ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး အလုပ်လုပ်မယ့် Jennie

Jennie (Black Pink) အနေနဲ့ ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်မယ်ဆိုတာကို ဒီဇင်ဘာ ၂၄ ရက်နေ့ကအတည်ပြုပြောကြားခဲ့ပါတယ်။ သူမရဲ့ New Label ဖြစ်တဲ့ OA(ODD ATELIER) ကိုမိတ်ဆက်ချိန်မှာ ဒီသတင်းကိုအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။သူမကုမ္ပဏီရဲ့ Logo နဲ့ Profile Photos တွေကိုလည်း Instagram မှာတင်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင်သူမက “ဟိုင်း ကျွန်မ Jennie ပါ၊ဒီနှစ်ကတော့ အောင်မြင်မှုတွေအများကြီး ပြည့်နှက်နေခဲ့ပါတယ်။ ဒါကြောင့်အားလုံးရဲ့အချစ်တွေအတွက် ကျွန်မကကျေးဇူးတင်ပါတယ်။နောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း ကျွန်မက ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။

၂၀၂၄ မှာကျွန်မစတင်လိုက်တဲ့ OA လို့ခေါ်တဲ့ ကုမ္ပဏီအသစ်နဲ့အတူ ကျွန်မရဲ့ solo journey စတင်မှာပဲဖြစ်ပါတယ်။လုပ်ငန်းသစ်မှာကျွန်မကို အချစ်တွေအများကြီးပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်”လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။ OA ကို နိုဝင်ဘာလမှာကတည်းက စ တင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာတရားဝင်မိတ်ဆက်လာတာဖြစ်ပါတယ်။ Black Pink အဖွဲ့ဝင်တွေအားလုံးဟာ YG နဲ့စာ ချုပ်သစ်ချုပ်ဆိုခဲ့ပြီး Jennie ဟာလည်း Group Activity တွေကို YG အောက်ကနေလုပ်ဆောင်မှာဖြစ်ပါတယ်။ Solo Activity တွေကိုတော့ သူမရဲ့ကိုယ်ပိုင်လုပ်ငန်း OA အောက်ကနေ စတင်လုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Jennie (Black Pink) အေနနဲ႔ ကိုယ္ပိုင္ကုမၸဏီတည္ေထာင္မယ္ဆိုတာကို ဒီဇင္ဘာ ၂၄ ရက္ေန႔ကအတည္ျပဳေျပာၾကားခဲ့ပါတယ္။ သူမရဲ႕ New Label ျဖစ္တဲ့ OA(ODD ATELIER) ကိုမိတ္ဆက္ခ်ိန္မွာ ဒီသတင္းကိုအတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။သူမကုမၸဏီရဲ႕ Logo နဲ႔ Profile Photos ေတြကိုလည္း Instagram မွာတင္ခဲ့တာေတြ႕ရပါတယ္။ ဒါ့အျပင္သူမက “ဟိုင္း ကြၽန္မ Jennie ပါ၊ဒီႏွစ္ကေတာ့ ေအာင္ျမင္မႈေတြအမ်ားႀကီး ျပည့္ႏွက္ေနခဲ့ပါတယ္။ ဒါေၾကာင့္အားလုံးရဲ႕အခ်စ္ေတြအတြက္ ကြၽန္မကေက်းဇူးတင္ပါတယ္။ေနာက္ထပ္ဘာေတြျဖစ္လာမလဲဆိုတာကိုလည္း ကြၽန္မက ရင္ခုန္စိတ္လႈပ္ရွားမိပါတယ္။

၂၀၂၄ မွာကြၽန္မစတင္လိုက္တဲ့ OA လို႔ေခၚတဲ့ ကုမၸဏီအသစ္နဲ႔အတူ ကြၽန္မရဲ႕ solo journey စတင္မွာပဲျဖစ္ပါတယ္။လုပ္ငန္းသစ္မွာကြၽန္မကို အခ်စ္ေတြအမ်ားႀကီးေပးၾကပါဦးေနာ္။ ေက်းဇူးတင္ပါတယ္”လို႔ေရးသားခဲ့တာပဲျဖစ္ပါတယ္။ OA ကို ႏိုဝင္ဘာလမွာကတည္းက စ တင္တည္ေထာင္ခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလမွာတရားဝင္မိတ္ဆက္လာတာျဖစ္ပါတယ္။ Black Pink အဖြဲ႕ဝင္ေတြအားလုံးဟာ YG နဲ႔စာ ခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး Jennie ဟာလည္း Group Activity ေတြကို YG ေအာက္ကေနလုပ္ေဆာင္မွာျဖစ္ပါတယ္။ Solo Activity ေတြကိုေတာ့ သူမရဲ႕ကိုယ္ပိုင္လုပ္ငန္း OA ေအာက္ကေန စတင္လုပ္ေဆာင္သြားမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*