အလုပ်ကိစ္စအီးမေးလ်ပို့တဲ့အခါရှောင်သင့်တဲ့အသုံးအနှုန်း ၅ မျိုး
ဒီဘက်ခေတ်လုပ်ငန်းခွင်မှာ အီးမေးလ်ကိုမဖြစ်မနေအသုံးပြုနေကြရပါတယ်။ကိုယ်ကတစ်ဖက်လူနဲ့မျက်နှာချင်းဆိုင်စကားမပြောရတဲ့အခါ ကိုယ်ရေးလိုက်တဲ့စာလုံးတွေကနေတဆင့်စိတ်ကိုဖော်ပြကြရပါတယ်။ ကိုယ့်ရဲ့အသံအနေအထားနဲ့ကိုယ်အမူအရာကို မတွေ့မြင်ရတဲ့အချိန်ကိုယ်ရေးလိုက်တဲ့စကားအသုံးအနှုန်းတွေကိုကြည့်ပြီးနား လည်မှုလွဲတာလေးတွေဖြစ်တတ်ကြတာသဘာဝပါ။တချို့အသုံးအနှုန်းတွေကို ကိုယ်ကမရည်ရွယ်ဘဲသုံးလိုက်မိပေမယ့်တစ်ဖက်လူကဘာသာပြန်တာမှားယွင်းသွားနိုင်ပါတယ်။အဲဒီစကားအသုံးအနှုန်းတွေက ဘာတွေဖြစ်မလဲ။ကိုယ်ကရော ဒီစကားစုတွေကိုအီးမေးလ်ထဲမှာထည့်ရေးမိနေလားဆိုတာ ဆန်းစစ်ကြည့်ပါဦးနော်။ Per My Last Email ဒီလိုအသုံးအနှုန်းကို သုံးမိနေတယ်ဆိုရင်မြန်မြန်လေးပြင်ဆင်လိုက်တာအကောင်းဆုံးပါပဲ။ဘာကြောင့်လဲဆိုတော့ per my last email လို့သုံးတာက ရန်လိုသလိုဖြစ်စေလို့ပါ။ ဟေး ဒါကငါနောက်ဆုံးပို့ခဲ့တဲ့အီးမေးလ်ကိုပြောချင်တာ၊ ငါ့ဆီကိုမေးလ်ထပ်မပို့ခင်ငါပို့ထားတဲ့နောက်ဆုံးမေးလ်ကိုနှစ်ခါပြန်ကြည့်ဆိုတဲ့ […]