၂၅ ဝန်းကျင်လူငယ်များ အလုပ်မပြောင်းခင်တွေးသင့်တဲ့အချက် ၅ ချက်

လုပ်နေကျအလုပ်ကနေ နောက်တစ်ခုပြောင်းတော့မယ်ဆိုရင် စိုးရိမ်စိတ်တွေများကြတာကလူတိုင်းလိုလိုပါပဲ။ ဒါပေမဲ့ အလုပ်လုပ်တာမကြာသေးတဲ့လူငယ်ဘဝမှာတော့ စိုးရိမ်မှုတွေနဲ့အတူအမှားတွေလည်းလုပ်မိတတ်ပါတယ်။ သူငယ်ချင်းကတော့ တစ်လကို ၁၀ သိန်း၊ ၁၅ သိန်းဝင်နေလို့ဆိုပြီးသူလုပ်တဲ့အလုပ်ကိုပြောင်းလုပ်ဖို့စဥ်းစားမိကြတာလည်းရှိပါတယ်။ ရွယ်တူတွေနဲ့နှိုင်းယှဥ်ပြီးစိတ်ဖိစီးမှုဖြစ်ရတာက လူငယ်တွေကြားမှာပိုများပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ Career အသစ်တစ်ခုပြောင်းမယ်ဆိုရင် ဒီအချက် ၅ ချက်ကိုထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

( ၁) တခြားသူကိုမဆုံးဖြတ်ခိုင်းပါနဲ့
ကိုယ်ပြောင်းမယ့်အလုပ်အတွက် အကောင်းအဆိုးတွေကိုအတွေ့အကြုံရှိသူတွေကိုမေးမြန်းတာမှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်မှုနဲ့စွမ်းရည်ကိုကိုယ်ပဲသိပါတယ်။ ဒါကြောင့် သူများတွေပြောပြတာကို လက်ခံပါ။ တွေးဆပါ။ပါးစပ်ဖျားမှာလမ်းဆုံးသွားတဲ့အဖြစ်မျိုးတော့လက်မခံပါနဲ့။ ပိုက်ဆံရတာတစ်ခုတည်းကိုမကြည့်ဘဲကိုယ်ဆုံးရှုံးလိုက်ရမယ့်အရာတွေကိုလည်းမြင်တတ်ရပါမယ်။ သူငယ်ချင်းက တစ်လဆယ်သိန်းရပေမယ့်တစ်ကိုယ်ရည်စာတိုးတက်ဖို့အတွက်ဘာမှလေ့လာချိန်မရှိဘဲဖြစ်နေမယ်၊ ကိုယ်ကတစ်လငါးသိန်းရပေမယ့်ကိုယ်ပိုင်အချိန်တွေအများကြီးရတယ်ဆိုရင်ဘာကိုရွေးသင့်လဲဆိုတာကိုပြန်တွေးတောရမှာဖြစ်ပါတယ်။

(၂) ကျွမ်းကျင်မှုတစ်ဝက်ကို ပြန်သုံးပါ
လုပ်ငန်းအသစ်တွေပြောင်းတိုင်း အစမှအဆုံးအသစ်တွေကို ပြန်သင်ယူရမယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်ကိုယ့်ကျွမ်းကျင်မှုတစ်ဝက်လောက်ကို ပြန်သုံးနိုင်မယ့်အလုပ်မျိုးကိုပဲလုပ်ပါ။ အလုပ်သစ်မှာ ကိုယ်သိထားတာကတစ်ဝက် နောက်ထပ်သင်ယူစရာတွေကတစ်ဝက်ဆိုရင်အလုပ်အသစ်မှာစိတ်ဝင်စားမှုရှိပြီး ပျော်လာပါလိမ့်မယ်။

(၃) သဘောကျတာနဲ့ ကျွမ်းကျင်တာမတူပါ
ကိုယ်ကပန်းချီဆွဲတာကို အရမ်းရူးသွပ်ပေမယ့် ကိုယ့်ကျွမ်းကျင်မှုက မုန့်ဖုတ်တာဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ဒီလိုအနေအထားမှာ ပန်းချီကိုရူးသွပ်လို့ဆိုပြီး ပန်းချီဘက်ကိုလုံးလုံးလျားလျား မြှုပ်နှံလို့မရပါဘူး။ ကိုယ်ကျွမ်းကျင်ရာဘက်မှာ မြှုပ်နှံပါမှအဆင်ပြေပါလိမ့်မယ်။

