ဝေဖန်မှုတွေများခဲ့တဲ့ Little Mermaid ဇာတ်ကောင်ပုံတူရုပ်လေး အွန်လိုင်းမှာဝယ်ယူနိုင်ပြီ

Princess Ariel ကို ချစ်တဲ့သူတွေအတွက် ပုံတူပလတ်စတစ်ရုပ်လေးကို Amazonမှာစတင်ရောင်းချနေပြီလို့ သိရပါတယ်။ ဒီအရုပ်လေးဟာ Little Mermaid ရဲ့သရုပ်ဆောင်ဟယ်လီဘေလီရဲ့ပုံတူပြုလုပ်ပြီး ရောင်းချတာဖြစ်ပါတယ်။ ဒစ္စနေးရဲ့ဇာတ်ကောင်တွေထဲမှာ Princess Ariel အဖြစ် ဟယ်လီဘေလီကို ပုံဖော်ရိုက်ကူးချိန်မှာ တော်တော်လေးဝေဖန်မှုများခဲ့တာဖြစ်ပါတယ်။ဒီလိုဝေဖန်မှုများခဲ့တဲ့ကာရိုက်တာရဲ့ပုံတူရုပ်လေးကို ၁၀.၄၉ ဒေါ်လာနဲ့ Amazon မှာဝယ်ယူနိုင်ပြီလို့သိရပါတယ်။

ဟယ်လီဘေလီကတော့ ဒီအရုပ်လေးထွက်ရှိလာတဲ့အတွက် တော်တော်လေးစိတ်လှုပ်ရှားပျော်ရွှင်မိတယ်ဆိုတာကို သူမရဲ့ Instagram Reel မှာဖော်ပြခဲ့ပါတယ်။ “ကျွန်မရဲ့ကာရိုက်တာပုံတူကိုဒီလောက်ထိပေါ်လွင်အောင်ဖန်တီးနိုင်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ငါ့မှာ ကိုယ်ပိုင် Ariel အရုပ်လေးရှိပြီ၊ ဒါလေးကကျွန်မအတွက်တကယ့်ကိုထိရှလွန်းလို့ ရင်ထဲမှာဆို့နင့်သွားတယ်” ဆိုပြီးသူမကပြောခဲ့တာဖြစ်ပါတယ်။“ကျွန်မအကြိုက်ဆုံးဒစ္စနေးဇာတ်ကောင်လည်းဖြစ်တယ်၊ ကျွန်မပုံတူလည်းဖြစ်တဲ့အရုပ်လေးကိုပိုင်ဆိုင်ရတာ တကယ့်ကိုအိပ် မက်ဆန်လွန်းပါတယ်” လို့ သူမရဲ့ကြည်နူးမှုကိုမျှဝေခဲ့ပါသေးတယ်။ဟယ်လီဘေလီသရုပ်ဆောင်ထားတဲ့ Little Mermaid ဇာတ်ကားဟာ ၂၀၂၃ ခုနစ်၊ မေလဆန်းမှာထွက်ရှိခဲ့တာဖြစ်ပြီး ကာတွန်းဇာတ်ကောင် Princess Ariel ရဲ့သွင်ပြင်နဲ့ကွာခြားလွန်းတာမို့ဝေဖန်မှုများစွာကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Ju Ju

zawgyi

Princess Ariel ကို ခ်စ္တဲ့သူေတြအတြက္ ပုံတူပလတ္စတစ္႐ုပ္ေလးကို Amazonမွာစတင္ေရာင္းခ်ေနၿပီလို႔ သိရပါတယ္။ ဒီအ႐ုပ္ေလးဟာ Little Mermaid ရဲ႕သ႐ုပ္ေဆာင္ဟယ္လီေဘလီရဲ႕ပုံတူျပဳလုပ္ၿပီး ေရာင္းခ်တာျဖစ္ပါတယ္။ ဒစၥေနးရဲ႕ဇာတ္ေကာင္ေတြထဲမွာ Princess Ariel အျဖစ္ ဟယ္လီေဘလီကို ပုံေဖာ္႐ိုက္ကူးခ်ိန္မွာ ေတာ္ေတာ္ေလးေဝဖန္မႈမ်ားခဲ့တာျဖစ္ပါတယ္။ဒီလိုေဝဖန္မႈမ်ားခဲ့တဲ့ကာ႐ိုက္တာရဲ႕ပုံတူ႐ုပ္ေလးကို ၁၀.၄၉ ေဒၚလာနဲ႔ Amazon မွာဝယ္ယူႏိုင္ၿပီလို႔သိရပါတယ္။

ဟယ္လီေဘလီကေတာ့ ဒီအ႐ုပ္ေလးထြက္ရွိလာတဲ့အတြက္ ေတာ္ေတာ္ေလးစိတ္လႈပ္ရွားေပ်ာ္႐ႊင္မိတယ္ဆိုတာကို သူမရဲ႕ Instagram Reel မွာေဖာ္ျပခဲ့ပါတယ္။ “ကြၽန္မရဲ႕ကာ႐ိုက္တာပုံတူကိုဒီေလာက္ထိေပၚလြင္ေအာင္ဖန္တီးႏိုင္တယ္ဆိုတာ ယုံေတာင္မယုံႏိုင္ဘူး။ ငါ့မွာ ကိုယ္ပိုင္ Ariel အ႐ုပ္ေလးရွိၿပီ၊ ဒါေလးကကြၽန္မအတြက္တကယ့္ကိုထိရွလြန္းလို႔ ရင္ထဲမွာဆို႔နင့္သြားတယ္” ဆိုၿပီးသူမကေျပာခဲ့တာျဖစ္ပါတယ္။“ကြၽန္မအႀကိဳက္ဆုံးဒစၥေနးဇာတ္ေကာင္လည္းျဖစ္တယ္၊ ကြၽန္မပုံတူလည္းျဖစ္တဲ့အ႐ုပ္ေလးကိုပိုင္ဆိုင္ရတာ တကယ့္ကိုအိပ္ မက္ဆန္လြန္းပါတယ္” လို႔ သူမရဲ႕ၾကည္ႏူးမႈကိုမွ်ေဝခဲ့ပါေသးတယ္။ဟယ္လီေဘလီသ႐ုပ္ေဆာင္ထားတဲ့ Little Mermaid ဇာတ္ကားဟာ ၂၀၂၃ ခုနစ္၊ ေမလဆန္းမွာထြက္ရွိခဲ့တာျဖစ္ၿပီး ကာတြန္းဇာတ္ေကာင္ Princess Ariel ရဲ႕သြင္ျပင္နဲ႔ကြာျခားလြန္းတာမို႔ေဝဖန္မႈမ်ားစြာကို ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*