Ahn Bohyun ကလက်ရှိအသက် ၃၅ နှစ်၊ Jisoo က အသက်၂၈ နှစ်မို့ သူမထက်အသက် (၇) နှစ်ကြီးတဲ့ကိုကိုကို ချစ်သူတော်ရတာဟာ Jisoo အနေနဲ့တကယ်အချစ်ခံရပြီးအလိုလိုက်ခံရမယ်ဆိုတာသေချာတယ်လို့ မိန်းကလေးပရိသတ်တော်တော်များများကမှတ်ချက်ပေးပြောဆိုနေကြတာတွေ့ရပါတယ်။ထွက်ရှိလာတဲ့သတင်းတွေအရ Ahn Bohyun က Jisooရဲ့အချိန်ဇယားနဲ့ကိုက်ညီအောင်လိုက်ညှိပြီးအနားမှာရှိနေပေးတာ၊ ရင့်ကျက်တဲ့ပုံစံရှိတာတွေအပြင်Jisoo Seoul မှာရှိနေချိန်တိုင်းကိုယ်တိုင်ကားမောင်းပြီး Jisoo ရဲ့အိမ်ကိုသွားလည်တယ်ဆိုတဲ့သတင်းတွေကြောင့်ဒီကိုကိုက ချစ်သူကိုအလိုလိုက်ဂရုစိုက်တတ်သူဖြစ်မှာသေချာတယ်လို့တွက်ဆထားကြတာြဖစ်ပါတယ်။
နှစ်ယောက်စလုံးကပရိသတ်အားပေးမှုများတဲ့သူတွေဖြစ်တာမို့ချစ်သူနှစ်ဦးရဲ့ဘယ်လိုချစ်ကြည်နူးတဲ့ပုံရိပ်တွေ တွေ့မြင်ရဦးမလဲဆိုတာကိုလည်းပရိသတ်တွေကမျှော်လင့်နေကြဆဲပါ။

Ju Ju

zawgyi

အသက္ ၇ ႏွစ္ႀကီးတဲ့ကိုကိုကတကယ္ပဲ Jisoo ကိုအလိုလိုက္သူလား

Jisoo (Black Pink) နဲ႔ မင္းသား Ahn Bohyun တို႔ရဲ႕ Dating သတင္းကတစ္ကမာၻလုံးကတျခားေသာသတင္းေတြကို ဖုံးလႊမ္းႏိုင္ခဲ့တာအေသအခ်ာပါ။ကိုရီးယားႏိုင္ငံသတင္းဌာနေတြသာမက ကမာၻတစ္ဝွမ္းကသတင္းဌာနေတြျဖစ္တဲ့ BBC ၊ CNN ၊ The Straits Times၊ CNA၊ The Indian Express ၊ Hindustan Times၊ Lifestyle Asia Hong kong စတဲ့မီဒီယာေတြကပါ Jisoo နဲ႔ Ahn Bohyun သတင္းကိုအက်ယ္တဝင့္ေဖာ္ျပထားၾကတာေတြ႕ရပါတယ္။ဒီသတင္းအၿပီးမွာပရိသတ္ေတြက Ahn Bohyun ကဘယ္လိုခ်စ္သူအမ်ိဳးအစားျဖစ္မယ္ဆိုတာကိုလည္းမ်ိဳးစုံခန႔္မွန္းေျပာဆိုေနၾကပါတယ္။

Ahn Bohyun ကလက္ရွိအသက္ ၃၅ ႏွစ္၊ Jisoo က အသက္၂၈ ႏွစ္မို႔ သူမထက္အသက္ (၇) ႏွစ္ႀကီးတဲ့ကိုကိုကို ခ်စ္သူေတာ္ရတာဟာ Jisoo အေနနဲ႔တကယ္အခ်စ္ခံရၿပီးအလိုလိုက္ခံရမယ္ဆိုတာေသခ်ာတယ္လို႔ မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားကမွတ္ခ်က္ေပးေျပာဆိုေနၾကတာေတြ႕ရပါတယ္။ထြက္ရွိလာတဲ့သတင္းေတြအရ Ahn Bohyun က Jisooရဲ႕အခ်ိန္ဇယားနဲ႔ကိုက္ညီေအာင္လိုက္ညႇိၿပီးအနားမွာရွိေနေပးတာ၊ ရင့္က်က္တဲ့ပုံစံရွိတာေတြအျပင္Jisoo Seoul မွာရွိေနခ်ိန္တိုင္းကိုယ္တိုင္ကားေမာင္းၿပီး Jisoo ရဲ႕အိမ္ကိုသြားလည္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ဒီကိုကိုက ခ်စ္သူကိုအလိုလိုက္ဂ႐ုစိုက္တတ္သူျဖစ္မွာေသခ်ာတယ္လို႔တြက္ဆထားၾကတာျဖစ္ပါတယ္။
ႏွစ္ေယာက္စလုံးကပရိသတ္အားေပးမႈမ်ားတဲ့သူေတြျဖစ္တာမို႔ခ်စ္သူႏွစ္ဦးရဲ႕ဘယ္လိုခ်စ္ၾကည္ႏူးတဲ့ပုံရိပ္ေတြ ေတြ႕ျမင္ရဦးမလဲဆိုတာကိုလည္းပရိသတ္ေတြကေမွ်ာ္လင့္ေနၾကဆဲပါ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*