လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အရေးကြီးတယ်ဆိုတာအများကြီးပြောစရာမလိုတော့ပါဘူး။ နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ လုပ်ငန်းခွင်ကိစ္စရပ်တွေကိုကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ ဘယ်လိုမှအောင်မြင်ပြီးမြောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးပဲဖြစ်စေ၊လုပ်ငန်းတာဝန်တွေပဲဖြစ်စေ၊ ဆွေးနွေးညှိနှိုင်းမှုတွေပဲဖြစ်စေ ဒါတွေအားလုံးကကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှုနဲ့ ဆက်စပ်နေပါတယ်။အခုဖော်ပြပေးမယ့်အကြံပြုချက်တွေကတော့ လုပ်ငန်းခွင်မှာကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးဖို့အတွက်လုပ်ဆောင်ရမယ့် အကြံပြုချက်တွေပဲဖြစ်ပါတယ်။ ခြေတလှမ်းကနေစတင်ပါ သင့်အတွက် အပြောင်းအလဲဖြစ်စေဖို့ လွယ်ကူပြီး သေးငယ်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုသတ်မှတ်ခြင်းကနေ စတင်လို့ရပါတယ်။ ဒီလိုလွယ်ကူပြီးသေးငယ်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သင်အလွယ်တကူအောင်မြင်တယ်ဆိုရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။ ဒါကြောင့်ပဲ သေးငယ်တဲ့အရာလေးကနေပဲစတင်ပါ။ တခါတလေမှာ […]