ချစ်သူနဲ့စေ့စပ်လိုက်ပြီဖြစ်တဲ့ ဒမီလိုဗားတို

Camp rock ရုပ်ရှင်၊ This is Me သီချင်းတွေနဲ့ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော်ဒမီလိုဗားတိုတစ်ယောက် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သူမရဲ့ချစ်သူဖြစ်တဲ့ဂျု့စ်နဲ့စေ့စပ်လိုက်ပြီလို့သိရပါတယ်။ ဂျု့စ်ရဲ့နာမည်အပြည့်အစုံက Jordan Lutes ဖြစ်ပြီးဂီတပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမလက်မှာဝတ်ထားတဲ့ သစ်တော်သီးပုံစိန်လက်စွပ်လေးက သူမ Yes လို့အဖြေပေးလိုက်တာကိုသက်သေခံနေပါတယ်။ သူတို့နှစ်ဦးရဲ့စေ့စပ်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ကလော့စ်အိန်ဂျလိစ်မှာရှိတဲ့ သူတို့အကြိုက်ဆုံးစားသောက်ဆိုင်တစ်ခုမှာကျင်းပခဲ့တယ်လို့ဆိုပါတယ်။စေ့စပ်ပွဲကိုတော့နှစ်ဖက်မိဘတွေ၊ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ယောက်တွဲနေတဲ့သတင်းကို လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကနှစ်ယောက်သားအတည်ပြုခဲ့ကြတာပါ။ ဒမီလိုဗားတိုက “ကျွန်မတို့ စတီဒီယိုမှာတွေ့ခဲ့ကြတာပါ။ကျွန်မရဲ့သီချင်းတစ်ပုဒ်ကို သူနဲ့တွဲဖက်ရေးရင်း ဆုံခဲ့ကြတာပါ။ အဲလိုအလုပ်အတူတူတွဲလုပ်ရင်းနဲ့ကျွန်မတို့တကယ်ပဲချစ်ခဲ့ကြတယ်။ ဂီတအလုပ်တွေအတူတူလုပ်၊ အတူတူရယ်မောရင်းခုလိုကိုယ့်ရဲ့အချစ်စစ်ကိုရှာတွေ့လိုက်တာက ကျွန်မအ တွက်တော့တကယ့်ကို အံ့မခန်းပါပဲ” လို့သူမက The Jennifer Hudson Show မှာဖြေကြားခဲ့တာဖြစ်ပါတယ်။“ငါ့ဘဝတစ်ခုလုံးမင်းကိုစောင့်ခဲ့ရတယ်။ နောက်ထပ်မွေးနေ့တွေအများကြီးကိုမင်းနဲ့အတူဖြတ်သန်းနိုင်ဖို့မစောင့်နိုင်တော့ဘူး” လို့ ဒမီလိုဗားတိုက Jutes ရဲ့မွေးနေ့အတွက် Instagram မှာဆုတောင်းပေးခဲ့ပါသေးတယ်။

Ju Ju

zawgyi

Camp rock ႐ုပ္ရွင္၊ This is Me သီခ်င္းေတြနဲ႔ပရိသတ္ရင္ထဲေရာက္ခဲ့တဲ့ သ႐ုပ္ေဆာင္၊ အဆိုေတာ္ဒမီလိုဗားတိုတစ္ေယာက္ ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ သူမရဲ႕ခ်စ္သူျဖစ္တဲ့ဂ်ဳ႕စ္နဲ႔ေစ့စပ္လိုက္ၿပီလို႔သိရပါတယ္။ ဂ်ဳ႕စ္ရဲ႕နာမည္အျပည့္အစုံက Jordan Lutes ျဖစ္ၿပီးဂီတပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။သူမလက္မွာဝတ္ထားတဲ့ သစ္ေတာ္သီးပုံစိန္လက္စြပ္ေလးက သူမ Yes လို႔အေျဖေပးလိုက္တာကိုသက္ေသခံေနပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ေစ့စပ္ပြဲကို ဒီဇင္ဘာလ ၁၆ ရက္ေန႔ကေလာ့စ္အိန္ဂ်လိစ္မွာရွိတဲ့ သူတို႔အႀကိဳက္ဆုံးစားေသာက္ဆိုင္တစ္ခုမွာက်င္းပခဲ့တယ္လို႔ဆိုပါတယ္။ေစ့စပ္ပြဲကိုေတာ့ႏွစ္ဖက္မိဘေတြ၊ မိသားစုဝင္ေတြ တက္ေရာက္ခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္တြဲေနတဲ့သတင္းကို လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ေလာက္ကႏွစ္ေယာက္သားအတည္ျပဳခဲ့ၾကတာပါ။ ဒမီလိုဗားတိုက “ကြၽန္မတို႔ စတီဒီယိုမွာေတြ႕ခဲ့ၾကတာပါ။ကြၽန္မရဲ႕သီခ်င္းတစ္ပုဒ္ကို သူနဲ႔တြဲဖက္ေရးရင္း ဆုံခဲ့ၾကတာပါ။ အဲလိုအလုပ္အတူတူတြဲလုပ္ရင္းနဲ႔ကြၽန္မတို႔တကယ္ပဲခ်စ္ခဲ့ၾကတယ္။ ဂီတအလုပ္ေတြအတူတူလုပ္၊ အတူတူရယ္ေမာရင္းခုလိုကိုယ့္ရဲ႕အခ်စ္စစ္ကိုရွာေတြ႕လိုက္တာက ကြၽန္မအ တြက္ေတာ့တကယ့္ကို အံ့မခန္းပါပဲ” လို႔သူမက The Jennifer Hudson Show မွာေျဖၾကားခဲ့တာျဖစ္ပါတယ္။“ငါ့ဘဝတစ္ခုလုံးမင္းကိုေစာင့္ခဲ့ရတယ္။ ေနာက္ထပ္ေမြးေန႔ေတြအမ်ားႀကီးကိုမင္းနဲ႔အတူျဖတ္သန္းႏိုင္ဖို႔မေစာင့္ႏိုင္ေတာ့ဘူး” လို႔ ဒမီလိုဗားတိုက Jutes ရဲ႕ေမြးေန႔အတြက္ Instagram မွာဆုေတာင္းေပးခဲ့ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*