ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာဖြစ်နေပြီလားဆိုတာဆန်းစစ်နိုင်မယ့်အချက် (၅) ချက်

August 2, 2023 Aung Khant Mon 0

 ကိုယ်ကဝန်ထမ်းတွေအပေါ်လွှမ်းမိုးလွန်းနေမိသလား၊ ဝန်ထမ်းတွေရဲ့အလုပ် Process ကိုအသေးစိတ်လိုက်ကြည့်ပြီးစီမံမိနေသလား ။ ဒါဆိုရင်တော့ ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီလို့ဆိုရမှာပါ။ မန်နေဂျာတစ်ယောက်ကဝန်ထမ်းတွေကိုယုံကြည်စိတ်ချမှုမရှိဘဲလုပ်ဆောင်နေတာတွေမှန်၊မမှန် တစ်ချိန်လုံးပြန်လှန်စစ်ဆေးချင်နေမိတာ၊ Micromanage လုပ်မိနေတာကဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်ကိုကျဆင်းစေတာအမှန်ပါ။ Helicopter Manager ဆိုတဲ့အသုံးအနှုန်းက ၁၉၆၉ မှာထွက်ပေါ်လာခဲ့တဲ့ Helicopter Parents ဆိုတဲ့အသုံးအနှုန်းကိုတင်စားထားတာြဖစ်ပါတယ်။ Helicopter Parentsဆိုတာကသားသမီးကိုစိတ်ပူလွန်းအားကြီးပြီးတစ်ချိန်လုံးစောင့်ကြည့်ပြောဆိုစီမံနေတတ်တဲ့မိဘမျိုးကိုရည်ညွှန်းပါတယ်။ ဒီအချက် ၅ ချက်အတိုင်းဖြစ်ပေါ်နေပြီဆိုရင်တော့ကိုယ်ဟာဟယ်လီကော်ပတာမန်နေဂျာြဖစ်နေပြီဆိုတာကိုလက်ခံရတော့မှာဖြစ်ပါတယ်။ ၁. […]

ဇနီးဖြစ်သူနဲ့လမ်းခွဲခိုင်းဖို့ချစ်သူကိုအချိန်ပေးထားတဲ့ Ariana Grande

August 1, 2023 Aung Khant Mon 0

Wicked ရုပ်ရှင်ကားရိုက်ကူးရင်းချစ်သူတွေဖြစ်သွားခဲ့ကြတယ်လို့သတင်းထွက်လာခဲ့တဲ့ပေါပ့်ဘုရင်မလေးAriana Grande နဲ့ တွဲဖက်သရုပ်ဆောင် Ethan Slater တို့ကိုလက်ရှိမှာတော့တွဲသွားတွဲလာလုပ်နေတာမျိုးမတွေ့မြင်ရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Ethan Slaterကသူ့ရဲ့ဇနီးဖြစ်သူနဲ့တရားဝင်ပြတ်စဲနိုင်ဖို့အတွက် နယူးယော့ခ်ကိုပြန်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။ Ethan Slaterဟာဇနီးဖြစ်သူ Lilly Jay နဲ့ ၂၀၁၈ ခုနစ်ကလက်ထပ်ခဲ့တာြဖစ်ပြီးသားလေးတစ်ယောက်ပိုင်ဆိုင်ထားပါတယ်။ Ariana Grande နဲ့Ethan Slaterတို့ဟာWickedရုပ်ရှင်ရိုက်ကူးချိန်လွန်ခဲ့တဲ့လပေါင်းများစွာကတည်းကစတင်တွဲခုတ်နေခဲ့တာြဖစ်တယ်လို့ မီဒီယာတွေမှာဖော်ပြကြပါတယ်။ ရိုက်ကွင်းပေါ်မှာသူတို့နှစ်ဦးရဲ့ […]

ဗြိတိန်နိုင်ငံOfficial Albums Chart ရဲ့ Top 15 ထဲပါဝင်နိုင်ခဲ့တဲ့ NewJeans

August 1, 2023 Aung Khant Mon 0

Super Shy သီချင်းနဲ့ပရိသတ်အားပေးမှုတွေထပ်မံရရှိထားပြန်တဲ့NewJeansအဖွဲ့ဟာသူမတို့ရဲ့ နောက်ဆုံးထွက် Mini Album ဖြစ်တဲ့ Get Up နဲ့ UK ရဲ့ Official Albums Chartမှာနံပါတ် ၁၅ ချိတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်ထိUK’s Official Albums Chartရဲ့ Top 15 မှာပါဝင်နိုင်ခဲ့တဲ့ အမျိုးသမီး […]

