Running Man ကနေခဏအနားယူမယ့် Ji Suk Jin

ဟာသပညာရှင်၊ အဆိုတော်၊ သရုပ်ဆောင်၊ အစီအစဉ်တင်ဆက်သူဖြစ်တဲ့ Ji Suk Jinတစ်ယောက်သူပါဝင်တဲ့ Running Man အစီအ စဉ်ကနေ ခေတ္တခဏအနားယူမယ်လို့သိရပါတယ်။ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Esteem Entertainment က ဒီသတင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အနားယူရတဲ့အကြောင်းရင်းက သူ့ရဲ့ကျန်းမာရေးကြောင့်ဖြစ်တယ်လို့ဆိုထားပါတယ်။

“လတ်တလောကျန်းမာရေးစစ်ဆေးချက်နဲ့ ဆရာဝန်ညွှန်ကြားချက်အရ Ji Suk Jin ဟာ Running Man ရိုက်ကူးရေးကနေ ခဏနားရမှာဖြစ်ပါတယ်။ ကုသမှုခံယူပြီး ပြန်ကျန်းမာလာတဲ့အခါပရိသတ်ဆီအမြန်ဆုံး ပြန်လာခဲ့မှာပါ။ Ji Suk Jin ကို အမြဲတမ်းအားပေးနေတဲ့အ တွက်ကျေးဇူးတင်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Ji Suk Jin ဟာ SBS ရဲ့ Running Man အစီအစဉ်မှာ ၂၀၁၀ ခုနစ်ကနေ အ မြဲတမ်းအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာသူဟာ အသက် ၅၇ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

ဟာသပညာရွင္၊ အဆိုေတာ္၊ သ႐ုပ္ေဆာင္၊ အစီအစဥ္တင္ဆက္သူျဖစ္တဲ့ Ji Suk Jinတစ္ေယာက္သူပါဝင္တဲ့ Running Man အစီအ စဥ္ကေန ေခတၱခဏအနားယူမယ္လို႔သိရပါတယ္။ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ Esteem Entertainment က ဒီသတင္းကိုထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။အနားယူရတဲ့အေၾကာင္းရင္းက သူ႔ရဲ႕က်န္းမာေရးေၾကာင့္ျဖစ္တယ္လို႔ဆိုထားပါတယ္။

“လတ္တေလာက်န္းမာေရးစစ္ေဆးခ်က္နဲ႔ ဆရာဝန္ၫႊန္ၾကားခ်က္အရ Ji Suk Jin ဟာ Running Man ႐ိုက္ကူးေရးကေန ခဏနားရမွာျဖစ္ပါတယ္။ ကုသမႈခံယူၿပီး ျပန္က်န္းမာလာတဲ့အခါပရိသတ္ဆီအျမန္ဆုံး ျပန္လာခဲ့မွာပါ။ Ji Suk Jin ကို အၿမဲတမ္းအားေပးေနတဲ့အ တြက္ေက်းဇူးတင္ပါတယ္” လို႔ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ Ji Suk Jin ဟာ SBS ရဲ႕ Running Man အစီအစဥ္မွာ ၂၀၁၀ ခုနစ္ကေန အ ၿမဲတမ္းအဖြဲ႕ဝင္အေနနဲ႔ပါဝင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာသူဟာ အသက္ ၅၇ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*