အလုပ်ကမ်းလှမ်းချက်အတွက် ညှိနှိုင်းဖို့အကြံပြုချက် (၅)ချက်

ကိုယ်ကအလုပ်ကိုရှာနေတာချည်းပဲမဟုတ်ဘဲ အလုပ်က ကိုယ့်ကိုလာရှာတာမျိုးလည်းကြုံလာရနိုင်ပါတယ်။ အဲဒါကတော့ ကိုယ်ကအ လုပ်တခုမှာ အတွေ့အကြုံတခုရှိနေပြီးအောင်မြင်မှုတွေလည်းရရှိနေတဲ့အချိန်မျိုးမှာ အလုပ်ကမ်းလှမ်းချက်တွေ ပေါ်လာနိုင်ပါတယ်။အဲဒီအခါမှာ ညှိနှိုင်းဖို့အတွက် အကြံပြုချက် ငါးချက်ကို ဖော်ပြပေးချင်ပါတယ်။

လစာ
ဒီအချက်ကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ပထမဆုံးညှိနှိုင်းရမယ့်အချက်ကတော့လစာပဲဖြစ်ပါတယ်။ လစာက စခန့်မယ့်အ ချိန်မှာ ရမယ့်လစာနဲ့ ခြောက်လ၊ တနှစ်ကြာတဲ့အခါပြောင်းလဲမယ့်လစာကိုလည်း စတကည်းက အားမနာတမ်းမေးထားသင့်ပါတယ်။သူ တို့ရဲ့လစာပေးတဲ့ စနစ်က ဘယ်အပေါ်မှာအခြေခံပြီးပေးသလဲဆိုတာ သေချာသိသင့်ပါတယ်။လုပ်ငန်းစွမ်းဆောင်ရည်ပေါ်ကိုကြည့်ပြီးပေးတာရှိသလို၊နှစ်အလိုက်လစာခံစားခွင့်တွေလည်းရှိပါတယ်။ ဒါကြောင့် ဒီအချက်ကိုရှင်းလင်းစွာမေးပါ။

ခံစားခွင့်
ခံစားခွင့်နဲ့ပတ်သက်ပြီးလည်း ရှင်းလင်းစွာသိဖို့လိုပါတယ်။ ခွင့်ရက်အကြောင်းတွေ၊အိုဗာတိုင်နဲ့ပတ်သက်တာတွေ၊ ရုံးပိတ်ရက်တွေ၊ တ ခြားခံစားခွင့်တွေအကြောင်းမေးမြန်းသင့်ပါတယ်။

အလုပ်စဝင်ရမယ့်ရက်စွဲ
အလုပ်စဝင်ရမယ့် ရက်စွဲကလည်း အလုပ်ကမ်းလှမ်းစာရရှိတဲ့အခါမှာမေးသင့်တဲ့အကြောင်းအရာတခုဖြစ်ပါတယ်။ အလုပ်ကမ်းလှမ်းစာအပေါ်မှာ ကိုယ့်ဘက်ကလက်ခံနိုင်တဲ့အခြေအနေတွေရှိတဲ့အခါမှာ ဘယ်ရက်ကစပြီး အလုပ်စဝင်ရမှာလဲဆိုတာမေးမြန်းပါ။

တာဝန်ရှိသူနဲ့ ဌာနဆိုင်ရာအချက်အလက်များ
ကိုယ်က ဒီရာထူးနေရာကိုလက်ခံလိုက်တဲ့အခါမှာ ကိုယ်ရဲ့အလုပ်နဲ့ပတ်သက်ပြီး Reportပို့ရမယ့်သူက ဘယ်သူဖြစ်သလဲဆိုတာကို ကိုယ်က သိထားသင့်ပါတယ်။ကိုယ့်ရဲ့အထက်လူကြီးလို့လည်း ပြောလို့ရပါတယ်။တချို့သိသင့်တဲ့ဌာနဆိုင်ရာအချက်အလက်တွေကိုလည်း အ လုပ်လက်ခံတော့မယ်ဆိုရင်သိရှိအောင် မေးမြန်းထားသင့်ပါတယ်။

ကိုယ့်ရဲ့တာဝန်နဲ့အခန်းကဏ္ဍ
ကိုယ့်ရဲ့လက်ရှိရာထူးနဲ့ ကိုယ်လုပ်ကိုင်ရမယ့် တာဝန်ဝတ္တရားတွေကိုသေသေချာချာသိထားသင့်ပါတယ်။ ဘယ်တာဝန်တွေကကိုယ့်ရဲ့ရ ာထူးတာဝန်ထဲမှာပါဝင်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမေးမြန်းဖို့လိုပါတယ်။ Job Description လို့လည်းခေါ်ပါတယ်။ ကိုယ့်ရဲ့ JD ဘာလဲဆိုတာရှင်းရှင်းလင်းလင်းသိပြီးမှအလုပ်လက်ခံဖို့လိုပါတယ်။ဒီအချက်တွေကတော့ အလုပ်ကမ်းလှမ်းစာရရှိတဲ့အခါ အဲဒီအလုပ်ကို
ကိုယ်ကလုပ်ဖို့စိတ်တင်စားတယ်ဆိုရင် ညှိနှိုင်းဖို့လိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။