ဘွဲ့ရပြီးရင်ဘာလုပ်မလဲ

August 1, 2023 Aung Khant Mon 0

ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အရာဟာဘွဲ့မရသေးတဲ့လူငယ်တွေ၊ဘွဲ့ရပြီးခါစလူငယ်တွေအပြင်းအထန်စဉ်းစားကြရတဲ့အရာဖြစ်ပါတယ်။ဒီမေးခွန်းကိုအကောင်းဆုံးဖြေရှင်းနိုင်ဖို့လုပ်ဆောင်သင့်တဲ့အချက်နှစ်ခုရှိပါတယ်။အဲဒါကတော့ကြိုတင်တွေးတောစဉ်းစားဖို့နဲ့လုပ်ငန်းခွင်အတွက်လက်တွေ့အသုံးတည့်တဲ့ပညာရပ်တွေကိုဆည်းပူးထားဖို့ပဲဖြစ်ပါတယ်။ ၁) ကြိုတင်တွေးတောစဉ်းစားခြင်း အသက်အရွယ်ငယ်ငယ်နဲ့လုပ်ငန်းခွင်မှာနေရာတစ်ခုရနေသူ၊လစာကောင်းကောင်းရနေသူ၊ပျော်ရွှင်အောင်မြင်နေသူတွေကိုကြည့်ရင်သူတို့ဟာကျောင်းသားဘ၀ဘွဲ့မရခင်အချိန်ကတည်းကသူတို့လိုချင်တာ၊လုပ်ချင်တာကိုသိပြီးကြိုတင်ပြင်ဆင်ထားကြသူတွေဖြစ်နေကြပါတယ်။ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ကိုဘွဲ့တစ်ခုမရခင်အချိန်ကျောင်းသားဘဝမှာတည်းကသေသေချာချာစဉ်းစားဖို့လိုအပ်လှပါတယ်။ ဘွဲ့ရပြီးလုပ်ငန်းခွင်ဝင်ချိန်မှာအဆင်ပြေချောမွေ့စေဖို့၊လုပ်ငန်းတစ်ခုမှာအရေးပါသူဖြစ်လာစေဖို့အတွက်ကြိုတင်ပြင်ဆင်ခြင်းဟာရာနှုန်းပြည့်အရေးပါပါတယ်။ ဘွဲ့ရပြီးချိန်ကိုယ်ဝင်သွားမယ့်နယ်ပယ်မှာအရည်အချင်းပြည့်ဝနေဖို့အတွက်ဘာသာစကား၊နည်းပညာနဲ့စီမံခန့်ခွဲမှုစတဲ့လက်နက်ကောင်းတွေတပ်ဆင်ထားဖို့လိုအပ်လှပါတယ်။ ဒီလိုလက်နက်တွေတပ်ဆင်ဖြည့်တင်းနေခြင်းဟာငွေကြေးရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး။လေ့လာသင်ယူချင်စိတ်ရှိဖို့သာလိုပါတယ်။အင်တာနက်ခေတ်ကြီးမှာသင်လိုချင်တဲ့ပညာရပ်တွေအားလုံးဟာသင်နဲ့လက်တစ်ကမ်းအလိုမှာပဲရှိနေလို့ပါ။ ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတာကိုကြိုတင်မတွေးထားဘဲရရာအလုပ်အရင်လုပ်ကြည့်မယ်ဆိုရင်တော့သူများတွေထက်ခြေတစ်လှမ်းနောက်ကျနေပါလိမ့်မယ်။ ကိုယ်အလွယ်တကူဝင်လိုက်တဲ့လုပ်ငန်းခွင်ကတခြားကိုယ်စိတ်ဝင်စားတာကတခြားဖြစ်လာမယ်။ဒီလိုနဲ့ကိုယ့် Career ကိုကောင်းကောင်းမတည်ဆောက်နိုင်ဘဲအလုပ်ခွင်အပြောင်းအလဲများတဲ့သူ၊ခုန်ကူးနေရတဲ့သူဖြစ်လာနိုင်ပါတယ်။ကိုယ်နဲ့ရွယ်တူသူငယ်ချင်းကနယ်ပယ်တစ်ခုမှာဆရာတစ်ဆူဖြစ်နေချိန်၊ရာထူးကြီးကြီးရနေချိန်မှာကိုယ်ကလုပ်ငန်းတစ်ခုကနေတစ်ခုကူးလို့ကောင်းတုန်း၊ အောက်ခြေဝန်ထမ်းလုပ်လို့ကောင်းတုန်းဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်ဘွဲ့ရပြီးရင်ဘာလုပ်မလဲဆိုတဲ့အချက်ဟာကိုယ့် Career အတွက်၊ ဘဝတစ်လျှောက်လုံးအောင်မြင်ပြည့်စုံစွာနေထိုင်နိုင်ရေးအတွက်မဖြစ်မနေတွေးသင့်တဲ့အတွေးတစ်ချက်ဖြစ်ပါတယ်။   ၂) လက်တွေ့အသုံးတည့်သောပညာရပ်များဆည်းပူးခြင်း   လုပ်ငန်းခွင်တစ်ခုဝင်တဲ့အခါလွန်ခဲ့တဲ့၅နှစ်ကလိုအပ်တဲ့ Skills နဲ့ဒီနေ့လိုအပ်တဲ့ Skills တွေမတူတော့တာကိုသတိပြုရပါမယ်။ဒီနေ့ခေတ်မှာတော့ဘွဲ့တစ်ခု၊ပညာရပ်တစ်ခုနဲ့တင်မလုံလောက်တော့ပါဘူး။ […]

