Running Man အစီအစဥ်မှာပါဝင်လာမယ့် V

ကမ္ဘာကျော်ကိုရီးယား Boyband ဖြစ်တဲ့ BTS မှ V က Running Man Variety Show မှာပါဝင်ထားတယ်လို့သိရပါတယ်။ Running Man ဟာ ကမ္ဘာကျော် Variety Show တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနစ်ကစတင်ခဲ့တာမို့ သက်တမ်း ၁၃ နှစ်ကြာအောင်မြင်မှုရနေဆဲလို့ဆိုရမှာပါ။ လက်ရှိအချိန်ထိ Episode ပေါင်း ၆၆၉ ခုရှိနေပြီဖြစ်ပြီးနာမည်ကြီးအနုပညာရှင်များစွာဟာလည်း Running Man မှာပါဝင်ခဲ့ဖူးပါတယ်။V အနေနဲ့ Running Man မှာပါဝင်ထားပြီး သူပါဝင်တဲ့အပိုင်းတွေကို ဩဂုတ်လ ၂၈ ရက်နေ့ကရိုက်ကူးပြီးစီးသွားပြီလို့သိရပါတယ်။ စတင်ထုတ်လွှင့်မယ့်ရက်ကတော့ စက်တင်ဘာလ ၁၀ရက်နေ့ဖြစ်ပါတယ်။V ရဲ့ Official Instagram Account မှာလည်း Running Man မှာပါဝင်ထားကြောင်း Post တင်ထားခဲ့တာတွေ့ရပါတယ်။V ဟာ Layover လို့နာမည်ရတဲ့သူ့ရဲ့ပထမဆုံး Solo Album ကို ထွက်ရှိနိုင်ဖို့ပြင်ဆင်နေပြီးစက်တင်ဘာလ ၈ ရက်နေ့မှာ ထွက်ရှိနိုင်ဖို့လျာထားတာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*