ပရောက်ဖက်ရှင်နယ်တိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုး

September 16, 2024 Aung Khant Mon 0

ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများနဲ့ပတ်သက်ပြီးလုပ်ငန်းခွင်မှာ တချိန်မဟုတ်တချိန်ကြုံလာရနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ပရောက်ဖက်ရှင်ဆန်တဲ့ ကျင့်ဝတ်အပြုအမူ၊တန်ဖိုးဆိုတာ ဘာလဲ။ ကိုယ်ကျင့်တရားဆိုင်ရာပြဿနာတွေကြုံလာရတဲ့အခါမှာ ဘယ်အရာကိုစံနမူနာအဖြစ်ရှုမြင်နိုင်မလဲ။ အတုယူနိုင်မလဲ။အဖွဲ့အစည်းတခုက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာကို လုပ်ငန်းရဲ့အဓိက နေရာမှာ ထားရှိတဲ့အခါအဲဒီလုပ်ငန်းခွင်က လေးစားမှု၊ ပွင့်လင်းမြင်သာမှုရှိတဲ့အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်ပါတယ်။ လူတိုင်းက မြင့်မားတဲ့စံနှုန်းများ၊ကတိကဝတ်ပြုမှုများရှိနိုင်ကြပါတယ်။ ဒီအချက်တွေကတော့ပရောက်ဖက်ရှင်နယ်သမားတိုင်းလိုက်နာသင့်တဲ့ ကျင့်ဝတ်စံတန်ဖိုးတွေပဲဖြစ်ပါတယ်။ ကျင့်ဝတ်စံတန်ဖိုးများက လူတဦးချင်းစီရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်ဖြစ်ပြီးဒီစံတန်ဖိုးတွေကပဲ အပြုအမူများနဲ့ […]

Super Junior အဖွဲ့ဝင် Sungmin နဲ့ဇနီး သားယောက်ျားလေးမွေးဖွားကြောင်း ကြေညာ

September 16, 2024 Aung Khant Mon 0

ကေပေါ့(ပ်) Super Junior အဖွဲ့ဝင် Sungmin က ဖခင်တဦးဖြစ်ပြီလို့တရားဝင်ကြေညာလိုက်ပါတယ်။အသက် ၃၈ နှစ်အရွယ် အဆို တော်ကသူ့ရဲ့ဇနီး အဆိုတော်သရုပ်ဆောင် Kim Sa-eun နဲ့အတူသားယောက်ျားလေးကို စက်တင်ဘာ ၁၄ရက်နေ့က အင်စတာဂရမ်မှာကြေညာခဲ့ပါတယ်။သူ့ရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment က Sungmin ရဲ့ဇနီးက စက်တင်ဘာ ၁၃ရက်နေ့မှာကလေးကိုမွေးဖွားခဲ့တာဖြစ်ကြောင်း […]

လျစ်လျူမရှုသင့်တဲ့ Universe က ပေးပို့တဲ့ နမိတ် (၃)ခု

September 16, 2024 Aung Khant Mon 0

ဘဝမှာမျှော်လင့်ချက်မဲ့ ပြီး ပျောက်ဆုံးနေတယ်လို့ ခံစားနေရသလား။ Universe ကနေပြီးသင့်ကို စစ်မှန်တဲ့လမ်းကြောင်းဆီကိုလမ်းညွှန် ပို့ဆောင်ပေးနိုင်ပါတယ်။ ဘယ်တော့မှလျစ်လျူမရှုသင့်တဲ့ နမိတ်သုံးခုကိုဖော်ပြပေးချင်ပါတယ်။ ထပ်ခါတလဲလဲ ပုံစံများ သင့်ဘဝမှာ ထပ်ခါထပ်ခါဖြစ်တတ်တဲ့ပုံစံတွေကို သင်သတိထားမိဖူးပါသလား။တူညီတ့နံပါတ်တွေကိုမြင်ရတာ၊ အလားတူအခြေအနေများကိုကြုံတွေ့ရတာ ဒါမှမဟုတ်တူညီတဲ့စရိုက်လက္ခဏာတွေနဲ့လူများနဲ့တွေ့ဆုံရတာ၊ ထပ်တလဲလဲပြောဆိုမှုများကတိုက်ဆိုင်မှုတခုမ ဟုတ်ပါဘူး။ ဒီအချက်တွေက သင့်ကိုအာရုံစိုက်ဖို့အတွက် Universeကပေးနေတဲ့သတင်းစကားများဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်တွေကသင့် ဘဝခရီးအတွက်အဖိုးတန်တဲ့ထိုးထွင်းသိမြင်မှုတွေကိုပေးဆောင်နိုင်ပါတယ်။ အလိုလိုသိမြင်မှု […]