One-on-one meeting ခေါ်ဖို့ဘာကြောင့်မတွန့်ဆုတ်သင့်တာလဲ

August 1, 2023 Aung Khant Mon 0

လုပ်ငန်းခွင်အတွင်းGroup Meeting တွေကနေအိုင်ဒီယာတွေဖလှယ်နိုင်၊ Brain Stormingလုပ်နိုင်တာကြောင့်အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုတွေကောင်းစေတာသေချာပါတယ်။ဒါပေမဲ့ မန်နေဂျာအတွက်ရော၊ဝန်ထမ်းအတွက်ပါနှစ်ဦးနှစ်ဖက်အကျိုးများစေတဲ့အရာတွေထဲမှာတစ်ဦးချင်းတွေ့ဆုံတဲ့One-on-one meeting ပြုလုပ်ခြင်းလည်းပါဝင်ပါတယ်။အခုဖော်ပြမယ့်အချက်တွေကတော့ One-on-one meetingပြုလုပ်ခြင်းကနေရရှိမယ့် တန်ဖိုးမဖြတ်နိုင်တဲ့အကျိုးတရားတွေပဲဖြစ်ပါတယ်။ ကိုယ့်အတွက်စိတ်ရောလူပါသက်သာစေနိုင်တယ် One-on-one meetingတွေကဝန်ထမ်းတစ်ဦးချင်းအတွက် တိကျသေချာတဲ့တာဝန်ကိုရှင်းရှင်းလင်းလင်းချမှတ်နိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ထမ်းကိုယ်တိုင်ကသူလုပ်ရမယ့်အလုပ်ကိုစိတ်ပါလက်ပါလုပ်ကိုင်လာစေပါတယ်။Teamတစ်ခုလုံးကိုစွမ်းဆောင်ရည်တိုးစေတာမို့ ကိုယ်ကခေါင်းဆောင်မှုနဲ့ နည်းဗျူဟာပိုင်းကိုပိုမိုအာရုံစိုက်နိုင်မှာပဲဖြစ်ပါတယ်။ Confidence တည်ဆောက်ပေးနိုင်တယ် အောင်မြင်တဲ့ Teamတစ်ခုဆိုတာကဝန်ထမ်းတွေကိုသူ့နေရာနဲ့သူမှန်ကန်အောင်တာဝန်ပေးထားနိုင်ခြင်းကိုဆိုလိုပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ်ဆုံးဖြတ်လုပ်ကိုင်တာတွေအောင်မြင်မှုရလာတာနဲ့အမျှ […]