၂၀၂၄ မှာ အောင်မြင်ချင်တဲ့လူငယ်တိုင်း ရှိထားသင့်တဲ့ Skill တစ်ခု

နှစ်တစ်နှစ်ကုန်ဆုံးချိန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကိုယ်ဘယ်လို၊ ဘယ်လောက်ထိလျှောက်လှမ်းလာခဲ့ပြီးပြီလဲ၊နောက်နှစ်သစ်မှာဘာတွေလုပ် ဆောင်မလဲဆိုတာကိုပြန်တွေးတောသုံးသပ်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။တချို့လူတွေကျတော့လည်း ဒီနှစ်ဘာတွေကြုံခဲ့မှန်းကိုမသိပါဘူး၊ ဘာမှမှတ်မှတ်ရရမရှိပါဘူးဆိုသူတွေလည်းရှိတတ်ကြပါတယ်။ ဒါကိုလည်းအပြစ်ဆိုလို့မရပါဘူး။ ကုန်သွားတဲ့နှစ်တစ်ခုမှာနှစ်သက်တာတွေရော၊ မနှစ်သက်တာတွေရော ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပြန်ပြင်လို့လည်းမရတော့တာမို့လာမယ့်ရက်တွေအတွက်ကိုပဲစဉ်းစားပြင်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်။လူသားတွေဆိုတာက အများနဲ့ရောနှောနေထိုင်ရတဲ့သတ္တဝါတွေပါ။ တစ်ကိုယ်တည်းနေလို့မရသလို
တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုချင်စိတ်ကလည်း သဘာဝမှာကတည်းကပါရှိပြီးသားပါ။ဒီလိုဆက်သွယ်မှုလုပ်ရမှ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဟာကျန်းမာတာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာ နည်းပညာဟာအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတာမို့
ကိုယ့်ရဲ့အလုပ်နဲ့ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေဟာဘိုဘွားဖေမေလက်ထက်က လိုအပ်တဲ့အရည်အချင်းတွေနဲ့မတူညီတော့ပါဘူး။

ဒီနေ့ခေတ်လူငယ်တွေအတွက်နေရာတိုင်းမှာအဆင်ပြေဖို့ ဘယ် Skill ကအဓိကကျပြီးလိုအပ်တယ်လို့ထင်ပါသလဲ။ဒါကိုကမ္ဘာ့နာမည်ကြီး Business မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes ကအဖြေထုတ်ပေးထားပါတယ်။ဒီနေ့ခေတ်လူငယ်တွေအတွက်အလိုအပ်ဆုံး Skill တစ်ခုက တော့ “စကားပြောဆိုခြင်းအနုပညာ” ဖြစ်ပါတယ်တဲ့။ဒီနေ့ကမ္ဘာမှာလည်း သူ့နေရာနဲ့သူကျွမ်းကျင်ပိုင်နိုင်စွာစကားပြောဆိုတတ်ခြင်းကို
အထူးအလေးပေးလာတယ်လို့ Forbes ကဆိုထားပါတယ်။ဆက်သွယ်ပြောဆိုတတ်တဲ့အရည်အချင်းကောင်းရှိသူတစ်ယောက်ဟာ တစ် ပါးသူပြောဆိုတာကိုလည်းကောင်းကောင်းနားထောင်နိုင်စွမ်း၊ နားလည်နိုင်စွမ်းရှိပြီး အဓိပ္ပါယ်ရှိရှိ၊ ထိထိရောက်ရောက်ပြန်လည်ပြောဆိုနိုင်သူဖြစ်ပါတယ်။ ဒီတစ်ချက်တင်မဟုတ်သေးပါဘူး၊ တစ်ပါးသူရဲ့ Body Language ကိုဖတ်တတ်ရမှာဖြစ်သလို စကားပြန်ပြောချိန်မှာ အသံ Tone နဲ့ Timing ကိုလည်းသိရမှာဖြစ်ပါတယ်။ဒီနေ့ခေတ်နိုင်ငံတကာကျောင်းတွေမှာကျင့်သုံးနေတဲ့21 ရာစုပညာရေးရည်မှန်းချက် (5C) ထဲမှာလည်း Communication Skill ကပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Skill ကို မိသားစု၊ကျောင်းကနေတဆင့် လုပ် ငန်းခွင်ထဲထိပါလာအောင် ပျိုးထောင်သယ်ယူလာရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ် ၄၀ တုန်းက လက်မှုပညာတစ်ခုခုတတ်မြောက်ချင်တယ်ဆိုရင် စာအုပ်ဖတ်တာ၊လမ်းညွှန်ဗီဒီယိုတွေကြည့်တာမျိုးလုပ်နိုင်ပါတယ်။အဲဒီကနေအဆင့်မြင့်မြင့်ထပ်တက်ချင်တယ်ဆိုရင်တော့ဆရာနဲ့လူကိုယ်တိုင်သင်ယူကြရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ဒီအဆင့်တွေကိုလုပ်ဖို့မလိုတော့ပါဘူး။ You Tube ကနေကြည့်ပြီးကိုယ့်ဘာသာသင်ယူနိုင်နေပါပြီ။ဒီလိုအခြေအနေမှာဆုံးရှုံးသွားတာတစ်ခုကတော့ လူအချင်းချင်းထိတွေ့မှုနည်းလာပြီးဆက်သွယ်ပြောဆိုခြင်း၊ ရည်မွန်ယဉ်ကျေးခြင်းဆိုတဲ့အရာတွေ ဆုံးရှုံးသွားတာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ စကားပြောဆိုခြင်းအနုပညာဟာ ပိုမိုအရေးပါလာတာဖြစ်ပါတယ်။ဒါ့ကြောင့်ကိုယ်ဟာလူတွေကြားထဲမှာပြောဆိုရဲဖို့၊ Communication Skill ကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပါ၊မိတ်ဆက်စကားပြောဖို့ဝန်မလေးပါနဲ့၊ စူးစိုက်နားထောင်နိုင်စွမ်းရှိအောင်ကြိုးစားပါ၊ကိုယ့်ကိုယ်ကိုယ်စကားပြောကောင်းသူလို့ အမြဲတွေးပြီး ယုံကြည်မှုရှိရှိ၊ရဲရဲဝံ့ဝံ့ဆက်သွယ်ပြောဆိုကြည့်ပါလို့ အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

ႏွစ္တစ္ႏွစ္ကုန္ဆုံးခ်ိန္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ကိုယ္ဘယ္လို၊ ဘယ္ေလာက္ထိေလွ်ာက္လွမ္းလာခဲ့ၿပီးၿပီလဲ၊ေနာက္ႏွစ္သစ္မွာဘာေတြလုပ္ ေဆာင္မလဲဆိုတာကိုျပန္ေတြးေတာသုံးသပ္ဖို႔အေကာင္းဆုံးအခ်ိန္တစ္ခုပါ။တခ်ိဳ႕လူေတြက်ေတာ့လည္း ဒီႏွစ္ဘာေတြႀကဳံခဲ့မွန္းကိုမသိပါဘူး၊ ဘာမွမွတ္မွတ္ရရမရွိပါဘူးဆိုသူေတြလည္းရွိတတ္ၾကပါတယ္။ ဒါကိုလည္းအျပစ္ဆိုလို႔မရပါဘူး။ ကုန္သြားတဲ့ႏွစ္တစ္ခုမွာႏွစ္သက္တာေတြေရာ၊ မႏွစ္သက္တာေတြေရာ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ျပန္ျပင္လို႔လည္းမရေတာ့တာမို႔လာမယ့္ရက္ေတြအတြက္ကိုပဲစဥ္းစားျပင္ဆင္တာက အေကာင္းဆုံးျဖစ္ပါတယ္။လူသားေတြဆိုတာက အမ်ားနဲ႔ေရာေႏွာေနထိုင္ရတဲ့သတၱဝါေတြပါ။ တစ္ကိုယ္တည္းေနလို႔မရသလို
တစ္ေယာက္နဲ႔တစ္ေယာက္ဆက္သြယ္ေျပာဆိုခ်င္စိတ္ကလည္း သဘာဝမွာကတည္းကပါရွိၿပီးသားပါ။ဒီလိုဆက္သြယ္မႈလုပ္ရမွ လူေတြရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ စိတ္ခံစားမႈပိုင္းဟာက်န္းမာတာျဖစ္ပါတယ္။လက္ရွိကမာၻမွာ နည္းပညာဟာအရွိန္အဟုန္နဲ႔ဖြံ႕ၿဖိဳးတိုးတက္ေနတာမို႔
