ကလေးအမေဖြစ်တော့မယ့် အာဂျီးမား

January 26, 2024 Aung Khant Mon 0

နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲတွေမှာ အာဂျီးမားအဖြစ်နဲ့သရုပ်ဆောင်ပီပြင်ခဲ့ပြီးပရိသတ်အားပေးမှုရခဲ့တဲ့ ချာချောင်ဟွာတစ်ယောက်မကြာခင်မှာကလေးအမေတစ်ယောက်ဖြစ်လာတော့မယ်လို့သိရပါတယ်။ချာချောင်ဟွာဟာ အသက် 40 ကျော်မှ သူ့ထက်2 နှစ်ငယ်တဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲကို 2023 ခုနစ်၊ အောက်တိုဘာလကပြုလုပ်ခဲ့ပြီးသူ့ရဲ့ခင်ပွန်းကတော့ အနုပညာနယ်ပယ်ကမဟုတ်ပါဘူး။ သူမကဒီနှစ်အတွင်းမှာပဲ ကလေးမေမေတစ်ယောက်ဖြစ်လာတော့မယ်လို့တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ချာချောင်ဟွာဟာ 2005 ခုနစ်ကတည်းကပြဇာတ်သရုပ်ဆောင်အဖြစ်နဲ့အနုပညာအလုပ်တွေစလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့သူမဟာဇာတ်လမ်းတွဲတွေမှာပါဝင်လာခဲ့ပြီး Crash Landing On You ၊ Mr. Queen […]

2024 အတွက်သိထားသင့်တဲ့ Resume Trend 5 ခု

January 26, 2024 Aung Khant Mon 0

2024 မှာ ကိုယ့်ရဲ့ Personal Goal ရော Career Goal တွေပါအောင်မြင်နိုင်ဖို့တတ်နိုင်သမျှကြိုးစားနေကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီနှစ်မှာအလုပ်နေရာအပြောင်းအလဲလုပ်မယ့်သူတွေ၊ အလုပ်သစ်စတင်ရှာဖွေမယ့်သူတွေအနေနဲ့ ခေတ်စားနေတဲ့ Resume ပုံစံတွေကို စိတ်ဝင်စားမယ်လို့ထင်မိပါတယ်။ ဒါ့ကြောင့်လည်းဒီနှစ်အတွက် ထိပ်ဆုံးမှာရှိနေတဲ့ Resume Trend တွေအကြောင်းကိုမျှဝေပေးလိုက်ပါတယ်။ Storytelling ကျွမ်းကျင်တဲ့ Resume ကိုယ့်ရဲ့ […]

17 နှစ်အကြာမှသီချင်းသစ်ထွက်ရှိလာမယ့် Billy Joel

January 25, 2024 Aung Khant Mon 0

နာမည်ကြီး Piano သမားဖြစ်သလို တေးရေး၊တေးဆိုလည်းဖြစ်တဲ့ Billy Joel အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ရဲ့သီချင်းသစ်ဖြစ်တဲ့ Turns The Lights Back On ကိုဖြန့်ချိမယ်လို့သိရပါတယ်။ဒီသီချင်းကို နာမည်ကြီးထုတ်လုပ်သူဖြစ်တဲ့ Freddy Wexler ကထုတ်လုပ်မှာဖြစ်ပြီး Freddy Wexler ဟာ Ariana […]

Natalie Portman နဲ့အတူတွဲဖက်တွေ့ရတဲ့ ဟန်ဆိုဟီး

January 25, 2024 Aung Khant Mon 0

လူငယ်ပရိသတ်အများအပြားရဲ့အသည်းနှလုံးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ ဟန်ဆိုဟီးတစ်ယောက်နာမည်ကြီးဟောလိဝုဒ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Natalie Portman အတူနီးနီးကပ်ကပ်ရှိနေတာကိုတွေ့မြင်ရပါတယ်။သူမတို့နှစ်ဦးဟာ Paris Fashion Week ကိုတက်ရောက်ရင်းတွေ့ဆုံခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ဟန်ဆိုဟီးက Natalie Portman ဘေးမှာချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ဓာတ်ပုံအရိုက်ခံခဲ့တာကိုတွေ့မြင်ရမှာပါ။ ဟန်ဆိုဟီးကဒီပုံကိုသူမရဲ့ Instagram အကောင့်မှာ ဇန်နဝါရီလ 23 ရက်နေ့ကတင်ထားခဲ့ပြီး Dreams Come True လို့ရေးခဲ့တာဖြစ်ပါတယ်။ ဟန်ဆိုဟီးဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ […]

