အလုပ်ထွက်ချိန် ကတ္တီပါလမ်းခွဲဖြစ်စေဖို့

တချို့သောဝန်ထမ်းတွေအတွက် အလုပ်ထွက်ချိန်ဟာအေးအေးဆေးဆေးချောချောမွေ့မွေ့ဖြစ်တတ်ပေမယ့် တချို့တွေအတွက်ဘော့စ်ကိုပြောဖို့ခက်နေတာတွေ၊ မထွက်ဖို့စကားတွေကိုအပြင်းအထန်ငြင်းဆန်ရတာတွေ၊ပြောင်းလဲသွားတဲ့ဆက်ဆံရေးတွေ၊ မထွက်ခင်အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်ခံရတာမျိုးတွေကြုံရတတ်ပါတယ်။တချို့တွေကျတော့လည်း ထွက်ခတ်ခတ်တယ်လို့ဆိုရမယ့်လုပ်ဖော် ကိုင်ဖက်တွေရဲ့မကောင်းတဲ့အကျင့်တွေ၊ အဆင်မပြေမှုတွေကို တစ်ဝကြီးပြောပြီးမှအလုပ်ထွက်တတ်ကြပါတယ်။ အလုပ်ထွက်ပြီးချိန်မှာ တချို့ကကုမ္ပဏီကိုရော၊ လူတွေကိုရောအားလုံးမေ့ပစ်လိုက်ချင်ကြပြီး တချို့ကတော့တစ်သက်လုံးအတွက်ရင်းနှီးခင်မင်တဲ့ဆက်ဆံရေးကိုတည်ဆောက်သွားနိုင်ကြပါတယ်။တကယ်တော့ စိတ်ခံစားမှုတွေဘေးဖယ်ထားပြီး အလုပ်ထွက်ခြင်းအဆင့်တွေကိုမှန်မှန်ကန်ကန်လုပ်ဆောင်သွားရုံနဲ့ ကိုယ့်အတွက်အဆင်ပြေချောမွေ့တဲ့လမ်းခွဲမှုတစ်ခုဖြစ်စေနိုင်ပါတယ်။

အဲဒီအဆင့်တွေကတော့ ….
– နှစ်ပတ်ကြိုပြီး Notice Letter ပေးပို့ပါ။ တချို့အလုပ်ကကမထွက်ခင် တစ်လကြိုပြောရပါတယ်။
– ကိုယ့်အစီအစဉ်ကို သူဌေးနဲ့မန်နေဂျာကိုမပြောခင်လုပ်ဖော်ကိုင်ဖက်တွေကိုအရင်ပြောတာမျိုးမလုပ်ပါနဲ့။
– သူဌေးကိုလူချင်းတွေ့ပြီးပြောဆိုပါ။
– ကိုယ်ဘာတွေပြောမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားပါ။
– အပြုသဘောဆောင်တဲ့စကားလုံးတွေပဲရွေးပြီးသုံးပါ။
– တိုတိုရှင်းရှင်းပဲပြောပါ။
– မထင်မှတ်ထားတာတွေဖြစ်လာနိုင်တာကို ကြိုတင်တွေးထားပါ။
– သူဌေးရဲ့ ‘ဘာတွေအဆင်မပြေလို့လဲ’ ဆိုတဲ့မေးခွန်းအောက်မှာ ကိုယ့်ရဲ့အနာဂတ် Plan ကိုသာရည်ညွှန်းပြောဆိုပါ။
– လုပ်ဖော်ကိုင်ဖက်တွေမကောင်းကြောင်း၊ အဆင်မပြေတဲ့အကြောင်းတွေမပြောပါနဲ့။သူဌေးသိသင့်တယ်ထင်ရင်တောင်ဘယ်သူဘယ်ဝါ ဆိုတဲ့နာမည်မတပ်ဘဲကိုယ့်ရဲ့အကြံပေးချက်အနေနဲ့ပြောဆိုပါ။
– ဒီအလုပ်ကနေ ကိုယ်ရခဲ့တဲ့အကျိုးကျေးဇူးတွေနဲ့ ကျေးဇူးတင်ကြောင်းပြောပါ။
– အလုပ်မထွက်ခင်ထိ ဘယ်လိုလုပ်ကိုင်ပေးခဲ့မယ်ဆိုတာနဲ့ အနာဂတ်မှာလည်းကူညီနိုင်တဲ့ဘောင်ထဲကနေ ကူညီပါမယ်ဆိုတာမျိုးပြောဆိုနိုင်ပါတယ်။
– လုပ်ဖော်ကိုင်ဖက်တွေကိုနှုတ်ဆက်ပါ။ ကျေးဇူးတင်ကြောင်းပြောပါ။
– တာဝန်လွှဲပေးရမယ့်အချိန်မှာ အကောင်းဆုံးသင်ကြားပေးပါ။
– နောက်ဆုံးရက်အထိ တာဝန်ကျေအောင် အပြည့်အဝအလုပ်လုပ်ပါ။ တချို့ကအလုပ်ထွက်တော့မှာပဲဆိုပြီး ရုံးမှန်မှန်မသွားတော့တာမျိုးတွေလုပ်တတ်ကြပါတယ်။အဲဒီလိုမလုပ်သင့်ပါဘူး။
– ကိုယ့်ရဲ့ထွက်ခွာမယ့်ဆုံးဖြတ်ချက်အတွက် ခိုင်မာတဲ့ယုံကြည်ချက်ရှိရပါမယ်။
– ကိုယ့်အလုပ်စားပွဲကို အသပ်ရပ်ဆုံး၊ အသန့်ရှင်းဆုံးထားခဲ့ပေးပါ။
– ဘာတွေပဲကြုံရ ကြုံရ အပြုံးမပျက်နှုတ်ဆက်လိုက်ပါ။