(၄) အောက်ခြေကနေပြန်စနိုင်မလား
အလုပ်သစ်ပြောင်းမယ့်သူတွေအကြောက်ဆုံးက အောက်ခြေကပြန်စရမှာကိုပါပဲ။ တခြားအလုပ်မှာကိုယ်က Senior Level ဖြစ်နေပေမယ့် နောက်ထပ်လုပ်ငန်းသစ်မှာအောက်ခြေဝန်ထမ်းဖြစ်ရင်ဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်အသက်အရွယ် ကိုယ့်အနေအထားနဲ့အသစ်တစ်ယောက်လို အလုပ်လုပ်နိုင်တယ်ဆိုမှ Career ပြောင်းပါ။

(၅) တန်ဖိုးထားမှုကိုထည့်တွက်ပါ
ကိုယ့်ရဲ့တန်ဖိုးထားမှုကို မပျောက်ဆုံးပါစေနဲ့။ ငွေများများရလို့ အလုပ်သစ်ပြောင်းလိုက်ပေမယ့်ကိုယ်တန်ဖိုးထားတဲ့အရာတွေကို ပေးဆပ်လိုက်ရတယ်ဆိုရင် ပျော်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ငွေများများရချင်တာလား နေ့သစ်တိုင်းမှာ ကိုယ်လုပ်နေတဲ့အလုပ်အပေါ် ဂုဏ်ယူချင်မိတာလားဆိုတာသေသေချာချာတွေးဆဖို့လိုပါတယ်နော်။အားလုံးပဲအလုပ်နဲ့ဝါသနာထပ်တူကျပြီး ဝင်ငွေတွေအများကြီးရကြပါစေ။

Ju Ju

zawgyi

လုပ္ေနက်အလုပ္ကေန ေနာက္တစ္ခုေျပာင္းေတာ့မယ္ဆိုရင္ စိုးရိမ္စိတ္ေတြမ်ားၾကတာကလူတိုင္းလိုလိုပါပဲ။ ဒါေပမဲ့ အလုပ္လုပ္တာမၾကာေသးတဲ့လူငယ္ဘဝမွာေတာ့ စိုးရိမ္မႈေတြနဲ႔အတူအမွားေတြလည္းလုပ္မိတတ္ပါတယ္။ သူငယ္ခ်င္းကေတာ့ တစ္လကို ၁၀ သိန္း၊ ၁၅ သိန္းဝင္ေနလို႔ဆိုၿပီးသူလုပ္တဲ့အလုပ္ကိုေျပာင္းလုပ္ဖို႔စဥ္းစားမိၾကတာလည္းရွိပါတယ္။ ႐ြယ္တူေတြနဲ႔ႏႈိင္းယွဥ္ၿပီးစိတ္ဖိစီးမႈျဖစ္ရတာက လူငယ္ေတြၾကားမွာပိုမ်ားပါတယ္။ဒါေၾကာင့္လူငယ္ေတြအေနနဲ႔ Career အသစ္တစ္ခုေျပာင္းမယ္ဆိုရင္ ဒီအခ်က္ ၅ ခ်က္ကိုထည့္သြင္းစဥ္းစားဖို႔ လိုပါတယ္။

( ၁) တျခားသူကိုမဆုံးျဖတ္ခိုင္းပါနဲ႔
ကိုယ္ေျပာင္းမယ့္အလုပ္အတြက္ အေကာင္းအဆိုးေတြကိုအေတြ႕အႀကဳံရွိသူေတြကိုေမးျမန္းတာမွန္ပါတယ္။ ဒါေပမဲ့ ကိုယ့္ယုံၾကည္မႈနဲ႔စြမ္းရည္ကိုကိုယ္ပဲသိပါတယ္။ ဒါေၾကာင့္ သူမ်ားေတြေျပာျပတာကို လက္ခံပါ။ ေတြးဆပါ။ပါးစပ္ဖ်ားမွာလမ္းဆုံးသြားတဲ့အျဖစ္မ်ိဳးေတာ့လက္မခံပါနဲ႔။ ပိုက္ဆံရတာတစ္ခုတည္းကိုမၾကည့္ဘဲကိုယ္ဆုံးရႈံးလိုက္ရမယ့္အရာေတြကိုလည္းျမင္တတ္ရပါမယ္။ သူငယ္ခ်င္းက တစ္လဆယ္သိန္းရေပမယ့္တစ္ကိုယ္ရည္စာတိုးတက္ဖို႔အတြက္ဘာမွေလ့လာခ်ိန္မရွိဘဲျဖစ္ေနမယ္၊ ကိုယ္ကတစ္လငါးသိန္းရေပမယ့္ကိုယ္ပိုင္အခ်ိန္ေတြအမ်ားႀကီးရတယ္ဆိုရင္ဘာကိုေ႐ြးသင့္လဲဆိုတာကိုျပန္ေတြးေတာရမွာျဖစ္ပါတယ္။