Intern‌ship ကာလမှာ ဘာတွေ‌ဆောင်လို့ဘာတွေရှောင်မလဲ

January 25, 2024 Aung Khant Mon 0

ကုမ္ပဏီတစ်ခုခုမှာ ကိုယ်ကအလုပ်သင်အနေနဲ့ဝင်ရောက်လုပ်ကိုင်နေပြီဆိုရင် သတိပြုရမယ့်အရာတွေ ၊ရှောင်ရှားရမယ့်အချက်တွေရှိနေပါတယ်။ လုပ်ငန်းခွင်စဝင်ချိန်ကိုယ့်အတွက်အကောင်းဆုံးအချိန်ကာလတစ်ခု ဖြစ်နိုင်ဖို့၊ Opportunity တွေအများကြီးရရှိနိုင်ဖို့ Intern ကာလဟာအရေးကြီးပါတယ်။ ဒါတွေလုပ်ပါ ပြင်ဆင်ပါ – အဝတ်အစားသပ်သပ်ရပ်ရပ်ဝတ်ဆင်တာ၊ အမြဲတမ်းအချိန်မီရောက်နေတာမျိုးတွေကအရမ်းကိုအရေးကြီးပါတယ်။ ကိုယ့်ပုံစံဟာ သွက်လက်ထက်မြက်တဲ့ပုံပေါက်နေသင့်ပါတယ်။အစည်းအဝေးခန်းဝင်ရင် အမြဲလိုလို notebook လေးဆောင်သွားတာ၊ပြောသွားသမျှအဓိကအချက်တွေကို မှတ်သားတတ်တာတွေက အလုပ်ရှင်အတွက်ရော Client အတွက်ပါသဘောကျစရာဖြစ်စေပါတယ်။ မေးခွန်းမေးပါ […]

Avril Lavigne 2024 အတွက် Music Tour ပြုလုပ်မည်

January 24, 2024 Aung Khant Mon 0

အဆိုတော် Avril Lavigne ရဲ့ The Greatest Hits Tour 2024 ကို မေလ 22 ရက်နေ့မှာစတင်မယ်လို့သိရပါတယ်။ဒါဟာ သူမရဲ့နာ မည်ကြီးတေးအယ်လ်ဘမ်ဖြစ်တဲ့ Under My Skin ထွက်ရှိခြင်း နှစ် 20 ပြည့်မတိုင်ခင်ကျင်းပတာဖြစ်ပါတယ်။ ဒီ Tour မှာသူမရဲ့စတူဒီယိုအယ်လ်ဘမ်စုစုပေါင်း […]

ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ့် Jang Keun Suk

January 24, 2024 Aung Khant Mon 0

အဆိုတော်အဖြစ်နဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါမြန်မာပရိသတ်တွေနဲ့ရင်းနှီးခဲ့တဲ့ Jang Keun Suk ကဇာတ်လမ်းတွဲချစ်သူပရိသတ်တွေရှေ့ကနေပျောက်ဆုံးနေတာကြာပြီဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ သူ့ရဲ့ Chimiro ဆိုတဲ့အဖွဲ့နဲ့အတူအနုပညာအလုပ်တွေ ပြန် လည်စတင်နေပြီဖြစ်ပါတယ်။ Jang Keun Suk ပါဝင်တဲ့ Chimiro ဟာ သူတို့ရဲ့ဒုတိယမြောက်တေးအယ်လ်ဘမ်ကိုမတ်လအတွင်းမှာဖြန့်ချိမယ်လို့သိရပါတယ်။ သူတို့ရဲ့တေးအယ်လ်ဘမ်ဟာ အားလုံးပြီးစီးနေပြီဖြစ်ပြီး ထွက်ရှိနိုင်ဖို့ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Time Travel ပုံစံဖန်တီးထားတဲ့ဒီအယ်လ်ဘမ်မှာ […]