ကိုယ့္ရဲ႕အလုပ္နဲ႔ဘဝမွာေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့အရည္အေသြးေတြဟာဘိုဘြားေဖေမလက္ထက္က လိုအပ္တဲ့အရည္အခ်င္းေတြနဲ႔မတူညီေတာ့ပါဘူး။

ဒီေန႔ေခတ္လူငယ္ေတြအတြက္ေနရာတိုင္းမွာအဆင္ေျပဖို႔ ဘယ္ Skill ကအဓိကက်ၿပီးလိုအပ္တယ္လို႔ထင္ပါသလဲ။ဒါကိုကမာၻ႔နာမည္ႀကီး Business မဂၢဇင္းတစ္ခုျဖစ္တဲ့ Forbes ကအေျဖထုတ္ေပးထားပါတယ္။ဒီေန႔ေခတ္လူငယ္ေတြအတြက္အလိုအပ္ဆုံး Skill တစ္ခုက ေတာ့ “စကားေျပာဆိုျခင္းအႏုပညာ” ျဖစ္ပါတယ္တဲ့။ဒီေန႔ကမာၻမွာလည္း သူ႔ေနရာနဲ႔သူကြၽမ္းက်င္ပိုင္ႏိုင္စြာစကားေျပာဆိုတတ္ျခင္းကို
အထူးအေလးေပးလာတယ္လို႔ Forbes ကဆိုထားပါတယ္။ဆက္သြယ္ေျပာဆိုတတ္တဲ့အရည္အခ်င္းေကာင္းရွိသူတစ္ေယာက္ဟာ တစ္ ပါးသူေျပာဆိုတာကိုလည္းေကာင္းေကာင္းနားေထာင္ႏိုင္စြမ္း၊ နားလည္ႏိုင္စြမ္းရွိၿပီး အဓိပၸါယ္ရွိရွိ၊ ထိထိေရာက္ေရာက္ျပန္လည္ေျပာဆိုႏိုင္သူျဖစ္ပါတယ္။ ဒီတစ္ခ်က္တင္မဟုတ္ေသးပါဘူး၊ တစ္ပါးသူရဲ႕ Body Language ကိုဖတ္တတ္ရမွာျဖစ္သလို စကားျပန္ေျပာခ်ိန္မွာ အသံ Tone နဲ႔ Timing ကိုလည္းသိရမွာျဖစ္ပါတယ္။ဒီေန႔ေခတ္ႏိုင္ငံတကာေက်ာင္းေတြမွာက်င့္သုံးေနတဲ့21 ရာစုပညာေရးရည္မွန္းခ်က္ (5C) ထဲမွာလည္း Communication Skill ကပါဝင္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဒီ Skill ကို မိသားစု၊ေက်ာင္းကေနတဆင့္ လုပ္ ငန္းခြင္ထဲထိပါလာေအာင္ ပ်ိဳးေထာင္သယ္ယူလာရမွာျဖစ္ပါတယ္။လြန္ခဲ့တဲ့ႏွစ္ ၄၀ တုန္းက လက္မႈပညာတစ္ခုခုတတ္ေျမာက္ခ်င္တယ္ဆိုရင္ စာအုပ္ဖတ္တာ၊လမ္းၫႊန္ဗီဒီယိုေတြၾကည့္တာမ်ိဳးလုပ္ႏိုင္ပါတယ္။အဲဒီကေနအဆင့္ျမင့္ျမင့္ထပ္တက္ခ်င္တယ္ဆိုရင္ေတာ့ဆရာနဲ႔လူကိုယ္တိုင္သင္ယူၾကရတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ဒီအဆင့္ေတြကိုလုပ္ဖို႔မလိုေတာ့ပါဘူး။ You Tube ကေနၾကည့္ၿပီးကိုယ့္ဘာသာသင္ယူႏိုင္ေနပါၿပီ။ဒီလိုအေျခအေနမွာဆုံးရႈံးသြားတာတစ္ခုကေတာ့ လူအခ်င္းခ်င္းထိေတြ႕မႈနည္းလာၿပီးဆက္သြယ္ေျပာဆိုျခင္း၊ ရည္မြန္ယဥ္ေက်းျခင္းဆိုတဲ့အရာေတြ ဆုံးရႈံးသြားတာျဖစ္ပါတယ္။ဒါေၾကာင့္လည္း ဒီဘက္ေခတ္မွာ စကားေျပာဆိုျခင္းအႏုပညာဟာ ပိုမိုအေရးပါလာတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ကိုယ္ဟာလူေတြၾကားထဲမွာေျပာဆိုရဲဖို႔၊ Communication Skill ေကာင္းသူတစ္ေယာက္ျဖစ္ဖို႔အတြက္ ပတ္ဝန္းက်င္ကိုစူးစမ္းေလ့လာပါ၊မိတ္ဆက္စကားေျပာဖို႔ဝန္မေလးပါနဲ႔၊ စူးစိုက္နားေထာင္ႏိုင္စြမ္းရွိေအာင္ႀကိဳးစားပါ၊ကိုယ့္ကိုယ္ကိုယ္စကားေျပာေကာင္းသူလို႔ အၿမဲေတြးၿပီး ယုံၾကည္မႈရွိရွိ၊ရဲရဲဝံ့ဝံ့ဆက္သြယ္ေျပာဆိုၾကည့္ပါလို႔ အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*