အပြုသဘောဆောင်တဲ့ ဝေဖန်မှုကို ဘယ်လိုပေးမလဲ

September 16, 2024 Aung Khant Mon 0

အပြုသဘောဆောင်တဲ့ ဝေဖန်မှုက လုပ်ငန်းခွင်မှာဖြစ်စေ၊ပြင်ပမိတ်ဆက်ဆက်ဆံရေးမှာဖြစ်စေ အရေးကြီးပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ဝေဖန်မှုကို ဘယ်လိုပေးမလဲဆိုတာနဲ့ပတ်သက်ပြီး မျှဝေပေးချင်ပါတယ်။ Sandwich Feedback ကို ကမ်းလှမ်းပါ အပြုသဘောဆောင်တဲ့ဝေဖန်မှုပေးတဲ့နေရာမှာ Sandwich Feedback ကိုသုံးသင့်ပါတယ်။အဲဒီနည်းလမ်းကတော့ Positive-Improvement-Positive ကို အသုံးပြုတာပါပဲ။ကိုယ်ပြောချင်တဲ့ ဝေဖန်မှုကို အလယ်မှာထည့်ပြီး အရှေ့နဲ့အနောက်က ချီးကျူးစကား၊ ဂုဏ်ပြုစကားနဲ့ ရှေ့ပိတ်နောက်ပိတ်ပြောတာပါပဲ။ ဒါကြောင့် […]

လမ်းမှားရောက်နေကြောင်းသိနိုင်တဲ့ လက္ခဏာ (၄)ခု

September 16, 2024 Aung Khant Mon 0

တခါတရံမှာ ကိုယ့်ရဲ့ဦးတည်ရာက သေချာမှုရှိရဲ့လား၊ ကိုယ့်ရဲ့ဆန္ဒများနဲ့မကိုက်ညီတဲ့လမ်းကြောင်းမှာ ရောက်နေသလားလို့ သံသယဖြစ်တတ်ကြပါတယ်။လမ်းကြောင်းမှားနေတယ်လို့ ညွှန်ပြတဲ့ လက္ခဏာများကို သတိပြုမိဖို့ အရေးကြီးပါတယ်။ စိတ်အားထက်သန်မှု မရှိတာ သင်က လမ်းမှားကိုရောက်နေပြီဖြစ်တဲ့ အထင်ရှားဆုံးလက္ခဏာတခုကတော့သင်လုပ်နေတဲ့အရာကို ဝါသနာမပါတာပဲဖြစ်ပါတယ်။ စိတ်လှုပ်ရှားတာ ဒါမှမဟုတ်စိတ်အားထက်သန်မှုမရှိဘဲ သင်ဖြတ်သန်းနေရပြီဆိုရင် ဒါက တခုခုမှားယွင်းနေပြီဆိုတဲ့လက္ခဏာပါပဲ။ အမြဲတစေ မကျေနပ်မှု အပြင်ပန်းအောင်မြင်မှု ဒါမှမဟုတ် […]

အချစ်ရေးမှာ ရပ်တန့်လို့မရတဲ့ ရာသီခွင် (၄)ခု

September 16, 2024 Aung Khant Mon 0

အချစ်ရေးမှာ ရပ်တန့်လို့မရအောင်ချစ်တတ်ကြတဲ့ ရာသီခွင်တွေကဘယ်သူတွေလို့ထင်ပါသလဲ။ နှလုံးသားကိစ္စရပ်မှာ မရပ်တန့်နိုင်တဲ့ သဘောသဘာဝကြောင့်ကျော်ကြားတဲ့ ရာသီခွင်လေးခုရှိပါတယ်။ Aries ဒီရာသီခွင်တွေက ပြင်းပန်တဲ့ စိတ်အားထက်သန်မှုနဲ့ ဆုံဖြတ်မှုတို့နဲ့ဦးဆောင်ကြပါတယ်။သူတို့ရဲ့ဘဝအတွက် မကြောက်မရွံ့ချဉ်းကပ်မှုကြောင့် လူသိများပြီးသူတို့ရဲ့ချစ်ဆက်ဆံရေးမှာလည်း တူညီတဲ့ပြင်းထန်မှုကို ယူဆောင်လာကြပါတယ်။ သူတို့ကစိတ်လှုပ်ရှားမှုနဲ့ ချစ်သန်ကြပြီး အချစ်အတွက် စွန့်စားရမှာမကြောက်ကြပါဘူး။ Leo သူတို့တွေက စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးပြီး သူတို့ရဲ့ချစ်ခင်မှုကိုဖော်ပြဖို့အတွက် […]