MYit

zawgyi

ကိုယ္ကအလုပ္ကိုရွာေနတာခ်ည္းပဲမဟုတ္ဘဲ အလုပ္က ကိုယ့္ကိုလာရွာတာမ်ိဳးလည္းႀကဳံလာရႏိုင္ပါတယ္။ အဲဒါကေတာ့ ကိုယ္ကအ လုပ္တခုမွာ အေတြ႕အႀကဳံတခုရွိေနၿပီးေအာင္ျမင္မႈေတြလည္းရရွိေနတဲ့အခ်ိန္မ်ိဳးမွာ အလုပ္ကမ္းလွမ္းခ်က္ေတြ ေပၚလာႏိုင္ပါတယ္။အဲဒီအခါမွာ ညႇိႏႈိင္းဖို႔အတြက္ အႀကံျပဳခ်က္ ငါးခ်က္ကို ေဖာ္ျပေပးခ်င္ပါတယ္။
လစာ
ဒီအခ်က္ကေတာ့ အထူးေျပာစရာလိုမယ္မထင္ပါဘူး။ ပထမဆုံးညႇိႏႈိင္းရမယ့္အခ်က္ကေတာ့လစာပဲျဖစ္ပါတယ္။ လစာက စခန႔္မယ့္အ ခ်ိန္မွာ ရမယ့္လစာနဲ႔ ေျခာက္လ၊ တႏွစ္ၾကာတဲ့အခါေျပာင္းလဲမယ့္လစာကိုလည္း စတကည္းက အားမနာတမ္းေမးထားသင့္ပါတယ္။သူ တို႔ရဲ႕လစာေပးတဲ့ စနစ္က ဘယ္အေပၚမွာအေျခခံၿပီးေပးသလဲဆိုတာ ေသခ်ာသိသင့္ပါတယ္။လုပ္ငန္းစြမ္းေဆာင္ရည္ေပၚကိုၾကည့္ၿပီးေပးတာရွိသလို၊ႏွစ္အလိုက္လစာခံစားခြင့္ေတြလည္းရွိပါတယ္။ ဒါေၾကာင့္ ဒီအခ်က္ကိုရွင္းလင္းစြာေမးပါ။
ခံစားခြင့္
ခံစားခြင့္နဲ႔ပတ္သက္ၿပီးလည္း ရွင္းလင္းစြာသိဖို႔လိုပါတယ္။ ခြင့္ရက္အေၾကာင္းေတြ၊အိုဗာတိုင္နဲ႔ပတ္သက္တာေတြ၊ ႐ုံးပိတ္ရက္ေတြ၊ တ ျခားခံစားခြင့္ေတြအေၾကာင္းေမးျမန္းသင့္ပါတယ္။
အလုပ္စဝင္ရမယ့္ရက္စြဲ
အလုပ္စဝင္ရမယ့္ ရက္စြဲကလည္း အလုပ္ကမ္းလွမ္းစာရရွိတဲ့အခါမွာေမးသင့္တဲ့အေၾကာင္းအရာတခုျဖစ္ပါတယ္။ အလုပ္ကမ္းလွမ္းစာအေပၚမွာ ကိုယ့္ဘက္ကလက္ခံႏိုင္တဲ့အေျခအေနေတြရွိတဲ့အခါမွာ ဘယ္ရက္ကစၿပီး အလုပ္စဝင္ရမွာလဲဆိုတာေမးျမန္းပါ။
တာဝန္ရွိသူနဲ႔ ဌာနဆိုင္ရာအခ်က္အလက္မ်ား
ကိုယ္က ဒီရာထူးေနရာကိုလက္ခံလိုက္တဲ့အခါမွာ ကိုယ္ရဲ႕အလုပ္နဲ႔ပတ္သက္ၿပီး Reportပို႔ရမယ့္သူက ဘယ္သူျဖစ္သလဲဆိုတာကို ကိုယ္က သိထားသင့္ပါတယ္။ကိုယ့္ရဲ႕အထက္လူႀကီးလို႔လည္း ေျပာလို႔ရပါတယ္။တခ်ိဳ႕သိသင့္တဲ့ဌာနဆိုင္ရာအခ်က္အလက္ေတြကိုလည္း အ လုပ္လက္ခံေတာ့မယ္ဆိုရင္သိရွိေအာင္ ေမးျမန္းထားသင့္ပါတယ္။
ကိုယ့္ရဲ႕တာဝန္နဲ႔အခန္းက႑
ကိုယ့္ရဲ႕လက္ရွိရာထူးနဲ႔ ကိုယ္လုပ္ကိုင္ရမယ့္ တာဝန္ဝတၱရားေတြကိုေသေသခ်ာခ်ာသိထားသင့္ပါတယ္။ ဘယ္တာဝန္ေတြကကိုယ့္ရဲ႕ရ ာထူးတာဝန္ထဲမွာပါဝင္သလဲဆိုတာကို ရွင္းရွင္းလင္းလင္းေမးျမန္းဖို႔လိုပါတယ္။ Job Description လို႔လည္းေခၚပါတယ္။ ကိုယ့္ရဲ႕ JD ဘာလဲဆိုတာရွင္းရွင္းလင္းလင္းသိၿပီးမွအလုပ္လက္ခံဖို႔လိုပါတယ္။ဒီအခ်က္ေတြကေတာ့ အလုပ္ကမ္းလွမ္းစာရရွိတဲ့အခါ အဲဒီအလုပ္ကို
ကိုယ္ကလုပ္ဖို႔စိတ္တင္စားတယ္ဆိုရင္ ညႇိႏႈိင္းဖို႔လိုအပ္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။
MYit

Be the first to comment

Leave a Reply

Your email address will not be published.


*