ဒီလိုအချက်လေးတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့အလုပ်ထွက်ချိန်ဟာကိုယ့်အတွက်အဆင်အပြေဆုံး ကတ္တီပါလမ်းခွဲဖြစ်ပါလိမ့်မယ်နော်။

Ju Ju

zawgyi

တခ်ိဳ႕ေသာဝန္ထမ္းေတြအတြက္ အလုပ္ထြက္ခ်ိန္ဟာေအးေအးေဆးေဆးေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္တတ္ေပမယ့္ တခ်ိဳ႕ေတြအတြက္ေဘာ့စ္ကိုေျပာဖို႔ခက္ေနတာေတြ၊ မထြက္ဖို႔စကားေတြကိုအျပင္းအထန္ျငင္းဆန္ရတာေတြ၊ေျပာင္းလဲသြားတဲ့ဆက္ဆံေရးေတြ၊ မထြက္ခင္အက်ပ္ အတည္းျဖစ္ေအာင္ လုပ္ေဆာင္ခံရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။တခ်ိဳ႕ေတြက်ေတာ့လည္း ထြက္ခတ္ခတ္တယ္လို႔ဆိုရမယ့္လုပ္ေဖာ္ ကိုင္ဖက္ေတြရဲ႕မေကာင္းတဲ့အက်င့္ေတြ၊ အဆင္မေျပမႈေတြကို တစ္ဝႀကီးေျပာၿပီးမွအလုပ္ထြက္တတ္ၾကပါတယ္။ အလုပ္ထြက္ၿပီးခ်ိန္မွာ တခ်ိဳ႕ကကုမၸဏီကိုေရာ၊ လူေတြကိုေရာအားလုံးေမ့ပစ္လိုက္ခ်င္ၾကၿပီး တခ်ိဳ႕ကေတာ့တစ္သက္လုံးအတြက္ရင္းႏွီးခင္မင္တဲ့ဆက္ဆံေရးကိုတည္ေဆာက္သြားႏိုင္ၾကပါတယ္။တကယ္ေတာ့ စိတ္ခံစားမႈေတြေဘးဖယ္ထားၿပီး အလုပ္ထြက္ျခင္းအဆင့္ေတြကိုမွန္မွန္ကန္ကန္လုပ္ေဆာင္သြား႐ုံနဲ႔ ကိုယ့္အတြက္အဆင္ေျပေခ်ာေမြ႕တဲ့လမ္းခြဲမႈတစ္ခုျဖစ္ေစႏိုင္ပါတယ္။