မျက်နှာချင်းဆိုင် ဆက်သွယ်မှုရဲ့ အားသာချက် (၄)ချက်

September 12, 2024 Aung Khant Mon 0

မျက်နှာချင်းဆိုင် ဆက်သွယ်မှုရဲ့ အရေးပါပုံနဲ့ Remote work တွေမှာ ပိုမိုထိရောက်စွာအတူတကွလုပ်ဆောင်နိုင်ပုံကို မျှဝေပေးချင်ပါတယ်။ နားလည်မှုလွဲမှားမှုကို လျော့နည်းစေတာ တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောဆိုမှုတွေကို မြင်နိုင်ခြင်းကတစ်ဖက်လူပြောနေတာကို ပိုမိုလွယ်ကူစွာ နားလည်စေပါတယ်။ အီးမေးလ် ဒါမှမဟုတ် ဖုန်းခေါ်ဆိုမှုများနဲ့ တခြားဆက်သွယ်ရေးလမ်းကြောင်းများကယုံကြည်စိတ်ချရမှုနည်းပါတယ်။ မျက်နှာချင်းဆိုင်မဟုတ်တဲ့အတွက် တဦးရဲ့မျက်နှာကိုတဦးမမြင်ရဘဲ နားလည်မှုလွဲစေနိုင်ပါတယ်။မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံမှုက နားလည်မှုလွဲမှားမှုကိုလျှော့ချပေးနိုင်ပြီးပဋိပက္ခဖြေရှင်းရာမှာလည်း ကူညီပေးနိုင်ပါတယ်။ […]

ဆရာကြီးလုပ်တတ်တဲ့ ရာသီခွင် (၄)ခု

September 12, 2024 Aung Khant Mon 0

ဒီရာသီခွင်တွေကတော့ ထိန်းချုပ်ပြီး အထက်လူကြီးဆန်ဆန်ပြုမူတတ်တဲ့ သူတွေပဲဖြစ်ပါတယ်။မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးများအကြားမှာ သူတို့ရဲ့ တည်ရှိမှုနဲ့ခိုင်လုံတဲ့သဘောသဘာဝကြောင့် လူသိများကြပါတယ်။ Aries ဒီရာသီခွင်တွေကတော့ ရဲရင့်မှုကြောင့်လူသိများပါတယ်။ ဦးဆောင်ဖို့၊ အနိုင်ယူဖို့အတွက်ပင်ကိုယ်အသိစိတ်နဲ့ မွေးဖွားလာသူတွေဖြစ်ပါတယ်။ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု၊ စိတ်ဓာတ်တွေကတခါတရံမှာ ထိန်းချုပ်မှုအဖြစ် ရုန်းထွက်နိုင်ကြပါတယ်။ သူတို့က အခွင့်အာဏာရာထူးများနဲ့လိုက်ဖက်ပြီး ဘယ်လိုအခြေအနေမှာမဆို တာဝန်ယူဖို့ မကြောက်ကြပါဘူး။ Leo […]

ကိုယ့် Crush က ကိုယ့်ကိုပြန်မကြိုက်တဲ့ လက္ခဏာ (၃)ခု

September 12, 2024 Aung Khant Mon 0

တကယ်တော့ ကိုယ့် crush က ကိုယ့်ကိုပြန်မကြိုက်တာက အနည်းနဲ့အများတော့နာကျင်ခံစားရနိုင်ပါတယ်။ မေတ္တာတွေက တလမ်းသွားပဲဖြစ်နေတဲ့အခါမှာ နာကျင်ရတာပါပဲ။ဒီအချက်တွေကတော့ မင်းရဲ့ crush က မင်းကိုမကြိုက်နိုင်လောက်တဲ့ နာကျင်စေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ Initiation မရှိတာ စကားစမြည်ပြောဖို့၊ မက်ဆေ့ချ်ပို့တာ၊ ဖုန်းခေါ်တာမျိုး စတဲ့အစပျိုးမှုတွေကိုသူ့ဘက်ကဘယ်တော့မှ မလုပ်တာမျိုးပါ။ အမြဲတမ်းသင်ကပဲ ဆက်သွယ်နေရပြီးသူ့ဘက်ကတော့ ဘာကိုမှ ဇာတ်လမ်းစတာမျိုးရှိတာပါ။ […]

မိဘဘဝကို တွယ်တာတတ်တဲ့ ရာသီခွင် (၃)ခု

September 10, 2024 Aung Khant Mon 0

ရာသီခွင်တွေထဲမှာ အံ့ဩစရာကောင်းလောက်အောင် မိဘဖြစ်နိုင်ချေအရှိဆုံး ရာသီခွင်တွေကဘယ်ရာသီခွင်တွေလို့ သင်တွေးမိပါသလဲ။ မိသားစုတခုစဖို့ စဉ်းစားနေတဲ့အခါ မိဘအဖြစ်ကိုလိုလိုလားလားနဲ့ တွယ်တာမက်မောတဲ့ ရာသီခွင်တွေရှိပါတယ်။ Cancer ဒီရာသီဖွားတွေက မိသားစုနဲ့ အိမ်ကို နက်ရှိုင်းတဲ့ စိတ်ခံစားမှုဆိုင်ရာ ဆက်နွယ်မှုကြောင့်လူသိများပါတယ်။ ဒီနိမိတ်အောက် မွေးဖွားသူ များက မယုံနိုင်လောက်အောင်ချစ်တတ်၊ဂရုစိုက်တတ်တဲ့ မိဘများဖြစ်လာစေပါတယ်။ သူတို့ရဲ့ ပင်ကိုယ်သဘောသဘာဝကကလေးတွေရဲ့ လိုအပ်ချက်တွေကို […]