အလုပ်မှာမဖြစ်နိုင်တဲ့အရာတွေကိုခိုင်းလာတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲ

January 24, 2024 Aung Khant Mon 0

အလုပ်တစ်ခုမှာကာလရှည်ကြာလုပ်ဆောင်နိုင်ပြီး ကောင်းမွန်တဲ့ Work Environment ကိုရရှိဖို့ဆိုတာဖြစ်နိုင်တဲ့အလုပ်တာဝန်တွေ၊ ကျိုးကြောင်းညီညွတ်တဲ့အလုပ်တာဝန်တွေကိုခိုင်းတတ်တဲ့လူကြီးတွေရှိခြင်းအပေါ်လည်းတည်မှီနေပါတယ်။ဒါပေမဲ့လုပ်ငန်းခွင်တွေမှာမဖြစ်နိုင်တဲ့အလုပ်တာဝန်တွေ၊ ပြည့်မီဖို့မလွယ်တဲ့ Target တွေချမှတ်တာမျိုးကအများအပြားရှိနေဆဲပါ။ဒီလို ကျိုးကြောင်းမသင့်တင့်တဲ့အလုပ်တွေကိုခိုင်းလာတဲ့အခါ ကိုယ်ကဘယ်လိုငြင်းပယ်နိုင်သလဲ၊ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။ကျိုးကြောင်းမဆီလျော်တဲ့တောင်းဆိုမှုတွေထဲမှာ ဒီအချက်တွေပါဝင်ပါတယ်။ – အလုပ်ပြီးမြောက်ဖို့မဖြစ်နိုင်တဲ့အချိန်အတိုင်းအတာ Deadline – Project Requirements ကိုမမီနိုင်တဲ့ Low Budget သုံးတာ – မန်နေဂျာအတွက်လက်တိုလက်တောင်းခိုင်းတာ – […]

ဖက်ရှင်အသစ်၊ စတိုင်လ်အသစ်နဲ့မြင်တွေ့ရတဲ့ ခရစ္စတင်းစတီးဝပ်ဒ်

January 23, 2024 Aung Khant Mon 0

Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်ဒ်ကို တစ်ခါမှမမြင်ဖူးတဲ့ဆံပင်စတိုင်လ်အသစ်၊ ဖက်ရှင်အသစ်နဲ့ Sundance Film Festival ကိုတက်ရောက်လာတာတွေ့မြင်ရပါတယ်။ ဇန်နဝါရီလ (18)ရက်နေ့ကကျင်းပတဲ့ ဒီရုပ်ရှင်ပွဲမှာ သူမကအသွင်အပြင်အသစ်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။သူမက ဆံမြိတ်တွေကိုရှေ့ချထားပြီး မျက်ခုံးကိုလည်း 1950 ခုနစ်ကခေတ်စားတဲ့ပုံစံမျိုးပုံဖော်ထားခဲ့တာဖြစ်ပါတယ်။ နောက်ဆံပင်ကိုမြင့်မြင့်စည်းထားပြီး Chanel ဝတ်စုံနဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီပွဲမှာ ခရစ္စတင်းစတီးဝပ်ဒ်က သူမကိုမြင်နေကျပုံစံကနေခွဲထွက်ပြင်ဆင်လိုက်တာမို့ […]

Welcome to Samdalri နောက်ဆုံးပိုင်းမှာ ကင်ထေဟီးပါဝင်မည်

January 23, 2024 Aung Khant Mon 0

JTBC ရဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ Welcome to Samdalri ရဲ့ Final Episode မှာမင်းသမီးကင်ထေဟီးက အထူးသရုပ်ဆောင်အနေနဲ့ပါဝင်မယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာမင်းသား Ji Chang Wook ကဂျယ်ဂျူးကျွန်းမှာစွဲစွဲမြဲမြဲနေထိုင်ခဲ့တဲ့ဒေသခံတစ်ဦးအဖြစ်သရုပ်ဆောင်ထားပြီး သူနဲ့အတူ မင်းသမီး Shin Hye Sun လည်းတွဲဖက်သရုပ်ဆောင်ထားပါတယ်။ Shin Hye Sun […]