အဲဒီအဆင့္ေတြကေတာ့ ….
– ႏွစ္ပတ္ႀကိဳၿပီး Notice Letter ေပးပို႔ပါ။ တခ်ိဳ႕အလုပ္ကကမထြက္ခင္ တစ္လႀကိဳေျပာရပါတယ္။
– ကိုယ့္အစီအစဥ္ကို သူေဌးနဲ႔မန္ေနဂ်ာကိုမေျပာခင္လုပ္ေဖာ္ကိုင္ဖက္ေတြကိုအရင္ေျပာတာမ်ိဳးမလုပ္ပါနဲ႔။
– သူေဌးကိုလူခ်င္းေတြ႕ၿပီးေျပာဆိုပါ။
– ကိုယ္ဘာေတြေျပာမယ္ဆိုတာကို ႀကိဳတင္ျပင္ဆင္ထားပါ။
– အျပဳသေဘာေဆာင္တဲ့စကားလုံးေတြပဲေ႐ြးၿပီးသုံးပါ။
– တိုတိုရွင္းရွင္းပဲေျပာပါ။
– မထင္မွတ္ထားတာေတြျဖစ္လာႏိုင္တာကို ႀကိဳတင္ေတြးထားပါ။
– သူေဌးရဲ႕ ‘ဘာေတြအဆင္မေျပလို႔လဲ’ ဆိုတဲ့ေမးခြန္းေအာက္မွာ ကိုယ့္ရဲ႕အနာဂတ္ Plan ကိုသာရည္ၫႊန္းေျပာဆိုပါ။
– လုပ္ေဖာ္ကိုင္ဖက္ေတြမေကာင္းေၾကာင္း၊ အဆင္မေျပတဲ့အေၾကာင္းေတြမေျပာပါနဲ႔။သူေဌးသိသင့္တယ္ထင္ရင္ေတာင္ဘယ္သူဘယ္ဝါ ဆိုတဲ့နာမည္မတပ္ဘဲကိုယ့္ရဲ႕အႀကံေပးခ်က္အေနနဲ႔ေျပာဆိုပါ။
– ဒီအလုပ္ကေန ကိုယ္ရခဲ့တဲ့အက်ိဳးေက်းဇူးေတြနဲ႔ ေက်းဇူးတင္ေၾကာင္းေျပာပါ။
– အလုပ္မထြက္ခင္ထိ ဘယ္လိုလုပ္ကိုင္ေပးခဲ့မယ္ဆိုတာနဲ႔ အနာဂတ္မွာလည္းကူညီႏိုင္တဲ့ေဘာင္ထဲကေန ကူညီပါမယ္ဆိုတာမ်ိဳးေျပာဆိုႏိုင္ပါတယ္။
– လုပ္ေဖာ္ကိုင္ဖက္ေတြကိုႏႈတ္ဆက္ပါ။ ေက်းဇူးတင္ေၾကာင္းေျပာပါ။
– တာဝန္လႊဲေပးရမယ့္အခ်ိန္မွာ အေကာင္းဆုံးသင္ၾကားေပးပါ။
– ေနာက္ဆုံးရက္အထိ တာဝန္ေက်ေအာင္ အျပည့္အဝအလုပ္လုပ္ပါ။ တခ်ိဳ႕ကအလုပ္ထြက္ေတာ့မွာပဲဆိုၿပီး ႐ုံးမွန္မွန္မသြားေတာ့တာမ်ိဳးေတြလုပ္တတ္ၾကပါတယ္။အဲဒီလိုမလုပ္သင့္ပါဘူး။
– ကိုယ့္ရဲ႕ထြက္ခြာမယ့္ဆုံးျဖတ္ခ်က္အတြက္ ခိုင္မာတဲ့ယုံၾကည္ခ်က္ရွိရပါမယ္။
– ကိုယ့္အလုပ္စားပြဲကို အသပ္ရပ္ဆုံး၊ အသန႔္ရွင္းဆုံးထားခဲ့ေပးပါ။
– ဘာေတြပဲႀကဳံရ ႀကဳံရ အၿပဳံးမပ်က္ႏႈတ္ဆက္လိုက္ပါ။

ဒီလိုအခ်က္ေလးေတြအတိုင္း လုပ္ေဆာင္မယ္ဆိုရင္ေတာ့အလုပ္ထြက္ခ်ိန္ဟာကိုယ့္အတြက္အဆင္အေျပဆုံး ကတၱီပါလမ္းခြဲျဖစ္ပါလိမ့္မယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*