(၂) ကြၽမ္းက်င္မႈတစ္ဝက္ကို ျပန္သုံးပါ
လုပ္ငန္းအသစ္ေတြေျပာင္းတိုင္း အစမွအဆုံးအသစ္ေတြကို ျပန္သင္ယူရမယ္ဆိုရင္အဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင့္ကိုယ့္ကြၽမ္းက်င္မႈတစ္ဝက္ေလာက္ကို ျပန္သုံးႏိုင္မယ့္အလုပ္မ်ိဳးကိုပဲလုပ္ပါ။ အလုပ္သစ္မွာ ကိုယ္သိထားတာကတစ္ဝက္ ေနာက္ထပ္သင္ယူစရာေတြကတစ္ဝက္ဆိုရင္အလုပ္အသစ္မွာစိတ္ဝင္စားမႈရွိၿပီး ေပ်ာ္လာပါလိမ့္မယ္။

(၃) သေဘာက်တာနဲ႔ ကြၽမ္းက်င္တာမတူပါ
ကိုယ္ကပန္းခ်ီဆြဲတာကို အရမ္း႐ူးသြပ္ေပမယ့္ ကိုယ့္ကြၽမ္းက်င္မႈက မုန႔္ဖုတ္တာျဖစ္ရင္ျဖစ္ေနႏိုင္ပါတယ္။ ဒီလိုအေနအထားမွာ ပန္းခ်ီကို႐ူးသြပ္လို႔ဆိုၿပီး ပန္းခ်ီဘက္ကိုလုံးလုံးလ်ားလ်ား ျမႇဳပ္ႏွံလို႔မရပါဘူး။ ကိုယ္ကြၽမ္းက်င္ရာဘက္မွာ ျမႇဳပ္ႏွံပါမွအဆင္ေျပပါလိမ့္မယ္။

(၄) ေအာက္ေျခကေနျပန္စႏိုင္မလား
အလုပ္သစ္ေျပာင္းမယ့္သူေတြအေၾကာက္ဆုံးက ေအာက္ေျခကျပန္စရမွာကိုပါပဲ။ တျခားအလုပ္မွာကိုယ္က Senior Level ျဖစ္ေနေပမယ့္ ေနာက္ထပ္လုပ္ငန္းသစ္မွာေအာက္ေျခဝန္ထမ္းျဖစ္ရင္ျဖစ္ေနမွာပါ။ ဒါေၾကာင့္ ကိုယ့္အသက္အ႐ြယ္ ကိုယ့္အေနအထားနဲ႔အသစ္တစ္ေယာက္လို အလုပ္လုပ္ႏိုင္တယ္ဆိုမွ Career ေျပာင္းပါ။

(၅) တန္ဖိုးထားမႈကိုထည့္တြက္ပါ
ကိုယ့္ရဲ႕တန္ဖိုးထားမႈကို မေပ်ာက္ဆုံးပါေစနဲ႔။ ေငြမ်ားမ်ားရလို႔ အလုပ္သစ္ေျပာင္းလိုက္ေပမယ့္ကိုယ္တန္ဖိုးထားတဲ့အရာေတြကို ေပးဆပ္လိုက္ရတယ္ဆိုရင္ ေပ်ာ္ႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ေငြမ်ားမ်ားရခ်င္တာလား ေန႔သစ္တိုင္းမွာ ကိုယ္လုပ္ေနတဲ့အလုပ္အေပၚ ဂုဏ္ယူခ်င္မိတာလားဆိုတာေသေသခ်ာခ်ာေတြးဆဖို႔လိုပါတယ္ေနာ္။အားလုံးပဲအလုပ္နဲ႔ဝါသနာထပ္တူက်ၿပီး ဝင္ေငြေတြအမ်ားႀကီးရၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*