ကြည့်ရှုသူများပြီးနာမည်ကြီးနေတဲ့ 12.12: The Day ရုပ်ရှင်ကား

12.12: The Day ရုပ်ရှင်ဟာ ၂၀၂၃ ခုနစ်အတွက်ရုံဝင်ကြည့်ရှုမှုအများဆုံးရုပ်ရှင်တွေထဲပါဝင်နေတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ် ရှင်ဟာထွက်ရှိပြီးတစ်လကျော်အတွင်းမှာ ရုံဝင်ကြည့်ရှုသူစုစုပေါင်း ၁၀ သန်းကျော်သွားခဲ့တာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ Parasite ၊ Frozen ၊ Interstellar ၊ Avengers: Age of Ultron နဲ့ The King and the Clownတို့လိုပဲ ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ်မှတ်တမ်းဝင်ခဲ့တယ်လို့သိရပါတယ်။

12.12: The Day ဟာ ၁၉၇၉ ခုနစ်၊ ဒီဇင်ဘာလက ကိုရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အာဏာသိမ်းခြင်းဖြစ်စဉ်ကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ၄၀ မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပေမယ့် အသက် ၂၀ နဲ့ ၃၀ အရွယ်လူငယ်တွေရဲ့စိတ်ဝင်တစားကြည့်ရှုအားပေးမှု ပိုမိုများပြားတယ်လို့သိရပါတယ်။နိုဝင်ဘာလ ၂၂ ရက်နေ့ကထွက်ရှိခဲ့တဲ့ဒီရုပ်ရှင်မှာ သရုပ်ဆောင်များအဖြစ် Hwang jung min ၊ Jung Woo Sung ၊ Lee Sung Min ၊ Park Hae Joon နဲ့ Kim sung kyun တို့ပါဝင်ထားတာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*